Posts

Showing posts from May, 2024

သူဇာပျို့

Image
သူဇာပျို့ ၈၉။   လွမ်းတင်းသံချို ၊ ဆိုကြအပြီး၊ ယိုစီမျက်ရည်၊ မဆည်နိုင်ကြ၊ သွယ်စီးကျ၍၊ နှစ်ပါးရင်ခြား၊ ကပ်သည်ကြားမှာ၊ လေပါးမြစ်မ၊ ပေါင်းကြဆုံသည်၊ ဝဲနှယ်လည်၏၊ ဖြီးစည်ဆင့်လောင်း၊ နံ့ပေါင်းသင်္ချာ၊ ရေးရာမထင်၊ မျိုချင်မတတ်၊ သတ်ပြတ်လှုနီး၊ သုံးချက်တီးက၊ စ၍စုံပူး၊ ချစ်မျိုးကြူးမျှ၊ ညဦးသန်းခေါင်၊ သောက်လင်းဆောင်သည်၊ မျက်တောင်မရှက်၊ ပိုက်ဘက်လျက်လျှင်၊ ညဉ့်လုံးပင်ကို၊ ခုတွင်နေကြ၊ တခဏသို့၊ စိတ်ကပြတ်ပြတ်၊ ထင်ကြမှတ်၍၊ မလွှတ်ကြရက်၊ စုံမက်ဆွတ်ကြင်၊ နေကိုပင်တည့်၊ တားချင်မတတ်၊ ရစ်ပတ်မကွာ၊ နွှဲတိုင်းသာလျှင်၊ ရှိန်ဝါရောင်လွင့်၊ နေမိုးမြင့်၏၊ ချိန်ခါသင့်တော်၊ ထွက်နီးလျော်၏၊ အကျော်ဗေဒင်၊ မြော်မြင်တတ်သိ၊ ပညာဟိတို့၊ ဦးရှိလက်ထား၊ ဆင့်လျှောက်ငြားမှ၊ ထွတ်ထားနန်းလျာ၊ အနိုင်ခွာ၍၊ သိင်္ဂါရောင်ဘိတ်၊ ပရိတ်နာဆက်၊ ဆောင်သို့ထွက်၍၊ ကိုးမျက်ချယ်မြှောင်၊ တထောင်ပြက်လှပ်၊ ရောင်ဖြာလျှပ်သို့၊ ရင်သပ်အံ့ရာ၊ စစ်တန်ဆာတိ၊ အာကာသဓာတ်၊ ထွတ်ဆုံးနတ်သို့၊ သင့်မြတ်ကျူးကျော်၊ ထင်ပြီးသော်တည့်၊ သားတော်သည်းချာ၊ ရတနာကို၊ အသာလှမ်းယူ၊ ချီတော်မူ၍၊ မွှေးကြူပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ဘက်ယမ်း၊ ထပ်ကာနမ်းသည်။ ။   ချစ်ဝမ်းဆူးချောက်ချား၏တည်း ။ စာဆိုရှင်

သူဇာပျို့

Image
သူဇာပျို့ ၈၈။   သဗ္ဗညုဉာဏ် ၊ ပွင့်ဆုပန်သည်၊ ဘုန်းဝှန်တေဖြာ၊ ဥပရာကား၊ မည်သာရပြီး၊ မြင်းကြီးမြင်းကောင်း၊ တကြောင်းတလူး၊ သင်းမှူးသင်းကြီး၊ စာရေးကြီးက၊ စုသီးဖြာဆွယ်၊ စာရေးငယ်ကို၊ သင့်ရွယ်စောင့်တန်၊ နေထားရန်မှ၊ တွင်းဝန်နောက်ဝန်၊ ကျေပွန်ရည်ကျူး၊ ဝန်ဝင်းမှူးသို့၊ ကြိုင်မြူးမိန့်တော်၊ ထုတ်ပြီးသော်တည့်၊ ရွှေလှော်ဝင်းပြောင်၊ နောက်ဆက်ဆောင်သို့၊ ဘုန်းရောင်လျှံလူ၊ ဝင်တော်မူ၍၊ ဇမ္ဗူနန်ဆောင်၊ မြောက်ယောင်အကြီး၊ ခြားသီးရာထူး၊ အိမ်ဆောင်မှူက၊ စ၍ပတ်ချုပ်၊ ကိုယ်လုပ်ပျိုတော်၊ ဆိုင်လျှော်မှုထမ်း၊ အကြမ်းအလတ်၊ အမြတ်ခြားကြ၊ ရှိသမျှကို၊ မင်းလှစိတ်တော်၊ နှင့်သာလျော်အောင်၊ အာဘော်လိုက်သင့်၊ ရိုသေကျင့်ကြ၊ မသင့်ငါ့နား၊ ကြားရလျှင်မူ၊ ဆွေခင်မျိုးချစ်၊ အကုန်စစ်၍၊ ပြစ်ပြစ်လုံခြုံ၊ မီးပုံရှေ့ရည်၊ ဝင်ရမည်ဟု၊ မျက်ခြည်ဖော်ပြေး၊ အာဏာပေးမှ၊ မဝေးသုံးဘောင်၊ ဆောင်မတော်သို့၊ နှိုင်းလျော်နတ်သွင်၊ ကူးလေဝင်၍၊ မျက်ရှင်ရတနာ၊ ထိန်ထိန်ဖြာသည်၊ သီဟာသန၊ မည်ရတွင်ခေါ်၊ သလွန်တော်ထက်၊ နှစ်ဘော်မကွေ၊ ငှက်ရွှေလွန်းကြင်၊ လည်ချင်းတင်သို့၊ မရွှင်မပျ၊ ယနေ့ပလျှင်၊ ချုပ်ညညဉ့်လွန်၊ နက်ဖြန်ကစ၊ ရှုတမတည်၊ လွမ်းရမည်ကို၊ ဖြေဆည်မဲ့ငြား၊ ဘက်၍ထားသား၊ နှစ်ခြားမရှည

သူဇာပျို့

Image
သူဇာပျို့ ၈၇။   သည့်နှယ်နှစ်ဦး ၊ စုံပူးပိုက်နွှဲ၊ တလဲလဲပင်၊ သန်လွဲသန်ကျော်၊ မိုးသောက်သော်လည်း၊ ကိုယ်တော်မခြား၊ သည်စကားသာ၊ တပါးမလာ၊ မျက်နှာသမ်းညို၊ ငိုယိုငိုယို၊ ဆိုကြအော်လဲ၊ နွဲကြကာကာ၊ ဖြစ်ခြင်းရာကို၊ များစွာမြင်သူ၊ သည်းအူပြတ်မျှ၊ ကြေကွဲက၏၊ မွေးဘရာဇာ၊ ပြည်ကြီးချာလည်း၊ များစွာပုံယင်၊ စစ်လေးအင်ကို၊ စီရင်သီးသီး၊ ခန့်ရပြီးသော်၊ စစ်ကြီးမချီ၊ ခင်မီကာလ၊ တနေ့ကပင်၊ တပ်မလက်ရင်း၊ ဆင် မြင်း ရထား၊ များပြားရဲမက်၊ လက်နက်ကိရိယာ၊ ဆန်ဆာထက်ကြပ်၊ မြင်းတပ်ရှေ့ဆုံး၊ တွက်ကျုံးစင်စစ်၊ ဆဲနှစ်ခေါဘိဏီ၊ စုံညီအင်ကွပ်၊ အကြပ်စာရေး၊ ရည်ရွေးနာခံ၊ မြဲမြံစွမ်းရဲ၊ စစ်ကဲတပ်မှူး၊ ဆက်ကူးရှက်စပ်၊ အတပ်တပ်သိ၊ အထပ်ထိန့်ဆူ၊ ပလူစိုရွ၊ ကျိုင်းကျသောဟန်၊ သုဝဏ်ဒွါရ၊ တံခါးပြင်က၊ စ၍စဉ်စီ၊ ပည်းသီအံ့လောက်၊ ထိုထိုရောက်၏၊ ရှေ့နောက်ထားနေ၊ တပ်ခင်းစေသည်။ ။   ဝေးမြေဓွန့် ရှည်လျား၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်