သူဇာပျို့
၄၂။ ရည်တိုင်းကျကျ၊ ကြော့မိရ၍၊ တီးတွမညှာ၊ ယူခဲ့ပါပြီ၊
သာသည်အံ့လောက်၊ ရွှေမြို့မြောက်ဝယ်၊ စောင့်ရှောက်သေချာ၊ ရှိရစ်ပါဟု၊
ရှိကြာလက်မြှောက်၊ ဝံ့ရဲလျှောက်သော်၊ ဝမ်းမြောက်ပြင်းစွာ၊ နန်းပွင့်လျာကား၊
ရတနာပြိုးပြက်၊ ဝေါတော်ထက်က၊ ဆင်းသက်အလျင်၊ ပြေးချင်ယူးမူး၊ ရွှင်ပျမြူး၍၊ ဝေါမှူးဝေါတော်၊
ကျိုင်းတော်လှည့်စေ၊ သံခြေနှုတ်တော်၊ ဖျော်ဖျော်ဖျောမျှ၊ မိန့်ဟလည်းဆို၊
မူဆိုးကိုလည်း၊ ကြည်ညိုသာမြေ့၊ ချဉ်း၍လိုက်လှည့်၊ ပြောတည့်သိအောင်၊
ရွှေတောင်စံနတ်၊ လှမြတ်ယဉ်နု၊ ခုဘယ်မှာလည်း၊ ပျံ့ဖြည်းသာချို၊ ထပ်ထပ်ဆိုသော်၊
နဂိုရ်အောင်မျို့၊ ရွှေမြို့မြောက်မှာ၊ မင်္ဂလာအာပဏ၊ ဈေးမရှေ့တွင်၊ သဘင်တခု၊
ရုံးစုများဘိ၊ ယခုရှိ၍၊ သေဋ္ဌိနဂိုရ်၊ မြို့ကိုစားရ၊ သုစိတ္တနှင့်၊ တရုဏရွာစိုး၊
သူကြီးရိုးသည်၊ မြတ်နိုးလွန်စွာ၊ လိုက်ပို့လှာ၍၊ နေရာတဲနန်း၊ လုံးပန်းစီရင်၊
မြဲပင်စောင့်နေ၊ ကြရစ်လေဟု၊ သံခြေလျင်လျား၊ လျှောက်လေငြားသော်၊ စိတ်အားကြီးလှ၊
ကြွကြွကျိုးကျိုး၊ ပီတိဖြိုးလျက်၊ မူဆိုးငါ့ကျွန်၊ လူလွန်လူကျူး၊ အထူးအပြား၊
အသနားသော်၊ ထင်ပေါ်ထူးလည်၊ ခံရမည်ဟု၊ မိန့်သည်ဖြော်ဖြော်၊ တိုးတိုးဆော်လျက်၊
မူးမော်အားရ၊ သွားလေကြ၍၊ ခဏမနေ၊ တိုင်ရောက်လေသည်။ ။ စိတ်နေရွှင်ရွှင် ရွရွတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment