Posts

Showing posts from January, 2018

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၀)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃၀) နားလည်ရင် ကျေနပ်ပါပြီ မအေးလေး            ပေဖူးလွှာရဲ့" စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်း"ကဏ္ဍနဲ့ ပတ်သက်ပြီး အမြင်နှစ်မျိုးရှိနေကြတာ ကျွန်တော် တို့ တွေ့လာရပါတယ်။ တချို့က ၀ါရင့်စာပေပညာရှင်ကြီးတွေနဲ့ တွေ့ဆုံပေးခြင်းကို ဦးစားပေး သင့်တယ် လို့ ဆိုကြပြီး လူငယ်စာဖတ်ပရိသတ်ကျပြန်တော့လည်း သူတို့အကြိုက် လူငယ်၊ လူလတ် စာရေး ဆရာ၊ ဆရာမ တွေကို ဦးစားပေးစေချင်ကြပြန်ပါတယ်။ ဒီကဏ္ဍကို စပြီး စီစဉ်ကြကတည်းက စာဖတ်ပရိသတ် အရွယ်သုံးပါး စလုံး စိတ်ဝင်စားစေဖို့ ရည်ရွယ်ထားပြီးထားမို့ အလျဉ်းသင့်သလို တစ်လှည့်စီ သွားဖို့ စီစဉ် ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလမှာတော့ လူငယ် စာဖတ်ပရိသတ်တို့ရဲ့ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်ဖို့" မအေးလေး" နဲ့ တွေ့ဆုံပေးပါမယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၉)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၉)           ( စိတ္တရလေခါကို ဖတ်ရင် အဲဒီလောကအမြင်ကို တွေ့ရပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ဟာ အများအမြင် မှာ ကောင်းမှုပြုတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူ့ကောင်းမှုဟာ ကိုယ်ကျိုးနဲ့ ယှဉ်နေတယ်။ ပရဟိတ မပါဘူး။ နောက်တစ်ယောက်ကတော့ သူလုပ်တဲ့ အလုပ်ဟာ အများအမြင်မှာ မကောင်းမှုလို့ ထင်နေရ ပေမယ့် သူတစ်ပါးအတွက် ကိုယ်ကျိုးကို စွန့်လွှတ်တဲ့လူဖြစ်တယ်။ အဲဒီလူနှစ်ယောက်ဟာ ဘယ်သူ က မြင့်မြတ်သလဲဆိုတဲ့ ပြဿနာကို စိတ္တရလေခါမှာ တင်ပြထားတယ်။ ဒါပေမဲ့ ၀တ္ထုကို ဖတ်လိုက် ရင် အဖြေပေါ်ပြီးသားဖြစ်ပါတယ်။ အဲဒီအဖြေကို ကျွန်တော် သဘောကျတယ်။ လက်ခံတယ်။ ဒါကြောင့် မို့ မြန်မာပြန်တာပါ...။ ) မှ ဆက်ဖတ်ရန်.............

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၈)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၈) တတိယတံခါးမှ ပါရဂူ         စာဖတ်သူများ နဲ့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ လိုင်းပေါင်းစုံက စာရေးဆရာ၊ ဆရာမများနဲ့ တွေ့ဆုံပေးနိုင်ဖို့ စီစဉ် ထားတဲ့အတိုင်း ဒီလ ကျွန်တော် တွေ့ဆုံပေးရမယ့်သူက ဘာသာပြန် စာရေးဆရာတစ်ဦးဖြစ်တဲ့ "ဆရာပါရဂူ" ပါပဲ။ ဆရာပါရဂူ က ဘာသာပြန် စာရေးဆရာ ဆိုပေမယ့် တခြား ဘာသာပြန် စာရေးဆရာ တွေ ထက် ထူးခြားတဲ့ အရှေ့တိုင်းစာပေသီးသန့် ကို ဘာသာပြန်တဲ့သူဆိုတာ စာချစ်သူများ သိကြပြီးတဲ့ အတိုင်း ပါပဲ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၇)

Image
  ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၇)            ( " စုံထောက် ၀တ္ထုအကြောင်းပဲဖြစ်ဖြစ် စာပေရေးရာ၊ အနုပညာရေးရာနဲ့ ပတ်သက်ပြီး အနောက်တိုင်း ဘက်က ဖတ်ရှုမြင်တွေ့ ကြားနာဖူးတာတွေကို ရေးရင် မြန်မာဘက်မှာကော ဒါမျိုးတွေ မရှိ ဘူးလား၊ ရှိပါတယ်။ အဲဒါတွေ မထုတ်ဖော်ဘူးလား အစရှိသည်ဖြင့် ပြောကြတယ်။ ဘယ်သဘောနဲ့ ပြောကြ တာလဲ မသိပါဘူး။ အဲသလိုဆိုရင် မြန်မာစာကို မြတ်နိုးတယ်ဆိုတဲ့ သူတွေ ကိုယ့်ဆီ လာကြစမ်းပါ။ ဦးပုည တေးထပ်တွေ၊ ဇာတ်စကားတွေ၊ ကိုးခန်းပျို့ထဲက စာပုဒ်တွေ၊ ကိုယ်တော်မှိုင်း လေးချိုးတွေ ဘယ်လောက် များ နှုတ်အာရွရွ ရွတ်နိုင်ကြသလဲ။ ကိုယ်နဲ့ ပြိုင်ရွတ်ကြရအောင်။)

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၆)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၆) ယဉ်ကျေးမှုနှစ်ခု ပေါင်းကူးပေးသူ ခင်မျိုးချစ်                 စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း ကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ "စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်" ပဲ ဖြစ်ပါတယ်။ ဆရာမကြီးက မြန်မာမှု၊ မြန်မာ့ဓလေ့တွေကို နိုင်ငံခြားသားတွေ နားလည် နိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ ရေးပြီး သူတို့ ယဉ်ကျေးမှု၊ စာပေတွေကို မြန်မာ စာဖတ် ပရိသတ်တွေ နားလည်နိုင်အောင် မြန်မာစာပေနဲ့ တင်ပြပေးနေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က ဆရာမကြီး ကို "ယဉ်ကျေးမှုနှစ်ခု ပေါင်းကူးပေးသူ" လို့ပဲ တင်စားလိုက်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၅)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၅) အချစ်နဲ့ သူ၏ ကိုကို သုမောင်         သိတယ် မဟုတ်လား။ ဒီလ ကျွန်တော် တွေ့ဆုံပေးမယ့်သူက စာပေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာသုံးလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုကျော် "သုမောင်"လေ။ " အချစ်" ၀တ္ထုနဲ့ စာပေလောကမှာ အောင်မြင်မှု ရခဲ့ပြီး "အချစ်နဲ့ သူ၏ကိုကို" ရုပ်ရှင်ကားမှာ ပရိသတ် တွေ သူ့ကို လက်ခံအားပေးခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ဆရာသုမောင် တွေ့ဆုံပေးမယ့် ကဏ္ဍကို "အချစ် ၏ ကိုကို"လို့ပဲ ခေါင်းစီးတပ်ပေးလိုက်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၄)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၄) ပန်းတိုင်းပွင့်ပါစေ မောင်စွမ်းရည်       ၀တ္ထုရှည်၊ ၀တ္ထုတို ရေးတဲ့ စာရေးဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံပေးနေရာက ဒီလ တွေ့ဆုံမေးချင်တဲ့သူက ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာဖြစ်တဲ့ ဆရာ လမောင်စွမ်းရည်" ပါပဲ။ ဆရာမောင်စွမ်းရည်နဲ့ တွေ့ဆုံ ရာမှာ ကျွန်တော် အဓိကထား ဖတ်ခဲ့တာတွေကတော့ လစဉ်ထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်း ထဲက ဝေဖန်ရေး ဆောင်းပါးတွေနဲ့ ဆရာနဲ့ စာပေတိုက်ပွဲဝင်ခဲ့ကြတဲ့ တခြား စာရေးဆရာများရဲ့ ဆောင်းပါး တွေပါပဲ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၃)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၃) ကြူကြူသင်း သုံးဖက်မြင်၊ လေးဖက် လှစေဖို့         ၀တ္ထုရှည် လုံးချင်းဝတ္ထုတွေ ရေးနေကြတဲ့ စာရေးဆရာ၊ ဆရာမများနဲ့ တွေ့ဆုံပေးနေရာက ဒီလမှာတော့ ၀တ္ထုတို တွေကို ရေးအားသန်ပြီး ၀တ္ထုတိုပေါင်းချုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့တဲ့ စာရေးဆရာမ ကြူကြူသင်း နဲ့ တွေ့ဆုံပေးချင်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၂)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၂)                  အောင်ကျော်စည်နဲ့ ဆွေးနွေးတဲ့အတွက် "အဖတ်ပြဇာတ်" သဘောကို ကျုပ် ယုံကြည်လာတာဗျ။ သူက စင်တင်ပြဇာတ်ဟာ သူ့ဘာသာသူ စင်ပေါ်မှာနေ၊ အဖတ် ပြဇာတ်ဟာ စာအုပ်ထဲမှာ နေတဲ့အတွက် သီးခြား ဖြစ်ရမယ်။ အဲဒီသဘော ရှိတယ်။ အဖတ်ပြဇာတ် ဆိုရင်တော့ ပရိသတ်ကို အခုထက်များ စည်းရုံး နိုင်ပြီး ပြဇာတ်ဖတ် ပရိသတ် အခုထက် တိုးပွားစေချင်တဲ့ စေတနာပါပဲလေ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၁)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂၁) ဆီညော်ဈင်အောင် သို့မဟုတ် ကိုဆေးရိုး ဆင်ဖြူကျွန်းအောင်သိန်း          စာတည်းအဖွဲ့ က ပေးလိုက်တဲ့ လိပ်စာအတိုင်း ကျွန်တော် တွေ့ဆုံရမယ့် စာရေးဆရာ ရှိရာကို လိုက်လာ ခဲ့ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ ဆင်ခြေဖုံး မြို့သစ်တစ်မြို့ဖြစ်တဲ့ သာကေတမြို့ကိုပါပဲ။ ကျွန်တော် ဦးတည်လာနေတာက "အောင်သပြေ" လမ်း၊ ကားလမ်းတစ်ဖက်မှာ အိမ်တွေ အပြည့်ရှိနေပေမယ့် တစ်ဖက် မှာတော့ စိမ်းလဲ့နေတဲ့ လယ်ကွင်းတွေက ရှုမဆုံးအောင် ရှိနေတယ်။ မဟာရန်ကုန်မှ ဟုတ်ပါလေစ လို့ တွေးယူရလောက်အောင် မြင်ကွင်းက ပြောင်းလွန်းလှပါတယ်။ "အောင်သပြေ" ၅ လမ်း ထဲကို ၀င်လိုက်ပြီး ရေကန်ကြီးတစ်ခုအနား ရောက်ချိန်မှာတော့ ရက်ကန်းခတ်သံကိုပါ ကြားလိုက် ရပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂ဝ)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂ဝ) မြန်မာပြည် မြောက်ပိုင်းသို့တစ်ခေါက် နတ်နွယ်             "မြန်မာပြည်မြောက်ပိုင်း"၊ "တံခွန်တိုင်မောင်နှမများ" စတဲ့ ပင်ကိုရေးစာအုပ်တွေ၊ ဘာသာပြန် စာအုပ်ပေါင်း များစွာ နဲ့ စာချစ်သူများ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်တဲ့ ဆရာနတ်နွယ်နဲ့ တွေ့ဆုံပေးဖို့ စီစဉ် ထားပါတယ်။ ဆရာ ရေးခဲ့တဲ့ ၀တ္ထုတွေထဲက "မြန်မာပြည်မြောက်ပိုင်း"ကို ဂန္ထ၀င်စာပေရယ်လို့ စာပေညာရှင်အများစုက သတ်မှတ် ကြတာမို့ ဆရာနဲ့ ပထမဆုံး ဆွေးနွေးမိတာက ဂန္ထ၀င် စာပေဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက် လို့ ပါပဲ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၉)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၉) ပေဖူးလွှာ၏ သမီးပျို        စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း ကဏ္ဍမှာ အစဉ်တစိုက် တွေ့ဆုံပေးလာသူတွေကတော့ လုံးချင်းဝတ္ထု တွေ ရေးနေကြတဲ့ စာရေးဆရာ၊ ဆရာမတွေပါ။ စာဖတ်ပရိသတ်တွေ က မကြာခဏဆိုသလို မဂ္ဂဇင်း တွေမှာ ၀တ္ထုတို ၀တ္ထုရှည်တွေ ရေးနေကြတဲ့ စာရေးဆရာမတွေနဲ့လည်း တစ်လှည့် တွေ့ဆုံပေးပါဦးလို့ ဆန္ဒပြု လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ပေဖူးလွှာရဲ့ စာချစ်သူများ ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဒီလမှာ မဂ္ဂဇင်း ၀တ္ထုတို ၀တ္ထုရှည်တွေကို ရေးနေကြတဲ့ စာရေးဆရာမတွေထဲက ပေဖူးလွှာရဲ့ စင်တင် စာရေးဆရာမ တစ်ဦးဖြစ်လို့ ပေဖူးလွှာ၏ သမီးပျို လို့ခေါ်ဆိုနိုင်တဲ့ မြနှောင်းညို နဲ့ တွေ့ဆုံပေးဖို့ စီစဉ် ထားပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၈)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၈) ရေနံ့သာမှသည် မောင်သိန်းဆိုင်         ကျွန်တော် ဒီလ တွေ့ဆုံပေးမယ့်သူကတော့ လျှို့ဝှက်သည်းဖို ၀တ္ထုတွေနဲ့ နာမည်ရလာပြီး ၁၉၇၂ ခုနှစ် လောက် က မြန်မာစာဖတ်ပရိသတ်တွေ အသည်းစွဲခဲ့တဲ့ ဂန္ထ၀င်မြောက် ၀တ္ထုရှည်ကြီး တစ်ပုဒ်ကို ရေးခဲ့တဲ့ စာရေးဆရာ မောင်သိန်းဆိုင်ပဲ ဖြစ်ပါတယ်။ မောင်သိန်းဆိုင် ဆိုတာနဲ့ တစ်ပြိုင်နက် "ရေနံ့သာခင်ခင်ကြီး" ၀တ္ထုရှည်ကြီးကို မလွဲမသွေ သတိရမိကြမှာ ပါပဲ။ "ရေနံ့သာ"နဲ့ မောင်သိန်းဆိုင်၊ မောင်သိန်းဆိုင်နဲ့ "ရေနံ့သာ"က ခွဲခွာလို့ မရစကောင်းတဲ့ အမည် ဖြစ်နေ ပါပြီ။ စာဖတ်ပရိသတ် ရင်ထဲမှာ "ရေနံ့သာ"ကိုသာ အစွဲကြီး စွဲနေကြပေမယ့် ဆရာ ရေးခဲ့တဲ့ ၀တ္ထုတွေ ထဲမှာ "ရေနံ့သာ" လောက် ဇာတ်အိမ်မကြီးဘဲ ရသမြောက်တဲ့ ၀တ္ထုကောင်းတွေ အများကြီး ရှိပါ သေးတယ်။ ဥပမာ-"ပဆစ်အိမ်"ဆို့၊ "အမေနဲ့ သမီးများ"စတဲ့ ၀တ္ထုတွေ အများကြီးပါပဲ။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၇)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၇) မွှေးသည် ခင်နှင်းယုလား၊ ခင်နှင်းယုသည် မွှေးလား ခင်နှင်းယု         မကျွမ်းမီက လွမ်းနှင့်သည်လို့ ဆိုရလောက်အောင်ပဲ "မွှေး"ကို မရင်းနှီစးခင်ကတည်းက မွှေးဘ၀ကို သနား ခဲ့ မိပါတယ်။ မွှေးအကြောင်း အမေတို့ အခန်းဆက်ဝတ္ထုရှည် ဖတ်နေကြတုန်းက ကျွန်တော်က ၀တ္ထုနဲ့ မရင်းနှီး သေးတဲ့အရွယ် ဆိုတော့ အမေတို့ အပြောနဲ့ပဲ မွှေးကို သနားနေမိတယ်။ အတွတ်နဲ့ အမွှေးက ငယ် သူငယ်ချင်းတွေ။ အတွတ်က မွှေးကို "မကျည်းတန်" လို့ ခေါ်သတဲ့။ ကျောင်းနေဖက် ငယ်သူငယ်ချင်း တွေ ဖြစ်ပေ မယ့် အထက်တန်းကျောင်း တက်ရမယ်ဆိုတော့ မွှေးက ၀ါးခယ်မမှာပဲ ကျန်ရစ်ခဲ့ပြီး အတွတ် က ရန်ကုန်မှာ ကျောင်းသွားတက်တယ်။ ကျောင်းပိတ်ရက်အပြန်မှာ "ဖရက်ဒီ" ဆိုတဲ့ သူငယ်ချင်းတစ်ယောက် အတွတ်နဲ့ ပါလာရာကအစ မွှေးနဲ့ အဆက်အသွယ်ဖြစ်ပြီး ချစ်သူတွေ ဖြစ်သွား ကြတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများအပိုင်း (၁၆)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများအပိုင်း (၁၆) နှလုံးသားဖြင့် စကားပြောခြင်း            စာပေလောကထဲ ၀င်ရောက်လာပြီး နုလှသေးတဲ့ ကျွန်တော့် စာပေသက်တမ်းအတွင်းမှာ မဂ္ဂဇင်း အယ်ဒီတာ တွေ တာဝန်ပေးချက်အရ စတီရီယို အဆိုကျော်တွေ၊ တေးရေးသူတွေ၊ ရုပ်ရှင်မင်းသား မင်းသမီး တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ပေဖူးလွှာမဂ္ဂဇင်းမှာ တွေ့ဆုံပေးခြင်း၊ ကဏ္ဍ တာဝန်ယူရပြန်တော့ တစ်မူ ထူးခြားရ အောင် စာရေးဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံပေးရပြန်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၅)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၅) ပွင့် သို့မဟုတ် ကမ္ဘာစစ် မီးတောက်မီးလျှံများကြားမှာ မြန်မာခရစ်ယာန်မလေး ပွင့် မေတ္တာရှင်မလေး ပိုင် တရုတ်အမျိုးသမီးကလေး ပိုး မျိုးချစ်စိတ်ထက်သန်တဲ့ ကရင်မလေး ပုံ

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၃)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၃)   ဒီပုံ ကြည့်ပြီးမှ သူ့စာဖတ်ပါ စိန်ခင်မောင်ရီ ဒီပုံကို အရင်ကြည့်ပါဦး။ မှတ်မိပြီလား။ ဟုတ်ပါတယ်။ " ဒီစာဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ" ဆိုတဲ့ ဆရာစိန်ခင်မောင်ရီပါပဲ။ သတင်းစာဆရာဘ၀၊ မဂ္ဂဇင်း အယ်ဒီတာဘ၀၊ ရုပ်ရှင်ဝေဖန်ရေးသမားဘ၀နဲ့ စာဖတ်သူများ၊ သိရှိထားကြပြီးဖြစ်တဲ့ ဆရာ စိန်ခင်မောင်ရီ နဲ့ ဒီလ တွေ့ဆုံပေးဖို့ ပေဖူးလွှာ စာတည်းအဖွဲ့က ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ ဆရာနဲ့ တွေ့လျှင် တွေ့ချင်းပဲ ကျွန်တော် သိလိုတဲ့ အချက်ကို နိဒါန်းအစပျိုးဘဲ ပေးချလိုက်မိပါတယ်။ " ကျွန်တော် ပထမဆုံး သိချင်တာက ဆရာ့ကလောင်နာမည်နဲ့ ပတ်သက်လို့ပါပဲ။ "စိန်"ဆိုတဲ့ နာမည်ကို ဆိုင်းဆရာ ရွာစားတွေရဲ့ ရှေ့မှာပဲ တပ်လေ့တပ်ထ ရှိတာ တွေ့ရဖူးပါတယ်။ ဆရာ့ကလောင် နာမည်ရှေ့မှာ "စိန်" တပ်ထားတဲ့ အဓိပ္ပာယ် ဘယ်လို ရှိတယ်ဆိုတာ အရင်သိချင်ပါတယ် "

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၂)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၂)             " ဟို တစ်လောက ရုပ်ရှင်ကောင်စီမှာ မြန်မာ့ရုပ်ရှင်အရည်အသွေး ကျဆင်းမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တွေ လုပ်တာ ကြားလိုက်ရပါတယ်။ ဆရာ့အနေနဲ့ကော မြန်မာရုပ်ရှင်တွေ အရည်အသွေးကျဆင်းမှုနဲ့ ပတ်သက် ပြီး အဆင့်အတန်း မြင့်လာအောင် ဘာတွ လုပ်သင့်တယ်လို့ ထင်ပါသလဲ "

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၁)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၁)         " ကိုဝင်းငြိမ်း ဒီမေးခွန်းကို ကျွန်တော့မိန်းမရှေ့မှာ မမေးတာ တော်တော် ကံကောင်းတယ်၊ နို့မို့ရင် ဘယ်သူ တုံး၊ ဘယ်ဝါတုံးနဲ့ ရှုပ်ကုန်နိုင်တယ်။ ဒါက အရှင်းလေးပါဗျာ။ ယောက်ျားလေး ကိုးဆယ် ရာခိုင်နှုန်း လောက်ဟာ လူပျိုပေါက်အရွယ်မှာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသမီးများ ကတော့ ဒီကောင်လေး တွေကို ဟဲ့ကောင်လေး ဘာညာနဲ့ ပြီးသွားကြတယ်။ ချာတိတ်တွေက စိတ်လှုပ်ရှား သွားကြတယ်။ ဒါလောက်နဲ့ ပြီးသွားတာပဲ

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၀)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၁၀) ကင်မရာနှင့်စာရေးသူ သို့မဟုတ် စာရေးဆရာ     စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်းကဏ္ဍာမှာ ကျွန်တော်တို့ ကြိုတင်အစီရင်ခံထားတဲ့ အတိုင်း အလျဉ်းသင့် ဆောင်ရွက် နိုင်သော အခြေအနေအရ အလှည့်ကျ တွေ့ဆုံပေးနေရာမှာ ဒီလ တွေ့ဆုံပေးဖို့ ရွေးချယ် ထားတဲ့ အနုပညာရှင်ကတော့ ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ "မောင်ဝဏ္ဏ" ပဲ ဖြစ်ပါတယ်။ ဆရာမောင်ဝဏ္ဏ ကို တွေ့ဆုံ ဆွေးနွေးတဲ့နေရာမှာ စာပေရေးရာ ကိစ္စများသာမက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၉)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၉)              မလွှဲသာ မရှောင်လုပ်ရမယ်ဆိုရင် ဟောာပြောပွဲကို ပိုနှစ်သက်ပါတယ်။ အဲဒီဟောပြောပွဲတောင်မှပဲ ဟော ပြောမယ့် ပုဂ္ဂိုလ် ဟာ စာရေးဆရာဖြစ် ပြီးရောလို့ စီစဉ်တဲ့ ပွဲမျိုးတွေကို ကျွန်တော် စိတ်မ၀င် စားဘူး။ ဖြစ်နိုင်ရင် ကျွန်တော် တို့တောင် မပါချင်နေပါ၊ တက်ယ့် ဗဟုသုတရှိပြီးတော့ ရှေးမီ နောက်မီ ပုဂ္ဂိုလ်ကြီး တွေ၊ စာပေအရာမှာ နှံ့စပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ စာရေးဆရာ မဟုတ်ပေမယ့်  စာ အများကြီးဖတ်ထားတဲ့ ပုဂ္ဂိုလ် တွေပါ တက်ပြီး ပြောမယ်ဆိုရင် ဒါပရိတ်သတ်အတွက် အကျိုးရှိပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၈)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၈) ပြည်တော်ဝင် စနေမောင်မောင်နှင့် တွေ့ဆုံခြင်း(မင်းသိင်္ခ)      အင်္ဂလန်နိုင်ငံ ကို အလည်အပတ် ရောက်ရှိလာကြတဲ့ စာပေ၀ါသနာရှင် နိုင်ငံခြား ဧည့်သည်တိုင်း ဘေကာလမ်း က စုံထောက်ကြီး ရှားလော့စ်ဟုမ်း နေထိုင်သွားတဲ့ နေရာလို့ စာရေးဆရာကြီး ဆာအာသာကော်နင်ဒွိုင်းလ် က ဖော်ပြခဲ့တဲ့ အိမ်ကို သွားရောက်လည်ပတ် လေ့လာကြပါသတဲ့။ ဆရာကြီး ရဲ့ ဖန်တီးမှုက အောင်မြင်ပြောင်မြောက်တဲ့အတွက် တကယ်မရှိခဲ့ဖူးတဲ့ သူ့ဇာတ်ကောင် ကိုပဲ စာဖတ် ပရိသတ်က တကယ်ရှိခဲ့သယောင် စွဲလမ်းပြီး သွားရောက်ကြည့်ရှုကြတာ ဖြစ်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၇)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၇)  ဒေါ်ခင်ဆွေဦး ဝတ္ထုဝိညာဉ် ဝတ္ထုအသက်          ဒီလ တွေ့ဆုံပေးဖို့ စာတည်းအဖွဲ့က တာဝန်ပေးသူကတော့ လုံးချင်းဝတ္ထုပေါင်း ၅၁ အုပ်၊ ဝတ္ထုရှည် ပေါင်း ၁၀ ပုဒ်၊ ဝတ္ထုတိုအပုဒ်ပေါင်း ၃၀၀ ကျော် ရေးပြီးတဲ့ ဆရာမကြီး "ဒေါ်ခင်ဆွေဦး"ပဲဖြစ်ပါတယ်။ ဒေါ်ခင်ဆွေဦး ရဲ့စာရေးသက် ဟာ ၃၆-၃၇ နှစ်ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ လစဉ် အစီရင်ခံထားသ လိုပါပဲ။ တွေ့ဆုံပေးတဲ့နေရာမှာ စာရေးဆရာ၊ အနုပညာရှင်များနဲ့ ဝါစဉ်အရမဟုတ်ဘဲ စာတည်းအဖွဲ့ရဲ့ လုပ်ငန်း အဆင်ပြေမှုပေါ်မှာ မူတည်ပြီး တွေ့ဆုံပေးသွားမှာမို့ ဒီလမှပဲ ဒေါ်ခင်ဆွေဦးနဲ့ တွေ့ဆုံပေးခွင့် ကြုံရတာ ကို စာချစ်သူများ နားလည်သဘောပေါက်မယ်လို့ ယူဆပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၆)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၆)  ကလောင်ငယ်များကိုယ်စား        ပေဖူးလွှာမဂ္ဂဇင်းရဲ့ စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်း ကဏ္ဍမှာ ဘ၀သရုပ်ဖော်၊ အချစ်၊ ရာဇ၀င်၊ စုံထောက် စာရေးဆရာများ နဲ့ တွေ့ဆုံပေးခဲ့ပြီးတဲ့နောက် ဒီလတွေ့ဆုံပေးချင်တဲ့ သူက ကဗျာတွေ ၀တ္ထုတွေ ရေးတဲ့ လူငယ် စာရေးဆရာ မင်းလူ ပဲ ဖြစ်ပါတယ်။ စာချစ်သူများ သိကြပြီး ဖြစ်တဲ့အတိုင်း မင်းလူဟာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ အထွေးဆုံး သား ဖြစ်ပြီး ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ၊ စာရေးဆရာ ရုပ်ရှင်မင်းသား အဆိုကျော် သုမောင်၊ ရုပ်ရှင်မင်းသား မောင်ရူပ တို့ရဲ့ ညီထွေးပဲ ဖြစ်ပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၅) ဝင်းမောင်ထွန်းနှင့် တွေ့ဆုံခြင်း              ဇူလိုင်လ အတွက် "စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း" ကဏ္ဍမှာတွေဆုံပေးဖို့စာရေးဆရာကို ရွေးချယ် ကြတော့ ပေဖူးလွှာ စာတည်းအဖွဲ့က စာရေးဆရာ ဝင်းမောင်ထွန်းကို ရွေးချယ်ပေး လိုက်ပါတယ်။ စာတည်းအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အရ ဝင်းမောင်ထွန်းနဲ့ တွေ့ရမယ်ဆိုတော့ ဝင်းမောင်ထွန်းရဲ့ စာတွေကို ကျေညက်အောင် ဖတ်ဖို့လိုလာပါတယ်။

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၄) အရိပ်၏ အရိပ်            ပေးဖူးလွှာ စာချစ်သူများအတွက် ဒီလ တွေ့ဆုံပေးချင်တဲ့ သူကတော့ 'မစန္ဒာ' ပဲ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် အထိ လုံးချင်းဝတ္ထု ဆယ်အုပ် ရေးခဲ့တဲ့အထဲကစာဖတ်ပရိသတ်တွေ အသည်းစွဲခဲ့ကြတဲ့ သူ့ဝတ္ထု ဆယ်အုပ် ရေးခဲ့တဲ့ အထဲက စာဖတ်ပရိသတ်တွေ အသည်းစွဲခဲ့ကြတဲ့ သူ့ဝတ္ထုတွေ ကတော့...

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၃) ၀တ္ထုသည် အချစ်ဦး၊ သုတေသနသည် ငယ်ချစ် ပေဖူးလွှာရဲ့ စာချစ်သူများအတွက် ဒီလ တွေ့ဆုံးပေးဖို့ရွေးချယ်ထားတဲ့သူကတော့- နှလုံးသား မြို့ဟောင်း တူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ ပြောပြလိုက်ပါ့ ရှင်မွေ့လွန်းပွင့်ရယ် မိုးစက်ပွင့်သို့ တမ်းချင်း ခုတော့လည်း သူစိမ်းတွေလိုပါပဲလား တမ်းတခြင်းများစွာဖြင့်

ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂)

Image
ဝင်းငြိမ်း နှင့် စာရေးဆရာများ အပိုင်း (၂)        အဲဒီတော့ အဲဒီအချိန်မှာပဲ အမျိုးသမီး စာရေးဆရာမတစ်ယောက် ဖြစ်တဲ့ ဂျာနယ်ကျော် မမလေး ရေးတဲ့ ”သူမ”ဆိုတဲ့ ၀တ္တုကို ဖတ်လိုက်ရတယ်။ အဲဒီမှာ ဒီလိုပဲ ဘ၀အခက်အခဲ ပြဿနာ နဲ့ ရင်ဆိုင် နေရတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်လေ။ သက်သက်ဆိုတဲ့ မိန်းကလေးပေါ့။ ကိုဝင်းငြိမ်း လည်း ဖတ်ပြီးသား ဆို သိမှာပါ။ သူက သူ့အခက်အခဲ ဘဝ ပြဿနာကို ဘယ်လိုဖြေရှင်း သလဲဆိုတော့ သူ ကိုယ်တိုင် အစွမ်းအစ နဲ့ သူ့ခွန်အား ကို အားကိုးပြီးတော့ အိမ်တစ်အိမ်မှာ သူအိမ်စေ သွားလုပ်တယ်လေ။

ဝင်းငြိမ်းနှင့် စာရေးဆရာများ အပိုင်း (၁)

Image
ဝင်းငြိမ်းနှင့် စာရေးဆရာများ အပိုင်း (၁)  ကမ္ဘာကြီးနဲ့ ကိုင်ပေါက်မယ့် စမ်းစမ်းနွဲ့ (သာယာဝတီ)        ပေးဖူးလွှာရဲ့ တွေ့ဆုံခန်းမှာ စာပေလောက ကပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံရတဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ) ကလည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော် မေးသမျှ မညည်းမညူ ဖြေပေးခဲ့ပါတယ်။ ကျွန်တော် တို့ ဆွေးနွေးခဲ့သမျှ ပေဖူးလွှာစာချစ်သူများအတွက် ဖော်ပြပေးရရင်.... ''မမနဲ့ စာပေကိစ္စ ဆွေးနွေးစရာ အကြောင်းအရာကလေးတွေ မဆွေးနွေးခင်မှာ မမကိုယ်ရေးကိုယ်တာ လေး တချို့ကို ကျွန်တော်မေးချင်ပါသည်။ ကလောင်နာမည်မှာ (သာယာဝတီ)  ဆိုတာ ထည့်ထားပြီးသား မို့ သာယာဝတီ ဇာတိ ပဲ ဖြစ်မယ် ထင်ပါတယ်။

ဝင်းငြိမ်းနှင့် စာရေးဆရာများ

Image
ဝင်းငြိမ်းနှင့် စာရေးဆရာများ စာရေးဆရာများနဲ့ အမှတ်တရ        ၁၉၈၁ ခုနှစ်မှာ ဆရာဦးမြလှိုင်က ပေဖူးလွှာ မဂ္ဂဇင်းကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေရာမှာ ကျွန်တော့် ကိုလည်း တစ်တပ်တစ်အား ပါဝင်စေခဲ့သည်။ အင်တာဗျူးသန်တဲ့ ကျွန်တော့်ကို အင်တာဗျူးများ ရေးဖို့ တာဝန် ပေးခဲ့သည်။ ပထမဆုံး အင်တာဗျူးဖြစ်တာကတော့ စတီရီယိုအဆိုကျော်  ခင်မောင်တိုးပါပဲ။ ဒါပေမဲ့ အဲဒီ ကာလတုန်းက သပြေတေးမဂ္ဂဇင်းမှာ ကွယ်လွန်သူ ဆရာမောင်တည်ငြိမ်က အဆိုကျော် များနဲ့ အင်တာဗျူးနေချိန်ဖြစ်လို့ မဂ္ဂဇင်းတစ်အုပ်တစ်အုပ် ကွဲပြားစေချင်တဲ့ ဆန္ဒကြောင့် ဆရာဦးမြလှိုင်က ကျွန်တော့် ကို စာရေးဆရာများနဲ့ အင်တာဗျူးလုပ်ပါလို့ လိုင်းခွဲပေးခဲ့ပါတယ်။ ပထမဆုံး အင်တာဗျူးဖို့ ရွေးချယ် ပေးခဲ့သူက ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ဖြစ်ပါတယ်။