Posts

Showing posts from May, 2017

"သည်" လား "ဟာ" လား

Image
"သည်" လား "ဟာ" လား "သမီးက တီဗွီနဲ့ရေဒီယိုက ကြေညာတဲ့သတင်းတွေကို အမြဲနားထောင်ပါတယ်။ နားထောင်တော့ သတင်းကြေညာပုံစံနှစ်မျိုးကို သတိထားမိပါတယ်။ အဲဒီကြေညာပုံနှစ်မျိုးမှာ ဘယ်ဟာကမှန်သလဲဆို တာ သိချင်လို့ပါဘဘ" သည်တစ်ခါရောက်လာသူက ဂျာနယ်တိုက်တစ်တိုက်မှာ အလုပ်သင်နေသော ဘွဲ့ရမိန်းကလေးတစ်ဦး ဖြစ်သည်။

မိခင်မုံရွာတက္ကသိုလ်

Image
မိခင်မုံရွာတက္ကသိုလ် မြတ်ဘုရား ရွှေကူနီ အရှေ့ဆီ မျှော်ဖူး။ စိတ်ဘဝင် အမြိုက်ပန်းနဲ့ ချမ်းမြ ကြည်နူး။

ချည်နှောင်တတ်တဲ့အရာတွေ

Image
ချည်နှောင်တတ်တဲ့အရာတွေ            လက်ဆောင်ဟာ ချည်နှောင်တတ်ပါသလား။ ခံစားမိတာတော့ ချည်နှောင်တတ်တယ် ဆိုတာပဲ။ တစ်စုံတစ်ခုကို လက်ဆောင်အဖြစ် ရလိုက်ရင် ဝမ်းသာပါတယ်။ ကိုယ့်အပေါ် အလေးထားလို့၊ ခင်မင်လို့ ပေးတယ်ဆိုပြီးပေါ့။ ကျွန်တော်ပြောလိုတာက မိသားစုဝင် မဟုတ်တဲ့ သူငယ်ချင်း မိတ်ဆွေကပေးတာမျိုးကိုပါ။

နေရာလွဲ၊ အဓိပ္ပာယ်လွဲ

Image
နေရာလွဲ၊ အဓိပ္ပာယ်လွဲ ''ဟေ...ဒါဆိုရင် ဂုဏ်ပြု လက်ဆောင်တွေ အားလုံးငါ့ကိုပေးမှာပေါ့။ ပေး..ပေး... ငါအကုန်လုံးယူမယ်'' အခမ်းအနားမှူး မိန်းကလေးကို တာဝန်ရှိပုဂ္ဂိုလ်က အထက်ပါအတိုင်း ခပ်ကျယ်ကျယ်ကလေး ပြောလိုက်သည်။ မိန်းကလေးမှာ မျက်နှာသေကလေးနှင့် ရပ်နေရှာသည်။ တာဝန်ရှိပုဂ္ဂိုလ်၏ စကားကို ကြားလိုက်သော ရှေ့နားက ပရိသတ်ကလည်း စူးစမ်းသည့် အဓိပ္ပာယ်ဖြင့် ကြည့်နေကြသည်။ တာဝန်ရှိ ပုဂ္ဂိုလ်က ပရိသတ်ဘက်လှည့်ပြီး ရှင်းပြပါသည်။

အနက်ဆန့်ကျင် စကားလုံးများ (၃)

Image
အနက်ဆန့်ကျင် စကားလုံးများ (၃) ''ဘဘ အနက်ဆန့်ကျင် စကားလုံးတွေက နောက်ထပ်ဘယ်လိုဟာမျိုး ရှိပါသေးသလဲ'' ''နောက်တစ်မျိုးကတော့'တက်တာ 'နဲ့'ဆင်းတာ'တို့၊ 'သွားတာ'နဲ့'လာတာ'တို့၊ 'ရှေ့'နဲ့'နောက်'တို့၊ 'ဆရာ'နဲ့'တပည့်'တို့ အဲဒီလိုအပြန်အလှန်သဘော ဆန့်ကျင်နေတဲ့ စကားလုံးမျိုးတွေပေါ့ကွယ်''

အနက်ဆန့်ကျင်စကားလုံးများ(၂)

Image
အနက်ဆန့်ကျင်စကားလုံးများ(၂ ) “ဘဘ ကြီးတာနဲ့ငယ်တာလည်း အနက်ချင်းဆန့်ကျင်ဘက်ပဲ မဟုတ်လား” “အေး ဘဘအခုဆက်ပြောမှာ အဲဒီလိုစကားလုံးတွေအကြောင်း ပဲ။ သမီးခုပြောတဲ့ ‘ ကြီးတာ’ နဲ့ ‘ငယ်တာ’က စောစောကပြောခဲ့ကြတဲ့ ‘သေတာ’ နဲ့ ‘ရှင်တာ’ ကို ဆန့်ကျင်ဘက်မျိုးနဲ့ သဘောချင်းမတူဘူးကွဲ့”

အနက်ဆန့်ကျင်စကားလုံးများ(၁)

Image
အနက်ဆန့်ကျင်စကားလုံးများ(၁ ) ''ဟော... သမီးရောက်လာပြန်ပြီလား။ မေးစရာမကုန်သေးဘူး ထင်တယ်'' ''မေးစရာအသစ်ပေါ်လာလို့ပါဘဘ။ သမီးအမေဈေးကပြန်လာပြီး ပြောတဲ့စကားကို စဉ်းစားမိရင်း ဘဘကိုမေးစရာပေါ်လာတာပါ'' ''ပြောစမ်းပါဦး သမီးရယ်၊ ဘာပါလိမ့်''

"နားလည်ရဲ့လား"

Image
နားလည်ရဲ့လား . . . အဝေးပြေးကားကြီးက လမ်းဆုံလမ်းခွမှတ်တိုင်မှာ ရပ်လိုက်တော့ ခေါင်းရွက်ဈေးသည်လေးတွေဝိုင်းအုံလာကြတယ်။ . . . ချာတိတ်ကလေးတစ်ယောက်ဟာ ဘဲဥပြုတ် ၊ကြက်ဥပြုတ် ၊ငုံးဥပြုတ် တွေထည့်ထားတဲ့ ဗန်းလေးခေါင်းပေါ်ရွက်ပြီးလျှောက်ရောင်းနေတာကို ဘကြီးညို ကားပေါ်ကမြင်နေရတယ်။ "ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . . . . ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . ."

စိုရုံလေးပဲ

Image
 စိုရုံလေးပဲ           အဲသည်နေ့က ရွာနေသောမိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည်။ ရွာနေပုံကလည်း ဘယ်တုန်းကမှ မရွာဘူးသေးသော အညာသားပုံစံနှင့်မိုး ဖြစ်သည်။ တကယ့်ကို အုန်းအုန်းဒိုင်းဒိုင်းနှင့် ရွာနေခြင်း ဖြစ်သည်။ ထိုနေ့သည်…။

ငပျင်း

Image
ငပျင်း                   တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကို ငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။