Posts

Showing posts from September, 2017

ဒါဟာလျှို့ဝှက်ပါ

Image
 ဒါဟာလျှို့ဝှက်ပါ   အစိုးရမဟုတ်သည့် လျို့ဝှက်အဖွဲ့အစည်းတစ်ခုသည် ဂျိမ်းစ်ဘွန်းကဲ့သို့သော (Agent) တစ်ယောက်ကို မွေးထုတ်နိုင်ရန်အတွက် ၎င်းတို့နှစ်သက်ကာ ဖြစ်နိုင်မည့်သူများကို ဆက်သွယ် ထားသည်။ ထိုသူမှာ လိုအပ်လျှင် လုပ်ကြံသတ်ဖြတ်သည့် တာဝန်ကိုယူနိုင်မည့်သူလည်း ဖြစ်ရန် လိုအပ်သည်။  

မင်းသမီး

Image
မင်းသမီး   မင်းသမီး။   ။ တရားသူကြီးရှင့် ဒီစာရေးဆရာဟာ သူ့ရဲ့ ဝေဖန်ရေး ဆောင်းပါးထဲမှာ                       ကျွန်မကို  ၀က်မ  လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို                       တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး                       ဆောင်းပါးပါ။

ဆိုကျကို

Image
ဆိုက်ကို         အိပ်ယာပေါ်မှာ ခြေကားယား လက်ကားယားလှဲနေရာမှ စိမ်းပြာရောင်ဖျော့ဖျော့ သုတ်ထားသည့် အပေါ်ထပ်ကြမ်းခင်းကို ကြည့်လိုက်သည်။ ဟိုစဉ်တုန်းကတော့ ဆေးသားများနှင့် ပိတ်နေမည်ဖြစ်သော လျှာထိုးကြမ်းခင်းများမှာ ယခုအခါတော့ ဆက်ရာအကြောင်းများ ထင်နေကြပြီဖြစ်သည်။ ထိုအကြောင်း အရာများကို သူမနှစ်သက်မိ။ သိပ္ပံဇာတ်ကားတွေထဲမှာလို အဖြူရောင်အလင်းများနှင့် စားပွဲတစ်လုံး၊ ထိုင်ခုံ တစ်လုံးနှင့်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ သူ့အခန်းက လိုအပ်သည်ထက် ပိုရှုပ်ပွနေသည်လား၊ လောလောဆယ် သူ့စိတ်ခံစားချက်အရ ကိုယ်တိုင်ကပဲ စိတ်ရှုပ်တတ်လွန်းနေသည်လား မသိတော့။

ဧည့်သည်ကြီး

Image
ဧည့်သည်ကြီး ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ...။       ။ တင်မိုး

ကိုယ်စောင့်နတ်

Image
ကိုယ်စောင့်နတ်           သူမ လမ်းလျှောက်လာစဉ် အနောက်ကနေ အသံ တစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။            " ရပ်စမ်း..." သူမ တုန့်ခနဲဖြစ်သွားသည်။           “နောက်ထပ် ခြေတလှမ်း ဆက်လှမ်းရင် မိုးပေါ်ကကျလာတဲ့ အုတ်ခဲ ခေါင်းအပေါ် တဲ့တဲ့ထိပြီး မင်း အသက် ထွက်သွားလိမ့်မယ်။”

မုံရွာ ဘုန်းစိုးအကြောင်းတစေ့တစောင်း

Image
မုံရွာ ဘုန်းစိုးအကြောင်းတစေ့တစောင်း         ယခုအခါမုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်ဖြစ်နေပေပြီ။ မုံရွာမြို့ဟု စတင် သတ်မှတ်ခဲ့သည်မှာ ကောဇာသက္ကရာဇ် (၁၂၅၀) (ခရစ်နှစ် ၁၈၈၈ နှစ်) ကဖြစ်ပြီး သက်တမ်း (၁၂၉) နှစ်ရှိပြီဖြစ်သည်။ ရှေးအခါကမုံရွာမြို့ကြီး ဖြစ်မည့်နေရာတွင် လှေကူးနှင့် မုန်ရွာဆိုပြီး ရွာနှစ်ရွာရှိခဲ့ပြီး   အိမ်ထောင်ဦးရေ သုံးရာကျော်၊ လူဦးရေနှစ်ထောင်ကျော်သာရှိသည်။ ငါးရက်တစ်ပတ်ဈေးရွာကြီး ဖြစ်သလို ရှေးစာပေ၊ ဘုရားရုပ်ပွား၊ ကမ္ဗ ည်းစာတို့တွင် လှေကူးမြို့ဟု ရေးထိုးထားသည်ကို တွေ့ရသည်။                 လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရကာစ ကာလတိုင်အောင် မုံရွာမြို့၏ နယ်နိမိတ် သည် အရှေ့လားသော် မီးရထားသံလမ်း၊ တောင်လားသော် စိန်လီအမှတ်(၂)သစ်စက်နှင့် ယခုမြို့ ပတ်လမ်း၊ အနောက်လားသော် ချင်းတွင်းမြစ်၊ မြောက်လားသော် ယခုအခေါ် ကန်သာယာ၊ မြစ်ရေ၀င်အင်းကြီး အထိဖြစ်သည်။ မြို့ဝင်ဂိတ်များအဖြစ် ၄င်းနယ်နိမိတ်များတွင် ဘန်ကာများ တည်ဆောက်ကာ မြို့လုံခြုံရေးအတွက် ရဲကင်းများစောင့်ကြပ်ချထားသည်။                မြန်မာပြည်လွတ်လပ်ရေးရပြီး တစ်ဆက်တည်းလက်နက်ကိုင် ရောင်စုံသူပုန်များ ထကြွ သောင်းကြမ်း လာခဲ