စံရှားတဲ့ခင်
စံရှားတဲ့ခင် အတုလွန် တင်တင်တင့် ယဉ်ယဉ်ယဉ့် တဆူ ခင်ခင်ခင့် အမူ မြင်မြင်သူ မနော။ ကြွေကြွေ့ကြွေ ဝေဝေ့ဝေတယ် သေသေ့သေ ဇောပြတ်လို့မော။
အက်ဆေးလေးတွေကို ချစ်တဲ့၊ စာဖတ်ရတာကို နှစ်သက်တဲ့ ရှဉ့်တစ်ကောင်ရဲ့ စာမျက်နှာလေးပါ။ အက်ဆေးရေးရတာ စမ်းချောင်းထဲမှာ ကိုယ်တိုင်ပန်းကလေးအဖြစ် စီးမျောရတာဖြစ်ပြီး စာဖတ်ရတာကတော့ ချစ်သူ့မျက်နှာကို လရောင်အောက်မှာ ငေးကြည့်ခွင့်ရတာနဲ့ တူပါတယ်…