သူဇာပျို့
၂၆။ ရှေးဘုန်းသမ္ဘာ၊ ထင်ရှားစွာလျက်၊ အရာထူးထွေ၊ သွားရလေက၊
စေ့ရေရူတ၊ နှုတ်တော်ဟဟ၍၊ မင်းလှသူဇာ၊ ငိုခြင်းမှာကား၊ ဟေမာဂီရိ၊ တွင်မည်ရှိသည်၊
ထိန်ညိထိန်ပြောင်၊ ရွှေသားတောင်ကို၊ ထွတ်ခေါင်ပိုင်သ၊ အစိုးရသည်၊ မွေးဘဘုရား၊
ငါ့ထိပ်ထားနှင့်၊ ညာဖျားတောင်တင်၊ မကြီးရှင်သည်၊ လျင်လျင်ရှုကြည့်၊
မြင်ပါလှည့်လော့၊ ရွှေမှည့်နှိုင်းပြီ၊ မင်းဟာရီက၊ သိင်္ဂီဆင်းဝါ၊
မင်းစိတ္တာနှင့်၊ ရာမာခေါ်တွင်၊ မင်းရှင်ကညာ၊ ရမ္မာမင်းလှ၊ မရနှုန်းရာ၊
မင်းပိယာတို့၊ မေတ္တာလွန်ကဲ၊ ရှုမရဲသည်၊ ကြင်မြဲဖျော်ဖြည့်၊ ကြင်ပါလှည့်လော့၊
ရောင်ခြည်စတေ၊ ဘုန်းဝေလျှံလန်း၊ ပြသာဒ်နန်းဝယ်၊ ရွေဝန်များဖြင်၊ ရှိဦးတင်လျက်၊
ကြမ်းတွင်ခြေမျှ၊ ကျစေရဘဲ၊ ကျူးကဲရောင်စိုင်၊ မြဖထိုင်ထက်၊ ဧလှိုင်ပျံ့စွာ၊
မြမွေ့ရာကို၊ ညှိဝါလျံသည်၊ မြချည်ချောညက်၊ မြထည်ကြက်၍၊ အထက်မျက်နှာ၊
ကြက်သည်မှာလည်း၊ ခါသာမြထည်၊ ထူးမွတ်သည်ကို၊ ပတ်လည်သုံးထပ်၊ ဆင့်ကြာယပ်နှင့်၊
လျှပ်လျှပ်ရောင်ဖြာ၊ တန်ဆာရွှန်းမြေ့၊ တနေ့ဆယ်လ၊ မကဘဲနှင့်၊ လွန်ကဲထူးလည်၊
စံရသည်ကို၊ အတည်မမြဲ၊ ဘဝလှဲသို့၊ ခက်ခဲကြံရာ၊ မယ့်ကြမ္မာသည်။ ။ ပူဆာလွန်မင်း ဖြစ်ရခြင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment