Posts

Showing posts from October, 2020

မင်းဝတာကို ငါချစ်တယ်

မင်းဝတာကို ငါချစ်တယ်   ပေါင်ချိန်(၁၆၀) မဟုတ် မင်းဝတာကို ငါချစ်တယ် ကမ္ဘာတစ်ခြမ်းမဟုတ် အပြည့် ကောင်းကင်တစ်ဝက်မဟုတ် အပြည့် စကြာဝဠာတစ်စိတ်မဟုတ် အပြည့် လက်ဖက်ရည်ဆိုင် ထိုင်ခုံအားလုံး စားသုံးသူအားလုံး ချစ်သူ မုန်းသူအားလုံး မင်းလက်မှာ ပန်းစည်းစည်းကာပေါ့ပါး မင်းဝတာကို ငါချစ်တယ်…။   (သုခမိန်လှိုင်)

ရှုတိုင်းယဉ်

ရှုတိုင်းယဉ်   အဖေ အမေ မြန်မာသွေးမို့ မြန်မာမလေး အစစ်ပါရှင် ။ မြန်မာဆန်အောင် တမင်ရွေးလို့ စံပယ်လေးလို့ နာမည်တွင်။ မြန်မာ့အမြင် ရှုမငြီးအောင် ကြက်တောင်စည်းနဲ့ အလှပြင် ။ မြန်မာ့ရိုးရာ သနပ်ခါးနဲ့ ပါးကွက်ကျားလေး ပါးမှာတင်။ ရင်ဖုံးအင်္ကျီ ချိတ်ထဘီလှနဲ့ မြန်မာပီသ ဝတ်စားဆင် ။ သူများဟန်ပန် ဘယ်မတုနဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ်ချစ်ခင် ရှုတိုင်းယဉ် ရှုတိုင်းယဉ် ။ ။   မြေလတ်မောင်မြင့်သူ

သက်တံ့

သက်တံ့    လိုက်ခဲ့မယ်နော် လက်မောင်းမှာ နှုတ်ခမ်းပေါ်မှာ အိပ်ပျော်မှာပါ နွံလွှာနက်နက် ခြေတစ်ဖက် ကျွံနစ် ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးကွယ်။ ဟောသည်မှာလေ တိမ်တွေတောင် ကြေမွကုန်ပြီ ( တွေ့လား ) ယုံလိုက်စမ်းပါ မန်းသီတာရယ် တကယ်ပါ ဇာခန်းစည်းလေးကို လွင့်သွားနိုင်စေတာပါ။ အချိုခန်းသွားတဲ့ ပန်း လွမ်းတတ်ရင်တော့ လွမ်းဖို့ကောင်းတာပေါ့ တစ်ထစ်လျော့စရာ သိက္ခာ .... မာန .... ဘာမျှ မကျန်ရစ်တော့လို့ပါ။ ဟင့်အင်း ပိုင်ဆိုင်ခြင်း နဲ့ ဆုံးရှုံးခြင်းအကြား တခြားဘာမျှမရှိရ တစ်ခါတစ်ရံဆိုတဲ့စကား တရားမမဲ့လွန်းဘူးလားဟင် သွားလိုက်ပါတော့လေ သည်နေရာမှာပဲ နေခဲ့မယ်။ လမ်း ၃၀ လွယ်အိတ်အဖြူ၊ စာအုပ်ထူများ စကားပန်းပွင့်၊ ခွာမြင့်ဖိနပ် အမှတ် ၁ ဘတ်စ်ကား အားလုံးကို ကျေးဇူးတင်ပါတယ်။ ငွေရှာတာ မဟုတ်ဘူး ရွှေရှာတာ မဟုတ်ဘူး အချိုရှာတာပါ ကိုကိုရယ် သစ္စာဆိုတာ ဒါလား ဘီယာလိုပဲ ခါးတယ်နော်။ ။   ဂျူး

ပင်းတယတောင်တန်းမှာ

  ပင်းတယတောင်တန်းမှာ   ပလူ ပလူ ယတောင်တန်းမှာ ဖွေးဖွေးဖြူ ပလူဝါးဖျား ငှက်ကူးအော်လို့ ဆန်လှော်နား ဝါးဖျား နိမ့်တုံမြင့်တုံနှင့်။ မယ်လှအိမ်နား ပလွေသံနှင့် စောင်းသံကြား တံခါးဖွင့်တုံ ပိတ်တုံနှင့်။ (တောင်ရိုးဓနုသီချင်း)

ကျွန်တော်က နပိုလီယံ

Image
ကျွန်တော်က နပိုလီယံ ကျွန်တော်ကျောင်းတက်တုန်းက ကျောပိုးအိတ်အပြာ ကြိုးတစ်ချောင်း ဘေးစောင်းလွယ်တဲ့ အိတ်ရယ်၊ ဂျင်းပဲန်အပြာရယ်၊ ဇစ်ပိုမီးခြစ်ရယ်၊ လန်ဒန်တစ်ဗူးရယ်၊ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ရယ်။ တကယ်က ဘာမှမဟုတ်ဘူး။ နောက်တော့ ပိုသီဘတ်သီနဲ့ ကြည့်ရခက်လို့ ကိုအောင်စိုးဆိုတဲ့ သူငယ်ချင်းက မျက်စိစပါးမွှေးစူးပြီး ကချင်လွယ်အိတ် ပြောင်းလွယ်ခိုင်းတယ်။ အဲဒီတော့ စပို့ရှပ်အဖြူရယ်၊ စတိုင်ပဲန်ရယ်၊ ကချင်လွယ်အိတ်အနီရယ်ပေါ့။ အဲအဲ ကျန်ခဲ့တော့မလို့ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးရယ်။ တကယ်တော့ ဘာကောင်မှ မဟုတ်ဘူးရယ်။ ဘာကောင်မှ မဟုတ်တာကို အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရ၊ အလုပ်အမျိုးမျိုးလုပ်ရမှ သိတော့တာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးကတော့ ခုချိန်ထိ တစ်ပြားသားမှ မလျှော့ဘူး။ လူနေချုံကြား၊ စိတ်နေချုံကြားဆို မကောင်းဘူးလေ။ လူနေချုံကြားဆိုရင်တောင် စိတ်နေစိတ်ထား အမူအကျင့်က ဘုံဖျားမှာ ဖြစ်သင့်တယ် မဟုတ်လား။ စိတ္တဇပုံပြင်တစ်ပုဒ်ဖတ်ပြီးကတည်းကပဲ ကျွန်တော့် ထင်တစ်လုံးကို မဖြုတ်တော့ဘူး။ သိပြီးသားပုံပြင်ဆိုလည်း ထပ်ပြောပြပါ့မယ်။           စိတ္တဇဆေးရုံမှာပေါ့။ ရောဂါပျောက်သွားတဲ့ သူကို ဆရာဝန်က မေးတယ်။           “ ရောဂါပေ

ခရီးသွားကြမယ်

Image
ခရီးသွားကြမယ် မှော်ဘီရောက်တဲ့ “ ကောင်းသုတ ” မုံရွာသားလေးဗျ။ ဟိုသည်(ဒီ)လျှောက်လို့ သွားကြမယ် ဘုရားစုံကိုကွယ်။ နေရာအစုံ လျှောက်လည်သွား မုန့်စုံ သူဝယ်စား။ ဗဟုသုတ စုံအောင်ကွယ် ခရီးသွားသင့်တယ်။ လိုက်ကြမလား သူငယ်ချင်းတို့ ခရီးသွားကြစို့။    ။ ရှဥ့်ညိုလေး (၈.၁၀.၂၀၂၀ နံနက် ၉း၄၈မိနစ်)