Posts

Showing posts from October, 2015

ကျွန်တော်နှင့် ချစ်သောဆရာများ

Image
ကျွန်တော်နှင့် ချစ်သောဆရာများ                ချစ်ကြောက်ရိုသေမှ ဆရာအဆင့် မှီမှာလား။ ဘ၀မှာ ချစ်ကြောက်ရိုသေရတဲ့ ဆရာတစ်ချို့လည်း ရှိတယ်။ ချစ်ပေမယ့် မကြောက်ရတဲ့ ဆရာတို့လည်း ရှိမယ်။ မချစ်ပေမယ့် အောင့်ထားရတဲ့ ဆရာဆိုးလည်း များမယ်။ ပျားရည်ကျွေးပြီး အားပေးသွားတဲ့ ဆရာတွေလည်း ရှိတယ်။ ဆားရည်နဲ့ အနာသိပ်သွားတဲ့ ဆရာတစ်ချို့လည်း ရှိခဲ့ဖူးတယ်။ ဘ၀က ခါးတယ်။ အဲဒါကိုမှ ကော်ဖီခါးခါးတိုက်သွားတဲ့ ဆရာတစ်ယောက်လည်း ကြုံခဲ့ဖူးတယ်။ ချစ်ခဲ့ရတဲ့ ဆရာတွေနဲ့ မနှစ်မြို့ခဲ့ဖူးတဲ့ ဆရာတွေအကြောင်းတလှည့်တပြောင်းနဲ့ ခေါင်းထဲရောက်ရောက် လာတယ်။

ကျွန်တော်နှင့် အသစ်ကြိုက်သူများ

Image
ကျွန်တော်နှင့် အသစ်ကြိုက်သူများ ရသစာတမ်း           ကျွန်တော့်မှာရှိသည့် ဖုန်းလေးတစ်လုံးအကြောင်း ပြောပြချင်ပါသည်။ အနက်ရောင် (Nokia Slide)ဖုန်းလေးဖြစ်သည်။ မော်ဒယ်မှာ (Nokia 3600s) ဖြစ်သည်။ လက်ဝယ်ရှိသည့် ဖုန်းလေးတစ်လုံးအကြောင်းကို မော်ဒယ်မှအစ ပြောပြနေရခြင်းမှာ ကြွားဝါလို၍မဟုတ်ဘဲ ယနေ့ခေတ်မှာ ရှေ့ပြေးနေကြသည့် (touch)ဖုန်းများ၊ (i-pad)များကြားတွင် မော်ဒယ်မည်မျှ နိမ့်နေကြောင်း သိသာစေလို၍ဖြစ်သည်။           အသစ်ကြိုက်သူများကြားတွင် ကျွန်တော်လည်း အသစ်ကိုစိတ်ဝင်စားသူဖြစ်သည်။ အသစ်တိုင်းကို မကြိုက်သော်လည်း

မိသားစု

Image
မိသားစု                    မိသားစုတဲ့။ သိပ်လှတဲ့ စကားလုံးလေးပေါ့။ အဲဒီ စကားလုံးလေး သုံးလုံးက ကျွန်တော့်အတွက် သားနှစ်ယောက်နဲ့ သူမကို ရည်ညွှန်းပါတယ်။ လွယ်လွယ်နဲ့ တည်ဆောက်ခဲ့ရတာ မဟုတ်ပါဘူး။စိတ်ဓာတ်တွေ အောက်ပြုတ်ကျသွားတိုင်း ဖုန်ခါပြီး အရောင်ပြန်တင်ပေးတတ်တာ သူမပါ။ အလုပ်သွားတိုင်း ဝင်းတံခါးပေါက်ဝအထိ လိုက်ပို့နှုတ်ဆက်သူက

စာရေးဆရာမ

Image
                                                                                                          စာရေးဆရာမ                                                                                            ရေးသူ= ပုညခင်         စာရေးဆရာမသည် သူ အသက်သွင်းဖန်တီးလာရသည့်ဇာတ်ကောင် တစ်ယောက်ယောက်ကို ဇာတ်လမ်းသဘောအရ တနည်းနည်းနှင့်ဖျောက်ဖျက်ရတော့မည့်အချိန်သို့ရောက်လျှင် စာမကျက်ချင်၍ စာအုပ်ပျောက် ရှာသလို ဘောလ်ပဲန်ပဲပျောက်သလို ဟိုဒီလမ်းလွှဲရှောင်ဖယ်နေ တတ်သော ကျောင်းသူကလေး နှင့် တူတူလာတတ်၏။           ခု မရှာလည်းဖြစ်သော စာအုပ်များကို ထထရှာ၏။ ပျောက်နေသောစာအုပ်များကိုမှဖတ်ချင်လာ၏။ ရှုပ်နေသောပစ္စည်းများကို ခုမှပိုရှုပ်သည်ထင်လာကာ ထထရှင်း၏။ ဗိုက်ခဏခဏဆာ၏။

ကျွန်တော်နှင့် ကော်ဖီချစ်သူများ

Image
ကျွန်တော်နှင့် ကော်ဖီချစ်သူများ ရသစာတမ်း                   လူတိုင်းတွင် ကိုယ်ပိုင်သင်္ကေတအဖြစ် သတ်မှတ်၍ရနိုင်သည့် အမူအကျင့်ပုံရိပ်များ ရှိကြမည်ဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်း ဟုဆိုလိုက် သည်နှင့် တစ်သက်တာမှတ်တမ်းမှ ဆရာကြီး၏ပုံရိပ်ကို မြင်ယောင်မိမည်ဖြစ်သည်။ ဘရန်ဒီတစ်လုံးဟု ဆိုလိုက်သည်နှင့် ဆရာသော်တာဆွေကို အမှတ်ရချင် ရသွားနိုင်သည်။ အပြင်လောကတွင် တွေ့ကြုံမြင်ဖူးခြင်းမျိုး မဟုတ်သော်လည်း ၄င်းတို့ရေးသားထားခဲ့သည့် စာအုပ်များထဲမှ ကိုယ်ပိုင် သင်္ကေတများက စာဖတ်သူ၏စိတ်တွင် စွဲထင်သွားကြသောကြောင့်ဖြစ်သည်။             မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းမိတ်ဆွေများအကြောင်း စကားစပ်မိလျှင် ၄င်း၏ ဝါသနာ၊ ဗီဇ၊ သင်္ကေတတို့ကို ရုတ်ချည်းဖြတ်ခနဲ သတိရမိကြမည်သာဖြစ်သည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသော် ကျွန်တော့်မှာလည်း နှစ်သက်စွဲမက်သည့် အရာတစ်ချို့ရှိသည်။ ၄င်းတို့ထဲမှ ကျွန်တော့်ကို ကိုယ်စားပြုသည့်အရာမှာ ကော်ဖီဖြစ်သည်။

အိပ်ယာထချိန်

အိပ်ယာထချိန် ဘက်စ်ဆဲလား စာရေးဆရာမတစ်ယောက်အား တွေ့ဆုံမေးမြန်းလိုက်၏။ “ ခင်ဗျား နွေရာသီဆို ဘယ်အချိန် အိပ်ယာထသလဲ ” “ ကျွန်မ အိပ်ခန်းပြူတင်းပေါက်ကနေ နေရောင်ခြည်ဝင်လာတာနဲ့ အိပ်ယာထဖြစ်ပါတယ် ” “ ဟာ … ဒီလိုဆို အစောကြီး ထတာပေါ့နော် ” “ ဟင့်အင်း …ကျွန်မ အိပ်ခန်းကပြူတင်းပေါက်ကို နောက်ဘက်အရပ် မျက်နှာမူထားပါတယ် ” (www.work.com မှ ဟာသတိုလေး ကို ပြန် Share ထားခြင်း ဖြစ်ပါသည်။)

အမျိုးများအတွက်စာ

Image
အမျိုးများအတွက် စာ .... ကျွန်တော်မှာ အမျိုးအများကြီး မရှိပါဘူး။ အတော်လေးကို နည်းပါးပါတယ်။ အဲဒီ အမျိုးနည်းနည်းလေးကို နှုတ်တရွရွ ဖွင့်မပြောဖြစ်ပေမယ့် ကျွန်တော်ချစ်ပါတယ်။ မျိုးနွယ်မတူပေမယ့် ခံစားချက်ချင်းတူတဲ့ အမျိုးတွေပါ။ စုစုပေါင်း (၈)ယောက်လောက်ပဲ ရှိပါလိမ့်မယ်။ တစ်ချို့တွေက ကျွန်တော့်အကြောင်း လုံးဝ မသိကြသလို တစ်ချို့တစ်ချို့ကြလည်း အနည်းငယ်တော့ ရိပ်မိသိရှိကြမယ် ထင်ပါတယ်။ အဲ ဒါကြောင့် ကျွန်တော့်အကြောင်းကို ကိုယ်တိုင် ပြောပြရတာပါ။ ကျွန်တော်က စင်ပေါ်တက်ရတာကို မနှစ်သက်ပေမယ့် စင်အောက်က လက်ခုပ်တီးလိုသူပါ။ စင်ပေါ်မှာ ရီစရာတွေပြောကြရင် စင်အောက်ကနေ အသံထွက် ရီမောတတ်သလို

ကျွန်မ နှင့် စာရေးခြင်း

Image
ကျွန်မ နှင့် စာရေးခြင်း  ရေးသူ-ရွှေအိမ်စည်မေ            ကျမ ရေးသားခဲ့ဖူးတဲ့ရီဗျူးအချို့ကို ဖတ်အပြီးမှာ ခင်မင်ရင်းနှီးတဲ့ မဂ္ဂဇင်းတစ်စောင်က လစဉ်တစ်အုပ်ကျ စီ ဝေဖန်သုံးသပ်ချက်ဆောင်းပါးရေးပေးမလားရယ်လို့ အမေးစကားပြုလာပါတယ်။ စာဖတ်ခြင်းကို ခုံမင်ပြီး ရသကိုရိုးရိုးမခံစားဘဲ Analysis လုပ်တတ်တဲ့ ကျမ အတွက် ဒီကမ်းလှမ်းချက်ဟာ ၀မ်းမြောက်ဝမ်းသာ     ဖြစ်စရာပါပဲ။

ကျွန်တော်နှင့် မြို့ကလေး

Image
ကျွန်တော်နှင့် မြို့ကလေး           ရသစာတမ်း         မြို့ကလေးသည် ချစ်စရာကောင်းသည်။ မြို့ကလေး၏ ဒိုင်ယာရီထဲရျိ နေ့စွဲတစ်ခုတွင် သူ့ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် ဇွန်လ၏ တစ်ခုသောနေ့ခင်းတွင် ဖြစ်သည်။ မနက်ခင်းပိုင်း တွင် အေးမြပြီး နေ့ခင်းပိုင်းမှာတော့ နေပူပြီးလေမတိုက်သည့် သမားရိုးကျ နေ့ခင်းတစ်ခုလည်း ဖြစ်နိုင် သည်။           ချစ်စရာကောင်းသည့် မြို့ငယ်လေးတွင် မွေးဖွားခဲ့သည့်အတွက် ချစ်စရာကောင်းမည့် ကလေးငယ် လေးဟု ယူဆမထားစေလိုပါ။ ထို့အတူ မုန်းစရာကောင်းမည့် လူတစ်ယောက်ဟူ၍လည်း ကြိုတွေးမထား စေလိုပါ။ ဘုရားသခင်က နောက်ဆုံးနေ့မရောက်မချင်း လူသားအား အပြစ်သတ်မှတ်တော် မမူဟု ကျမ်းစာထဲတွင် ဖတ်ခဲ့ရဖူးသည်။

သူငယ်ချင်း

Image
သူငယ်ချင်း                        သူငယ်ချင်း... မင်း ပရဟိတလုပ်ငန်းတွေ တက်တက်ကြွကြွလုပ်နေတာ မြင်ရတော့ သိပ်ဝမ်းသာတယ်၊ ဂုဏ်လည်းယူတယ်။ ဒါပေမယ့် မင်းလို မလုပ်နိုင်တဲ့သူတွေ၊ လုပ်ခွင့်မသာတဲ့သူတွေ၊ မလုပ်ချင်တဲ့သူတွေကို တရားစခန်းကထွက်လာတဲ့သူက တခြားလူတွေကို မြင်တဲ့အမြင်မျိုးနဲ့ မပြောစေချင်ဘူး၊ မမြင်စေချင်ဘူး။ တို့အားလုံးက တစ်ခုတည်းသော ဂြိုလ်ပြာကြီးပေါ်မှာနေတယ်ဆိုပေမယ့် လူတစ်ဦးစီတိုင်းမှာ မတူညီတဲ့ ကမ္ဘာတစ်ခုစီ ရှိနေလို့ပါ။ သူငယ်ချင်း... မင်းက မိုးထဲရေထဲ၊ ဗွက်တောထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်စွန့်ဆံဖျား လုပ်နေ ချိန်မှာ တချို့က လက်ဖက်ရည်ဆိုင်မှာ ဖုန်းပွတ်နေကြတယ်။ ပါးကလေးဖောင်း၊ မျက်လုံးကလေးစောင်းပြီး စမီးလှလားငင် ဆိုတဲ့

စာရေးရခြင်းအကြောင်းများ

Image
  စာရေးရခြင်းအကြောင်းများ ရေးသူ=ပြည့်စုံဝင်း          ဘဝဟာ ဘာများလဲ။ကျွန်တော်တွေးတယ်။ကျွန်တော်မျှော်ကြည့်တယ်။လက်ဆေးကန်ရှေ့မှာရပ်တိုင်း ဆပ်ပြာပူဖောင်းတွေ မှုတ်ဖို့ကျွန်တော် ကြိုးစားလေ့ရှိတယ် ။လက်ထဲမှာတင်ပေါက်သွားတဲ့ ဆပ်ပြာပူဖောင်း မဖြစ်တဖြစ်တွေဟာ ကျွန်တော့်အတွေးတွေဖြစ်ပြီး နံရံကိုထိပြီးပေါက်သွားတဲ့ ဆပ်ပြာပူဖောင်းတွေကတော့ ကျွန်တော့်အရေးအသားတွေဖြစ်ပါတယ်။ရေကွက်အရာလေးတွေ နံရံမှာကျန်ခဲ့တာပေါ့လေ။ နေထိုင်လာတဲ့ ကာလတွေမှာ ထိရှလွယ်ခြင်းကလည်း ကျွန်တော့်ကို စာတွေရေးဖြစ်စေတာပါပဲ။တစ်ခုခုဆို သူများထက်ပိုမှောင်ပစ်လိုက်တဲ့အကျင့် ကျွန်တော့်မှာရှိတယ်။နာကျင်ဝေဒနာတွေကို ချရေးလိုက်ရတဲ့အခါ နှစ်သိမ့်ကျေနပ်မှုတစ်မျိုးကိုရတယ်။နာကျင်ဝမ်းနည်းမှုကသပ်သပ် ဖန်တီးလိုက်ရလို့ကျေနပ်တဲ့ ပီတိစိတ်က သပ်သပ် ပါပဲ။

ကျွန်တော်နှင့် ဓားတစ်လက်၏အနုပညာ

Image
ကျွန်တော်နှင့် ဓားတစ်လက်၏အနုပညာ ရသစာတမ်း           ကျွန်တော်က ဓားချစ်သူဖြစ်သည်။ ထို့ကြောင့် ကျွန်တော့်မှာ ဓားတစ်ချို့ရှိသည်။ ဓား၏ဂုဏ်သတ္တိ နှင့် ဓားပီသသည့် ဓားတွေဖြစ်သည်။ သူတို့တတွေအားလုံး ရုပ်ရှင်သရုပ်ဆောင်ဓားတွေလို ဝင်းလက်တောက်ပြောင် မနေခဲ့သလို ဧည့်ခန်းမှာ ချိတ်ဆွဲပြသကြသည့် ကနုတ်ပန်းများထွင်းထားသည့် ဟန်ပြဓားများ ဖြစ်မနေသည်ကတော့ သေချာသည်။ ရှေးခေတ်ဟောင်းဓားတွေလို သမိုင်းတန်ဖိုးနှင့် ပြသထားရမည့်ဓားများလည်း မဟုတ်ခဲ့ချေ။ မုဆိုးမအိမ်က ခပ်တုံးတုံးဓားဆိုးမျိုးကို စာဖွဲ့မနေလောက်ဘူးဆိုသည့် ခင်ဗျား၏ထင်မြင်ချက်ကလည်း မှန်ပါသည်။   တကယ့်ကို ဓားပီသည့် ဓားတွေဖြစ်သည်။ ၄င်းတို့အထဲမှ ခပ်ငယ်ငယ်ဓားတစ်ချောင်း ပြောရမည်ဆိုလျှင် အသွားက ခြောက်လက်မခွဲရှိသည်။ လက်ကိုင်ကို

ကျွန်တော်နှင့် ရှဥ့်ညိုလေး၏ အက်ဆေးများ

Image
ကျွန်တော်နှင့် ရှဥ့်ညိုလေး၏ အက်ဆေးများ ရသစာတမ်း စာပေတွင် ပုံဏ္ဍာန်အမျိုးမျိုး ရှိသည့်အနက် ကျွန်တော်စွဲမက်သည့် အမျိုးအစားမှာ အက်ဆေးဖြစ် သည်။ တစ်ချို့က ရသစာတမ်းဟု အမည်တပ်သည်။ တစ်ချို့က အစမ်းစာဟု ကင်ပွန်းတင်သည်။ မည်သို့ ပင် ဆိုစေ ထိုအရာအားလုံးသည် ကျွန်တော်နှစ်သက်သည့် အက်ဆေးများဖြစ်လေသည်။ ဟိုစဉ်ကမူ ရသဝတ္ထုတိုများကို တရှိုက်မက်မက် ဖတ်ခဲ့ဖူးသည်။ ရသဝတ္ထုတိုများဟု ဆိုရခြင်းမှာ တစ်ချို့ဝတ္ထုတိုများသည် ရသစွက်ရုံသာ စွက်သည့် ဝတ္ထုတိုများဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ ဝတ္ထုတိုတစ်ပုဒ်တွင် ဦးတည်ချက်(မက်ဆေ့ခ်ျ) တစ်ခုခုပါမြဲဖြစ်သော်လည်း တစ်ချို့ဝတ္ထုတိုများကတော့ ဝါဒဖြန့်သက်သက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဌာနဆိုင်ရာများမှထုတ်သည့် နှစ်ပတ်လည် မဂ္ဂဇင်းများတွင် အဆိုပါဝတ္ထုမျိုးကို တွေ့ရတတ်သည်။ ယခုတလော ဖတ်ရသည့် ဝတ္ထုတိုများတွင် အုပ်စုသုံးမျိုးတွေ့ရသည်။

ကျွန်တော်နှင့် ဘက်ထရီ

Image
ကျွန်တော်နှင့် ဘက်ထရီ ရသစာတမ်း ခွင့်ပြုပါ။ ကျွန်တော် ဘက်ထရီအိုးအကြောင်း ပြောပြချင်ပါတယ်။ မင်းက ဘယ်လောက်သိလို့လဲ ဆိုတဲ့ မေးခွန်းထုတ်လာခဲ့မယ်ဆိုရင် ကျွန်တော် အများကြီး မသိပါဘူးလို့ ဖြေရမှာ ဖြစ်ပါတယ်။ သိသလောက်လေး ပြောပြချင်တာပါ။ အချိန်မလုံလောက်မှု ပြဿနာနဲ့ ကြုံနေရသူတစ်ဦးဆိုရင်တော့ ကျွန်တော့်စာကို ကျော်ဖတ် သွားဖို့ပဲ အကြံပြုချင်ပါတယ်။           ဘက်ထရီအိုးမှာ ပလိတ်ပြားဆိုတာလဲ ပါတယ်။ အက်ဆစ်ဆိုတာလဲပါတယ်။ အသုံးပြုလိုတဲ့ ပစ္စည်းနဲ့ ချိတ်ဆက်သုံးဖို့အတွက် ခဲငုတ်တွေလည်းပါတယ်ဗျ။ အထဲမှာပါတဲ့ ပလိတ်ပြားအရေအတွက်က ဆယ့်သုံးပြား ဆိုပါတော့။ အဲဒါ တစ်အိုးလုံးအတွက် မဟုတ်ဘူးဗျ။ ဘက်ထရီအိုးအတွင်းမှာရှိတဲ့ တစ်ခန်း တစ်ခန်းမှာပါတာ။ ဆိုင်ကယ်တွေမှာပါတဲ့အိုးကျ ပလိတ်ပြားဘယ်လိုပါလဲ သိဘူးဗျ။ အိုးခြောက်လို့ ပြောတာပဲ။ ဝပ်ရှော့ဆရာက ဘက်ထရီမကောင်းတော့ဘူးလို့ ပြောတာနဲ့ ဆိုင်ကယ်အပိုပစ္စည်း ရောင်းတဲ့ဆိုင်ပြေးပြီး ဝယ်လိုက်တာပဲ။ အော်ရီဂျင်နယ် ရရင်ရ၊ သူ့ထက်ပိုကောင်းတာရှိလားမေးပြီး ဈေးပိုပေးရတာ ဝယ်ခဲ့လိုက်တယ်။ အများအားဖြင့် ဈေးများရင် ပစ္စည်းမညံ့ဘူးလို့ပဲ နလပိန်းတုံး မှတ်ထားတာကိုး။ နောက် ဂရန်တီဆိုတာလဲ ပါတယ်ဆိုတော့လေ။ ထားပ

" စာရေးသူများ ကယ်ရီကေးချား "

Image
" စာရေးသူများ ကယ်ရီကေးချား " ----------- ** ပါဝင်သူများ ** တုန်ချင်းသန် (အဖြစ်) သန်၎ကို ၊ လျောင်ရဲကြီး(အဖြစ်) ယက္ခရဲကြီး၊ ကျင်းဝေ့ပိုင် (အဖြစ်) မောင်ပိုင် လျန်ရှဥ့်(အဖြစ်) ရှဥ့်ညိုလေး၊ မီရှဲဝိုင်(အဖြစ်) ညိုပြာဝိုင်၊ မိခါးခါး (အဖြစ်) မိုးခါးရေ မယ်ရီရီ(အဖြစ်) ရည်ဝေ လင်းရောင်ခြည်၊ တိုမာကိုရိုပြည့်(အဖြစ်) ပြည့်ပြည့်၊ ကျင်းကျင်းမိုး(အဖြစ်) မြတ်လေးမောင် ----------------

ကျွန်တော်နှင့် ဆေးထိုးအပ်လေးများ

Image
ကျွန်တော်နှင့် ဆေးထိုးအပ်လေးများ ရသစာတမ်း            ကြောက်ရွံ့မုန်းတီးသည့် အရာတစ်ခုနှင့် မနှစ်သက်ဘဲလုပ်ဆောင်နေရသည့် လူတစ်ဦးအကြောင်း ကိုကျွန်တော်ပြောပြချင်ပါသည်။ခင်ဗျားပတ်ဝန်းကျင်မှာလည်းမနှစ်သက်သည့်အလုပ်တစ်ခုကို ရှောင်လွှဲမရ သည့်အတွက် အံခဲလုပ်ဆောင်နေရသူတစ်ချို့လည်း ရှိနေနိုင်ပါသည်။လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့် အတိုင်း လူသားတွေ၏ ကြောက်ရွံ့မုန်းတီးမှုက အမျိုးမျိုး ဖြစ်သည်။            တစ်ချို့က ချွန်ထက်သည့်အရာတွေကို မုန်းသည်။ တစ်ချို့က ထက်မြိနေသည့် ဓားသွားတွေကို မုန်းသည်။ တစ်ချို့တွေကအဆိပ်ပြင်းသည့် မြွေ   တွေကို မုန်းသည်။ တစ်ချို့တွေကတော့ လူကို အန္တရယ် မပြုနိုင်သည့်တိုင် တီကောင်ဆိုသောအရာကို ထိကိုင်မိသည်နှင့် မေ့မျောမတတ်

အက်ဆေးဆိုတာ ဘာလဲ

  အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးဆိုတာဟာ ကျောင်းသူကျောင်းသားတွေကို စာရေးတတ်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ စာစီစာကုံးရဲ့ မူက နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးခုပါအောင် ဘောင်သွင်းပြီး ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အချက်အလက်တွေနဲ့ စီကုံးရေးဖွဲ့ရခြင်းမျိုးပါ။ ဒီတော့ အက်ဆေးနဲ့ သဘောထား ကွဲလွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဆေးအများစုဟာ ဘောင်ထဲမှာ မဟုတ်ကြပါဘူး။ ဘောင်ထဲမှာ ရေးသားခြင်း မဟုတ်လို့ စည်းမဲ့ကမ်းမဲ့လို့လည်း ပြောလို့မရပါဘူး။ စိတ်ကူးအတွေးတွေကို လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားခြင်းမျိုး

စာရေးဆရာတစ်ယောက် ဖြစ်လာစေရေးလမ်းညွှန်ချက်များ

Image
Zaw KO   to   ‎ ကမ်းလက်များ (BEACON ) · နိုဘယ်ဆုရစာရေးဆရာကြီး ဟဲမင်းဝေးပြောခဲ့သောစာရေးဆရာ တစ်ယောက်ဖြစ်လာစေရေးလမ်းညွှန်ချက်များ ။"စာရေးဆရာတစ်ယောက်ဟာ အစဉ်အမြဲအထီးကျန် တစ်ကိုယ်တည်းသာဖြစ်ပြီး အပယ်ခံတစ်ယော က်လည်းဖြစ်တယ်" ။"စာရေးတယ်ဆိုတာ လူတွေအကြောင်းကိုရေးရတာ လူတွေအကြောင်းကိုမရေးမီ ကိုယ်တိုင်ကပိုပြီး လူပီသဖို့လိုတယ်။ စာရေးချင်တဲ့လူဟာ လူယဉ်ကျေးတစ်ယောက်ဖြစ်နေဖို့ အင်မတန် အရေးကြီးသလိုအသိဥာဏ်လည်း ပြည့်ဝနေရမယ်။ သဘောထားလည်းပြည့်ဝနေရမယ်။ခန္တီစဆိုတဲ့ ပါရမီရှိဖို့လည်းလို့တယ်။လောကဓံတရားနဲ့ တွေကြုံရတဲ့အခါတိုင်းမှာလည်း ခံနိုင်ရည်ရှိရမယ်။ကုသိုလ်ကံအကြောင်းမလှလို့ဒုက္ခနဲ့တွေ့ရသူကိုလည်းပြက်ရယ်မပြုသင့်ဘူး။ အကုသိုလ်ဝင်လို့ ကံဆိုးမိုးမှောင်ကျနေပြီဆိုရင်တောင် အဲဒီကံဆိုးမိုးမှုကို ဘယ်သောအခါ ပြန်လှန်ခုခံပြီးမတိုက်ခိုက်လေနဲ့ ကံမကောင်းအကြောင်းမလှတဲ့ ဘဝရေစီးကြောင်းမှာအလိုက်သင့်သာ မျှောနေလိုက် လူဆိုတာ အမြဲတစေချည်း ကံဆိုးမနေပါဘူး။

အက်ဆေးလေးများ

Image
အက်ဆေးဆိုတာ ဘာလဲ။အင်္ဂလိပ်စာလုံး Essayကို အသံဖလှယ်ထားခြင်း ဖြစ်ပါတယ်။ မူလကတော့ ပြင်သစ်ဘာသာ စကားဖြစ်ပြီး စမ်းသပ်ခြင်း၊ စမ်းကြည့်ခြင်း၊ ကြိုးပမ်း အားထုတ်ခြင်းလို့ တိုက်ရိုက် အဓိပ္ပာယ် ရပါတယ်။ အက်ဆေး အရေးအသားဟာ အနောက် နိုင်ငံများက စတယ်လို့ အဆိုရှိ ပါတယ်။ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သမိုင်း မှတ်တမ်းတွေနဲ့ မတူတဲ့ စာပေ ပုံသဏ္ဌာန် တစ်မျိုးကို စမ်းသပ်ကြံဆ ကြည့်ရာက “အက်ဆေး”ဆိုတဲ့ အမည် တွင်သွားခဲ့တာပါ။ (တကယ်တော့ အက်ဆေး ဆန်တဲ့ အဖွဲ့အနွဲ့မျိုးတွေဟာ အရှေ့တိုင်းမှာလည်း ရှေးယခင် ကတည်းက ရှိခဲ့ပါတယ်။ ပီပီပြင်ပြင် မဖော်ထုတ် နိုင်ခဲ့လို့သာ မပီပြင်ခဲ့ရတာပါ။ အက်ဆေး အရေးအသားကို ဘယ်သူက စတီထွင်ခဲ့တယ် ဆိုတာ တပ်အပ် မသိနိုင်ပါဘူးလို့ အနောက်တိုင်း စာပေ ပညာရှင်တွေကလည်း ၀န်ခံခဲ့ ကြပါတယ်။) မြန်မာ နိုင်ငံမှာလည်း ရှေးမဆွကတည်းက အက်ဆေး အရေးအသားမျိုးတွေ ရှိခဲ့မှာပါပဲ။ ဒါပေမဲ့ ကိုလိုနီခေတ်ကျမှပဲ အက်ဆေးလို့ ကင်ပွန်းတပ် ခံခဲ့ရတာပါ။ အထူးသဖြင့် ခေတ်သစ် အက်ဆေး