သူဇာပျို့
၃၉။ အရင့်သင်္ချေ၊ တွက်ရေမနိုင်၊ ဖြီးလှိုင်အထု၊ အနုသင်္ချာ၊ ရေးရာမသီး၊ ဖြင်ညီးခပ်မျှ၊ ကြွယ်ကုံငသည်၊ မင်းလှသူဇာ၊ အူရွမှာလည်း၊ သာသာဂါမ၊ တရုဏသို့၊ ပန်းလျမူးဝေ၊ ရောက်တုံလေသော်၊ ရွာနေရှင်လူ၊ သွားသူလာသား၊ ယောက်ျားမိန်းမ၊ လုကြဘနန်း၊ ပတ်ပတ်ဝန်း၍၊ ပင်ပန်းလျက်ပင်၊ ညှိုးရုပ်သွင်ကို၊ မြင်မြင်သသူ၊ သည်းအူပြတ်မျှ၊ သနားလှ၍၊ ခေါ်ကြစိုက်စက်၊ စုံမက်တချို့၊ နှစ်လို့ရွှင်ပျ၊ ရှုကြတသွယ်၊ သည်မင်းငယ်သည်၊ နွမ်းနယ်ပူပင်၊ သို့ကိုစင်လျက်၊ ရွှင်ရွှင်လှမျိုး၊ မိုးထက်မိုး၏၊ တင့်နိုးပြုပြင်၊ ထုံးမြိတ်လျှင်ကား၊ ရွှန်းရွှင်လှချက်၊ မိုးထက်မိုးထက်၊ ဆင့်ဆင့်တက်၍၊ သိပ်နှက်များလှ၊ မြင်သမျှပင်၊ ရာဂပြင်းထန်၊ ဇောငါးတန်သို့၊ ဧကန်မသွေ၊ ရောက်ရာလေဟု၊ စိတ်နေရှိလျောက်၊ ဆိုချီးမြှောက်လျက်၊ နောက်ရောက်အထပ်၊ ကိုယ်ချင်းကြပ်မျှ၊ ကြည့်ကုန်ကြသော်၊ တရုဏရွာစိုး၊ ကြီးရိုးစဉ်လာ၊ ဂါမဏိမည်၊ တွင်သူသည်လျှင်၊ မဆည်မကြာ၊ လျင်ဆောလာ၍၊ ထပ်ကာဝပ်လျား၊ လူအများကို၊ ပယ်ရှားရွတ်ရွတ်၊ ရိုက်ခတ်ခြိမ်းကာ၊ နှင်ဖြိုခွာမှ၊ သူဇာမည်ထင်၊ မင်းလှရှင်ကို၊ ခေါ်ငင်လျှောက်ထား၊ ရိုညွတ်တွားသည်။ ။ သာဖြားပျပ်ပျပ် ခခတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment