မင်းသမီး
ကျွန်မကို ၀က်မ လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို
တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး
မင်းသမီးကို အများရှေ့မှာ လူသိရှင်ကြား တောင်းပန်ပါ။ အဲလိုမှ
မဟုတ်ရင် မောင်မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်။
စာရေးဆရာ။ ။ ကောင်းပါပြီ တစ်ခုမေးပါရစေ တရားသူကြီးမင်း ခင်ဗျား
မင်းသမီးကို ၀က်မ လို့ ခေါ်တာ ကျွန်တော့မှာ အပြစ်ရှိတယ်ပေါ့။
တရားသူကြီး။ ။ ဟုတ်တယ်။ မခေါ်နိုင်ဘူး ထပ်ခေါ်ရင် ထပ်တရားစွဲခံရလိမ့်မယ်။
စာရေးဆရာ။ ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင် တရားဥပဒေနဲ့
စာရေးဆရာ။ ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင် တရားဥပဒေနဲ့
ငြိစွန်းပါသလားခင်ဗျာ
တရားသူကြီး။ ။ မငြိစွန်းပါဘူး
စာရေးဆရာ။ ။ ဒါဆို ၀က်မကို မင်းသမီးလို့ခေါ်ရင် ကျွန်တော့မှာ အပြစ်မရှိဘူးပေါ့နော်
တရားသူကြီး။ ။ ဟုတ်တယ် မရှိဘူး
စာရေးဆရာ။ ။ ကောင်းပါပြီဗျာ အများရှေ့မှာပဲ ကျွန်တော် တောင်းပန်ပါ့မယ်
ကဲ .. ဒီအမှုမှာ အနိုင်ရသွားတဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ် မင်းသမီး။
(Credit:မူလရေးသားသူအား လေးစားစွာဖြင့် ပြန်လည်ကူးယူဖော်ပြပါသည်။ )
Comments
Post a Comment