လောကသာရပျို့

လောကသာရပျို့

၃၀။ လူတို့အထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ မင်းတို့သည်ကား၊ တွေနည်စိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စေ၊ ရန်မြစ်သေမှ၊ ရွာနေပြည်သူ၊ ရဟန်းလူကို၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးထစ်သို့၊ ရန်စစ်တို့ကို၊ ပျောက်လွှင့်ဖြိုလျက်၊ ရန်ကိုယှည့်၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပေးကမ်းဖြူးလျက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ သားအလားသို့၊ ဖြည့်ဖြားမင်းရေး ပွန်စေမင်း။ 

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း