Posts

Showing posts from June, 2017

ငါမြင်ခဲ့တယ်

Image
ငါမြင်ခဲ့တယ် ဆိုရိုးရှိတယ် မပြီးခင် ဗမာမမြင်စေနဲ့တဲ့... ဒါပေမယ့် ငါမြင်ခဲ့တယ်...။

စာရေးသူနှင့် စာဖတ်သူ

Image
စာရေးသူနှင့် စာဖတ်သူ                    ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ကျွန်မတို့ဟာ ၀လုံးက စပြီး စာတွေရေးလာခဲ့ကြတာ ခုချိန်ထိဆို စာလုံးပေါင်းများစွာ ရေးခဲ့ကြပြီး .. ရေးနေကြဆဲ .. ဆက်လက် ရေးကြဦးလတ္တံ့ပေါ့။

အက်ဆေး (သို့) ရသစာတမ်းအကြောင်း

Image
အက်ဆေး (သို့) ရသစာတမ်းအကြောင်း               အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။

စာဖတ်ခြင်း

Image
စာဖတ်ခြင်း           “ စာရေးဆရာဟာ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အရိုးခံစိတ်ထားနဲ့ အရှိအတိုင်း တင်ပြရမယ်…ဝေဖန်တာတွေ သုံးသပ်တာတွေ စွက်ဖက်တာတွေ မလုပ်ရဘူး… ”

အမြင်

Image
အမြင်                   တူညီတဲ့ခေါင်းစဉ်အောက်မှာ မတူညီတဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒါ ပါဝါပဲ။ ပါဝါ ပိုင်ဆိုင်မှု ကွဲပြားတာနဲ့အမျှ အမြင်တွေက ခြားနားသွားနိုင်တယ်။အဲဒါကြောင့် ကျွန်တော့်ရဲ့ပါဝါကို တိုးလိုက်တယ်...နောက်ထပ် ငါးဆယ်။

ရသစာပေတိမ်ကောမသွားဘူး

Image
ရသစာပေတိမ်ကောမသွားဘူး                  စာရေးဆရာမ နုနုရည်အင်းဝရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ (Smile As They Bow အမည်နှင့် အမေရိကန်လူမျိုးဘာသာပြန်ဆရာ အဲလ်ဖရက် ဘင်းဘောင်ဆိုသူက အင်္ဂလိပ်ဘာသာပြန်) ၀တ္ထုဟာ ၂၀၀၇ ခုနှစ်မှာမှ စတင်ချီးမြှင့်တဲ့ အာရှ စာပေဆု (Man Asian Literary Prize) အတွက် နောက်ဆုံးဆန်ကာတင် ငါးဦးအဆင့်အထိ ရောက်ခဲ့ပါတယ်။

ဟိုဘက် ခေတ် ဒီဘက် ခေတ် စာရေးဆရာ၊ ဆရာမဖြစ်ချင်သူတွေ

Image
ဟိုဘက် ခေတ် ဒီဘက် ခေတ် စာရေးဆရာ၊ ဆရာမဖြစ်ချင်သူတွေ                   အလုပ်နားရက်ရတဲ့ နေ့တွေမျိုးမှာ ကျွန်တော် စာရေးနေတတ်ပါတယ်။ စာရေးစရာတွေ အကြွေးလက်ကျန်ကလေးတွေ ရေးပြီးပြီဆိုရင်တော့ Face Book ပေါ် ဟို ဖတ် ဒီဖတ်ဖတ်နေရင်း စာပေမိတ်ဆွေများနဲ့ စကားစမြည်ပြောဆိုဖြစ်ပါတယ်။ တခါတလေ စာရေးဖို့ ဝါသနာပါသူတွေရဲ့ အမေးတွေကို ဖြေရတဲ့အခါလည်း ရှိသလို၊ အကြံဥာဏ်တောင်းတဲ့အခါ ကိုယ်သိသလောက် မှတ်သလောက် ပြောပြလိုက်ရတာလည်းရှိပါတယ်။

အက်ဆေးအကြောင်း အက်ဆေး

Image
အက်ဆေးအကြောင်း အက်ဆေး                      အက်ဆေးနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ သိချင်လျှင် စာပေဗိမာန်မှ ထုတ်ဝေသော “စာတမ်းငယ် စာတမ်းများ” စာအုပ်ကို ဖတ်ကြည့်သင့်သည်။ လောလောဆယ်မှာတော့ အက်ဆေးအကြောင်းကို တတ်သလောက် မှတ်သလောက် ပြောပြပါမည်။ အက်ဆေးဆိုသည်မှာ အင်္ဂလိပ်ဘာသာစကား ဖြစ်၏။ မြန်မာလို စာစီစာကုံးဟု အများစုက နားလည်ထားကြသည်။ ကျောင်းသုံးဝေါဟာရ အဖြစ် သိနေကြခြင်းဖြစ်၏။ တကယ်တော့ ဒီ့ထက်မက အဓိပ္ပာယ် ကျယ်ဝန်းသည်။

အက်ဆေး

Image
အက်ဆေး                `အက်ဆေး´ ဆိုတာ ဘာလဲ။              ကမ္ဘာ့ `အက်ဆေး´ ဖခင်သည် မီရှယ်မောန်တိန်း [Michel Eyquem de Montaigne (1533-92)] ဖြစ်သည်ဟု ဆရာစဉ်သမားစဉ် အမှတ်အသားရှိသည်။ သူကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀၈ နှစ်ရှိပြီ။ ထိုမျှအထိ ဆွဲဆန့်လျှင် ရှည်လျားလေးလံပေသည်။ သိမီသလောက်က ဖြတ်ပြောပါမည်။ ကျောင်းစာသင်ခန်းအတွင်းမှာ သင်ခန်းစာအဖြစ် `စာစီစာကုံး´ ဟု ရှိသည်။ အများသိပြီးဖြစ်၏။ နိဒါန်း၊ စာကိုယ်၊ နိဂုံး အင်္ဂါသုံးပါးနှင့်ညီညွတ်သော၊ စီကာစဉ်ကာ ပန်းသဖွယ်သီကုံးထားသော စာ။ ထိုစာကို စာစီစာကုံးဟု ယနေ့အထိ အသုံးတွင်နေသည်။

သက္ကတအက္ခရာ၊ သက္ကတမွေးစားစကားလုံး

Image
သက္ကတအက္ခရာ၊ သက္ကတမွေးစားစကားလုံး ''ဘဘ၊ မြန်မာစာမှာ ဗျည်း (၃၃) လုံးထဲ မပါတဲ့ ဗျည်းတစ်လုံးရှိသေးတယ် မဟုတ်လား'' ''ဟေ...ဘယ်ဗျည်းပါလိမ့် သမီးရယ်'' ''သမီးတို့သင်ခဲ့ရတဲ့ ရာဇကုမာရ်ကျောက်စာစကားပြေထဲ မှာ စစချင်း 'ရှရီ' ဆိုတဲ့ စာလုံးက ဂငယ်အလယ်က အစက်ကလေး နဲ့ မဟုတ်လားဘဘ။ အဲဒီစာလုံးကို ရရစ်ပြီး လုံးကြီးတင်ဆန်ခတ်ထည့်ထားတာ လေ။ အဲဒီ စာလုံးက ဗျည်း (၃၃) လုံးမှာ မပါဘူးမဟုတ်လားဘဘ''

ဆောင်းပါးနှင့် စာတမ်းငယ်

Image
ဆောင်းပါးနှင့် စာတမ်းငယ် ဆောင်းပါး ၁။ ဦးနှောက်မှလာ၏ ၂။ သုတပေး၏ ၃။ ခပ်စိမ်းစိမ်းပြော၏ ၄။ အေးစက်စက်နိုင်၏ ၅။ အကြောင်းအရာထင်ပေါ်၏။ စာရေးသူပျောက်နေ၏။

အာမေဍိတ်စကားလုံးများ

Image
အာမေဍိတ်စကားလုံးများ    ''အလို..တူတော်မောင် စောစောစီးစီးပါလားဟေ့'' တစ်လတစ်ကြိမ်လာနေကျဖြစ်သော တူတော်မောင် နံနက်စောစောစီးစီး အိမ်ရောက်လာသည့်အတွက် ကျွန်တော် အံ့သြသွားပါသည်။ ''ခရီးဆက်စရာကလေးရှိနေလို့ ဦးဆီစောစောဝင်လာတာပါ.. . ဦး'' ''ဟုတ်ပါပြီ။ ဒီတစ်ခါရော ဘာမေးစရာတွေပါလာသေးသလဲ''

တွေးမိတွေးရာ ရေးမိရေးရာ စာလေးများ

Image
တွေးမိတွေးရာ ရေးမိရေးရာ စာလေးများ ကျွန်တော် (၂၀၁၅) ဇွန်လပိုင်းထဲမှာ ရေးခဲ့တဲ့ ဝတ္ထုတိုလေးဟာ ဒီနေ့(၂၀၁၇) ဇွန်လထဲမှာပဲ ပုံနှိပ်စာမျက်နှာထက်ကို ရောက်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီဇာတ်လမ်းလေးထဲက ဇာတ်ဆောင်အသက်ဟာ (၃၆)နှစ်ဆိုပြီး ဖွဲ့ထားသလို ကျွန်တော့်အသက် (၃၆)နှစ်ပြည့်တဲ့လထဲမှာပဲ ပုံနှိပ်ခံရတာလည်း တိုက်ဆိုင်မှုပါ။ ဇာတ်ဆောင်တစ်ယောက်လို အောင်မြင်မှုမရသေးတာက တစ်ပိုင်းပေါ့။ အဲဒီ ဝတ္ထုတိုလေးကို ကျွန်တော်မွေးနေ့ ဇွန်လ(၉)ရက်နေ့မှာ တင်ပေးပါ့မယ် သူငယ်ချင်းတို့။ ဖတ်ပြီး ဝေဖန်ပေးကြပါဦး။

ဒါပေမယ့်၊ ဒါပေမဲ့

Image
ဒါပေမယ့်၊ ဒါပေမဲ့ "ကဲ ငါ့တူလေး။ ဒီတစ်ခေါက် ဘာမေးဖို့စိတ်ကူးထားသလဲ" နယ်မှရောက်လာသော တူတော်မောင်ကိုကျွန်တော်က စကားလမ်းကြောင်းပေးလိုက်သည် ။ "ကျွန်တော်ဒီကိုမလာခင် သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံခဲ့ရသေးတယ် ဦးရဲ့။ ကျွန်တော်က ဒါပေမဲ့၊ သို့ပေမဲ့ ဆိုတဲ့စကားတွေမှာ 'မဲ့' ကို မ နောက်ပစ်နဲ့ရေးရတယ်လို့ပြော တာ သူကလက်မခံဘူး။ ဒါပေ မယ့်၊ သို့ပေမယ့်ဆိုပြီး 'မယသတ်' နဲ့ရေးရမယ်တဲ့။ ဒါနဲ့ပဲသူမှန်တယ် ကိုယ်မှန်တယ်ဆိုပြီး ငြင်းကြတာ ပဲဦးရယ်"

မြန်မာစကားမဟုတ်သော သူမ

Image
မြန်မာစကားမဟုတ်သော သူမ                    ဤခေါင်းစဉ်ကိုကြည့်ပြီး ဘဝင်မကျသူများက- ``ဘာဖြစ်လို့ 'သူမ'က မြန်မာစကားမဟုတ်ရမှာလဲ။ မြန်မာစကားမို့လို့ စာတွေစကားတွေထဲမှာ 'သူမ'တွေကို မကြာခဏဖတ်နေ ကြားနေရတာပေါ့´´ဟု ပြောချင်ကြမည်ထင်ပါသည်။ ကျွန်တော် နည်းနည်းရှင်းပြပါရစေ။

ကျွန်တော်နှင့် တံတားများ

Image
  ကျွန်တော်နှင့် တံတားများ         တံတားဆိုသည်က သွားလာရန်ခက်ခဲသည့်၊ လမ်းဖောက်ရန် ခက်ခဲသည့် အခြေအနေတွင် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူသွားနိုင်ရေးအတွက် တည်ဆောက်ထားသည့် လမ်းတစ်မျိုးဟု ဆိုချင်သည်။ ဟိုဘက် သည်ဘက် ကူးရန်အတွက် ပျဉ်တစ်ချပ်ခင်း တံတားလေးများ၊ ခနော်နီ ခနော်နဲ့ ဝါးတံတားလေးများ၊ ချင်းပြည်နယ်လို တောင်ပေါ်ဒေသများမှာရှိသည့် ဝါးလုံးတန်းလေးများကို နင်းလျှောက် စဉ် ဘေးမှာရှိသည့် ကြိုးတန်းကို အားပြုထားရသည့် ကောင်းကင်တံတားများ၊ နန်းတော်တိုင်များဖြင့် တည်ဆောက်ထားသည့် သမိုင်းတွင် အမည်းစက်စွန်းထင်းထားသည့် ဦးပိန်တံတား၊ သံမဏိ သံယက်မ များဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် တံတားများ၊ ပင်လယ်ထဲတွင် သံမဏိကြိုးမျှင်များဖြင့် တည်ဆောက်ထားသည့် မိုင်ချီရှည်လျားသည့် တံတားများ စသည်ဖြင့် တံတားတွေက မျိုးစုံပင်ဖြစ်သည်။