Posts

Showing posts from 2024

သူဇာပျို့

Image
သူဇာပျို့ ၈၆။   ဗောဓိဉာဏ်ခိုင် ၊ ရောက်တိုင်မငြို၊ အဆုံးကိုမျှ၊ မဆိုတည့်ရက်၊ ဖြစ်ဆက်ဆက်ဝယ်၊ ပြိုးပြက်လည်မာ၊ မျက်နီလာသို့၊ လည်မှာစတေ၊ ဆွဲရစေဟု၊ သံခြေဓိဋ္ဌာန်၊ ကျွန်ုပ်ပန်လျက်၊ မြဲမှန်အချစ်၊ ဆင့်ဆင့်ရစ်သည်၊ နုမျစ်နွဲ့သွယ်၊ မင်းလှငယ်။ ။ ပျံ့ကြွယ်ထွေသာ၊ ငါးလကြာ၍၊ လွမ်းတာမမြင့်၊ ပါစေနှင့်ဟု၊ ထပ်ဆင့်လောင်းကာ၊ မိန့်ရာမှာရှင့်၊ ဖြူဝါနုရွ၊ မင်းရှင်လှသာ၊ ရူပမတည်၊ လွမ်းမည်မှတ်ပါ၊ မောင့်စိတ်မှာလည်း၊ ကလျာငါးအင်၊ မြေ့ရွှမ်းရွှင်သည်၊ မင်းရှင်ဖြူညက်၊ လွမ်းသည်ထက်ပင်၊ ဆတက်ထောင်ရာ၊ စစ်မြေတာဝယ်၊ အူချာပြတ်ကြွေ၊ သေလှုမြောမျှ၊ မချိလှအောင်၊ လွမ်းရမည်လျှင်၊ ဧကန်ပင်ကို၊ ကြာတင်မြင့်ဖြဲ၊ ဖင့်နွှဲစရာ၊ ဘယ်အာဏာဖြင့်၊ လွမ်းတာရှည်အောင်၊ ရည်ဆောင်ထဲသံ၊ ကြံရက်ပါ့မည်၊ ဝံ့ဆည်မရှောင်၊ လျင်လှအောင်ကို၊ အန်တောင်ကြီးထု၊ လုံ့လပြု၍၊ လွမ်းမှုမကြာ၊ ပြန်ပါမည်ပ၊ ကြာစွဆုံးမှာ၊ ငါးလသာဟု၊ ရေးရာညှာတာ၊ လျှောက်ရာမှာလည်း၊ ပြိုင်လှာရှုပ်ထွေး၊ စစ်မက်ရေးကို၊ မြှော်တွေးထွေလည်၊ စိုးရိမ်သည်ကြောင့်၊ ကြံစည်ခန့်ထောက်၊ မလျှောက်ဘူးရှင်၊ စစ်လေးအင်နှင့်၊ များဖြင်လုံးရင်း၊ ခြေခင်းလက်ရာ၊ မသာရောင်ကွန့်၊ ခရီးဓွန့်ကို၊ မခန့်နိုင်ပါ၊ ၍သာလျှောက်သည်၊ ဆောက်တည်နေက

သူဇာပျို့

Image
သူဇာပျို့ ၈၅။   နိဗ္ဗာန်ပြည်ခိုင် ၊ မတိုင်မချင်း၊ သံသာတွင်းဝယ်၊ မကင်းဘဝ၊ ဖြစ်ဖြစ်မျှပင်၊ ကျွန်မသခင်၊ အရှင်စတေ၊ ဖြစ်ပါစေဟု၊ မှတ်နေကြည်ဖြူ၊ တောင်းဆုယူလျက်၊ ပြိုင်တူမထင်၊ ကျွန်မကြင်သည်၊ ထိပ်တင်မိုးလယ်၊ တောင်းဆုယူလျက်၊ ထိပ်ပန်းနွယ်။ ။ သည့်နှယ်ထွေထွေ၊ ရှာဘွေပြီးတိုင်၊ မတတ်နိုင်အောင်၊ ကြုံမှိုင်လက်ချ၊ ဖြစ်ခဲ့ရသော်၊ ကျွန်မသေစာ၊ အခါနီးသည်၊ ဖြစ်တော့မည်ရှင်၊ ပေါ်ထင်တန်းခိုး၊ ကဲမိုးအလွန်၊ ဘယ်နတ်ဘန်၍၊ ဖြီဆန်ပြိုင်ဆိုင်၊ ဘုန်းစတိုင်များ၊ ဝံ့စားခိုက်တိုး၊ သည်စစ်ဆိုးသည်၊ အကျိုးမရောက်၊ ပေျာက်ပါလိမ့်မည်၊ ဘုန်းခြည်တောက်ဝါ၊ မယ့်ထိပ်ချာသည်၊ လွှဲခွာရှောင်ရှား၊ မတတ်အား၍၊ ရှည်လျားဝေးလှ၊ ချီလေရလျှင်၊ ကျွန်မမှာလေ၊ ရွှေမြေနေမြစ်၊ ဝေးသည်ဖြစ်ကြောင့်၊ ကြင်ချစ်မိဘ၊ အစ်မမောင်ရင်း၊ သားချင်းမျိုးနယ်၊ လျဉ်းသွယ်စပ်မိ၊ မရှိတုံးတုံး၊ ယုတ်ဆုံးတိုင်အောင်၊ တကောင်ကြွက်ကယ်၊ ဆိုသည့်နှယ်လျှင်၊ အငယ်ပုလု၊ သားတခုနျင့်၊ ရွှင်မှုမလန်း၊ ရှက်ကန်းရှက်ကိ၊ မော်မိမော်မန်း၊ မကျန်းမတည်၊ ရှိတော့မည်ကို၊ ဘုန်းကြည်ရောင်ရွှန်း၊ ပြောင်ပြောင်ထွန်းသည်၊ ထိပ်ပန်းစေ့စေ့၊ ကြံအောက်မေ့၍၊ ရက်နေ့များလှ၊ ငါးလမျှစင်၊ ကျွန်မထိပ်ဗွေ၊ ကြာပါစေနှင့်၊ မနေဘယ်မှ၊ လျင

သူဇာပျို့

Image
သူဇာပျို့ ၈၄။   ဆက်ဆက်ဆယ်ခါ ၊ မညှာမတန့်၊ သက်ကိုစွန့်၍၊ ပွားပြန့်မေတ္တာ၊ ချစ်စရာဟု၊ စေတနာပြတ်ပြတ်၊ ကျွန်ုပ်မှတ်သည်၊ လှမြတ်မဉ္ဇူ၊ မင်းနုအူ။ ။ ရှင်လူကျိုးမဲ့၊ မကဲ့ရဲ့စေ၊ စစ်မြေတပါး၊ မသွားရဘဲ၊ ယှဉ်နွှဲမြဲနှောင်၊ ပျော်ရအောင်ကို၊ ရည်ဆောင်လုံ့လ၊ ကြံပါမှဟု၊ ချစ်လှမေတ္တာ၊ စေတနာနှင့်၊ ထွေသာပျံ့ကြည်၊ သနားဘွယ်သာ၊ မိန့်ရာမှာကား၊ စစ်ဟာရပ်မြေ၊ ချီလေခန့်စ၊ အလျင်ကပင်၊ နေကျမြဲမှတ်၊ စစ်ထမ်းလွတ်အောင်၊ ခွေညွတ်ဆန်းကြည်၊ ဥပါယ်တမျဉ်၊ ကြံစည်ယှဉ်သော်၊ နုယဉ်သာကြည်၊ လွတ်တော့မည်ဟု၊ ဆောက်တည်စိတ်ရှိ၊ အောက်မေ့မိ၍၊ သံတိသံလှိုင်း၊ အောက်မေ့တိုင်းကို၊ ထုံ့ပိုင်းရည်ထင်၊ အားထုတ်လျှင်လည်း၊ သာရွှင်ချမ်းသာ၊ ပြီးတိုင်ရာ၏၊ လိမ္မာကြံဆန်း၊ ခွေဝန်းသွေးချော်၊ တတ်အားသော်လည်း၊ ကျူးကျော်အထူး၊ ကျေးဇူးလွန်လှ၊ မိဘတို့ကို၊ မဆိုနှင့်ဦး၊ တထူးသူ့အား၊ လှည့်စားချွတ်လွဲ၊ စဉ်းလဲစဉ်းစား၊ မမှန်ကာဟူ၊ ပြုသသူကား၊ လူကစုတိ၊ သေသည်ရှိသော်၊ ဂတိယုတ်လား၊ ပါယ်လေးပါးသို့၊ သွားမည်ကြောင့်သာ၊ ထင်စွာဖြစ်၍၊ ဘုန်းဟေ့မြတ်ဖျား၊ ဘုရားလူ့ဆွေ၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၏၊ အလျာအလောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်းမဟုတ်၊ ကျင့်ယုတ်စင်စစ်၊ ဖြစ်ခဲ့သည်ရှင်၊ လူ့ပြည်တွင်နှိုက်၊ များ

သူဇာပျို့

Image
သူဇာပျို့ ၈၃။   သံသရာဘဝ ၊ ဆက်ဆက်ကပင်၊ ကျွန်မသခင်၊ အရှင်ဧကန်၊ ဖြစ်ဘူးမှန်၍၊ ကျူးလွန်ကျွန်မ၊ အဆဆပင်၊ ညွတ်ခလေလေ၊ ချစ်ရိုသေသည်၊ ထိပ်ဗွေထားတင်၊ ကိုယ်တော်ရှင်။ ။ သို့စင်ဝေးရှည်၊ ပစ်သွားမည်ကို၊ ကျူးသည်မိုမြင့်၊ ဆိုပါနှင့်တော့၊ ဘုန်းပွင့်ဝေဆာ၊ မယ့်ထိပ်ချာသည်၊ သိင်္ဂါရောင်ညီး၊ နန်းတော်ကြီးသို့၊ ပုံဖြီးရံရွှေ၊ ကြွဝင်လေသည်၊ တည့်နေယိမ်းစ၊ မွန်းလွဲကကို၊ နေကြရေတွက်၊ သုံးချက်ခေါ်ဆို၊ ပဟိုရ်ကျော်ရုံ၊ ဘုန်းလှုံသည့်ရှင်၊ ထိပ်တင်မင်းပျို၊ ကြာသည်ကိုမျှ၊ မောက်မိုတင်းကျမ်း၊ ကျွန်မဝမ်းမှာ၊ အလွမ်းပြည့်လှ၊ လျှံဘိတ်ကျ၍၊ ဆောင်မကျယ်ဝင်း၊ တင်းထိမ်တွင်းမှာ၊ ဘော်ကင်းရှိမ်းယို၊ ငိုရကိုပင်၊ ထိပ်တင်မသိ၊ ၍ရှိသည်ရှင်၊ သို့စင်ရေးရာ၊ ယခုမှာမူ၊ ရှည်တာကာလ၊ ငါးလမျှစင်၊ ချီကြွသွားလာ၊ ကြာမည်ဆိုတိုင်း၊ ထုံ့ပိုင်းဧကန်၊ မှန်ချေခဲ့က၊ ကျွန်တော်မသည်၊ သေရမည်လျှင်၊ အပြီးထင်ခဲ့၊ ထိပ်တင်ပွင့်လျာ၊ သနားပါလျှင်၊ ခန္ဓာမပျက်၊ ကျွန်မသက်ကို၊ စိတ်ထက်ယဉ်နု၊ လှူသည်ပြု၍၊ များထုဆည်းဆူ၊ လူလည်းကျိုးမဲ့၊ ကဲ့ရဲ့ဘဲနှင့်၊ ချီးမြင့်ကြည်ချစ်၊ စစ်လည်းချီဘဲ၊ အမြဲတကွ၊ ကျွန်မနှင့်ပေ၊ နေရအောင်ကို၊ ဘုန်းမိုမောက်ရွှန်း၊ မယ့်ထိပ်ပန်းနှယ်၊ ကျယ်ဝန်းလိမ္မာ၊ မြတ်ပညာနှင

သူဇာပျို့

Image
သူဇာပျို့ ၈၂။   အချစ်မေတ္တာ ၊ လောင်းစရာကို၊ ဘွေရှာလုံ့လ၊ သစ်သစ်ရသို့၊ ရူပဆင်းရည်၊ လျှံလည်ကြက်သရေ၊ တိုးလေလေပင်၊ ထွေထွေထူးလည်၊ တိုးတော့သည်ဟု၊ နေ့ရည်ရက်ဖြင်၊ မောင့်စိတ်ထင်သည်၊ မင်းရှင်နုနယ်၊ ရွှေဥငယ်။ ။ မှတ်ရွယ်ဆက်ဆက်၊ သည်အချက်ကို၊ ဟမြွက်ချိုသာ၊ မိန့်သည်မှာမူ၊ မေတ္တာပုံပြီး၊ ချစ်အားကြီး၍၊ လျှံညီးနုအူ၊ မိန့်တော်မူ၏၊ တွေးယူထောက်မြှော်၊ အကြောင်းသော်ကား၊ မြေပေါ်မျက်နှာ၊ သောင်းဒီပါထက်၊ မင်းလျာမင်းလောင်း၊ ကျော်သောင်းဝှန်ဆူ၊ မင်းသားဟူက၊ ရန်သူဝန်းလည်၊ စစ်ဆိုသည်ကို၊ ရှောင်ဖည်လက်ချ၊ မလွှဲရဘူး၊ ပြည်မထိပ်ခေါင်၊ စိုးမည့်နောင်ကို၊ ရည်စောင်မှတ်လျက်၊ စစ်မက်ချီသွား၊ မခန့်ညားလည်း၊ ထွတ်ဖျားခေါင်နှိမ်၊ မင်းစည်းစိမ်ကို၊ ရိပ်ငြိမ်သာမြိုင်၊ နောင်စံပိုင်အောင်၊ စွဲကိုင်အောက်မေ့၊ လျှောက်ထား၍ပင်၊ ချမ်းမြေ့မနေ၊ ထမ်းရွက်ချေ၏၊ လူ့မြေထင်ရှား၊ သို့ချက်များကြောင့်၊ ရွှေသားယဉ်နု၊ ယဉ်မျိုးစုသည်၊ ရွှေဥဆင်းစံ၊ သနားခံ၍၊ ဝေးလံမှုတော်၊ ထမ်းလွတ်သော်လည်း၊ ထင်ပေါ်နှံ့ပြား၊ မင်းသား-မင်းညီ၊ ပည်းသီအများ၊ ဆင်းရဲသားက၊ စ၍ကုန်အောင်၊ စစ်ရှောင်စိတ်နှောင့်၊ မစောင့်လားလား၊ မင်းဖြစ်သားဟု၊ ထွေပြားရှုတ်ချ၊ ကဲ့ရဲ့ကြ၍၊ ထွန်းပညွန့်ဝေ၊ ဘုန်းသရေပင်၊

သူဇာပျို့

Image
သူဇာပျို့ ၈၁။   စက်လက္ခဏာ ၊ အင်္ဂါမြတ်ပုံ၊ ခြေတော်စုံကို၊ မွှေးထုံလှိုင်ပျ၊ မဉ္ဇူသကို၊ ကျွန်မထိပ်စွန်၊ နေ့တိုင်းပန်သည်၊ ဘုန်းသနသည့်ရှင်၊ မယ့်သခင်သည်၊ စစ်ခွင်မြေခြား၊ မှာကိုထား၍၊ ဘဝါးချီဆန့်၊ တတောင်ခန့်မျှ၊ ခွာကွန့်ပျံ့ပျူး၊ သွားချင်ဘူးဟု၊ ညံ့နူးချစ်ရည်၊ တူမျှသည်ကြောင့်၊ မွှေးကြည်ပန်းတူ၊ မိန့်တော်မူလျှင်၊ ဘုန်းလူသည့်ရှင်၊ မယ့်ထိပ်တင်မှာ၊ တိုင်ပင်နှိုင်းရှည့်၊ မသိ၏သို့၊ သွားမည့်အရာ၊ စစ်တန်ဆာကို၊ များစွာစိတ်ဖြာ၊ ကြံ၍သာလျှင်၊ နေပါတော့ရှင်၊ အလျင်မကြာ၊ ကျွန်မသာလျှင်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊ ကြံမြှော်ရည်ထင်၊ ထဘက်ဝင်၍၊ ဦးတင်ခညွတ်၊ စစ်သွားလွတ်အောင်၊ အထွတ်ကျော်မိုး၊ ဘုန်းတော်ကြီးကို၊ ထံတော်နီးပါး၊ ချဉ်းရိုတွား၍၊ သနားတော်မြတ်၊ ညွတ်ညွတ်ပျော့ပျော့၊ ခံပါတော့မည်၊ မပေါ့မေတ္တာ၊ သေချာမြသို့၊ ကျွန်မကိုလည်း၊ နဂိုရ်ဦးကိုင်၊ စိုးပိုင်ဘုရား၊ သနားနေကျ၊ ချစ်နိုင်မျှကို၊ ခဏလွယ်ကာ၊ လွှတ်ပါသော်ကား၊ သနာစရာ၊ အကြောင်းမှာကား၊ လွင့်လာမျောပါး၊ ရောက်သောအားဖြင့်၊ ဆွေဝါးမဲ့ဆုံး၊ 'ဥ' တလုံးသာ၊ ပျော်ပိုက်ပါသည်၊ မိကွာ-ဘကွင်း၊ ဝပ်စင်းတိမ်းလည်း၊ ကျွန်မချည်းကို၊ ပေါင်းစည်းချစ်ခင်၊ ဘရှင်ဘုရား၊ တို့သနားမှ၊ ရှည်လ

သူဇာပျို့

Image
သူဇာပျို့ ၈၀။   ကာမဘုံမည် ၊ ခုနှစ်ပြည်တွင်၊ ဖြီးစည်များလှ၊ မြတ်မိန်းမတို့၊ နုလှရွှန်းမြေ့၊ ယဉ်သရွေ့ကို၊ လွေ့လွေ့ပြောဟုံ၊ ထက်ကပုံလျက်၊ လောက်လုံအထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရွှေစင်၊ မင်းလှရှင်။ ။ ကြီးအင်အထူး၊ ကျေးဇူးလွန်လှ၊ မွေးမိဘကို၊ တွေးဆသင့်ရွယ်၊ ခိုင်းပယ်သာကြည်၊ စေပါသည်ကို၊ ရှေ့ရည်လိုရာ၊ သွားမည်သာဟု၊ ရှောင်ခွာမလွဲ၊ မဆိုဘဲနှင့်၊ ဖင့်နွှဲဘယ်မှာ၊ နေသာပါ့မည်၊ ခုသည်အရာ၊ အမှုမှာလည်း၊ ပြည်ရွာပျက်စီး၊ ရေးကြီးခွင့်ကျယ်၊ မကွယ်-မဝှက်၊ ပြက်ပြက်ပြဲ့ပြဲ့၊ ပင်ဖြစ်ခဲ့၏၊ နောက်ငဲ့မလျင်၊ မောင်သွားလျှင်လည်း၊ မင်းရှင်လှမှာ၊ တော်ကွက်လှိုက်လှဲ၊ ဝမ်းကွဲဝမ်းနည်း၊ တယောက်တည်းသာ၊ သွယ်ဖြာမျက်ရည်၊ ရှိရစ်မည်ကို၊ ကြံစည်စိတ်က၊ သိလှပါ၏၊ နေကျဖြောင့်ဖြောင့်၊ သိသောကြောင့်လျှင်၊ စိုးနှောင့်ဗျာပါ၊ မောင့်စိတ်မှာမူ၊ စစ်တာမြောခြား၊ မှာကိုထား၍၊ ခစားညွတ်ကြို့၊ တွင်းတော်သို့မျှ၊ နေဘို့ကိုပင်၊ မဝင်ချင်ပါ၊ မလွှဲသာ၍၊ ရံခါခေါ်တော်၊ ဝင်ရသော်လည်း၊ ကျူးကျော်ရက်ကြား၊ မြေတာဝေးလှ၊ ကွေကွင်းရသို့၊ မင်းလှမျက်နှာ၊ တော်ကိုသာလျှင်၊ ရှေ့မှာမြဲတည်၊ ထင်တော့သည်ကြောင့်၊ ရွှဗပြည်ထိပ်ပေါ်၊ ဘုန်းတော်ကြီးလှ၊ ဘုရားရွှေခွန်း၊ မေးမြန်းသာရွှင်၊ မရွှင်သာဖြား၊

သူဇာပျို့

Image
သူဇာပျို့ ၇၉။   ပြည့်ဝန်းရောင်ဖြာ ၊ စန္ဒရာကို၊ တိမ်လွှာညစ်ကျိ၊ လွှမ်းတည့်ဘိသို့၊ သိရိဝင်းဝါ၊ လမျက်နှာကို၊ ဗျာပါတိမ်ပုပ်၊ လွှမ်းအုပ်တည့်၍၊ ဖြေချုပ်မလည်း၊ ရွှမ်းမျက်ရည်ကို၊ မဆည်နိုင်ခဲ့၊ ငိုသံနွဲ့နှင့်၊ လုပ်လဲ့မှုနည်၊ လျှောက်သည်ဆိုကား၊ ကျွန်းစည်သောင်းတွင်း၊ အမင်းမင်း၏၊ ရင်တွင်းသည်းကြား၊ မင်းသားမင်လျာ၊ များတကာတို့၊ တတ်ရာသိပ္ပ၊ ဂုဏ်ရှိမျှနှင့်၊ အလှယဉ်နု၊ မြတ်ရာမှုကို၊ ပေါင်းစုဆည်းဆူ၊ အညွန့်ယူသည်၊ ဘုန်းလူသည့်ရှင်၊ မင့်ထိပ်တင်။ ။ မြေပြင်ပတ်ကုံး၊ စိုးယူကျုံးသည်၊ ထွတ်ဆုံးထိပ်ပေါ်၊ ခမည်းတော်ပင်၊ ကျူးကျော်စစ်မြေ၊ ချီသွားလေဟု၊ သံခြေပျံ့ဖြည်း၊ မိန်းကတည်းကို၊ ကျော်သည်းကြေညာ၊ မယ့်ထိပ်ချာသည်၊ ကြွပါလေနှင့်၊ နွှဲဖင့်စိတ်လျော့၊ နေပါတော့လော၊ ပျောင်းပျော့ပူသည်း၊ ကျွန်မချည်းသာ၊ ဗျာပါမူလည်၊ ရှိတော့မည်ကို၊ ကြံစည်ဝမ်းငယ်၊ မသိနှယ်ပင်၊ အလွယ်ရွှေရည်၊ သွားတော့မည်ဟု၊ သာကြည်ဝမ်းမြောက်၊ လျှောက်ခဲ့ပြီလာား၊ ထွေပြားတွက်ဆ၊ ကြံစည်ကမူ၊ ကျွန်မစိတ်တွင်၊ ခုကပင်လျှင်၊ ပူအင်ကြီးဘိ၊ မီးနှယ်ညိ၍၊ မချိနှိုင်းလျှင်း၊ ကိုယ်တွင်းပြောင်ပြောင်၊ လောင်ခဲ့ပြီကို၊ မှီခိုကိုးကွယ်၊ ဘယ့်နှယ်ကျွန်မ၊ ပြုရပါမည်၊ ခဲလှကြံရာ၊ မတတ်သာသည်။ ။   နောင်ခါ

သူဇာပျို့

Image
သူဇာပျို့ ၇၈။   မောင်သွားချေ၍ ၊ ကျင့်လေ့ညစ်ပေ၊ ထိုလူမွှေကို၊ မျိုးဆွေမယား၊ သမီးသားနှင့်၊ ခန့်ထားကြဉ်းဆောင်၊ လုံအောင်ယူခဲ့၊ ဖင့်နွှဲမချိ၊ ထိုမြို့ကိုလည်း၊ သိပ်သည်းမြော်မြင်၊ အစီရင်နှင့်၊ တိုင်ပင်စစ်ကဲ၊ မှန်းမြဲတော်တည့်၊ နှိုင်းရှည့်ရွေးသန့်၊ သင့်အောင်ခန့်၍၊ ရှောင်လန့်ပြေးသွား၊ မြို့နေများကို၊ သားဖြားဖျော်ဖြေ၊ ခေါ်သွင်းစေဟု၊ ပရမေဘုန်းဝှန့်၊ မိန့်တော်ခန့်သော်၊ ဝေးကွန့်ရေမြေ၊ တောခြေဘေးထူ၊ ချမ်း, ပူ မဆို၊ ထိုထိုကျူးကျော်၊ အမှုတော်ကို၊ သွေချော်မဖည်၊ ထမ်းပါမည်ဟု၊ ရှိရည်လက်မြှောက်၊ လျှောက်ကားလျှောက်၏၊ မိုမောက်မေတ္တာ၊ မင်းသူဇာနှင့်၊ မြေတာဝေးရှည်၊ ကွာရမည်ကြောင့်၊ ဝေ့လည်ဝမ်းက၊ လှိုင်ပွက်ထလျက်၊ ခဏကြာလျှင်၊ ထွက်ခဲ့ကျင်၍၊ ပူပင်ညှိုးခေါက်၊ အိမ်တော်ရောက်သော်၊ လျှံတောက်ပြိုးပြက်၊ ကျောက်စုံခက်သည်၊ ခြူးစက်ညောင်မှာ၊ နှစ်ထွာထုကြွား၊ ယင်နားမခံ့၊ မွေ့ရာညံ့ထက်၊ ချစ်ပံ့ရစ်ခွေ၊ နွှဲယှဉ်နေမှ၊ သရေထွန်းပ၊ မင်းရှင်လှငယ်၊ ဝေးလှစစ်မြေ၊ ချီမိန့်လေရည်၊ ရှိချေသည်ဟု၊ သာကြည်ချိုချို၊ မိန့်မြွက်ဆိုသော်၊ ငယ်ပျိုဆင်းဝါ၊ မင်းသူဇာမှာ၊ ထွေသာပျံ့ချို၊ အော်ဆိုသည်နှင့်၊ ပျံ့ခွင့်အူသည်း၊ တပြိုင်တည်းသည်။ ။   ရုတ်ခြည်းမှိုင်းဝေလည်း၏တ

သူဇာပျို့

Image
သူဇာပျို့ ၇၇။   ထိုခါသရော် ၊ ပုဏ္ဏားချော်ကား၊ မလျော်ကျင့်ညစ်၊ မိမိပြစ်ကို၊ မစစ်တွက်ပြီ၊ လှိုင်ညီဘုန်းပန်း၊ လူးလာလန်းသည်၊ ရွှေနန်းထွတ်ချာ၊ စိုးမည်လျာကို၊ ပြင်းစွာမုန်းထား၊ ငြိုးထားလျက်၊ နှိပ်စက်မည်ခွင့်၊ ကြံနေလင့်၏၊ သို့နှင့်တန်စွာ၊ များမကြာပင်၊ ကျယ်စွာတိုင်းကား၊ ကြီးအင်အားနှင့်၊ ဆင်များစွာဘိ၊ တိုင်းမဲ့ရှိ၍၊ စတ္ထိပူရ၊ ခေါ်ကြမည်တွင်၊ တပါးပြည်ကို၊ စိုးသည်ကွပ်မှူး၊ မင်းတဦးလျှင်၊ မည်ထူးဇေယျ၊ ပြည်ပူရ၏၊ မြို့ပြစွန်နား၊ ကင်းလမ်းများကို၊ ထိပါးရန်ရှာ၊ ခိုက်တိုက်လာသော်၊ ဆိုင်ရာမြို့စား၊ စစ်ကဲများက၊ ကြောင်းလျားဖြစ်လျောက်၊ စေလှာလျှောက်၍၊ ရွှေမှောက်ဘုန်းတူ၊ ကြားတော်မူသော်၊ ဝှန်ဆူမျက်ငေါက်၊ မာန်တော်ပေါက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံကို၊ ရွှေဘုံနန်းခွင်၊ ခေါ်စေဝင်မှ၊ ဘုရင်ဓိပတိ၊ မိန့်တော်ရှိ၏၊ ဘကြီးရင်နှစ်၊ ရွှေဘုန်းသစ်သည်၊ ဥပရာဇ်မဟာ၊ နန်းပွင့်လျာ။ ။ ဝေးစွာလှဘိ၊ ခြားနားရှိလျက်၊ ဟတ္တိပူရ၊ မင်းမျာ့းရည်သည်၊ ရွှေပြည်တိုင်းကျော်၊ နိုင်ငံတော်ကို၊ ပြိုင်တော်ဘက်ရှာ၊ ဖျက်ဆီးလာ၍၊ မိစ္ဆာရန်မြှေး၊ သည်အရေးကို၊ မနှေးလျင်လှ၊ မောင်ချီမှမင်၊ နှစ်, လမဖြင်၊ ကုံတွင်လွယ်မည်၊ သို့ဖြစ်သည်ကြောင့်၊ နန်းရည်ရာထား၊ ဘသည်းကြာ

သူဇာပျို့

Image
သူဇာပျို့ ၇၆။   ယခုအခါ ၊ သောင်းဒီပါထက်၊ ငါ့နှင့်တူမျှ၊ စကြာ့သနင်း၊ မင်းတို့နှိုက်ဝယ်၊ ဂုဏ်ကြွယ်စည်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာကို၊ ရေးရာမြော်မြင်၊ သားကြံဘော်နှင့်၊ ငြားတော်လှခြင်း၊ သို့သည်မင်းလျှင်၊ မယွင်းပုံပြင်၊ ဘယ်မှာထင်လိမ့်၊ မင်းတွင်မင်းထွတ်၊ ငါ့သားမြတ်ဟု၊ နှုတ်လွတ်သံကြော်၊ ကြိမ်းပြီးသော်တည့်၊ ဘုန်းတော်တက်သစ်၊ ဘုရင်နှစ်သည်၊ တလှစ်တိုင်းခြေ၊ နေသည်များလှ၊ လူ့ကကိစ္စကြောင့်၊ အဘကြံစည်၊ ပူရပြည်ကို၊ မြိုက်ရည်ထိပ်မှာ၊ သွန်းဘိလှာသို့၊ ချမ်းသာငြိမ်းဆေး၊ ဘကိုပေး၏၊ မြှော်တွေးစေရှာ၊ သည်ကိုစာသော်၊ မကြာလျင်ပြင်း၊ ထီးဖြူနှင်း၍၊ မင်းမင်းထိပ်ဆင့်၊ တင်ပေသင့်ဟု, မမြင့်ယင်းနေ့၊ မှစ၍လျှင်၊ နောက်ရှေ့ရုံးပြင်၊ စီရင်ကြတွေ၊ စိတ်မပြေ၍၊ ရွှေနားတော်ကြား၊ သည်တရားကို၊ သည်းကြားမောင်မှာ၊ စီရင်ပါဟု၊ ထွေသာပျံ့ဆို၊ မိန့်လိုက်ဆို၍၊ နဂိုရ်စိုးချာ၊ မင်တို့သာလျှင်၊ ဝတ်ရာစဉ်ရိုး၊ ရာမြင့်မိုး၏၊ ပုဆိုးလျှပ်သွင်၊ ဒုရင်လျှပ်ဝါ၊ ကျောက်စုံပါကို၊ မေတ္တာချမ်းမြ၊ ဆက်စေရ၏၊ မွှေးပျလှိုင်ကျော်၊ သည်မိန့်တော်ကို၊ ထင်ပေါ်ကြားက၊ ပုဏ္ဏားအိန်မှာ၊ ပဏ္ဏာထွေပြား၊ ရောက်မည်ထား၍၊ လာ, သွားသူမျှ၊ မချဉ်းကြသည်။ ။   ဝေးလှလွှတ်ရှောင်ဖည်၏တည်း ။ စာဆိုရှင်

သူဇာပျို့

Image
သူဇာပျို့ ၇၅။   သို့နှင့်သာပျော် ၊ အိမ်တော်ရဝေ၊ ကြွရောက်လေသော်၊ ငံ့နေမနား၊ မူသည်များကို၊ လျင်လျားခေါ်မြောက်၊ အညီရောက်မှ၊ နှည်နှောက်စင်မော၊ စစ်ဆေးကြော၍၊ သဘောဖြောင့်မတ်၊ မျဉ်းခတ်သော့သွင်၊ ရွှေချိန်ခွင်သို့၊ စီရင်ကောက်ဘူ၊ ဖြတ်တော်မူသော်၊ ပြည်သူကလူက၊ အူအူစ၍၊ ရုက္ခဘုမ္မာ၊ အာကာငါးထပ်၊ ထက်ရပ်ထုတ်ချောက်၊ ဗြဟ္မာရောက်မှု၊ ချီမြှောက်ကျံကျံ၊ အသံသောင်းသောင်း၊ ထိန့်ထိန့်ခြောင်း၏၊ မြတ်လောင်းဧကရာဇ်၊ ထိုအဖြစ်ကို၊ စိစစ်မနှေး၊ လန့်ကြားမေးသော်၊ မိုက်မြှေးရှက်ခြည်၊ ပုဏ္ဏားသည်လျှင်၊ ဖြီးစည်အများ၊ တန်ဆိုးစား၍၊ တရားမှောက်လှန်၊ ပြောင်းပြန်လိမ်ကွေ့၊ စီရင်၍လျှင်၊ အိမ်ရှေ့ဘုရား၊ မူသည်များကို၊ သနားကြည်ဖြူ၊ ခေါ်တော်မူ၍၊ ချိန်တူဖြောင့်မှန်၊ စီရင်ဟန်ကို၊ အလွန်ကြည်ညွတ်၊ လူနှင့်နတ်တို့ လေးမြတ်ကောင်ခြီး၊ သီးသီးပတ်လည်၊ ဆိုကြသည်ဟု၊ မတ်ရည်ရှိများ၊ လျှောက်သည်ကြားသော်၊ မင်းဖျားရာဇာ၊ လူ့ထွတ်ချာကား၊ ဝမ်းသာစုံမက်၊ လွန်နှစ်သက်၍၊ ရွှေလက်ဆန့်ပြီး၊ လက်ဖျစ်တီးလျက်၊ ကောင်းခြီးရွှေခွန်း၊ ကြိုင်ပျံ့မွှန်းသည်။ ။   ဥဒါန်း ဤသို့မည်၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၇၄။   ထိုသည့်အခါ ၊ မဟာဥပရာဇ်၊ ဘုန်းသစ်လျှံပတ်၊ ရဲတုလွတ်ကား၊ ပြဿာဒ်ရောင်ညီး၊ ဝေါတော်စီး၍၊ ဘုန်းမီးတောက်ဖြိုး၊ ဘမင်းစိုးသို့၊ ရှိခိုးဝင်၍၊ ချမ်းမြေ့သာယာ၊ ထွက်ခဲ့လာသော်၊ ဥစ္စာမြေမိုး၊ ကြီးရိုးလူဆို၊ ငြင်ငြိုရှိရှား၊ မူသည်များတို့၊ ဝန်းလျားတိုင်ပင်၊ သည်တွင်သက်စွန့်၊ လက်ညွန့်ရှိမည်၊ လျှောက်တော့်မည်ဟု၊ ကြံစည်ပြီးမှ၊ လက်မထက်နား၊ ထင်ရှားပြနေ၊ စာခွေထိပ်ပြင်၊ ပန်းနှယ်ဆင်လျက်၊ မြေတွင်ဝပ်လျား၊ လျှောက်ဝံ့ငြား၏၊ ဘုရားဘုန်းရောင်၊ ထိန်ထိန်ပြောင်သည်၊ အခေါင်ထိပ်ချိုး၊ တို့ထိပ်မိုး။ ။ ပုဆိုးဖြူလှပ်၊ စက်နားတပ်နှင့်၊ ရွှေကျပ်ပြောင်ပြောင်၊ မြင်းမိုရ်တောင်သည်၊ ဆန်းခေါင် တိုင်ဘိ၊ ပုရောဟိတ်လျှင်၊ အကျိလောက်လား၊ လက်ဆောင်စား၍၊ တရားဖြောင့်သော်၊ ကျွန်တော်တို့သာ၊ နိုင်ကောင်းပါလျက်၊ မသာအရေး၊ အရှုံးပေးခဲ့၊ ဘုန်းမွေးပျံ့ရှား၊ ဘုရားကယ်မ၊ ရှုပါမှသာ၊ ဘုရားကျွန်တော်၊ ရေသော်အများ၊ ဆင်းရဲသားတို့၊ ကြိုးစားသာပျော်၊ အမှုတော်ကို၊ နှစ်ကျော်ကျူးရှည်၊ ထမ်းနိုင်မည်ဟု၊ ရှိရည်ထိပ်ပေါ်၊ တင်လျှောက်သော်တည့်၊ လေးတော်သစ္စာ၊ ပွင့်မည်လျာကား၊ ကိုးရာမဲ့ငြား၊ ဆင်းရဲသားကို၊ သနားကြည်ဖြူ၊ ချစ်တော်မူ၍၊ လွယ်ကူသာပျော်၊ ရှေ့ရုံးတော်သို့၊ ခေါ

သူဇာပျို့

Image
သူဇာပျို့ ၇၃။   ယင်းသို့စသည် ၊ ကျူးမြည်သံညင်း၊ ဘွဲ့ဧချင်းနှင့်၊ မတင်းနေကျ၊ မွေးဘဘုန်းရှိ၊ မွေးမိဘုန်းကျော်၊ အိမ်တော်သူလုံး၊ ချစ်ကုံးရစ်သီ၊ ချီလည်းမင၊ နမ်းမဝတည့်၊ ယုယတုံတုံ၊ ချစ်မျိုးပုံ၍၊ ချစ်ကုံပေါင်းစု၊ ကသိုဏ်းပြုလျက်၊ မျက်ရှုကာကာ၊ မြင့်ရှည်ကြာသော်၊ အခါတပါး၊ မင်းဖျားပဝရ၊ ရာဇိန္ဒဝယ်၊ တရားအရာ၊ လိမ္မာနားဝင်၊ ကျွမ်းလှကျင်ဟု၊ စီရင်နေကြ၊ ဆုံးဖြတ်ရသည်၊ ရာဇိန္ဒရာဇဂုရု၊ ယဉ်နုဘွဲ့မည်၊ ပုဏ္ဏားသည်လျှင်၊ ပိတ်ထည်ခါသာ၊ မာတရဘက်၊ ငွေရွက်စားများ၊ တန်ဆိုးစား၍၊ နိုင်သားရှိလျက်၊ နှိပ်စက်ရှုံးစေ၊ ဆင်ခြေမလှ၊ ရှံးရမည်သူ၊ နိုင်စေဟူ၍၊ ကောင်ယူကတ်လတ်၊ ဓမ္မသတ်ကျမ်း၊ မိန့်တော်တမ်းလျက်၊ စဉ်လှမ်းစွဲသုံး၊ စီရင်ထုံးကို၊ နှလုံးမထား၊ လောဘအားဖြင့်၊ မှောက်မှားစီရင်၊ အလွဲဆင်သော်၊ တိုင်းခွင်ဝန်းလျား၊ ပြည်သူများဘို့၊ မင်းနားရောက်တိုင်၊ မပေါက်နိုင်ရှာ၊ ကြံရာခဲအင်၊ ကြွေးတင်ကျွန်ဖြစ်၊ သားနစ်-မြေးမွှန်း၊ ကြေးပန်း-ငွေကုန်၊ ဆူမှုန်ဝမ်းမှာ၊ မသက်သာလျက်၊ မိစ္ဆာနှောင့်ရှက်၊ ပုဏ္ဏားဖျက်၍၊ အောင်ချက်ရွှေပြည်၊ ပျက်တော့မည်ဟု၊ ကမြည်ညည်းညည်း၊ စိုးရိမ်သည်းသည်။ ။   မနည်းကာလ ရှည်၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့

သူဇာပျို့

Image
သူဇာပျို့ ၇၂။   တကျူးကျော်ကျော် ၊ စက်မွေ့ပျော်အောင်၊ ဖျော်ပါလျက်ကို၊ ဘယ်ဘက်ပြုလေ။ ။ စက်လိုဘဲသာ၊ ကြာတောင်းကြာသည်၊ ထိပ်ချာပုလီပုလုလေ။ ။ နီနီတွေးတွေး၊ ခြေသလေးကို၊ ကွေးချေဆန့်ချေ၊ မနေမနား၊ ကန်သည်အားနှင့်၊ ညံ့ထွားပန်းနှယ်၊ လက်နုနယ်ကို၊ ဘယ်မှာဓန၊ လှုပ်တော့စေသာ၊ ထိပ်ချာပုလု၊ သည့်နှယ်ပြုလျှင်၊ သွေးစုနီတွေး၊ ပါးသလေးကို၊ စုဝေးစေ့င၊ နမ်းရချည့်ကို၊ ငိုနှင့်သို့လျှင်၊ တကယ်ပင်သည်။ ။ ဥကင် နောင်ဆက်စိုးမည့်သူ၊ ဘုန်းလူတည့်လှိုင်းဧ၊ ပျံ့ပျံ့မွှေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၇၁။   အိမ်ရှေ့ဦးကိုင် ၊ ယဉ်မျိုးပိုင်သည်၊ နိုင်သည်ထိပ်ချာ၊ ကိုပလေ။ ။ ရှေးကဆရာ၊ ထားခဲ့မှာသည်၊ သိုက်စာတကယ်မှန်လှလေ။ ။ ဂိရိရွှေတောင်၊ အုပ်စိုးဆောင်သည်၊ ဘုန်းခေါင်မဟာ၊ ဥပရာဟု၊ သိုက်စာမမှား၊ မှန်သောအားဖြင့်၊ တင်ထားထိပ်ပေါ်၊ ခမည်းတော်နှင့်၊ လှကျော်ရောင်ဆင်း၊ မယ်တော်မင်းလျှင်၊ ဘုန်းချင်းဆုံင်၊ စံကြချင်၍၊ သခင်သလေး၊ နုကွေးလွေးကို၊ မွှေးသည့်ပန်းသွင်၊ မျက်နှာမြင်သည်။ ။ ဥကင်တည့်စိုး၊ ညွန့်ပြူစကာ၊ ဆိတ်စာတည့်ကွေးလွေး၊ မင်းသလေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၇၀။   ဘွားတော်ရင်သွေး ၊ ဆင့်ကာမွေးသည်၊ ဖြူမွှေးခုနှစ်ဦးတည့်လေ၊ ယဉ်မျိုးလောက်ဖြင့်၊ ရွှန်းမြိုက်ရွှင်သည်၊ လသွင်ထွန်းရောင်၊ မြူတည့်လေ။ ။ ကျူးသည်စတေ၊ ထိပ်ဗွေတင်ထား၊ ခုနှစ်ပါးတွင်၊ နှောင်းဘွားမြင်မြော်၊ ရှင့်မယ်တော်ကား၊ အဟော်ဝတ၊ အလှပေါင်းစု၊ ယဉ်နုရာမှာ၊ ကျူးကာမက၊ ကျော်ပြန်လှလျက်၊ မိုးမှမြင့်မောက်၊ အထွတ်ရောက်၍၊ ထက်အောက်မိုးမြေ၊ ဘုံနေနတ်လူ၊ မြင်ဘူးသူသည်။ ။ လဟူတည့်ထွန်းပ မျက်နှာတော်၊ မြင်မြော်တည့်ရေးရေး၊ ရှည်မြင့်ဝေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်