Posts

Showing posts from June, 2023

သူဇာပျို့

Image
သူဇာပျို့ ၄၃။   သုစိတ္တရာဇာ ၊ မည်သာတွင်ပြီး၊ မင်းသားကြီးလည်း၊ ဘုန်းမီးလျှံဖြာ၊ နန်းပွင့်လျာကို၊ ကြွလာဆောလျင်၊ ဝေးကမြင်သော်၊ ခဲအင်ရေးကတ်၊ ရာဇဝတ်ကို၊ ပျပ်ညွတ်ရွံ့ကြောက်၊ ထောက်သောအားဖြင့်၊ ဘဝါးပွင့်ဝါ၊ ရွှေစကြာကို၊ ထိပ်မှာတင်ခ၊ ဘုရာ့းကျွန်တော်၊ ထွေငေါ်ခြင်းရာ၊ လျှောက်ဝံ့ပါသည်၊ ဝင်းဝါပြောက်ပတ်၊ ရွှေတောင်ထွတ်ဝယ်၊ စုံနတ်ကညာ၊ ရတနာကို၊ ညီညာဝမ်းမြောက်၊ ဆောင်ခဲ့ရောက်၍၊ သာလျောက်ထူးဆန်း၊ တဲနန်းသဘင်၊ စီရင်ဖြဖြ၊ သို့ခဏတွင်၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျင်၊ မလည်မကွေ့၊ အိမ်ရှေ့ဘုရား၊ သို့သွားတည့်ချေ၊ လျှောက်နှင့်လေ၍၊ ဘုန်းနေထွန်းပ၊ ဘုရာ့သားတော်၊ ရွှင်ပျော်သာယာ၊ ကြွလာချေသည်၊ ရောက်တော့မည်ဟု၊ ထွေလည်တွေးထောက်၊ စာနှင့်လျှောက်သော်၊ ရွေမှောက်လူ့ဘ၊ ရာဇိန္ဒလည်း၊ ဒေါသမထင်၊ သာရွှင်စိတ်ကြည်၊ မေတ္တာစည်လျက်၊ လျှောက်သည်ကြောင်းစ၊ သင့်လှလေပြီ၊ သိင်္ဂီနန်းဆောင်၊ မောင်အိမ်ရှေ့မင်း၊ လျင်ပြင်းထိုမှာ၊ ရောက်သောခါကား၊ များစွာကြီးကျယ်၊ စီဘွယ်ရင်ခင်း၊ မကြွင်းလုံးခြုံ၊ ခပ်သိမ်းစုံကို၊ ကုံအောင်လျင်စွာ၊ စီရင်ပါဟု၊ ချိုသာပျံ့မွှန်း၊ မိန့်လိုက်မှန်းသည်။ ။   ရွှေခွန်းကြိုင်ကြိုင် ပျပျတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျ

လောကသာရပျို့

Image
လောကသာရပျို့ ၄၃။ မဟီပတိ၊ ယသဿိဟု၊ ပြည်ကြီ့းသခင်၊ စည်းစိမ်ဖြင်လျက်၊ ကျော်ထင်လူ့ပြည်၊ မင်းတို့သည်ကား၊ အရှည်မမြော်၊ မတော်မလျား၊ မေ့လျော့ငြား၍၊ တရားမစောင့်၊ မဖြောင့်မစင်း၊ အကျင့်ယွင်းမူ၊ ထိုမင်းလက်ထက်၊ မြေကြီးလျက်လည်း၊ သက်ခဲ့သြဇာ၊ အောက်မှာရွေ့လေ၊ ထဲတဘွေ၌၊ နေဘိရကား၊ အများပည်းဖြင်၊ ရောက်လှည့်ချင်လည်း၊ သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊ အမွန်ရသာ၊ သြဇာမရှိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆေးဝါးမှလည်း၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊ စားလေပါလည်း၊ အနာလွတ်ခဲ၊ ရွေ့ရွေ့ကဲလျက်၊ ကောင်းမြဲမကောင်း၊ မိုဃ်းသည်းအောင်း၍၊ သောင်းခဲ့ကောက်ပင်၊ ပျိုးမရှင်တည့်၊ ပြည့်ရှင်မင်းကြီး၊ တရားမှီးမူ၊ မြေကြီးရသာ၊ သြဇာတိုးတက်၊ ချိုမြက်သစ်သီး၊ အကြီးလုံးလှ၊ ဆေးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာမှတ်မိုဃ်းကောင်း၊ ကောက်မသောင်းတည့်၊ မင်းကောင်းတို့ကြောင့်၊ တရားစောင့်၍၊ ရှစ်သောင့်းမြေပြင်၊ ရန်ကိုသင်လျက်၊ ပြည်တွင်းပြည်သူ၊ ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုဃ်းကြီး ရွာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၂။   ရည်တိုင်းကျကျ ၊ ကြော့မိရ၍၊ တီးတွမညှာ၊ ယူခဲ့ပါပြီ၊ သာသည်အံ့လောက်၊ ရွှေမြို့မြောက်ဝယ်၊ စောင့်ရှောက်သေချာ၊ ရှိရစ်ပါဟု၊ ရှိကြာလက်မြှောက်၊ ဝံ့ရဲလျှောက်သော်၊ ဝမ်းမြောက်ပြင်းစွာ၊ နန်းပွင့်လျာကား၊ ရတနာပြိုးပြက်၊ ဝေါတော်ထက်က၊ ဆင်းသက်အလျင်၊ ပြေးချင်ယူးမူး၊ ရွှင်ပျမြူး၍၊ ဝေါမှူးဝေါတော်၊ ကျိုင်းတော်လှည့်စေ၊ သံခြေနှုတ်တော်၊ ဖျော်ဖျော်ဖျောမျှ၊ မိန့်ဟလည်းဆို၊ မူဆိုးကိုလည်း၊ ကြည်ညိုသာမြေ့၊ ချဉ်း၍လိုက်လှည့်၊ ပြောတည့်သိအောင်၊ ရွှေတောင်စံနတ်၊ လှမြတ်ယဉ်နု၊ ခုဘယ်မှာလည်း၊ ပျံ့ဖြည်းသာချို၊ ထပ်ထပ်ဆိုသော်၊ နဂိုရ်အောင်မျို့၊ ရွှေမြို့မြောက်မှာ၊ မင်္ဂလာအာပဏ၊ ဈေးမရှေ့တွင်၊ သဘင်တခု၊ ရုံးစုများဘိ၊ ယခုရှိ၍၊ သေဋ္ဌိနဂိုရ်၊ မြို့ကိုစားရ၊ သုစိတ္တနှင့်၊ တရုဏရွာစိုး၊ သူကြီးရိုးသည်၊ မြတ်နိုးလွန်စွာ၊ လိုက်ပို့လှာ၍၊ နေရာတဲနန်း၊ လုံးပန်းစီရင်၊ မြဲပင်စောင့်နေ၊ ကြရစ်လေဟု၊ သံခြေလျင်လျား၊ လျှောက်လေငြားသော်၊ စိတ်အားကြီးလှ၊ ကြွကြွကျိုးကျိုး၊ ပီတိဖြိုးလျက်၊ မူဆိုးငါ့ကျွန်၊ လူလွန်လူကျူး၊ အထူးအပြား၊ အသနားသော်၊ ထင်ပေါ်ထူးလည်၊ ခံရမည်ဟု၊ မိန့်သည်ဖြော်ဖြော်၊ တိုးတိုးဆော်လျက်၊ မူးမော်အားရ၊ သွားလေကြ၍၊ ခဏမနေ၊ တိုင်ရောက်လေသည်။

လောကသာရပျို့

Image
လောကသာရပျို့ ၄၂။ ၀သုန္ဓရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးညွှန်၊ ကုသိုလ်မွန်၍၊ ခါတန်ချိန်သင့်၊ ပန်းနယ်ပွင့်လျက်၊ ရင့်သည့်တေဇ၊ တန်ခိုးပသည့်၊ လူမျာ့းမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစေအောင်၊ ပြည်မှုဆောင်လျက်၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလည်းမှန်၊ ချိန်ခွင်ဟန်သို့၊ ဧကန်ကျကျ၊ မေးမြန်းမှလျှင်၊ မိဘမရွေး၊ ရှုံးနိုင်ပေးလော့၊ အရေးအလျောက်၊ မဘောက်မပြန်၊ ကျမ်း၌ညွှန်သည်၊ ရှေးလွန်နည်းမှီး၊ ထုံးတီးမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ဘွင်းဘွင်း၊ ကြံထိုးထွင်း၍၊ စင်းစင်းမတ်မတ်၊ တရားဖြတ်သည်၊ လူနတ်ကောင်းခြီး ငြာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၁။   ဇေယျပူရ ၊ ပြည်မမင်းနေ၊ သို့ရောက်လေ၍၊ အောင်မြေမှန်တည်၊ နတ်ပြည်ဆိုလောက်၊ ရွှေမြို့မြောက်ဝယ်၊ လျှံတောက်ထွန်းပ၊ ဝေါတော်ချ၍၊ ပတ်မျှဒိုင်းလွှား၊ ရံထားစောင့်နေ၊ ကချေသဘင်၊ ငါးအင်တူရိယ၊ သီ,က တထွေ၊ မင်းနေတဲတော်၊ ဖျော်ဖျော်ဖျမျှ၊ သုစိတ္တရာဇာ၊ ရေးရာမြှော်တင်း၊ စီရင်တွင်းတွင်၊ လျင်ပြင်းမဆည်၊ မူဆိုးသည်ကား၊ ဘုန်းခြည်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ မဟာဥပရာဇာ၊ မည်သာပျံ့ရွှင်း၊ အိမ်ရှေ့မင်းသို့၊ ကြောင်းခြင်းလျှောက်ချင်၊ မြို့သို့ဝင်သော်၊ ထိပ်တင်နန်းလျာ၊ ဥပရာကား၊ သံဝါကျွတ်၍၊ သီတင်းနေ့ဝယ်၊ ဘုန်းဟေ့မြတ်ကျော်၊ ခမည်းတော်အား၊ ပူဇော်နှစ်သက်၊ ကန်တော့တက်မှ၊ အထွက်ညနေ၊ နှင့်ကြိမ်လေသော်၊ ဝ့နေမကြာ၊ လက်ျာတော်က၊ မြောက်လမ်းဝဝယ်၊ တုချပုဆစ်၊ လျှောက်လစ်ဝံ့စား၊ ထွက်ဘုရား ...၊ ထိပ်ထားရှေ့မှောက်၊ ဘုန်းတော်တောက်၍၊ ဖြိုးမောက်မြင့်ခေါင်၊ ရွှေတောင်ဘုံထွတ်၊ နန်းပြသာဒ်ဝယ်၊ ကြီးမြတ်ဘုန်းရှိန်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်၏၊ ရင်နှစ်သည်းကြား၊ ခုနှစ်ပါးတို့၊ ကစားသာရွှင်၊ သဘင်ရေမှာ၊ စံကြရာတွင်၊ ဘွေရှာစုတတ်၊ ကြော့ကွင်းမြတ်နှင့်၊ လက်လွတ်ကျွန်တော်၊ ပစ်ကြော့သော်တည့်၊ လှကျော်စံလွတ်၊ ထွေးနှောင်းနတ်ကို၊ ရစ်ပတ်မြဲလှ၊ ကြော့မိရသည်။ ။   စိတ်ကရ

အမြန်ဆက်သွယ်ပါ

Image
အမြန်ဆက်သွယ်ပါ                ဟိုတစ်နေ့က အိပ်ယာနိုးတော့ ဘာလိုလိုနဲ့ အသက်က(၄၂)နှစ် ပြည့်သွားပြီလို့ သတိပြုမိသွားတယ်။ အဲဒီနေ့က မွေးနေ့ကိုး။ အိပ်ယာထဲက မထသေးဘဲ ဟိုဒီစဉ်းစားရင်း ညက အိပ်မက်ကို သွား သတိရတယ်။ ဒါနဲ့ သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုးပြီး မဒီစံ ချက်ပြုတ်နေတဲ့ မီးဖိုးချောင်ထဲ ဝင်သွားလိုက်တယ်။ သူပြင်ထားတဲ့ မနက်စာလေး ယူတော့ ကျွန်တော့ကို တစ်ချက်ကြည့်တယ်။ ဘယ်ရမလဲ ဒီက မျက်နှာကို အစွမ်းကုန် ဖြီးထားတာပေါ့။

လောကသာရပျို့

Image
လောကသာရပျို့ ၄၁။ အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမတင်၊ ကမ်းမမြင်သား၊ ရေပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းတို့၊ စင်းလျင်းမချာ၊ စီးဝင်လာသို့၊ ချမ်းသာဆိုက်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ဝတ်စားတန်ဆာ၊ ရတနာတို့၊ မကြာမတင်၊ ရောက်လာကျင်၏၊ လိုချင်သမှု၊ မပြုလေကျင်၊ ပြည်ကြီးရှင်တို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကား၊ တရာ့တစင်း၊ ထီးဆောင်းမင်းကို၊ လက်ရင်းကြပ်သို၊ ကျွန်ပြုလိုရှင့်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊ မရောင့်ရဲတည့်၊ ပြည်ထဲသနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၍၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခက်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်၍၊ ထိန်းမှတ်မင်းစား၊ တချို့ထားလော့၊ အများကျွေးမွေး၊ ဝေငှပေးသည်၊ ကျင့်ရေးတတ် လိမ်မာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၀။   သူဇာရွှေဥ ၊ မင်းယဉ်နုကို၊ စတုမုခ၊ သာလာ့မည်တွင်၊ သာသည်ရိပ်ကျယ်၊ စရပ်လယ်ထက်၊ ငြိမ်သက်ပန်းဖြေ၊ နားနေစေပြီး၊ ပန်းကြီးမှုဝန်၊ ကျေးစွန်ရွာသား၊ တို့လျောက်လျားဖြင့်၊ ခန့်ထားစီရင်၊ ထမ်းစင်ပေါင်းကုပ်၊ ဖူးအုပ်အလွယ်၊ ရွှေငွေချယ်နှင့်၊ ထိုဝယ်နေသည်၊ အသည်သမီး၊ ဖြင်ညီးခြွေရွေ၊ ရံလိုက်စေလျက်၊ နေနေနားနား၊ ရွာစဉ်အားဖြင့်၊ သွားသည်ရှိသော်၊ ထင်ပေါ်နီးဝေး၊ သေဋ္ဌေးများစွာ၊ နေရာမှန်ဘိ၊ သေဋ္ဌိနဂရ၊ စည်လှပျော်လောက်၊ မြို့သို့ရောက်၍၊ ကျော်ချောက်ထင်ရှား၊ ထိုမြို့စားသည်၊ စိတ်ထားရင်းလှ၊ သုစိတ္တဟု၊ နာမမည်ရင်း၊ ရှိသည်မင်းလျှင်၊ လျင်ပြင်းစီရင်၊ ကြွလမ်းခွင်ကို၊ သုတ်သင်လှည်းခတ်၊ ရာဇမှတ်လည်း၊ မပြတ်စဉ်ဆက်၊ ကာစေလျက်လျှင်၊ ကြံငှက်ပျော်လျဉ်၊ စီစဉ်စိုက်ထား၊ ရများဆွဲလွှင့်၊ စင်နှင့်ရေကြည်၊ အိုးပြည့်တည်၍၊ သာသည်စုံအင်၊ တန်ဆာဆင်မှ၊ မင်းရှင်သူဇာ၊ နုအူဝါကို၊ ရတနာမျက်ရှင်၊ စီစင်တပ်မတ်၊ ဝေါတုလွတ်ထက်၊ တင့်မြတ်ယဉ်နေ၊ စံပယ်စေ၍၊ အုတ်တွေဖြင်ညီး၊ မတ်သမီးတည့်၊ ထံနီးရံခ၊ လိုက်စေရ၏၊ သုစိတ္တရာဇာ၊ ကိုယ်ကြပ်ပါလျက်၊ မင်္ဂဘာအောင်မျို့၊ ဇေယျာမြို့သို့၊ ညွတ်ကြို့ရိုသေ၊ ဆောင်သွားလေသည်။ ။   နားနေစခန်း ချချတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒ

လောကသာရပျို့

Image
လောကသာရပျို့ ၄၀။ ဗာဟုဗလ၊ စသည်တွက်ရေ၊ အားငါးထွေကား၊ ရေမြေသနင်း၊ မင်းတို့၌သာ၊ ပြည့်စုံရာဟု၊ မြတ်စွာဘုရား၊ သုံးလူ့ဖျားလျှင်၊ ဟောထားမိန့်မြွက်၊ ရွှေနှုတ်ထွက်ဖြင့်၊ မယွက်စေအောင်၊ ကျေးဇူးဆောင်၍၊ လူဘောင်လူ့ထွတ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်ဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အားငါးမည်တွင်၊ အထွတ်တင်သား၊ မျက်ရှင်အလား၊ ပညာအားလျှင်၊ စီးပွားမြင်နိုင်၊ အခေါင်တိုင်၏၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးဝယ်၊ အမှူးစင်စစ်၊ ရှေ့သွားဖြစ်၍၊ အပြစ်ခွာရှောင်၊ အကျိုးဆောင်သား၊ အခေါင်ပညာ၊ မတ်လိမ်မာကို၊ စေပါသုံးစွဲ၊ ကိုယ်၌မြဲက၊ ငရဲမလား၊ ရှေ့ရှုသွားလျက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်သည်၊ သမန္တစက်၊ အမြင်နက်သား၊ ဘွားဘက်ပညာ၊ မတ်လိမ်မာကို၊ ဆရာတဆူ၊ ခိုင်းပဲ့မူလျှက်၊ ဆုံးမခက်သား၊ သူပျက်သုံးယောက်၊ ပါယ်မကြောက်ကို၊ နှင်ချောက်ခြိမ်းမောင်း၊ စကားတောင်းလျက်၊ ပြောင်းစေညက်ညက်၊ မျက်နှာဖျက်၍၊ ရန်မက် မညှာတာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၃၉။   အရင့်သင်္ချေ ၊ တွက်ရေမနိုင်၊ ဖြီးလှိုင်အထု၊ အနုသင်္ချာ၊ ရေးရာမသီး၊ ဖြင်ညီးခပ်မျှ၊ ကြွယ်ကုံငသည်၊ မင်းလှသူဇာ၊ အူရွမှာလည်း၊ သာသာဂါမ၊ တရုဏသို့၊ ပန်းလျမူးဝေ၊ ရောက်တုံလေသော်၊ ရွာနေရှင်လူ၊ သွားသူလာသား၊ ယောက်ျားမိန်းမ၊ လုကြဘနန်း၊ ပတ်ပတ်ဝန်း၍၊ ပင်ပန်းလျက်ပင်၊ ညှိုးရုပ်သွင်ကို၊ မြင်မြင်သသူ၊ သည်းအူပြတ်မျှ၊ သနားလှ၍၊ ခေါ်ကြစိုက်စက်၊ စုံမက်တချို့၊ နှစ်လို့ရွှင်ပျ၊ ရှုကြတသွယ်၊ သည်မင်းငယ်သည်၊ နွမ်းနယ်ပူပင်၊ သို့ကိုစင်လျက်၊ ရွှင်ရွှင်လှမျိုး၊ မိုးထက်မိုး၏၊ တင့်နိုးပြုပြင်၊ ထုံးမြိတ်လျှင်ကား၊ ရွှန်းရွှင်လှချက်၊ မိုးထက်မိုးထက်၊ ဆင့်ဆင့်တက်၍၊ သိပ်နှက်များလှ၊ မြင်သမျှပင်၊ ရာဂပြင်းထန်၊ ဇောငါးတန်သို့၊ ဧကန်မသွေ၊ ရောက်ရာလေဟု၊ စိတ်နေရှိလျောက်၊ ဆိုချီးမြှောက်လျက်၊ နောက်ရောက်အထပ်၊ ကိုယ်ချင်းကြပ်မျှ၊ ကြည့်ကုန်ကြသော်၊ တရုဏရွာစိုး၊ ကြီးရိုးစဉ်လာ၊ ဂါမဏိမည်၊ တွင်သူသည်လျှင်၊ မဆည်မကြာ၊ လျင်ဆောလာ၍၊ ထပ်ကာဝပ်လျား၊ လူအများကို၊ ပယ်ရှားရွတ်ရွတ်၊ ရိုက်ခတ်ခြိမ်းကာ၊ နှင်ဖြိုခွာမှ၊ သူဇာမည်ထင်၊ မင်းလှရှင်ကို၊ ခေါ်ငင်လျှောက်ထား၊ ရိုညွတ်တွားသည်။ ။   သာဖြားပျပ်ပျပ် ခခတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုး