လောကသာရပျို့

လောကသာရပျို့

၄၉။ ဟောရဂန္ထ၊ ဂဏနဟု၊ သိပ္ပဟူးရား၊ တတ်မြောက်မြားသာ၊ ပုဏ္ဏားတရိုး၊ သူကောင်းမျိုးတို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအန်ထုတ်၍၊ အဟုတ်လေ့ထ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းစံဓုဝံ၊ ဂြိုဟ်သွန်းမာန်းတပ်၊ ထပ်ကြပ်တညီ၊ အသီတိစက်၊ ဘော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တာဗီသ၊ လှည့်ထနက်သတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသ်ရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နေလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ မှန်မှန်ကားကား၊ အသားအရိုး၊ စုံပြည့်ဖြိုးလျက်၊ ကျော်ဟိုးမြင်သိ၊ ပညာရှိဟု၊ ကိတ္တိထင်ရှား၊ ဗြဟ္မာသားတို့၊ ဟူးရားတတ်ခေါင် မြောက်စေမင်း။ 

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း