Posts

Showing posts from 2023

သူဇာပျို့

Image
သူဇာပျို့ ၆၉။   ဒေဝိန္ဒရာဇာ ၊ ဘိုးထွတ်ချာသည်၊ တေဇာမြတ် တန်ခိုးတည့်လေ၊ နတ်ကိုပင်သာ၊ စိုးချုပ်ချာသည်၊ အာဏာနတ်ထက်၊ မိုးတည့်လေ။ ။ ဒေဝိန္ဒရာဇ်၊ ဘိုးတော်ချစ်နှင့်၊ ဘွင့်လှစ်ဥကင်၊ တူစုံရွှင်သည်၊ သခင်ဘွားတော်၊ ပြိုင်ဘော်မရ၊ အတုလဒေဝီ၊ မဟေသီကား၊ စုံညီအင်္ဂါ၊ လက္ခဏာတောက်ပ၊ ယင်းမူလသည်၊ ဗြဟ္မာ့နွယ်မြစ်၊ မြတ်မျိုးဖြစ်၍၊ တင်ပြစ်လွတ်ကင်း၊ သန့်သန့်ရှင်းသည်။ ။ သတင်းတည့်ဂုဏ်နံ့၊ နတ်ခြောက်တန်၊ ကျူးလွန်တည့်မြတ်လေး၊ လှိုင်လွင့်ပြေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၈။   သူရဿတီ ၊ နတ်ဒေဝီသည်၊ စုံစီတတ်မျိုး သင်ရလေ။ ။ မြေကိုလျှိုးဝင်၊ မိုးကောင်းကင်ကို၊ ဝှက်သွင်ဟူးဟူးပျံကြွလေ။ ။ ယင်းသည့်အစ၊ စုံသိပ္ပကို၊ ဗြဟ္မာ့သားတော်၊ တတ်ပြီးသော်တည့်၊ တောင်ကျော်ဟေမာ၊ ဝိရိချာဝယ်၊ အင်္ဂါမချို့၊ ယင်သည်မြို့ကို၊ အောင်မျှို့ထွန်းပဒ၊ တည်ထောင်စ၏၊ သည်ကဆင့်ပွား၊ သား, မြေးအားဖြင့်၊ များသည်ရွှေမှောက်၊ မင်းတို့နောက်ဝယ်၊ ဘုန်းတောက်ရှိန်ပြင်း၊ ဘိုးတော်မင်းသည်။ ။ သံညင်းတည့်ဒေဝိန္ဒရာဇာ၊ မည်သာတည့်ပျံ့မွှေး၊ ဘွဲ့တော်ရေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၇။   သို့လျှင်မြတ်နွယ် ၊ ကြောင်းတမယ်ကို၊ မင်းဝယ်ရွှေနား ညွတ်ပါလေ။ ။ မယ်တော့်မျိုးဝယ်၊ လွန်တင့်တယ်သည်၊ ဆန်းကြယ်ဇာတ်မျိုး မြတ်လှလေ။ ။ အစရှေးခါ၊ တောင်စန္ဒာဝယ်၊ ဂဏာခေါ်ညီ၊ ကိန္ဒရီသည်၊ ထက်ဆီမိုးမှာ၊ နတ်ဗြဟ္မာကို၊ ဝမ်းသာစုံမက်၊ ကြည်နှစ်သက်အောင်၊ ကျင့်ခက်ရှည်တာ၊ လွန်မြတ်စွာ၍၊ ဗြဟ္မာမြတ်လေး၊ သားဆုပေး၏၊ ရင်သွေးရှုဖျော်၊ ဘွားမြင်သော်လည်း၊ တေဇော်ထွန်းဝင်း၊ ဗြဟ္မာမင်းသည်၊ မကင်းတည့်စောင်မ ဘုန်းကြီးအောင်၊ ရည်ဆောင်တည့်မြတ်လေး၊ ဆရာပေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၆။   လှသည့်မှာသော် ၊ ကျူး၍ကျော်သည်၊ မမြော်ဘက်လွတ် ကွေတည့်လေ။ ။ ယဉ်သည်မှာသော်၊ မိုးထိပ်ပေါ်သည်။၊ ကျော်၍အဖျားနချည့်လေ။ ။ ယဉ်လည်းယဉ်နု၊ ပြိုင်တုမရ၊ လှလည်းလှတင့်၊ နှုတ်ဘွင့်သာချို၊ ဆိုလည်းကျစ်လျစ်၊ တင်ပြစ်မဲ့ပြီ၊ လုံးစုံညီ၍၊ ပည်းသီပေါင်းရုံး၊ လူ့နှလုံးကို၊ ကျုံးသို့သိ၍၊ ရွှန်းယဉ်မြေ့၏၊ ကြီးလွေ့ပညာ၊ အရာရာကို၊ ခန္ဓာသက်လုံဂ၊ လျှောက်မထုံးသည်။ ။ ကျဉ်းရုံးသည်မျှ လျှောက်လွယ်ကာ၊ အရာတည့်ချီးရေး၊ များလှသေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၅။   တတ်ရာဖြင်ပည်း ၊ တတ်သည်ချည်းတွင်၊ ကျော်သည်းကျွန်းလုံး ဝန်းမျှလေ။ ။ လေးအတတ်သည်၊ ထူးထွေလည်သည်၊ စံတည်ကြူး၍ လွန်လှလေ။ ။ လျှင်သည်လှပ်လှပ်၊ တပြက်လျှပ်ကို၊ ဆင့်ဟပ်မြားဆက်၊ ခုနှစ်ချက်စင်၊ ရွှေလက်ငင်လွတ်၊ ပစ်မိတတ်လျက်၊ နတ်အပြည်ပြည်၊ နှံ့လည်ဝိုက်ရုတ်၊ သမုဒ္ဒရာ၊ ရေမှာမြေထဲ၊ ငရဲထုတ်ချောက်၊ စေတိုင်းရောက်၍၊ ပတ်လျှောက်ပြည်ထောင်၊ မင်းကုန်အောင်တို့၊ ထိပ်ခေါင်ရွက်ကျုံး၊ ရှိပန်းကုံးသည်။ ။ လက်ရုံးတည့်မဟာဝရဇိန်၊ လျှံထိန်တည့်နီးဝေး၊ ဖြာပြန့်ပြေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၄။   နန်းမသခင် ၊ ဘွားရှင်ပင်နှင့်၊ မြေပြင်စိုးရ၊ ရာဇိန္ဒိလေ။ ။ စုံပူးရွှေရင်၊ စုံရာတွင်နှိုက်၊ ဘွားမြင်မြတ်လှ၊ ဩရသလေ၊ ပုတ္တရတနာ၊ လက်ဦးစွာဟု၊ ဖြစ်လာငြားသင့်၊ ရွှေဘုန်းပွင့်သည်၊ ရှင့်ခမည်းတော်၊ မမြော်နှိုင်းရဦ၊ တို့ထိပ်ချာကား၊ အဋ္ဌာရသ၊ ဟူသမျှကို၊ လွန်လှဆန်းထူး၊ သူ့ထက်ကျူး၏၊ မုန်ယူဆင်ပြောင်၊ ကြမ်းခေါင်မြင်းကြီး၊ ကိုယ်တော်စီးက၊ အံ့ချီးစရာ၊ လိုတိုင်းပါသည်။ ။ (ရှုသာတည့်ထင်၊ လှကိုယဉ်) ဘက်ယှည်တူရေး၊ မရှိဝေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၃။   ဇမ္ဗူကျွန်းလုံး ၊ လက်နက်ကျုံးသည်၊ ထွတ်ဆုံးဘိုးရာဇာနှင့်လေ။ ။ ဥကင်ထိပ်ပေါ်၊ တူစုံပျော်သည်၊ ဘွားတော်ထွတ်မြတ်မျိုးမြင့်လေ။ ။ ဣန္ဒဝင်စစ်၊ တဖြစ်တနွယ်၊ စင်ကြယ်လှစွာ၊ မည်တော်သာမူ၊ နရိန္ဒာဒေဝီ၊ ကျော်ထင်ညီသည်၊ သိင်္ဂီရွှေသား၊ ဘွားဘုရားကား၊ ငါးပါးဣန္ဒြေ၊ ငါးထွေသီလ၊ တည်ကြည်လှ၍၊ ရူပလက္ခဏာ၊ ပညာဂုဏ်အင်၊ ဘက်မထင်သည်။ ။ မြေပြင်တည့်မဆန့် ကျော်စောဝှန့်၊ နတ်ဌာန်တည့်ပျံ့မွှေး၊ အံ့ချီးကြွေး။ ။   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၂။   ဣန္ဒပုတ္တ ၊ နရိန္ဒသည်၊ အစထွတ်ရာဇာတည့်လေ။ ။ သည့်သားသည့်သား၊ မြတ်ဆက်ပွားသည်၊ တခြားမဘောက်လှာတည့်လေ။ ။ မြတ်ဆင့်ဆင့်ပွား၊ အညအားဖြင့်၊ များသည့်မင်းပေါင်း၊ ခြောက်သောင်းမျှစင်၊ ဣန္ဒဝင်ဟု၊ ဥကင်စိုးမြန်း၊ စည်ပြီးထွန်း၏၊ ဘုန်းတန်းမချို့၊ ထိုမင်းတို့တွင်၊ မျှို့မင်္ဂလာ၊ ညွန့်ဖြာဘုန်းသစ်၊ အဆုံးဖြစ်သား၊ ဧကရာဇ်ထိပ်ပေါ်၊ ရှင့်ဘိုးတော်သည်။ ။ မည့်ခေါ်တည့် ရာဇိန္ဒရာဇာ၊ ဘုန်းဝါတည့်နီးဝေး၊ ရောင်လွင့်ပြေး၊   ဧယာဉ်ချိုယဉ် ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၁။   မဒ္ဒတိုင်းစည် ၊ စိုးစံတည်သည်၊ ခေါ်မည်အဂ္ဂသီတည့်လေ။ ။ ထိုမင်းသည်းချာ၊ နုကညာသည်၊ ဘဒ္ဒါနုဝတီတည့်လေ။ ။ ဘဒ္ဒါနုဝတီ၊ ဆင်းသိင်္ဂီနှင့် ယှည်မှီသိကြား၊ စံပျော်ပါး၍၊ သည်းချာရင်ခွင်၊ မြင်သည်ဣန္ဒ၊ ပုတ္တမည်ခေါ်၊ စုံသည်အင်္ဂါ၊ တရာမချို့၊ ငါသားတို့ဟု၊ နန်းမြို့မကျန်၊ သိကြားဘန်၍၊ သာလွန်ဇေယျ၊ ပူရတွင်မည်၊ သည်ရွှေပြည်သည်။ ။(ထောင်တည်ဖြစ်စေ-သမိုင်းလာ) စိုးချာတည့်ဦးရှေး၊ သိကြားသွေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၀။   နန်းလုံးထိပ်မှာ ၊ တင်စရာသည်၊ ထိပ်ချာစက်တော်၊ မခေါ်တည့်လေ။ ။ အချစ်မေတ္တာ၊ ထပ်လောင်းကာသည်၊ ရှုရာတို့မျက် ဖျော်တည့်လေ။ ရွှေဘုန်းသမ္ဘာ၊ ညွန့်လူးလာသည်၊ ရတနာတစု၊ မြဆင်းတုနှယ်၊ နုနုညိုညို၊ မစက်လိုလည်း၊ ငိုရဘူးရှင်၊ ရာဇဝင်ဖြင့်၊ သန့်စင်မြတ်ကျော်၊ အကြောင်းတော်ကို၊ ချီငေါ်ဟုတ်လျောက်၊ ရွှေနားလျှောက်မည်၊ မိုမောက်မေတ္တာ၊ ပုံစရာသည်၊။ ထိပ်ချာတည့်ထိပ်ပန်း ထိပ်ထက်တင်၊ ပန်းသွင်သည့်ရည်သွေး၊ နုမွှေးမွှေး။ ။   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၅၉။   လက်ဖွဲ့ချည်မျှင် ၊ စီရင်ထူးဆန်း၊ လင်ပန်းချိုးအင်၊ ရည်ရွှင်မြမှုတ်၊ ခွက်ကြုတ်ဖလား၊ ပတ္တမြားရိုးရဲ၊ ရွှေခဲ-ငွေလျက်၊ အမျက်ရတနာ၊ များစွာအနဂ္ဃ၊ အယ-အချီ၊ ပည်းသီထပ်လောင်း၊ သိန်းသောင်းခွန်ရ၊ မြို့ပြ ဆင် မြင်း၊ သင်းပင်းလူစု၊ ကစားမှုလည်း၊ ဝေဠုရိယ၊ ကျောက်ပေါင်းစသည်၊ ပီသရုပ်သွင်၊ ဘန်စီရင်လျက်၊ နန်းပြင်-နန်းတွင်း၊ ဆက်သွင်းလက်ဖွဲ့၊ ထားရာမဲ့မျှ၊ မဟဲ့ကြည့်ရာ၊ ပက်သာကချေ၊ ထွေထွေပွဲလမ်း၊ ပည်းဖြင်မွန်းတိ၊ မင်းခမ်းမင်းမှု၊ မင်းရတုဖြင့်၊ ယဉ်နုစီရင်၊ ပြခက်တင်မှ၊ ရုပ်သွင်နုမျစ်၊ ရင်သိမ်းသစ်ချည်း၊ တရွယ်တည်းလျှင်၊ ဆံစည်းထောင်ထောင်၊ ညိုရောင်ညိညိ၊ နောက်ဆံအိနှင့်၊ ချစ်မိဘွယ်ရာ၊ စဉ်ကာတဖက်၊ နေစေလျက်တည့်၊ ဖြူညက်နုရွ၊ ရွယ်ကမျှပင်၊ ဒက်လှရင်ရစ်၊ နားထွင်းသစ်ချည်း၊ နက်မည်းဆံထုံး၊ တင့်ဆုံးချီချီ၊ နှင်းဆီကြိုင်ကြိုင်၊ ရှက်ဆိုင်ရွရွ၊ အိနောက်စနှင့်၊ ဘယ်ကတရွေ၊ စဉ်နေစေလျက်၊ သံခြေပျောင်းငေါ်၊ သံကြော်ယဉ်ဆုံး၊ ဘွဲ့သီကုံး၍၊ နှလုံးသည်းအူ၊ စိတ်ကိုယူသို့၊ သံတူမယွင်း၊ ကျူးသံညင်းသည်။ ။   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၅၈။   ရတနာစု ၊ နုနုနယ်နယ်၊ ပန်းဝတ်နှယ်သို့၊ စိုးလယ်ထိပ်ပေါ်၊ ဘိုးမင်းကျော်နှင့်၊ ဘွားတော်ဘုရား၊ ထွတ်ထားမယ်တော်၊ ရှုပျော်ချစ်စည်း၊ ခမည်းတော်မင်း၊ ဆွေရင်းမျိုးတော်၊ အိမ်တော်နန်းလုံး၊ ချစ်ကုံးသီကြ၊ ချီ-မငတည့်၊ ဒေါသရှောင်ပြစ်၊ ဆယ့်ရှစ်နှစ်သာ၊ ရွယ်သစ်မကြီး၊ မတ်သမီးချည်း၊ နို့လည်းမြိန်ချို၊ ကိုယ်လည်းမလျ၊ လှသည်ပြင်လျာ၊ ဝါးရာကောက်ရွေး၊ နို့ထိန်းပေးသော်၊ ရင်သွေးငါးရာ၊ ဘွားဘက်ပါ၏၊ ရတနာပုခက်၊ တင်မည့်ရက်ဝယ်၊ ပြိုးပြက်ရောင်လူး၊ စိန်ခြူးမြထိတ်၊ ဖိတ်ဖိတ်ရောင်တောက်၊ လက်ကောက်ခြေချင်း၊ ဝင်းဝင်းရောင်ချက်၊ ကျားလက်သည်းပါ၊ လည်မာ-လည်တွင်၊ တန်ဆာဆင်မှ၊ မျက်ရှင်စီခြယ်၊ ပုခက်ဝယ်လည်း၊ ရောင်သွယ်ထွန်းဝေ၊ ကလပ်ခြေနှိုက်၊ မြဲနေစောင့်ဟန်၊ ဂုမ္ဘဏ်ဘီလူး၊ စွယ်ပြူးထူးနှင့်၊ မာန်ရူးနဂါး၊ ခြင်္သေ့ထား၍၊ ဘောက်ကြားကြိုးကြွ၊ အစငေါ်ရှက်၊ ပန်းလှထက်ဝယ်၊ သန်လျက်နတ်သား၊ ထမ်းဟန်ထား၏၊ ပြယားရည်ရှင်၊ တုရင်လေးထောင့်၊ သုံးမြောင့်အုံးထား၊ တုရင်ဖျားဝယ်၊ မြပြားညိုမြိုက်၊ မှန်ကင်းစိုက်၏၊ မြင်းကိုက်အင်းကွက်၊ မျက်နှာကျက်လည်း၊ ပြိုးပြက်ရောင်ဖြာ၊ ကြမ်းမှာခင်းပေ၊ ခြင်္သေ့ရေတွက်၊ ဆယ်ထွေ-ဆယ်ရည်၊ မွေးရှည်ညံ့စွာ၊ ကတ္တီပါတည့်၊ အံ့ရာဘိုးကြိုး၊

သူဇာပျို့

Image
သူဇာပျို့ ၅၇။   ဤသို့ထူးချွန် ၊ ချစ်ကြိုးလွန်၍၊ ခြောက်တန်နတ်မှာ၊ ပဒေသာသို့၊ လိုရာမတ၊ ကာလမီးမိုး၊ အဘိုးနဂ္ဃ၊ နဝရောင်ညီး၊ ကျောက်ဖြင့်ပြီးသား၊ အံ့ချီးစရာ၊ တန်ဆာစုံအင်၊ လဲလှယ်ဆင်လျက်၊ ပူပင်ဒုက္ခ၊ ကြောင့်ကြမဆံ၊ ချမ်းသာစံသော်၊ တရံရောခါ၊ မင်းသူဇာ၏၊ ရတနာဂဗ္ဘ၊ ဝမ်းတော်လျဝယ်၊ မြတ်လှသန္ဓေ၊ တည်လျှင်းလေ၏၊ နေ့ရေလည်းမြင့်၊ ချိန်ခါသင့်သော်၊ ဘုန်းရင့်သမ္ဘာ၊ အင်္ဂါညီညွတ်၊ ယောက်ျားမြတ်ကို၊ ညှာလွတ်ချပ်ပြေ၊ နတ်ပန်းကြွေသို့၊ ကြက်သရေတိုက်ဝှမ်း၊ မယ်တော်ဝမ်းမှ၊ သာချမ်းသန့်စင်၊ မျက်နှာမြင်၏၊ မထင်ပြစ်ဆာ၊ ထိုဘွားခါဝယ်၊ ရတနာပြိုးပြက်၊ မြကွန်ရက်နှင့်၊ ခင်းကြက်သာကြည်၊ ခံရသည်ကို၊ ရည်၍တကြောင်း၊ တပ်ပေါင်းမြို့စား၊ တလွှားရပ်စည်၊ ရှမ်းပြည်ယွန်းပြည်၊ စရှိသည်ဝယ်၊ ထီး, စည်, ဝေါရ၊ ဒေသမြို့ပြား၊ မင်းမင်းများက၊ ပတ္တမြားစသည်၊ ထူးလည်မြားစွာ၊ ရတနာတိ၊ ရှိကြာဦးတည်၊ ဆက်ရောက်သည်ကို၊ ရည်၍လည်းကောင်း၊ ကျော်သောင်းလွှံ့ကြား၊ ထိုမင်းသားကို၊ ထူးပြားသာယာ၊ ရတနာပဉ္ဇ၊ မည်မှည့်ကြ၏၊ မာဂဓအလို၊ ထိုထိုမြန်မာ၊ ပြန်သောခါမူ၊ ရတနာစု၊ နုသည်နာမ၊ ခေါ်ဆိုရသည်။ ။   ဒိဗ္ဗမာလု - ပမာတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရ

သူဇာပျို့

Image
သူဇာပျို့  ၅၆။   အိမ်ရှေ့သခင် ၊ ထိပ်ထားတင်မှာ၊ မင်းရှင်မိန့်ရည်၊ ရွှေခွန်းသည်လျှင်၊ ဖွေနှည်ပေါင်းရုံး၊ စိတ်နှလုံးကို၊ ကျုံး၍ကြွင်းမဲ့၊ ယူဘိကဲ့သို့၊ မဟဲ့ပြစ်ခြည်၊ မြဲတည်မှတ်နေ၊ ထင်သောထွေကြောင့်၊ သည်လေမိန့်ဟ၊ ဆိုပြီးမှလျှင်၊ အရခဲခက်၊ ကိုယ့်အသက်ကို၊ ဆက်ခါဆက်ခါ၊ မညှာမတွန့်၊ ကြိမ်ကြိမ်စွန့်၍၊ ပွားပြန့်မေတ္တာ၊ ချစ်စရာလျှင်၊ ပေါ်လှာတော့သည်၊ ဝင်းကြည်နုနယ်၊ မင်းလှငယ်ဟု၊ ပျံ့ကြွယ်သာချို၊ ဖျော်ဖြားဆို၍၊ ကြည်ညိုသာရွှင်၊ ပါးဝယ်ပင်လျှင်၊ ငုံချင်မတက်၊ ချစ်မြတ်လွန်ကျူး၊ ရွှေသို့ဦးမျှ၊ ပျံ့ပျူးထွေထွေ၊ နေလည်းမခြား၊ စားလည်းတလျက်၊ စက်လည်းတူအုံး၊ နှလုံးမခြား၊ သွားလည်းတူစုံ၊ ရိပ်ခြုံကသိုဏ်း၊ မှတ်နှိုင်းကြ၏၊ နေ့တိုင်းပျော်မှု၊ ရတုစောင်းငြင်း၊ သီချင်းကျူးရင့်၊ အနင့်လုံးထား၊ ထူးပြားထွေထွေ၊ ကချေနှင့်ပတ်၊ နတ်လည်းခုန်က၊ နန်းမစပ်ယှဉ်၊ ဥယျာဉ်ရေကန်၊ သာလွန်နန်းမြင့်၊ တိုက်ဆင့်ရိပ်ချမ်း၊ ဆင်ဘမ်းရေကြောင်း၊ ရွှေလောင်း ရွှေလှေ၊ နေ့ရေမချန်၊ ရံဖန်တင့်ရည်း၊ မင်းစည်းသဘင်၊ စံရွှင်ရာရာ၊ မည်သည်မှာမှ၊ မကွာစဘူး၊ ချစ်မျိုးကြူး၍၊ ကြိုင်မြူးချစ်နံ့၊ နေ့တိုင်းပျံ့လျက်၊ ပံ့ကာဖြီးလှိုင်၊ ချစ်စွဲခိုင်သည်။ ။   ယိမ်းယိုင်မရှိ - သေချာတည်း

လောကသာရပျို့

Image
လောကသာရပျို့( နိဂုံးလင်္ကာ) တိလောကဂ္ဂ၊ သုံးလူဘလျှင်၊ မြွက်ဟဟောရာ၊ ဒေသနာကား၊ ဓမ္မက္ခန္ဓာပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းများတောင်၌၊ ကောင်းအောင်နိစ္စ၊ ဆုံးမစေငှါ၊ သံသရာကို၊ မှန်စွာသိမ်မွေ့၊ အရွေ့ရွဲလုံး၊ သီ၍ကုံးသို့၊ ကျင့်သုံးမှတ်ရာ၊ သင့်လှစွာကို၊ ပညာရှိသူ၊ မှတ်စိမ့်ဟူ၍၊ ဆုယူပတ္ထနာ၊ ကြိုက်ရာရှာသည်၊ ထင်စွာအကျော်၊ ကန်တော်မင်းကျောင်း၊ မြတ်နံ့လှောင်းသား၊ စုပေါင်းမဟာ၊ သုပညာလျှင်၊ မှတ်ရာဝါစုဂ်/အစုတ်၊ သဘောထုတ်၍၊ အဟုတ်ဘွေဟော၊ လောကသာရ၊ မည်ထထင်စွာ၊ လင်္ကာခေါ်မှန်း၊ ဤနိဒါန်း/ပျို့ပန်းကို၊ ထက်ဝန်းသိမြော်၊ မှည့်ခေါ်ဝရ၊ မြတ်သီလနှင့်၊ အချအတင်၊ အငင်အပစ်၊ အပင့်အရစ်နှင့်၊ ကျစ်လျစ်အသတ်၊ မချွတ်စေရ၊ တတ်သမျှလည်း၊ ကျန်ရမဲ့ထွေ၊ အနေမုချ၊ ရေးရသောအား၊ ပွားသည့်ပညာ၊ လောက်ငစွာသည်၊ ဖြစ်ပါစေဟု၊ ဆုတောင်းပြု၍၊ မှတ်မှုလို့ငှါ၊ ဘတ်ပါသသူ၊ လူတို့အားလည်း၊ ထင်ရှားကြွယ်ဝ၊ ချမ်းသာရ၍၊ ဘဝနောင်ဘန်၊ တမလွန်လည်း၊ စုန်ဆန်သုဂတိစစ်၊ လားသည်ဖြစ်၍၊ အနှစ်ပြည့်ပြော၊ အကာမရောသား၊ ရှင်စောမေတ္တေယျာ၊ ပွင့်သောခါလည်း၊ လျင်စွာလက်ဦး၊ ဖူးကုန်ရ၍၊ ခဏမငြို၊ မဂ်ဖိုလ်ဥပါဒ် လွယ်စေသောဝ်။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့

သူဇာပျို့

Image
သူဇာပျို့  ၅၅။   သို့လျှင်ကျွန်မ ၊ မပျမရွှင်၊ သေတည့်ချင်သည်၊ အလျင်စိတ်များ၊ ဘယ်ကိုသွားဘိ၊ တခြားအသစ်၊ ဖြစ်ပြန်တော့ကို၊ ဟိုကစ၍၊ ခုနေ့ရောက်တိုင်း၊ မြဲကိုင်စွဲကြိတ်၊ ကျွန်မစိတ်သည်၊ အဆိတ်ကယ်မျှ၊ လျှင်းမွပြီးဘူး၊ ရှည်ကျူးနောက်နောင်၊ သက်ဆုံးအောင်လည်း၊ စိန်တောင်ကဲ့သို့၊ မနဲ့မယိုင်၊ ခိုင်တော့မည်ပ၊ ကျွန်မစိတ်လက်၊ သည်ဖြစ်ချက်ကို၊ ဖော်မြွက်စေ့ငု၊ ခုလျှောက်ဘူးရှင်၊ နှစ်ဖြင်များလွေ့၊ သက်ရာစေ့၍၊ စုတေ့မည်စိတ်၊ ရွှေလှော်ရွှေသား၊ ဘဝါးစေတီ၊ မြတ်သိင်္ဂီကို၊ လှိုင်ညီကေသာ၊ ဆံပန်းကြာနှင့်၊ စေတနာမြတ်လှ၊ ပူဇော်ရမြ၊ ကျွန်မသာကြည်၊ လျှောက်ပါမည်ဟု၊ ပျံ့ကြည်သာချို၊ မိန့်လျှောက်ဆို၏၊ ထိုစကားဝယ်၊ အဓိပ္ပာယ်ကား၊ ပန်းနှယ်လှိုင်ကျော်၊ နာမံတော်ကို၊ ချီငေါ်အစ၊ ကြားသည်ကပင်၊ ချစ်လှပါပြီ၊ ပည်းသီချစ်ထု၊ ခုလည်းသည်းထဲ၊ ချစ်စွဲမြဲနှောင်၊ နောင်လည်းသက်ဆုံး၊ ချစ်ထုံးရစ်ခွေ၊ မြဲနေမယွင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ကြည်၊ ခေါင်းချမည်ဟု၊ မိန့်ရည်သာလျှောက်၊ စကားရောက်၏၊ ဘုန်းတောက်လျှံထင်၊ အိမ်ရှေ့ရှင်လည်း၊ ဟလျှင်ခဏ၊ နားလည်လှ၍၊ ရွှင်ပျမြတ်နိုး၊ မေတ္တာမိုးသည်။ ။   ဖြိုးဖြိုးသည်းလှ - စွေရွာတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုး

လောကသာရပျို့

Image
လောကသာရပျို့ ၅၅။ ကျယ်ဝန်းစကြာဝဠာ၊ ကမ္ဘာအစ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာ့နွယ်ရိုး၊ ကျော်ဝှန်ဟိုးလျက်၊ မြတ်မျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်သိမြင်သား၊ လူတွင်ထင်ရှား၊ ပုဏ္ဏားတို့ကို၊ ကျင့်စေလို၍၊ သံချိုလင်္ကာ၊ နည်းနာထွေပြား၊ မှတ်စိမ့်ထားသည်၊ တခြားတတိယပိုင်းတည်း။ ။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၅၄။   ကိုးမျက်ရောင်ဖြာ ၊ ရတနာကို၊ ဝင်းဝါသိင်္ဂီ၊ နန်းချည်သီမှ၊ စုံစီရှက်ရှက်၊ စက်ကြမ်းခက်သည်၊ ပြိုးပြက်ရောင်မြူး၊ ဖထိုင်ကြူးထက်၊ စုံပူးမောင်နှံ၊ နှစ်ပါးစံသော်၊ ဘုန်းလျှံထွန်းဝါ၊ ဧကရာကား၊ သူဇာမင်းရှင်၊ မင်းရွှေစင်ကို၊ ရင်ခွင်တင်ထက်၊ ထားတင်ဘက်၍၊ ဖြူညက်ဝင်းရွ၊ မင်းရှင်လှကို၊ ပွက်ဟထွေလည်၊ လျှောက်ပါသည်ကို မည်မျှရွှေခွန်း၊ ကြိုင်မွှန်းချိုသာ၊ မဟပါခဲ့၊ ဩဇာပျံ့သင်း၊ မိန့်သံညင်းကို၊ လွန်ပြင်းဆန္ဒ၊ ကြားချင်လှ၏၊ မိန့်ဟမရွှင်၊ ရုပ်သွင်ပန်းနှယ်၊ မင်းလှငယ်ဟု၊ နံ့ကြွယ်ပန်းတူ၊ မိန့်တော်မူသော်၊ ဖြူအူနုဝါ၊ မင်းသူဇာကား၊ ရှုရာသက်ခင်၊ ပန်းလျက်ပင်တည့်၊ လျှောက်ချင်လွန်းအား၊ ထုတ်ကြိုးစား၍၊ သနားဘွယ်သာ၊ လျောက်သည်မှာကား၊ စကြာပတ်ကုံး၊ လေးကျွန်းလုံးကို၊ ယူကြုံးမည်ရာ၊ ဘုန်းညွန့်ဖြာသည်၊ ထိပ်ခြာထားတင်၊ ထိပ်ပန်းရှင် ….၊ ပူပ်ငြင်ငြို၊ ကျွန်မကိုလေ၊ ဟိုမူဆိုးပ၊ ဘမ်းမိစက၊ ကျွန်မစိတ်မှာ၊ မကြာလျင်တောင်း၊ ဘယ်အကြောင်းကြောင့်၊ ငံ့ညောင်းမဆည်၊ သေရမည်ဟု၊ ကြံစည်စိတ်ထဲ၊ အမြဲသေချာ၊ အောက်မေ့ရာတွင်၊ တောသာလည်လား၊ မူဆိုးသားသည်၊ တိုင်းကားပြည်ရွာ၊ သာသည်ကစ၊ ယဉ်လှရွှန်းမြေ့၊ အိမ်ရှေ့သခင်၊ ထိပ်တင်နာမ၊ လည့်နှယ်ပဟု၊ ကျွန်မကိုလေ၊ အထွေ

လောကသာရပျို့

Image
လောကသာရပျို့ ၅၄။ လက္ခဏာကြန်၊ တတ်ပွန်လေ့လာ၊ မင်းဖြစ်ရာသား၊ လက်ျာဘဝါး၊ အခြားပြက်ပြက်၊ ခြေလယ်တက်၍၊ လက်လည်းထို့သွင်၊ အရေးမြင်မူ၊ မင်းလျှင်စင်စစ်၊ ဖြစ်အံ့အမြဲ၊ မချွတ်လွဲတည့်၊ ဝံ့ရဲမရွံ၊ လည်ဖြတ်ခံလော့၊ ထုံးစံမှတ်သား၊ နည်းနာများကို၊ ပုဏ္ဏားများခေါင်း၊ ရှစ်ယောက်ပေါင်းတွင်၊ ကယ်ကောင်းတတ်လွန်၊ ကောဏ္ဍဉ်ဟန်သို့၊ ဟောမှန်လက္ခာဏာ၊ တတ်လှစွာ၍၊ ပညာကဝေ၊ မြောက်သောထွေဖြင့်၊ အသေအချာ၊ နာနာသိပ္ပ၊ ကိစ္စတတ်ပွန်၊ မန္တန်ပြီးစီး၊ တသီးသူရဿတီ၊ ပင့်ချီခေါ်ချ၊ စကားရလျက်၊ ပေါက်ပြကျော်ထိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မြှောက်ထိုက်စွာ၍၊ မင်းလျာသူ မြောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၅၃။   ကက္ခလိစ္ဆ ၊ ဝနရာဇာ၊ မည်သာကျော်ဟိုး၊ မတ်မူဆိုးကား၊ မိုဃ်းသို့ရွာချ၊ ဆုတောင်းရ၍၊ ပြောပမြေးမြတ်၊ စံဖြစ်လျှင်းအောင်၊ နေ့ချင်းပြောင်သော်၊ ဘုံဆောင်လျှံဝင်း၊ အိမ်တော်တွင်းသို့၊ ဝင်လျှင်းလေပြီး၊ ဘုန်းမီးတောက်ဝှန်၊ နန်းပွင့်ရန်ကို၊ အလွန်ညွတ်ကြည်၊ လျှောက်သည်မှာကား၊ ထွတ်ဘုရား ...၊ ထိပ်ထားမင်းရှင်၊ လည်မှာဆင်သည်၊ ရောင်ထင်မျက်ကျော်၊ ဘယက်တော်ကား၊ တိမ်ပေါ်အာဏာ၊ လိုရာရာသို့၊ အာသာစိတ်မှတ်၊ ပျံနိုင်တတ်သည်၊ ကြီးမြတ်စွာကို၊ တန်ခိုးရှိ၏၊ သတိတော်မြတ်၊ မလွတ်ပါနှင့်၊ မပွင့်ဝှက်ခွေ၊ သေသေချာချာ၊ ထားသင့်ပါဟု၊ ရှိကြာဦးမြှောက်၊ ထားတင်လျောက်သော်၊ ဝမ်းမြောက်လျက်ပင်၊ ရယ်ရွှင်သာပျော်၊ အော်အော်ဟုတ်စံ၊ ပျံ့ပျံ့ထွေငေါ်၊ မိန့်ပြီးသော်တည့်၊ မျက်ကျော်ပြိုးပြက်၊ မြဘယက်ကို၊ ပြိုင်ဘက်လွတ်ကင်း၊ မယ်တော်မင်းသို့၊ ဆက်သွင်းရိုသေ၊ ပို့ရလေ၏၊ ကြက်သရေရောင်ခြည်၊ ထွန်းလွှံ့လည်သည်၊ ဖြူကြည်ဝင်းဝါ၊ မင်းသူဇာကား၊ သာသည်ရိပ်မြ၊ တဲနန်းကသည်၊ ပြောင်းကြွခဲ့၍၊ အိမ်ရှေ့အိမ်တော်၊ တိုင်ရောက်သော်လည်း၊ ဘုန်းကျော်သည့်ရှင်၊ ထိပ်တင်မင်းလှ၊ ခခယမ်းယမ်း၊ ဘာချမ်းယုယ၊ မိန့်သမျှကို၊ နှိမ့်ချရွံရှာ၊ အားနာလှလျက်၊ ဟမြွက်သံချို၊ မဆိုနိုင်သေး၊ ပူနွေးဝမ်

လောကသာရပျို့

Image
လောကသာရပျို့ ၅၃။ ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာရှိဟု၊ ကဝိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုဋ်ကို၊ မြိုက်မြိုက်လျှာဖျား၊ စက်လားရဟတ်၊ ပတ်ပတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျက်၊ ကျယ်ဝန်းထွေပြား၊ အပါးပါးနှင့်၊ မှတ်သားကိန်းခန်း၊ ဆန်းနှင့်လင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဘွဲ့ကျမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မြောက်ထိုက်စွာသော၊ ဒိသာပါမုက်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်လျက်၊ တတ်ခေါင်လိမ်မာ၊ ရှေးအခါ၌၊ ဆရာမြောက်လှ၊ ဇာနက္ကသို့၊ လုံ့လကြိုးစား၊ မင်းတို့အားကို၊ စီးပွားရွက်ဆောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၅၂။   ချစ်ကြည် ဆပွား ၊ မူဆိုးအားလည်း၊ ထူးပြားနာမ၊ လက္ခလိစ္ဆ၊ ဝနရာဇာ၊ သိင်္ဂါရောင်လျှပ်၊ ရွှေဘွဲ့တပ်၍၊ ဆင့်ထပ်လေလေ၊ ရွှေ, ငွေ, ပုဆိုး၊ အုပ်မျိုးတသွန်၊ ကျေး, ကျွန်, မြင်း, ဆင်၊ များဖြင်ခွန်ထွက်၊ မြို့လက်တတည်၊ ခုနှစ်မည်မျိုးဆက်၊ မပျက်ရှည်စွာ၊ ချမ်းသာစိမ့်ရေး၊ ဘေးမဲ့ပေး၍၊ မြတ်လေးလွန်စွာ၊ မူဆိုးရွာ၏၊ ဂါမဏိခေါ်ဆို၊ ရွာစိုးကိုလည်း၊ ကြည်ညိုပီတိ၊ ဂါမဏိမတ္တနာ၊ မည်သာတွင်စေ, သံခြေပျံမွှေး၊ စာချွန်ပေး၍၊ ထောင့်ကွေးအချိုး၊ မိုးကြိုးချယ်ကွပ်၊ ဆောင်ကြပ်ယွန်းထိုး၊ လက်လက်အိုးမူ၊ မိုးကြိုးလားလား၊ ဓားအိမ်လယ်လွတ်၊ ငါးပတ်ခံတွင်း၊ အရင်းအဖျား၊ ရွာကားတရုဏ၊ ဂါမကိုပင်၊ သာရွှင်ကြည်ဖြူ၊ ပေးတော်မူ၏၊ အတူမှုထမ်း၊ ကြိုးပမ်းကြံစည်၊ အသည်-ကပ္ပါး၊ အလာ-အားလည်း၊ စပါးကြေးငွေ၊ ထွေထွေဝတ်စုံ၊ အပုံအဖြိုး၊ သယ်ပိုးမနိုင်၊ ဖြီးလှိုင်ထပ်ထွေး၊ ဆုတော်ပေး၏၊ မနှေးကိုယ်သို့၊ မြို့ရွာသို့လျှင်၊ နှစ်လို့ရွှင်ပျ၊ ပြန်လေကြသည်။ ။   အားရရယ်မော - ဝမ်းသာတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၅၂။ ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါဂြိုဟ်နှင်၊ ဗေဒင်ကိန်းခန်း၊ မိန့်သံမွှန်းလျက်၊ စက်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့ရှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆေးပေဥက္ခောင်း၊ ဘိသိက်လောင်းလျက်၊ သူကောင်းသူမြတ်၊ လွတ်စေအနာ၊ ဥပဒ်ခွာလော့၊ ပြည်ရွာတိုင်းကား၊ ကြီးပွားစိမ့်ငှာ၊ လေးမျက်နှာမှ၊ မလာရန်စစ်၊ မဖြစ်စေမှု၊ တည်ထွင်ပြု၍၊ စုသည့်မီးခဲ၊ ကျီးရဲရဲ၌၊ မြှောက်ကြဲဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်တွင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဘန်များရွတ်ဘတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူ့ဘော်ရန်စစ် ပျောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
  သူဇာပျို့ ၅၁။   မင်္ဂလာဆောင်ပြီး ၊ ထွန်းညီးရောင်ထင်၊ နေထွက်လျှင်တည့်၊ နတ်ရှင်မင်းကျော်၊ ခမည်းတော်နှင့်၊ ရှုဖျော်လေးမြတ်၊ ရှစ်သောင်းနတ်ကား၊ ရံပတ်များစွာ၊ နောက်တော်ပါလျက်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊ တင့်လျော်မကွေ၊ ဝင်ကြလေ၏၊ ဘုန်းနေရောင်လင်း၊ အိမ်ရှေ့မင်းနှင့်၊ ဖြူဝင်းနုဝါ၊ မင်းသူဇာလည်း၊ ရတနာစီခတ်၊ ဝေါတုလွတ်နှင့်၊ သထွတ်စံရာ၊ အိမ်တော်သာသို့၊ မကွာတကွ၊ ဝင်လေကြ၏၊ ရာဇိန္ဒရာဇာ၊ အချာစိုးရ၊ ပြည်သူဘလည်း၊ သုစိတ္တရာဇာ၊ ဂါမဏိရွာစိုး၊ မူဆိုးတို့အား၊ လျောက်လျားသမှု၊ ပေးဘွယ်ဆုကို၊ စေ့ငုစီမံ၊ ကိုယ်တော်ရံပြီး၊ ဘုန်းလျှံရှိန်ပြင်း၊ အိမ်ရှေ့မင်းမှာ၊ နာမမည်မှတ်၊ ရည်ရှိမတ်ကို၊ ပြဿာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ ခေါ်စေရောက်ပြီး၊ မတ်ကြီးတွင်းဝန်၊ မိန့်တော်ပြန်သော်၊ ကျေပွန်လျောက်ပတ်၊ အိမ်ရှေ့မတ်လည်း၊ ရှိညွတ်ထိပ်ပြင်၊ သံတော်တင်၍၊ အလျင်ထွက်ပြီး၊ မိမိသခင်၊ အိမ်ရှေ့ရှင်အား၊ လျှောက်ကြားလေ၏၊ ထွတ်ထားပွင့်လျာ၊ ဥပရာကား၊ မေတ္တာချမ်းမြ၊ သုစိတ္တအား၊ သိင်္ဂရောင်ချော၊ ရွှေဝေါလျှံတောက်၊ အထောက်ကြံဆစ်၊ ဖြူစစ်ညီးညီး၊ ထီးလည်းနှစ်ဆူ၊ သလူမိုးရွက်၊ ကျိုင်းလေးချက်နှင့်၊ ဝင်ထွက်သွားတိုင်း၊ တင့်နှိုင်းလှတောင်း၊ ထီးဆောင်းစိမ့်မည

လောကသာရပျို့

Image
လောကသာရပျို့ ၅၁။ ညတည်းမထင်၊ နေဝင်အခါ၊ ဆည်းဈာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာ၍၊ ပရမီသွာ၊ မဟာဗိန္နဲ၊ ဘေးလွှဲရန်ဘီ၊ နတ်စန္ဒီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဥက္ခောင်းသန္တေး၊ နေ့တိုင်းဆေး၍၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ဆုံချွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးရှောင်ကြဉ်၊ မယှဉ်သက်သတ်၊ ကျင့်မှတ်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတေ့၊ ခုနစ်နေ့လျှင်၊ စေ့လတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ ကြည်ညိုမြတ်လေး၊ အလှူပေးလော့၊ ရှေးကလွန်လေ၊ ရှေးရိုးပေတည့်၊ မျိုးဆွေအမြဲ၊ မှတ်သုံးစွဲ၍၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၅၀။   တွင်းဝန်ဂုဏ်လွေ့ ၊ မတ်ယဉ်မြေ့လျှင်၊ အရှေ့အနောက်၊ ပတ်လျှောက်မကျန်၊ မိန့်တော်ပြန်သော်၊ စောင့်ဖန်ဒိုင်းဝင်း၊ ဆင်မြင်း,ရထား၊ မှူးမတ်များနှင့်၊ မယားကတော်၊ ရေသော်များလှ၊ ပုဏ္ဏားစသည်၊ တိုက်ကြတော်မှာ၊ ဘဏ္ဍာစုံစေ့၊ လောက်လွေ့ပည်းဖြင်၊ လိုလျှင်ခဏ၊ ချက်ချင်းရအောင်၊ နေကျ မကျင်၊ တင်းလင်-တည်းလည်း၊ ရုံးစည်းသောင်းသဲ၊ ရှိစမြဲဖြင့်၊ ထွတ်ကဲမောင်နှံ၊ တင့်စံနတ်တူ၊ ထွက်တော်မူသော်၊ လွယ်ကူကြိယာ၊ အစုံပါလျက်၊ နာရဒွါရ၊ တံခါးမဖြင့်၊ ထွက်ကြွသာလျောက်၊ ထံတော်ရောက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံနှင့်၊ ငါးစုံလျှံလန်း၊ ယဉ်နုရွှန်းသည်၊ ဝင်းထွန်းဖြူဝါ၊ မင်းသူဇာကို၊ အခါသင့်ရန်၊ သင်္ကြန်အလျင်၊ ဒက်ဆင်-နားတွင်း၊ ပျံ့ရွှင်းဆံထုံး၊ ရစ်ကုံးစုလျား၊ ငါးပါးညွန့်ဖြာ၊ မင်္ဂလာကို၊ လျင်စွာဘန်ဆင်း၊ ထိုညဉ့်တွင်းဝယ်၊ ပြီးလျှင်းစေ၏၊ သို့သည့်မင်္ဂလာ၊ ကျယ်ဝန်းစွာကို၊ လွယ်ကာကျဉ်းချုံး၊ ရုံးစေခြင်းကား၊ ထိုမင်းမဟာ၊ ဥပရာနှင့်၊ သူဇာခေါ်တွင်၊ မင်းလှရှင်၏၊ ရင်ခွင်သည်းချာ၊ ရတနာစု၊ ယဉ်နုဆင်းဝါ၊ ရတနာထိပ်ပန်း၊ မည်မှန်းထင်ရှား၊ မင်းနှစ်ပါးကို၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်သည့်ရာနှင့်၊ နန်းလျာခန့်၍၊ အိမ်ရှေ့ညွန့်ရှည်၊ ဆောက်နှင်းသည်ကို၊ ထူးလည

လောကသာရပျို့

Image
လောကသာရပျို့ ၅၀။ သာမယဇု၊ ဣရုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘအရိုး၊ အမျိုးမြတ်လှ၊ ဗြဟ္မဏဟု၊ ပုဏ္ဏားလက္ခဏာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဝဲပတ်ခြုံ၊ စမ္ပာယ်ရုံလျက်၊ တင်တုံစလွယ်၊ လည်ဝယ်မကင်း၊ သလင်းရတည်း၊ ပတ်စည်းကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဖုံးအုပ်လျက်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်းမှ၊ စိုးမင်းတို့ရှေ့၊ မရွေ့မတ်မတ်၊ ဖောင်ဖောင်ရွတ်၍၊ စိမ်းလတ်မြသွင်၊ မြေဇာပင်နှင့်၊ ရေစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်တို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျက်၊ ပစ္စည်းပေါယယ်၊ ပုဏ္ဏားကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၉။   မနနမည်ခေါ် ၊ အမတ်ကျော်လည်း၊ သံတော်ဦးတင်၊ ၍အလျင်ပင်၊ သွားဝင်ရောက်သော်၊ ဗြဲတိုက်တော်ဝယ်၊ ထင်ပေါ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ တွင်းဝန်များကို၊ ပြန်ကြားဆင့်ထောက်၊ တွင်းဝန်လျှောက်က၊ ရွှေမှောက်ထွတ်တင်၊ ဘဝရှင်ကား၊ သာရွှင်အားရ၊ ဝမ်းမြောက်လှ၍၊ နန်းမဘုရား၊ ရှစ်သောင်းဖျားကို၊ ကြိုင်ရှားပျံ့ကြူ၊ မိန့်တော်မူ၏၊ သက်တူတမျှ၊ ချစ်ညီကြသည်၊ နန်းမရာနှင်း၊ ခင်မမင်းသည်၊ လျင်ပြင်းလာတည့်၊ မြင်ပါလှည့်လော့၊ တူရှည့်ချစ်ချင်း၊ ခင်မမင်း၏၊ ရင်တွင်းသည်းချာ၊ သားနန်းလျာကား၊ စကြာရွှေတည်၊ လေးကျွန်းလည်၍၊ စိုးမည်ဧကန်၊ ပွင့်လောင်းမှန်၏၊ ဝင်းဝှန်ဖြောင့်မတ်၊ ရွှေတောင်ထွတ်ဝယ်၊ စံနတ်ကညာ၊ ရတနာကို၊ ဆက်လှာနတ်များ၊ သဘောအားဖြင့်၊ မခြားတာထောက်၊ ရွှေမြို့မြောက်ဝယ်၊ ကျော်ချောက်ဖြီးစည်၊ ခုရှိသည်ကို၊ ချစ်ကြည်သက်နှင်း၊ ခင်မ မင်းမှာ၊ သတင်းလေသံ့၊ မပျံ့ပါလား၊ ခုပင်သွား၍၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်မည့်ရာကို၊ မကြာအလျင်၊ စီရင်ပါတော့၊ မပေါ့လျော့ဟု၊ သာပျော့ဖြည်းဖြ၊ မိန့်ပြီးမှလျှင်၊ လောက်လှဂုဏ်ဉာဏ်၊ အတွင်းဝန်အား၊ ထံပါးတော်လျက်၊ ငါခုထွက်၍၊ နန်းဆက်ခန့်ရွယ်၊ မောင်နှင့်မယ်ကို၊ ကြီးကျယ်လှစွာ၊ မင်္ဂလာ ထိမ်းမြား၊ စုလျားပတ်မည်၊ မိန့်နှုတ်ရည

လောကသာရပျို့

Image
လောကသာရပျို့ ၄၉။ ဟောရဂန္ထ၊ ဂဏနဟု၊ သိပ္ပဟူးရား၊ တတ်မြောက်မြားသာ၊ ပုဏ္ဏားတရိုး၊ သူကောင်းမျိုးတို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအန်ထုတ်၍၊ အဟုတ်လေ့ထ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းစံဓုဝံ၊ ဂြိုဟ်သွန်းမာန်းတပ်၊ ထပ်ကြပ်တညီ၊ အသီတိစက်၊ ဘော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တာဗီသ၊ လှည့်ထနက်သတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသ်ရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နေလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ မှန်မှန်ကားကား၊ အသားအရိုး၊ စုံပြည့်ဖြိုးလျက်၊ ကျော်ဟိုးမြင်သိ၊ ပညာရှိဟု၊ ကိတ္တိထင်ရှား၊ ဗြဟ္မာသားတို့၊ ဟူးရားတတ်ခေါင် မြောက်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်