Posts

Showing posts from March, 2023

သူဇာပျို့

Image
သူဇာပျို့ ၃၀။   ရွှေတောင့်သခင် ၊ နတ်ရှင်သမီး၊ လျှံညီးထွန်းပ၊ ဟာရီစသည်၊ အစ်မခြောက်ပါး၊ သုံးခြားရံကာ၊ ရွေများမှာလည်း၊ မခွါတည့်ရက်၊ ကမ္ဘာပျက်သို့၊ အုတ်အုတ်ကျံကျံ၊ ငိုသံမတိတ်၊ သောင်းသောင်းထိပ်မျှ၊ ရင်ဆိတ်လက်ထု၊ မြောသေလုလျက်၊ ငဲ့ရှုနောက်ပြန်၊ မျက်စိလွန်သော်၊ ဝေဝှန်ဝင်းဝါ၊ ဟေမာမည်မှတ်၊ ဂီရိဆွတ်သို့၊ မတ်မတ်ဖြောင့်သား၊ ရှေ့ရှူသွား၍၊ လျင်းလျားထုတ်ချောက်၊ ရွှေဘုံရောက်သော်၊ ခြောက်ယောက်ရှေ့မြင်၊ လ-သွင်နှိုင်းပြီ၊ မင်းဟာရီကား၊ မပီရွှေခွန်း၊ ဟိုက်ရှူပန်းလျက်၊ ဆူမွှန်းဗျာပါ၊ ကြောက်စွာပင်ကို၊ ငိုသည်နှင့်ကွ၊ မိနှင့်ဘကား၊ သက်မျှလွန်ကြင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်သည်းချာ၊ မင်းသူဇာကို၊ မိစ္ဆာလူမျိုး၊ မူဆိုးတယောက်၊ ကြောက်စချင့်ဘွယ်၊ ချုံ့ကကွယ်၍၊ ရှည်သွယ်ကြော့ကွင်း၊ ကြိုးတစင်းနှင့်၊ လျင်ပြင်းကြော့ပစ်၊ မိလေရစ်ဟု၊ ကြွေးဟစ်သံချို၊ လျှောက်တည့်ဆိုသော်၊ နဂိုရ်ထွတ်တင်၊ ရွှေတောင့်ရှင်နှင့်၊ လွန်ကြင်မေတ္တာ၊ မိမြတ်စွာကား၊ ဟာ-ဆိုသည်နှင့်၊ မြွေဆိပ်သင့်သို့၊ ကဲမြင့်ဖြစ်ဆုံး၊ ကိုယ်လုံးဝှန်ဆူ၊ ပူ၍ရုတ်ခြည်း၊ ကြမ်းဝယ်လည်းလျက်၊ အူသည်းလှိုက်ဝေ၊ မိန်းမောလေ၏၊ အုတ်တွေဖျဖျ၊ ချီမပိုက်လျက်၊ ဆေးဝါးဆက်မှ၊ သတိရသည်။ ။   ထူထဆည့်ဆည် တားတားတ

လောကသာရပျို့

Image
လောကသာရပျို့ ၃၀။ လူတို့အထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ မင်းတို့သည်ကား၊ တွေနည်စိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စေ၊ ရန်မြစ်သေမှ၊ ရွာနေပြည်သူ၊ ရဟန်းလူကို၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးထစ်သို့၊ ရန်စစ်တို့ကို၊ ပျောက်လွှင့်ဖြိုလျက်၊ ရန်ကိုယှည့်၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပေးကမ်းဖြူးလျက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ သားအလားသို့၊ ဖြည့်ဖြားမင်းရေး ပွန်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၉။   ချည့်ချည့်ပျောင်းပျ ၊ သွားရှာရ၍၊ အသောကဝန၊ သဏ္ဍတွင်မည်၊ မြိုင်စည်သာမော၊ သာနိုးတောတို့၊ နွဲ့ချောပြင်လျာ၊ လွန်ခဲ့လာသော်၊ အံ့ရာထူးပြား၊ ပတ္တမြားပန်းရည်၊ ဝင်းခြည်ကျူးသော်၊ သင်တိုင်းတော်ဝယ်၊ သင့်လျော်ပန်းကြဲ၊ မကရ်းစွဲသည်၊ တပ်ရွဲရောင်တောက်၊ မြကျောက်ရတနာ၊ ရောင်ပြားလွှာကို၊ အသာလွယ်ကူ၊ ခွာတော်မူမှ၊ သက်တူတမျှ၊ ချစ်ကျူးလှသည်၊ မွေးဘထိပ်တင်၊ မ-ရှင်တကွ၊ မင်းလှခြောက်ဦး၊ သည်ကကျူး၍၊ မူးမူးပျံ့လွင်၊ လိုက်ပါနှင့်ဟု၊ ဘိုးချင့်မရ၊ အနဂ္ဃရတနာ၊ ထိန်ဖြာလျှံတောက်၊ စိန်ကျောက်လက်စွပ်၊ လျှပ်လျှပ်ဝင်းဝါ၊ သက်တင်ပါနှင့်၊ အက္ခရာသေးကွေး၊ လက်တော်ရေး၍၊ ကြိုင်မွှေးပျံ့စွာ၊ နာဂရုက္ခ၊ မည်ရခေါ်တွင်၊ ကံ့ကော်ပင်ဝယ်၊ မြော်မြင်ထင်ရှား၊ ကပ်ထားခဲ့၏၊ တန့်နားဖျော်ဖြေ၊ မနေသာလှ၊ သွားပြန်ရသော်၊ ဇေယျခေါ်မည်၊ ပူရပြည်၏၊ ရံလည်ဝန်းရစ်၊ ကျေးစွန်ဖြစ်သည်၊ အသစ်တည်စ၊ တရုဏဟု၊ ဂါမမည်သာ၊ ငယ်သည့်ရွာသို့၊ ချမ်းသာသဖြင့်၊ မမြင့်နေ့ရေ၊ ဝင်ရောက်လေ၏၊ အုပ်တွေဖြီးထူ၊ ကြည့်ကြသူသည်။ ။   ရှင်လူဝန်းဝန်း လျားလျားတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၂၉။ ခပ်သိမ်းပြည်သူ၊ လူရဟန်းကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်အပြင်း၊ သနားခြင်းနှင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလော့၊ ထွန်းပပြောင်ပြောင်၊ ထက်မိုးခေါင်၌၊ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းစေဘိသို့၊ ကြယ်ထိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်၊ လူများကောင်းချီး ထွန်းစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၈။   ယင်းသို့စဉ်ရှည် ၊ ငိုမြည်များစွာ၊ သာသည်သံညင်း၊ ဖွဲ့နွဲ့ခြင်းနှင့်၊၊ ခင်းသည်လမ်းခွင်၊ ပန်းအပြင်ထက်၊ မရွှင်မပျော်၊ နင်းကြွသော်တည့်၊ ခြေတော်နုရွ၊ နူးညံ့လှ၍၊ မမျှတူပြီ၊ ရွှေသိင်္ဂီဝယ်၊ ကျောက်နီလောဟိ၊ စီချယ်ဘိသို့၊ မချိသွေးဥ၊ နီရီစုမျှ၊ တိမ်းလှုယိမ်းယိုင်၊ အနိုင်ထူထ၊ ပင်ပန်းလှ၍၊ လျလျညှိုးငယ်၊ ပျော့နွမ်းနယ်သည်၊ တသွယ်ရင်ဖြိုး၊ နုပြန်မိုး၍၊ ပြိုင်မျိုးမဆွယ်၊ သနားဘွယ်လျှင်၊ ကြာ့နှယ်ညွတ်ခွေ၊ သွားရလေသော်၊ ရပ်မြေဝေးစွာ၊ ရောက်သောခါဝယ်၊ မလ္လိကာရမ္ဘ၊ အမည်ရသည်၊ ကြိုင်ပျမွှေးထုံ၊ စံပယ်ချုံကို၊ ငါးစုံအင်္ဂါ၊ ကလျာထွန်းညိ၊ မြင်သည်ရှိသော်၊ မွေးမိမြတ်ဖျား၊ ဘဘုရားနှင့်ဒ၊ ဆွေဝါးပေါင်းရုံး၊ အားလုံးတကွ၊ လိုက်လှာကြလျှင်၊ တင်ပြမသွေ၊ မြင်ပါစေဟု၊ သံခြပျံ့ရွှန်း၊ ဓိဋ္ဌာန်မှန်းလျက်၊ ပွင့်လန်းစံပယ်၊ ချုံခြူးနွယ်ထက်၊ ရောင်သွယ်ဖြာစီ။ ဝဇီရာဝလယ၊ မည်ရထူးပြား၊ ပတ္တမြားလျှံတောက်၊ လက်ကောက်နှစ်ကွင်း၊ လျှပ်လျှပ်ဝင်းကို၊ ပြစ်ကင်းလွတ်ကွေ၊ တင်ခဲ့ပေ၏၊ မပြဝှန်ဆူ၊ သည်းအူလှပ်လှပ်၊ တန့်မည်မရပ်၊ မျက်ရည်မစဲ၊ မရွှဲရွှဲနှင့်၊ ဪလဲရှိုက်ရင့်၊ ငိုသည်နှင့်ပင်၊ ရှည်မြင့်ဝေးမြေ၊ သွားရလေသည်။ ။   မူးဝေချည့်ချည့် ပါးပါးတည်း ။ စာဆိုရ

လောကသာရပျို့

Image
လောကသာရပျို့ ၂၈။ ထိုပြည်ထိုရွာ၊ ထိုရပ်ရွာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်းထိတ်ထုံ၊ ပျံတုံကျေးငှက်၊ နှုတ်ထွတ်စနည်း၊ နှောင့်ရှက်သည်းမူ၊ စောင့်စည်းရံထား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွတ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာလည်းပေး၊ သန္တေးပူဇော်၊ သင်္ကြန်ခေါ်လျက်၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမှုချည်းလျှင်၊ ဖြင်ပည်းပြောထူ၊ စွန့်ကြဲလှူ၍၊ ကြည်ဖြူစိတ် ထက်သန်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၇။   မဖြစ်တောင်းပင် ၊ သို့ဖြစ်အင်ကို၊ အရှင်ထိပ်ထား၊ မဘုရားတို့၊ မျက်ဝါးရှေ့ရှူ၊ မြင်တော်မူသော်၊ ဆာပူခွေ့ခွေ့၊ မော၍လှိုက်ပွက်၊ ဝိညာဉ်သက်ပင်၊ ထွက်တော့မည်ပ၊ ခုကိုမျှလည်း၊ မင်းလှခြောက်ယောက်၊ ထံတော်ရောက်၍၊ နှောင်းအောက်မယ်သာ၊ မပါကျန်ရစ်၊ ဖြစ်သည့်ကြောင်းလျား၊ ခြင်းရာများကို၊ ကြားသည်ရှိက၊ မချိဝမ်းဝယ်၊ ပူမျိုးကြွယ်၏၊ ဘယ့်နှယ်ထူးလည်၊ ဖြစ်လိမ့်မည်မျှ၊ ဆောက်တည်ပြီးတိုင်၊ သိနိုင်ပြီဘူး၊ ထိပ်ဦးလည်တင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်ဘုရား၊ ထွတ်ထိပ်ထားကို၊ န်များစေ့ရေ၊ အထွေထွေလျှင်၊ ရှာဖွေကြောင့်ကြ၊ လွမ်းလှပါ၏၊ သက်မျှကြင်လေး၊ မ-ရှင်မွှေးသည်၊ ရင်သွေးတူပေါက်၊ ခုနှစ်ယောက်တွင်၊ နှောင်းအောက်မြင့်လှာ၊ မယ့်ကိုသာလျှင်၊ မေတ္တာကြီးအင်၊ ကျူးပြန်ကျင်၍၊ မမြင်ရကာ၊ ခဏကွာက၊ ဖျာဖျာတက်စေ, နန်းလုံးဝေမျှ၊ ရှာဖွေဖျဖျ၊ ခေါ်နေကျကို၊ ရှေးကကြမ္မာ၊ ဝိပါက်ပါ၍၊ တသာဆိုးလှ၊ ကွေကွင်းရသော်၊ ရူတဖျော်ဖြေ၊ ပြေနိုင်မည်လား၊ စုံပြားမြိုင်သာ၊ ဟေမဝါဝယ်၊ တေဇာကြီးထွဝ်၊ တောဆိုးနတ်တို့၊ လေးမြတ်မေတ္တာ၊ ကယ်မပါလော့၊ ဝမ်းမှာလှိုက်လှ၊ သေလှုမျှပင်၊ ကျွန်မ,မတည်၊ လွမ်းမူးလည်သည်။ ။   ဖြေဆည်ဖြည့်တင်း မတံ့လျှင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအ

လောကသာရပျို့

Image
လောကသာရပျို့ ၂၇။ သူ့ပြည်သူ့ရွာ၊ သူ့ရပ်မှာ၌၊ ခြင်းရာသိကြောင်း၊ ဉာဏ်ကောင်းရည်ဝင်၊ တိုင်ပင်ကြံထွေ၊ သူလျှိုစေ၍၊ မနေစုံစမ်း၊ ကြိုးပမ်းလုပ်ဆောင်၊ အားအန်ထောင်လျက်၊ နောက်နောင်မြေးသား၊ စီးပွါးစဉ်ရှည်၊ တည်စိမ့်သောကြောင်း၊ နှုတ်ကောင်းခွန်းသာ၊ လက်ဆောင်စာနှင့်၊ စေပါစင်းလျင်း၊ ထိုထိုမင်းကို၊ ချစ်တင်းမေးမြန်း၊ ဆွေခင်ပွန်းဟု၊ မိတ်မှန်းကျိန်ဆို၊ တံထစ်ဆို၍၊ ချစ်လိုစကား မှန်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၆။   ရှေးဘုန်းသမ္ဘာ ၊ ထင်ရှားစွာလျက်၊ အရာထူးထွေ၊ သွားရလေက၊ စေ့ရေရူတ၊ နှုတ်တော်ဟဟ၍၊ မင်းလှသူဇာ၊ ငိုခြင်းမှာကား၊ ဟေမာဂီရိ၊ တွင်မည်ရှိသည်၊ ထိန်ညိထိန်ပြောင်၊ ရွှေသားတောင်ကို၊ ထွတ်ခေါင်ပိုင်သ၊ အစိုးရသည်၊ မွေးဘဘုရား၊ ငါ့ထိပ်ထားနှင့်၊ ညာဖျားတောင်တင်၊ မကြီးရှင်သည်၊ လျင်လျင်ရှုကြည့်၊ မြင်ပါလှည့်လော့၊ ရွှေမှည့်နှိုင်းပြီ၊ မင်းဟာရီက၊ သိင်္ဂီဆင်းဝါ၊ မင်းစိတ္တာနှင့်၊ ရာမာခေါ်တွင်၊ မင်းရှင်ကညာ၊ ရမ္မာမင်းလှ၊ မရနှုန်းရာ၊ မင်းပိယာတို့၊ မေတ္တာလွန်ကဲ၊ ရှုမရဲသည်၊ ကြင်မြဲဖျော်ဖြည့်၊ ကြင်ပါလှည့်လော့၊ ရောင်ခြည်စတေ၊ ဘုန်းဝေလျှံလန်း၊ ပြသာဒ်နန်းဝယ်၊ ရွေဝန်များဖြင်၊ ရှိဦးတင်လျက်၊ ကြမ်းတွင်ခြေမျှ၊ ကျစေရဘဲ၊ ကျူးကဲရောင်စိုင်၊ မြဖထိုင်ထက်၊ ဧလှိုင်ပျံ့စွာ၊ မြမွေ့ရာကို၊ ညှိဝါလျံသည်၊ မြချည်ချောညက်၊ မြထည်ကြက်၍၊ အထက်မျက်နှာ၊ ကြက်သည်မှာလည်း၊ ခါသာမြထည်၊ ထူးမွတ်သည်ကို၊ ပတ်လည်သုံးထပ်၊ ဆင့်ကြာယပ်နှင့်၊ လျှပ်လျှပ်ရောင်ဖြာ၊ တန်ဆာရွှန်းမြေ့၊ တနေ့ဆယ်လ၊ မကဘဲနှင့်၊ လွန်ကဲထူးလည်၊ စံရသည်ကို၊ အတည်မမြဲ၊ ဘဝလှဲသို့၊ ခက်ခဲကြံရာ၊ မယ့်ကြမ္မာသည်။ ။   ပူဆာလွန်မင်း ဖြစ်ရခြင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို