Posts

Showing posts from July, 2021

ပညာရှိ

ပညာရှိ     လူတွေက ပညာရှိကြီးတစ်ယောက်ဆီကို မကြာခဏလာပြီး  ၎င်းတို့၏တူညီတဲ့ပြဿနာတွေကို အချိန်တိုင်း မေးတတ်ကြသည်။ တစ်နေ့တွင် သူက ရယ်စရာအကြောင်းအရာတစ်ခုကို သူတို့အားပြောပြသည်။ လူတိုင်း ကျယ်လောင်စွာ ရယ်မောကြသည်။     နောက်နှစ်မိနစ်လောက်ကြာပြီးနောက် သူက ထိုရယ်စရာအကြောင်းအရာကိုပင် ထပ်ပြောသည်။ သူတို့ထဲမှ တချို့သာ ပြုံးကြတော့သည်။     သူ တတိယအကြိမ်အဖြစ် ထိုရယ်စရာအကြောင်းအရာကို ထပ်ပြောပြသည့်အခါမှာတော့ မည်သူမျှ မရယ်ကြတော့ချေ။     ထိုအခါတွင်မှ ပညာရှိကြီးက ပြုံး၍ပြောသည်မှာ " သင်တို့တတွေ ရယ်စရာတစ်ခုကို ထပ်ခါထပ်ခါ ပြောနေရင် မရယ်ချင်ကြတော့ဘူးနော်။ ဒါဆို ဘာ့ကြောင့်များ ပြဿနာတူတူတွေကို တွေ့တိုင်း အမြဲတမ်း ငိုကြွေးနေကြတာပါလိမ့် ..." (မှတ်ချက်။ စိုးရိမ်ပူပန်စိတ်သည် ပြဿနာကို မဖြေရှင်းနိုင်ချေ။ ၎င်းသည် သင်တို့၏ အချိန်နှင့် စွမ်းအားကို ဖြုန်းတီးရုံသက်သက်သာဖြစ်တော့သည်။) ရှဥ့်ညိုလေး (၈.၂.၂၀၂၁ နေ့လည် ၁း၂၈ မိနစ်) The Wise Man People have been coming to the wise man, complaining about the same problems every time. One day he told them a joke and everyone roared in laughter. After a couple of minutes, he told t