စာရေးဆရာတစ်ယောက် ဖြစ်လာစေရေးလမ်းညွှန်ချက်များ
Zaw KO to ကမ်းလက်များ (BEACON )
နိုဘယ်ဆုရစာရေးဆရာကြီး ဟဲမင်းဝေးပြောခဲ့သောစာရေးဆရာ တစ်ယောက်ဖြစ်လာစေရေးလမ်းညွှန်ချက်များ
။"စာရေးဆရာတစ်ယောက်ဟာ အစဉ်အမြဲအထီးကျန် တစ်ကိုယ်တည်းသာဖြစ်ပြီး အပယ်ခံတစ်ယောက်လည်းဖြစ်တယ်"
။"စာရေးတယ်ဆိုတာ လူတွေအကြောင်းကိုရေးရတာ လူတွေအကြောင်းကိုမရေးမီ
ကိုယ်တိုင်ကပိုပြီး လူပီသဖို့လိုတယ်။ စာရေးချင်တဲ့လူဟာ
လူယဉ်ကျေးတစ်ယောက်ဖြစ်နေဖို့ အင်မတန် အရေးကြီးသလိုအသိဥာဏ်လည်း
ပြည့်ဝနေရမယ်။ သဘောထားလည်းပြည့်ဝနေရမယ်။ခန္တီစဆိုတဲ့
ပါရမီရှိဖို့လည်းလို့တယ်။လောကဓံတရားနဲ့ တွေကြုံရတဲ့အခါတိုင်းမှာလည်း
ခံနိုင်ရည်ရှိရမယ်။ကုသိုလ်ကံအကြောင်းမလှလို့ဒုက္ခနဲ့တွေ့ရသူကိုလည်းပြက်ရယ်မပြုသင့်ဘူး။
အကုသိုလ်ဝင်လို့ ကံဆိုးမိုးမှောင်ကျနေပြီဆိုရင်တောင် အဲဒီကံဆိုးမိုးမှုကို
ဘယ်သောအခါ ပြန်လှန်ခုခံပြီးမတိုက်ခိုက်လေနဲ့ ကံမကောင်းအကြောင်းမလှတဲ့
ဘဝရေစီးကြောင်းမှာအလိုက်သင့်သာ မျှောနေလိုက် လူဆိုတာ အမြဲတစေချည်း
ကံဆိုးမနေပါဘူး။
ကုသိုလ်ကံကောင်းတဲ့ အလှည်အပြောင်းလည်းပြန်ကြုံတတ်ကြပါတယ်"
။"ဘဝမှာ ဘာကိုပဲလိုချင်လိုချင် အသိတရားတွေ အစဉ်သတိရှိနေဖို့ လိုတယ်"
။"စာရေးတဲ့နေရာမှာ အခက်အခဲအများကြီးရှိတယ်။အခက်အခဲတစ်ခုကတော့ ခံစားချက်နဲ့ ပက်သက်နေတယ်။ကျူပ် ဘယ်လိုခံစားနေရသလဲ။ တကယ်ခံစားရတာလား ခံစားရတယ်လို့ထင်နေတာလား ဒါမှမဟုတ်သူတစ်ပါးကသွန်သင်ထားလို့ ခံစားနေရတာများလား ဆိုတာခွဲခြားဖို့ ခက်နေတယ်။အဲဒါတွေထက် ပိုပြီးခက်နေတာက လှုက်ရှားမှုတစ်ခုကို တကယ်ဖြစ်ပွားတဲ့ အစီအစဉ်တိုင်းရေးချလိုက်ရမလား အဲဒီဖြစ်စဉ်တွေထဲက စိတ်လှုပ်ရှားမူနဲ့ ခံစားချက်ကို ပေးနိုင်တဲ့ဖြစ်စဉ်တွေက ဘယ်ဟာလဲလို့ရွေးနုတ်ပြီးရေးချရမလား။အဲဒါဟာ အခက်ဆုံးပဲ။ တကယ့်ပညာကို ကျူပ်ပြောပြမယ်။အဲဒါက တစ်နှစ် သို့မဟုတ် ဆယ်နှစ်ခံစေမယ့် စိတ်ထဲနင့်နေအောင် ခံစားချက်မျိုးပေါ်လာအောင် ဖြစ်စဉ်ဖြစ်ရပ် အကြောင်းအချက်တွေ စီစဉ်ပြတတ်ဖို့ပဲ။ အဲဒါမှ တကယ့်ပညာ ကံကောင်းပြီ အရည်အသွေးသန့်သန့်ကိုသုံးတတ်ရင်တော့ ဆယ်နှစ်ဆယ်မိုးမကဘူး။ထာဝစဉ်ခံနေလိမ့်မယ်။အဲဒါမျိုးကတော့ ခက်လွန်းလို့ကျူပ်မမှီပါဘူး။ဒါပေမယ့် ကျူပ် မရ ရအောင် သိပ်ဒုက္ခခံပြီး ကြိုးစားနေတယ်"
။"လူတစ်ယောက်မှာ ကိုယ်ကြိုက်လို့လုပ်ရတဲ့ အလုပ်မျိုးနဲ့ မလုပ်မဖြစ်လို့လုပ်ရတဲ့အလုပ်မျိုးရယ်လို့ရှိကြတယ်။အဲဒီအလုပ်တွေကိုလုပ်ရင်းကိုင်ရင်းနဲ့ကိုယ့်ဇာတ်ကောင်ကိုတွေ့လာရတာဘဲ။ တကယ်တော့ အတွေအကြုံတွေကို စာရေးရတာမခက်ပါဘူး။နားကောင်းကောင်း စွင့်ထားဖို့ပဲလိုပါတယ်။ ထေရ ရဟန်းများအာရုံပြုသလို အာရုံစူးစိုက်တတ်ရမယ်။စာရေးဖို့ကလွဲပြီးတခြားဘာကိုမှ အာရုံမများဖို့လိုတယ်။ဘယ်တော့မှ ထပ်ပြီးတွေးမနေနဲ့။လူတော်တော်များများမှာ စာရေးချင်တဲ့စိတ်ကလေးတွေရှိတတ်ကြတယ်။ရေးချင်ရင် မရေးရဘူးဆိုတဲ့ဥပဒေမရှိပါဘူး။ရေးချင်လို့ စာရေးနေတုန်းစိတ်ထဲမှာ ကြည်နူးရတယ်။ရင်ထဲမှာလဲပေါ့သွားတယ်။ဒါပေမဲ့စာကိုမဖြစ်မနေ ရေးရတော့မယ်ဆိုရင်တော့ မဖြစ်မနေ ထလုပ်ရတဲ့ ဗိသုကာနဲ့ တူနေလိမ်မယ့် အဲဒီလိုသာဆိုရင် မနေနိုင်လို့နှဲကြီးထမှုတ်တဲ့နှဲဆရာလို တစ်ကိုယ်တည်းကြောင်တက်တက်နဲ့ စခန်းသိမ်းရတတ်တာပဲ"
။"စာရေးဆရာ၏ဘဝသည် အလွန်ပင် အထီးကျန်လှချေသည်။စာရေးဆရာ အသင်းအဖွဲ့များသည် စာရေးဆရာများအတွက်ခြောက်သွေ့သောဘဝမှ သက်သာရာ ရစေသည်ကားမှန်ပါ၏။သို့သော် ယင်းအဖွဲ့အစည်းများသည် စာရေးဆရာ၏ အရည်အချင်းကိုထက်မြက်စေကြသည် မဟုတ်ပါ။စာရေးဆရာတစ်ဦးသည် အရည်အချင်းရှိသူ ဖြစ်ပါမူ သံသရာ၏ အဓိပ္ပာယ်ရှိမူမှင့်မရှိမူတို့ကိုနေစဉ်နှင့်အမျှ ကြုံတွေ့ရမည်သာဖြစ်ပေသည်။"
။"ကျူပ် အတတ်နိုင်ဆုံး ကောင်းကောင်းရေးတာဘဲ ကိုယ်ရေးတာတွေ ကိုလည်းယုံကြည်တယ်။သူတို့ မကြိုက်တာ သူတို့အကြောင်းနဲ့သူတို့ရှိလိမ့်မပေါ့ နောက်တော့သူတို့ကြိုက်လာလိမ့်မပေါ့လိုလည်းထင်ထားတယ်။ကျူပ်အဖို့တော့ ဝေဖန်ခံရမှာလည်း မစိုးရိမ်ခဲ့ပါဘူး။ဝေဖန်ရေးကိစ္စနဲ့လည်း သိပ်ပြီးမနီးစပ်ခဲ့ဘူး။တကယ်တမ်းပြော ရမယ်ဆိုရင်တော့ ဘာပဲရေးရေး ကိုယ်ရေးသမျှထဲမှာ ဘာများစွဲစွဲမြဲမြဲ ကျန်ရစ်ခဲ့သလဲဆိုရင် စာရေးရတာအတော်ခက်ပါလားဆိုတဲ့အသိပဲ။ စာရေးဆရာတစ်ယောက်ဟာ ကိုယ်အကြောင်းအပြင် တခြားဘယ်သူ့အကြောင်းကို ပိုပြီးသိဦးမှာတဲ့လဲ"
။"ဆုရတယ်ဆိုတာဟာ ဘယ်လောက်တန်ဖိုး ကြီးမားတဲ့ ဆုဖြစ်ဖြစ် ကိုယ်က ပေါ့ပေါ့တန်တန် လုပ်ပစ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးကိုပေးမှာဘဲ စာအုပ်ကောင်းတစ်အုပ် ရေးနေတုန်း ဆုကိစ္စနဲ့ အပျက်မခံပါရစေနဲ့"
ဟဲမင်းဝေးရေးသားခဲ့သောစာအုပ်များ
၁၉၂၃ ဝတ္တုတိုသုံးပုဒ်နှင့်ကဗျာဆယ်ပုဒ်(Three stories and Ten Poems)
၁၉၂၅ ကျွန်ပ်တို့ခေတ်(In our time)
၁၉၂၆ ပြင်းထန်စွာ ရွှာသွန်းသောနွေဦးမိုး(The Torrents of Spring)နှင့်
နေမင်းကြီးလည်းသာနေမြဲ(The Sun Also Risen)
၁၉၂၇ မိန်းမမရှိသောယောကျာ်းများ (Men without Women)
၁၉၂၉ လက်နက်များကိုနှုတ်ဆက်ခြင်း(A Farewell to Arms)
၁၉၃၃ အောင်နိုင်သူဘာမှမရ(Winner Take Nothing)
၁၉၃၅ အာဖရိက၏စိမ်းလန်သောတောင်တန်းများ
( Green Hills of Africa)
၁၉၃၇ ရရန်ရှိခြင်းနှင့်ဘာမှမရှိတော့ခြင်း(To Have and Have not)
၁၉၃၈ ပဉ္စမံတပ်သား(The fifth Column)သူ၏တစ်အုပ်တည်းသောပြဇာတ်
၁၉၄၀ ဘယ်သူအတွက်ခေါင်းလောင်းထိုးသလဲ(For Whom the Bell Tolls)
၁၉၅၀ မြစ်ကိုဖြတ်၍တောထဲသို့အဝင်(Across the River and into the Three )
၁၉၅၂ အဘိုးအိုနှင့်အဏ္ဏဝါ (The Old man and the sea) ဤစာအုပ်ဖြင့်၁၉၅၄ ခုနှစ်အတွက်စာပေဆိုင်ရာနိုဘယ်ဆု ချီးမြင့ှ်ခြင်းခံရသည်။
၁၉၆၁ခုနှစ် ဇူလိုင်လ ၂ရက်နေ့တွင်ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

Comments
Post a Comment