လောကသာရပျို့
၄၃။ မဟီပတိ၊ ယသဿိဟု၊ ပြည်ကြီ့းသခင်၊ စည်းစိမ်ဖြင်လျက်၊
ကျော်ထင်လူ့ပြည်၊ မင်းတို့သည်ကား၊ အရှည်မမြော်၊ မတော်မလျား၊ မေ့လျော့ငြား၍၊ တရားမစောင့်၊
မဖြောင့်မစင်း၊ အကျင့်ယွင်းမူ၊ ထိုမင်းလက်ထက်၊ မြေကြီးလျက်လည်း၊ သက်ခဲ့သြဇာ၊ အောက်မှာရွေ့လေ၊
ထဲတဘွေ၌၊ နေဘိရကား၊ အများပည်းဖြင်၊ ရောက်လှည့်ချင်လည်း၊ သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊
အမွန်ရသာ၊ သြဇာမရှိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆေးဝါးမှလည်း၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊
စားလေပါလည်း၊ အနာလွတ်ခဲ၊ ရွေ့ရွေ့ကဲလျက်၊ ကောင်းမြဲမကောင်း၊ မိုဃ်းသည်းအောင်း၍၊ သောင်းခဲ့ကောက်ပင်၊
ပျိုးမရှင်တည့်၊ ပြည့်ရှင်မင်းကြီး၊ တရားမှီးမူ၊ မြေကြီးရသာ၊ သြဇာတိုးတက်၊ ချိုမြက်သစ်သီး၊
အကြီးလုံးလှ၊ ဆေးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာမှတ်မိုဃ်းကောင်း၊ ကောက်မသောင်းတည့်၊
မင်းကောင်းတို့ကြောင့်၊ တရားစောင့်၍၊ ရှစ်သောင့်းမြေပြင်၊ ရန်ကိုသင်လျက်၊ ပြည်တွင်းပြည်သူ၊
ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုဃ်းကြီး ရွာစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment