သူဇာပျို့

သူဇာပျို့

၄၃။ သုစိတ္တရာဇာ၊ မည်သာတွင်ပြီး၊ မင်းသားကြီးလည်း၊ ဘုန်းမီးလျှံဖြာ၊ နန်းပွင့်လျာကို၊ ကြွလာဆောလျင်၊ ဝေးကမြင်သော်၊ ခဲအင်ရေးကတ်၊ ရာဇဝတ်ကို၊ ပျပ်ညွတ်ရွံ့ကြောက်၊ ထောက်သောအားဖြင့်၊ ဘဝါးပွင့်ဝါ၊ ရွှေစကြာကို၊ ထိပ်မှာတင်ခ၊ ဘုရာ့းကျွန်တော်၊ ထွေငေါ်ခြင်းရာ၊ လျှောက်ဝံ့ပါသည်၊ ဝင်းဝါပြောက်ပတ်၊ ရွှေတောင်ထွတ်ဝယ်၊ စုံနတ်ကညာ၊ ရတနာကို၊ ညီညာဝမ်းမြောက်၊ ဆောင်ခဲ့ရောက်၍၊ သာလျောက်ထူးဆန်း၊ တဲနန်းသဘင်၊ စီရင်ဖြဖြ၊ သို့ခဏတွင်၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျင်၊ မလည်မကွေ့၊ အိမ်ရှေ့ဘုရား၊ သို့သွားတည့်ချေ၊ လျှောက်နှင့်လေ၍၊ ဘုန်းနေထွန်းပ၊ ဘုရာ့သားတော်၊ ရွှင်ပျော်သာယာ၊ ကြွလာချေသည်၊ ရောက်တော့မည်ဟု၊ ထွေလည်တွေးထောက်၊ စာနှင့်လျှောက်သော်၊ ရွေမှောက်လူ့ဘ၊ ရာဇိန္ဒလည်း၊ ဒေါသမထင်၊ သာရွှင်စိတ်ကြည်၊ မေတ္တာစည်လျက်၊ လျှောက်သည်ကြောင်းစ၊ သင့်လှလေပြီ၊ သိင်္ဂီနန်းဆောင်၊ မောင်အိမ်ရှေ့မင်း၊ လျင်ပြင်းထိုမှာ၊ ရောက်သောခါကား၊ များစွာကြီးကျယ်၊ စီဘွယ်ရင်ခင်း၊ မကြွင်းလုံးခြုံ၊ ခပ်သိမ်းစုံကို၊ ကုံအောင်လျင်စွာ၊ စီရင်ပါဟု၊ ချိုသာပျံ့မွှန်း၊ မိန့်လိုက်မှန်းသည်။ ။ ရွှေခွန်းကြိုင်ကြိုင် ပျပျတည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း