Posts

Showing posts from January, 2017

ဖေဖေပြန်လာရင်

Image
 ဖေဖေပြန်လာရင်         ကျွန်တော်ငယ်စဉ်က တစ်ဦးတစ်ယောက်ပြန်လာမည်ကို စောင့်မျှော်ခဲ့ဖူးသည်။ ထိုသူသည် ကျွန်တော်၏ ဖေဖေဖြစ်သည်။ ဖေဖေပြန်လာသည့်အခါ ကျွန်တော်တို့၏ လိုအင်ဆန္ဒတို့ အပြည့်အဝ မဟုတ်ခဲ့လျှင်သော်မှ အချို့အဝက်သောအရာတို့ကို ဖြည့်စွမ်းပေးသည်သာ ဖြစ်သည်။

ဝိုက်ချလား မောက်ချလား

Image
မောင်ခင်မင် (ဓနုဖြူ) – ဝိုက်ချလား မောက်ချလား             တစ်နေ့ တွင် တူတော်မောင် က သူ့မိတ်ဆွေ တစ်ယောက် ကို ခေါ်လာသည်။ သူ့အရွယ် လူငယ် တစ်ယောက် ဖြစ်သည်။ ကျွန်တော် နှင့် မိတ်ဆက် ပေးပြီး “သူ က ကွန်ပျူတာသုံး မြန်မာစာစနစ် ကို လေ့လာနေတာပါ။ မြန်မာ စာလုံးတွေ ရေးပုံနဲ့ ပတ်သက်ပြီး ဦးကို မေးချင်တာတွေရှိတယ် ပြောလို့ ခေါ်လာတာပါ ဦး” ဟု ရှင်းပြသည်။

ဘဝသင်ခန်းစာ(၆၀)

Image
ဘဝသင်ခန်းစာ(၆၀) တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။ “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ” “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက

ဒိုင်ယာရီ

Image
ဒိုင်ယာရီ           ကျွန်တော်သည် အသက်(၂၀)ဝန်းကျင်ခန့်မှစ၍ ဒိုင်ယာရီရေးရန် ကြိုးစားခဲ့ဖူးသည်။ အဆုံးထိ မရေးဖြစ်ခဲ့သည်က များသည်။           စာကြောင်းတော်တော်များများ ရေးမှတ်ဖူးသည့် စာအုပ်တစ်အုပ် ရှိခဲ့ဖူးသည်။ လူပျိုဘဝမှတ်စုဖြစ်၍ ပိုးပမ်းခဲ့ဖူးသည့် ကောင်မလေးများအကြောင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးနောက် ထိုဒိုင်ယာရီလေးကို စုတ်ဖြဲကာ အိမ်ရှေ့ရှိ ရေပုပ်ကျင်းထဲတွင် ပစ်ခဲ့ရဖူးသည်။ တစ်ချိန် အမျိုးသမီးက ဖတ်မိ၍ လှောင်ပြောင်ခံရမှာ စိုးရိမ်မိ၍လည်း တစ်ကြောင်း ဖြစ်သည်။