အိပ်ယာထချိန်

အိပ်ယာထချိန်



ဘက်စ်ဆဲလား စာရေးဆရာမတစ်ယောက်အား တွေ့ဆုံမေးမြန်းလိုက်၏။
“ ခင်ဗျား နွေရာသီဆို ဘယ်အချိန် အိပ်ယာထသလဲ ”
“ ကျွန်မ အိပ်ခန်းပြူတင်းပေါက်ကနေ နေရောင်ခြည်ဝင်လာတာနဲ့ အိပ်ယာထဖြစ်ပါတယ် ”
“ ဟာ … ဒီလိုဆို အစောကြီး ထတာပေါ့နော် ”
“ ဟင့်အင်း …ကျွန်မ အိပ်ခန်းကပြူတင်းပေါက်ကို နောက်ဘက်အရပ် မျက်နှာမူထားပါတယ် ”
(www.work.com မှ ဟာသတိုလေးကို ပြန် Share ထားခြင်း ဖြစ်ပါသည်။)


အင်ဂျင်နီယာ

ဇနီးပျောက်သွားသော စက်မှု အင်ဂျင်နီယာ တစ်ယောက်ကို ရဲက ကူညီဖို့ အတွက်တောင်းဆိုတော့ ရဲ့ လိုအပ်တာတွေ မေးပါတယ်။
ရဲ - ခင်ဗျား ဇနီးသည်ရဲ့ အရပ် ဘယ်လောက်မြင့်လဲ။
အင်ဂျင်နီယာ - မသိပါဘူးခမျာ။
ရဲ - ပိန်လား၊ ကျန်းမာလား
အင်ဂျင်နီယာ - ပိန်လား၊ ဝလားတော့ သတိမထားမိပေမယ့် ကျန်းမာပါတယ်။
ရဲ - မျက်လုံးအရောင်က
အင်ဂျင်နီယာ - သတိမထားမိလို့ မသိပါဘူး။
ရဲ - ဆံပင်အရောင်
အင်ဂျင်နီယာ - ဟင့်အင်း ဆောရီးပါ။ ကျနော် ဒါလဲ မသိပါဘူး။
ရဲ - သူ ဘာရွှေငွေရတနာတွေ ဝတ်ဆင်ထားလဲ
အင်ဂျင်နီယာ - သူ့အမေ သူ့ကို ဘာဆင်ပေးထားလဲဆိုတာ ပြန်မေးရမယ်။
ရဲ - သူ ကားနဲ့ ထွက်သွားပြီးကတည်းက ပြန်မရောက်သေးတာလား
အင်ဂျင်နီယာ - ဟုတ်ပါတယ်။
ရဲ - ဒါဆို ကားရဲ့ အရောင်၊ နံပါတ်နဲ့ အခြား သိတာတွေ ပြောပါအုံး... ။
အင်ဂျင်နီယာ - အနက်ရောင် Audi A8, နံပါတ်ပြား xxxxxxx, စူပါချာဂျာတပ် အင်ဂျင်အရွယ် 3.0 liter, ၆ လုံးပူး ဆလင်ဒါ ဗီ သဏ္ဍာန် အင်ဂျင်၊ မြင်းကောင်ရေအားအား 333 အား၊ ဂီယာက ၈ ချက်ထိုး tiptronic အော်တို နဲ့ ရိုးရိုးတွဲ၊ LED မီးလုံးပါ၊ ရှေ့ဘယ်တံခါးအောက်ထောင့်မှာ အဆင်းရာ သေးသေးလေး နှစ်ခုလောက်ပါတယ်။
အဲ့လို ပြောပြရငးနဲ့ အင်ဂျင်နီယာ ငိုသံပါ ပါလာသတဲ့။ ဒါနဲ့ ရဲက
'စိတ်မပူပါနဲ့. ခများကား ပြန်တွေ့အောင် ရှာပေးပါ့မယ်'
..
Ref: engjoke
အောင်ခမ်း (ရိုးရာလေး)


မေးခွန်း


အောက်ပါမေးခွန်းတို့ကို ဖြေဆိုပါ...
1. ကမ္ဘာပေါ်ရှိ ပြတိုက်အမျိုးမျိုးတွင် လူအလာ အနည်းဆုံး ပြတိုက်ကို ဖော်ပြပါ။ (15 မှတ်)
2. အမိဝမ်းတွင်းမှ ကလေးစတင်မွေးဖွားသောနေ့သည် ထိုကလေး၏ ဘယ်နှကြိမ်မြောက် မွေးနေ့ ဖြစ်သနည်း။ (5 မှတ်)
3. တရုတ်ညီနောင် သုံးဦး၏ မူလတရုတ်နာမည်ဖြစ်သော Lu, Bu, Fu တို့ကို အင်္ဂလိပ်နာမည်သို့ ပြောင်းရာ...
- Lu က Luck
- Bu က Buck ဖြစ်သော် Fu က ဘာဖြစ်မည်နည်း။ (10 မှတ်)
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း