Posts

Showing posts from December, 2015

ဘကြီးဖြိုးပြောသော ပုံပြင်များ

Image
ဘကြီးဖြိုးပြောသော ပုံပြင်များ         ယနေ့ ဥပုသ်နေ့ဖြစ်သည်။ ဒီတစ်ပတ် ဥပုသ်တော့ အမယ်ကြီးစံ မလိုက်နိုင်တော့တာ သေချာသည်။ ဒူးနာနေသောကြောင့် ဖြစ်သည်။ တူမ၏သမီးဖြစ်သူ မသက်ကို ကျောင်းလိုက်ပို့ခိုင်း၍ ဖြစ်သော်လည်း ကြာကြာမထိုင်နိုင်သောကြောင့် အိမ်မှာပင် နေခဲ့ရန် ပြောထားရသည်။ ဥပုသ်ယူနေကြ ကျောင်းမှ ဦးဇင်းလေးက သီလပေးပြီးသည်နှင့် တရားတိုလေးများကို ဟောကြားတတ်သေးသည် မဟုတ်လား။ ဝါတွင်းသုံးလအတွင်း ဥပုသ်စောင့် မပျက်လိုသော အမယ်ကြီးစံအတွက် အိမ်မှာပင် သီလယူကာစောင့်ရန် ဖျောင်းဖျထားရသည်။ တကယ်တမ်းပြောရလျှင် အမယ်ကြီးစံ မပါတော့ ဥပုသ် ကျောင်းသွားရမည်ကို ခပ်ပျင်းပျင်းဖြစ်နေသယောင် ဘကြီးဖြိုးတစ်ယောက် ခံစားမိသည်။           “ အဖိုးကြီး ရေမချိုးသေးဘူးလား … သီလယူသွားဖို့ ပြင်တော့လေ”

စာလုံးမပေါင်းတတ်တဲ့ ကဗျာ

Image
စာလုံးမပေါင်းတတ်တဲ့ ကဗျာ ချစ်တာထက် ပိုချစ်တဲ့အကြောင်း ဘယ်လိုစာလုံးပေါင်းမလဲ မဖြူစင်ခဲ့သူက ဖြူစင်ချင်တဲ့အခါ ရိုးသားစွာနဲ့ မရိုးသားတော့တဲ့အကြောင်း...။ မုသားရဲ့အခဟာ တန်ဖိုးကြီးလွန်းသလို အမှန်တရားရဲ့ရသကလည်း ပြင်းရှလွန်းခဲ့ အဲဒီအတွက် ငါရလိုက်တာက......။ (ပထမစာနှစ်ကြောင်းက မောင်လှမျိုးရဲ့ ကဗျာထဲကပါ)

ဇီးကွက်တစ်ကောင်အကြောင်း

Image
  ဇီးကွက်တစ်ကောင်အကြောင်း                 ကျွန်တော်က ဇီးကွက်တစ်ကောင်ပါ။ အရိုးရှင်းဆုံးပြောရရင် ခပ်ပိန်းပိန်း ဇီးကွက်တစ်ကောင်ပေါ့။ ရင်းနှီးတဲ့ သူငယ်ချင်း ဇီးကွက်တွေက ကျွန်တော့်ကို ရှေ့မှာတင် မျက်ပြူးး အူကြောင်လို့ခေါ်တယ်။ တတ်နိုင်မလားဗျာ ဇီးကွက်ပဲ မျက်လုံးပြူးမှာပေါ့။ အူကြောင်ဆိုတာကတော့ မွေးရာပါ ဟုတ်ပါဘူး။ ဒီလောကထဲ ရောက်မှပါ။ ဒီလိုနဲ့ ကလေးဘ၀ လွန်မြောက်လို့ ဇီးကွက်လားမြောက်လာတော့ ရင်တွေဘာတွေ ခုန်တတ်ရောဗျာ။ သဘောကျတဲ့ ဇီးကွက်မလေး စာလိုက်ပေး အဲလေ အဲဒီတုန်းက လိုက်ပြောတာပေါ့။ ကျွန်တော်က စာရေးမကျွမ်းပေမယ့် စာရွေးတော့ ကျွမ်းတယ်ခင်ဗျ။

ကျွန်တော်နှင့် အင်တာနက်

Image
ကျွန်တော်နှင့် အင်တာနက် ရသစာတမ်း ဒီနေ့ ကျွန်တော့် ဒေးအော့ဖ်ရက်ဖြစ်၍ မရောက်တာ ကြာပြီဖြစ်သည့် မုံရွာတောင်ရှိ ကိုစိုး လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ကေသွယ် နေမကောင်း၍ ထမင်းပင် မစားနိုင်ဆိုသော ဖေ့ဘွတ်ခ်ရှိ ကေသွယ့် စတေးတပ် တစ်ခုကြောင့် သတင်းမေးရင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်ဖြစ်သည့်တိုင် ကိုယ်တိုင်မုန့်ကြော်နေသော ချွေးတလုံးလုံးနှင့် ကိုစိုးကို တွေ့လိုက်ရသည်။ နဖူးတွင် ယောင်၍ဖုနေသည့် ဘုကြီးသည် မြန်မာဆေးအစွမ်းဖြင့် ဝါထိန်နေသည်။ သူ့ရှေ့ရှိ ဆိုင်ရာဗန်းတိုင်းတွင် အီကြာကွေး၊ ပလာတာ၊ ထပ်တရာနှင့် စမူဆာများက ပုံနေသည်။ လွတ်နေသည့် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်စဉ် ကျွန်တော့်အကြိုက် ပေါ့ဆိမ့်တစ်ခွက်နှင့်အတူ ကိုစိုးရောက်လာသည်။ ထို့နောက် အီကြာကွေးတစ်ပွဲပါ ထပ်ချသည်။ “ ဝေဖြိုး ပျောက်လှချည်လား …”

ဟာသညာဏ်ဝင် စိတ်ပျော်ရွှင်

Image
ဟာသညာဏ်ဝင် စိတ်ပျော်ရွှင်  ကမ္ဘာ လောကကြီးမှာ လူတွေဟာ ရယ်စရာ ကြုံရင် ရယ်မော တတ်ကြပါတယ်။ “ရယ်ရင် အသက်ရှည်တယ်” လို့လည်း ဆိုထားတယ် မဟုတ်လား။ He, who Laughs, Lasts လို့ အင်္ဂလိပ်ဘာသာ စကားမှာ ရှိတယ်လေ။ “စိတ်ပျိုရင် ကိုယ်နု” ဆိုတဲ့ မြန်မာစကား ကလည်း လူတွေ စိတ်ပျော်ရွှင် လန်းဆန်းအောင် နေတတ်ဖို့ အားပေးနေတယ်။ “စိတ်ထောင်းကိုယ်ကြေ” ဆိုရင်တော့ ဘ၀က သက်သာလှမယ် ...မထင်ပါဘူး။ ငရုတ်သီး ကိုသာ ထောင်းပြီး၊ စိတ်ကို မထု မထောင်းမိအောင် ကြိုးစား နေထိုင် တတ်ဖို့တော့ လိုမယ်နော်။

ဆုတောင်းလေးတွေ ပြည့်ချင်တယ်

Image
ဆုတောင်းလေးတွေ ပြည့်ချင်တယ်                 သူငယ်ချင်းရေ မင်းရော၊ ငါရောGolden Land ခေါ်တဲ့ မြန်မာပြည်မှာ နေတာနော်။ ရင်းနှီးဖော်ရွေသော၊ အပြုံးတို့များစွာ သီးပွင့်သော၊ ဘာသာတရားကိုင်းရှိုင်းသော ၀ိသေသများစွာနဲ့   နိုင်ငံတစ်ခုပေါ့။ ထူးခြားတာကတော့ လူတစ်ယောက်သေသွားရင် ၀မ်းသာတတ်တာ၊ မသေသေးတဲ့ လူတစ်ယောက်ကို သေစေဖို့ ဆုတောင်းပေးတာ။ သူငယ်ချင်းရေ မင်းဆဲနေတာကို အဆဲခံရသူ မသိပေမယ့် အနားကလူတွေကတော့ မင်းဆဲနေတာ ကို သိတယ်ဟ။ ကိုယ့်ကို ဆရာကြီးက ဆုံးမဖူးတယ်။ အပြစ်ကျူးလွန်သူထက် အပြစ်ကို မုန်းပါတဲ့။ ခုတော့

ဒဏ်ရာ

Image
ဒဏ်ရာ လုပ်ချင်တာနဲ့ လုပ်သင့်တာ ဆန္ဒနဲ့သိက္ခာ ဘယ်အရာကိုရွေးမလဲ... အများသုံးဘာသာစကားကို ဖီဆန်ခဲ့သူငါက ဆူးကိုလည်း မကြောက်ခဲ့ဘူး ခူးလို့လည်း မပန်ချင်ခဲ့ ငေးကြည့်ရုံသက်သက်နဲ့ ရောင့်ရဲဖို့ ကြိုးစားနေသူပါ။ လူထဲကလူပဲ ဆန္ဒကိုဦးစားပေးမိတော့

မျှော်လင့်ခြင်းများ

Image
မျှော်လင့်ခြင်းများ        လွန်ခဲ့တဲ့(၁၁)နှစ်က ငါ့အိတ်ကပ်ဟာ ပြားပြားလေး။ ပြီးတော့ ပါးပါးလေး။ ခုတော့ အိတ်ကပ်လေးက ပေါက်နေပြီ။ မျှော် လင့်ချက်တွေ အများကြီးနဲ့ အိပ်မက်တွေက နည်းနည်း ရယ်။ ခုတော့ မျှော်လင့်ချက်ပါးပါးနဲ့ အိပ်မက်တွေက များများလာပြီ။ ဒီလိုနဲ့ ကမ္ဘာကြီးကလည်း ပြားသွားတယ်။ ငါ့ဦးနှောက်တွေလည်း စားသွားတယ်။ ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့ သူငယ်ချင်းတွေက များတယ်။ အားနာမှုနဲ့ ဖြစ်တည် ခဲ့တဲ့ ငါ့ကိုယ် ငါလည်း ခါးတယ်။ ဆွေးနေတဲ့ မြှားတွေကို ချွန်ဖို့ထက် ပြေးနေတဲ့ အတွေးတွေကို ထိန်းဖို့က ပိုခက်တယ်။

လျို့ဝှက်ချက်လေးပါ ...

Image
လျှို့ ဝှက်ချက်လေးပါ ..           တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီးပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ~ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ခရီးသွားများ

Image
ခရီးသွားများ                ဘ၀က နှင်းမှုန်အောက်မှာ အေးချမ်းပြီးသားပါ။ အေးခဲမနေတဲ့ နှလုံးသားက တစ်ခါတစ်ရံ နွေဦးကို တမ်းတတာ လွန်သလားကွယ်။ နွေဦးရောက်ရင် နှင်းတွေပျောက်မှာမို့ မြန်မြန်ရောက်ပါစေဆိုပြီး ဆုမတောင်းရက်ဘူး။ နှင်းကိုချစ်သလို နွေဦးကိုလည်း တိမ်းမူးသူပါ။       ဘ၀က ရွေးချယ်ခွင့် များများပေးမထားဘူး။ တစ်ခုခုကို ဆုပ်ကိုင်လိုက်တာနဲ့ ကျန်တစ်ခုကို လက်လွှတ်ရမှာပါ။ လုပ်ချင်တဲ့ အရာတွေရှိတယ်။ လုပ်သင့်တဲ့အရာတွေရှိတယ်။ လုပ်နေရတဲ့အရာတွေလည်း ရှိတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တသားထဲမကျတဲ့ ဘ၀မှာ တစ်ခါတစ်ခါ လုပ်ချင်တာကို မျက်စိမှိတ်ပြီး ဇွတ်တိုးလုပ်တယ်။ တစ်ခါတစ်ခါတော့ လုပ်သင့်မှန်းသိပေမယ့်

"ညောင်ရမ်း ဘာ့ကြောင့် ကြိုက်ရတယ်"

"ညောင်ရမ်း ဘာ့ကြောင့် ကြိုက်ရတယ်" ရေးသူ=ပြည့်ပြည့် *-*-*-*-*-*-*-*-*-*-*-*-*-*-*-*-* မြန်မာ့ သမိုင်းမှာ ပျူ၊ ပုဂံ၊ တကောင်း၊ ပင်းယ၊ ညောင်ရမ်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ် စသည်ဖြင့် ခေတ်အမျိုးမျိုးပြောင်း၊ နိုင်ငံပုံစံအမျိုးမျိုး ပြောင်း၊ အုပ်ချုပ်မှု ပုံစံတွေ အမျိုးမျိုး ပြောင်းခဲ့သလို ကိုယ့်အကြိုက်ဆုံး ခေတ်ကိုပြောကြပါဆို ဘယ်သူတွေ ဘယ်ခေတ်ကို ပြောမည်လဲမသိ။ ကိုယ်ကတော့ သမိုင်းထဲက ခေတ်တွေထဲမှာ ကိုယ်တိုင်မရောက်ဖူးပေမဲ့ ညောင်ရမ်းခေတ်ကို အကြိုက်ဆုံး။ အကြောင်းက ညောင်ရမ်းခေတ်ဟာ တခြားခေတ်များနဲ့ မတူဘဲ ပညာတတ်သူ အလွန်ပေါသောကြောင့်၊ ပညာရေးကို အထူးပင် အလေးထားသည်ဟု ထင်သောကြောင့်ပါ။

ပျင်းလာတယ်

Image
ပျင်းလာတယ် ခုတလော စာတွေဖတ်ရတာ ပျင်းလာတယ် နေပူတဲ့အကြောင်း၊ လသာတဲ့အကြောင်း ရာသီဥတုအကြောင်း နောက်တော့... ဆောင်း၊ နွေ၊ မိုး။ အချစ်အကြောင်း စစ်အကြောင်းနဲ့ လက်မှာ မှင်စွန်းခဲ့တဲ့အကြောင်း။

ရင်ကြပ်တဲ့အခါ

Image
ရင်ကြပ်တဲ့အခါ ငါ ရင်တွေကြပ်နေလို့ သိပ်မဖျော်ပါနဲ့လား အိုဗာတင်းတွေ... ဖားတစ်ပိုင်း ငါးတစ်ပိုင်းတွေ များနေလို့ နွားကြီးလား ကျားကြီးလား မမေးရဲဘူး စားသွားမှာလည်း စိုးတယ် ...

စာရေးဆရာဖြစ်ချင်တာလား စာရေးသူဖြစ်ချင်တာလား

Image
စာရေးဆရာဖြစ်ချင်တာလား စာရေးသူဖြစ်ချင်တာလား ************************** ************************** **                       တကယ်တော့ စာရေးဆရာဆိုတာ စာရေးနေလို့ စာရေးဆရာဖြစ်လာတာပါ။ ပြီးတော့ စာရေးဖြစ်ဖို့ဆိုတာကလည်း ဘယ်သူမှ တိုက်တွန်းလို့မရပါဘဲ ကိုယ်ကိုယ်တိုင် မရေးသ၍ စာတစ်ပုဒ် လောက်လောက် လားလားဖြစ်ဖို့ဆိုတဲ့ စိတ်ကူးပဲ ရှိနေမယ်ဆိုရင် လေထဲ တိုက်အိမ်ဆောက် သလိုဖြစ်နေမှာက အသေအချာပါပဲ။ စာရေးဆရာလို့အများက သတ်မှတ်ကြတဲ့ သူတွေဟာ စာမရေးဘဲ စာရေးဆရာလို့သတ်မှတ်ခြင်းခံ ရတာ မဟုတ်ပါဘူး။

အထိမ်းအမှတ်နေ့ သို့မဟုတ် ကိုယ်ပိုင်သင်္ကေတ

Image
အထိမ်းအမှတ်နေ့ သို့မဟုတ် ကိုယ်ပိုင်သင်္ကေတ          မှတ်မိသေးရဲ့လား `စံ´။ လွန်ခဲ့တဲ့ ကိုးနှစ်က ဒီလိုနေ့ကိုလေ။ မင်းနဲ့ကိုယ် လက်ချင်းတွဲပြီး နှစ်ဦးစလုံး ကိုယ်စီမသိတဲ့လူတွေကို ပြုံးရယ်ရင်း နှုတ်ဆက်ခဲ့ကြတာကိုပေါ့။ ပြန်တွေးကြည့်ရင် ရယ်စရာကြီးနော်။ ဘ၀ဆိုတာ တစ်ခါတစ်ခါ အူကြောင်ကြောင်နဲ့ အရမ်းရီဖို့ကောင်းတယ်။ ဘာပဲပြောပြော ကိုယ်တို့တွဲလက်တွေ ခိုင်ခိုင်မြဲနေတုန်းပဲလေ။ လက်တွဲပြီး (၆)နှစ်မြောက်မှာ ကောင်းဇေယျာလင်းဆိုတဲ့ သားကြီး သြရသကို ကိုယ့်အတွက်လက်ဆောင်ပေးတယ်။ နောက်ထပ်(၃)နှစ်အကြာ မနေ့ကပဲ

ကျွန်တော်အတွက် လက်ဆောင်

Image
ကျွန်တော်အတွက် လက်ဆောင်             တစ်စုံတစ်ခုကို လက်ဆောင်အဖြစ်ရလိုက်ချိန်တွင် လူသားတစ်ဦးပီပီ ကျနော်ဝမ်းသာမိမည် ထင်သည်။ ပျောက်ဆုံးနေသော တစ်စုံတစ်ရာကို ပြန်တွေ့ချိန်မှာတော့ ၀မ်းသာသည် ထက် ပျော်ရွှင်ကြည်နူးမှုက ပိုမည်ထင်ပါသည်။ ယနေ့ ပြန်မတွေ့ နိုင်တော့ဟု ယူဆထားသည့် ဘ၀ရဲ့လက်ဆောင်လေးကို ပြန်တွေ့လိုက်ရပြီ။ ဒုတိယအကြိမ်အဖြစ် ဘ၀က ပေးအပ်လိုက်သည့် လက်ဆောင်လည်း ဖြစ်နိုင်သည်။ ထိုအရာသည်