မြန်မာကဗျာ ကာရန်ယူနည်းများ မြန်မာကဗျာများတွင် ရွှေနှင့်ယိုးမှား ပန်းစံကားကဲ့သို့သော မြန်မာ့စာပေသမိုင်းတွင် ရှေးအကျဆုံးသော ကဗျာများမှ စ၍ ခေတ်စမ်းကဗျာများအလယ် ယနေ့ခေတ်ရေပန်းစားနေသော ဟစ်ဟော့ပ်ဂီတ သံစဉ်များ အဆုံး ကာရန် ယူ၍ ရေးဖွဲ့လေ့ ရှိကြသည်။ ပို့စ်မော်ဒန် ကဗျာများတွင်မူ ဘာသာစကား၏ ထိန်းချုပ်မှုကို ဆန့်ကျင်သည့် အနေနှင့် ကာရန်ကို ရှောင်လွဲ၍ ရေးဖွဲ့တတ်ကြသည်။ ကာရန် ဆိုသည်မှာ ပထမ စကားလုံးတွဲ၏ နောက်ဆုံးစာလုံးကို ဒုတိယစာလုံး တခါတရံတွင် တတိယစာလုံး အထိ အသံကိုက်ညီအောင် ရေးဖွဲ့ခြင်း ဖြစ်သည်။ ကာရန်နှင့် ပတ်သက်၍ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေသော မြန်မာအဘိဓာန်တွင် ၁။ အက္ခရာ၏ အဆုံးဖြစ်သော သရသံ။ ၂။ ကဗျာလင်္ကာတွင် စည်းမျဉ်းအရစပ်ထားသော စကားလုံးတို့၏ ညီညွတ်သော အသံ။ ဟူ၍ နာမ်အနက် ၂ မျိုးပေးထားသည်ကိုတွေ့ရသည်။ ပါဠိဝေါဟာရ ကာရန္တ မှ မွေးစားယူထားသော စကားလုံးဖြစ်ကြောင်းလည်းဖော်ပြထားသည်။ ဥပမာအားဖြင့် က အက္ခရာတွင်စွဲသော အ သရသံ၊ ကာ အက္ခရာတွင်စွဲသော အာ သရသံကိုပင် ကာရန်ဟုဆိုလိုရင်းဖြစ်သည်။ ကဗျာလင်္ကာဖွဲ့ဆိုရာတွင် အသံတူသရသံများကို ကဗျာအဖွဲ့ပုံစံအလိုက် နေရာအထားအသိုစနစ်တစ်ရပ်ရပ်ကိုလိုက်နာ၍ ရေးဖွဲ့စပ်ဆို