မျှော်လင့်ခြင်းများ
လွန်ခဲ့တဲ့(၁၁)နှစ်က ငါ့အိတ်ကပ်ဟာ ပြားပြားလေး။ ပြီးတော့ ပါးပါးလေး။ ခုတော့ အိတ်ကပ်လေးက ပေါက်နေပြီ။ မျှော် လင့်ချက်တွေ အများကြီးနဲ့ အိပ်မက်တွေက နည်းနည်း ရယ်။ ခုတော့ မျှော်လင့်ချက်ပါးပါးနဲ့
အိပ်မက်တွေက များများလာပြီ။ ဒီလိုနဲ့ ကမ္ဘာကြီးကလည်း ပြားသွားတယ်။
ငါ့ဦးနှောက်တွေလည်း စားသွားတယ်။ ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့
သူငယ်ချင်းတွေက များတယ်။ အားနာမှုနဲ့ ဖြစ်တည်ခဲ့တဲ့
ငါ့ကိုယ် ငါလည်း ခါးတယ်။ ဆွေးနေတဲ့ မြှားတွေကို ချွန်ဖို့ထက် ပြေးနေတဲ့
အတွေးတွေကို ထိန်းဖို့က ပိုခက်တယ်။
အိမ်ထောင်ကျပြီး စာမရေးဖြစ်တော့တဲ့
စာရေးဆရာမကို သနားတယ်။ စာရေးပြီး စာမဖြစ်တဲ့ ငါလိုလူလည်း များတယ်။
ငယ်တုန်းက ဆရာမရှေ့မှာ လက်နှစ်ချောင်း ထောင်ပြီး
ခဏကြာရင် ပေါ့ပါးသွားပြီ။ ဖေ့စ်ဘ၀ဆိုတာ အဲသလိုပဲ မဆိုင်တာတွေ ထည့်ထည့်ပြောရ တာများတယ်။ ဆိုင်တာတွေကို တော့ ရေငုံနှုတ်ပိတ်ထားရတယ်။ မနက်ဖြန်ဆိုတာ လာတော့မှာ မဟုတ်လား။ ဒီနေ့ဆိုတာလည်း ကုန်သွားပြီ ဆိုတော့လေ။ သဘက်ခါဆိုတာကို ငါ့အတွက် ချန်ထားနော်။ အချိန်တွေ ရှားပါးလွန်းလို့ပါ။ ပိုက်ဆံနဲ့ အချိန်ဆိုတာ ပြောင်းပြန်အချိုး
လွန်ခဲ့တဲ့(၁၁)နှစ်က ငါ့မှာ အိတ်ကပ်ပြားပြားလေးနဲ့ အားပေးဖော် ချစ်ဇနီးအပြင် ဘာမှ မရှိဘူး။ ခုဆို ငါ့မှာ သားနှစ်ယောက်ရှိပြီ။ နောက်ပြီး ကလောင်နှစ်ချောင်းတောင် ပိုင်နေမှတော့ ဘာတွေလိုအပ်ဦးမှာလဲ။ Today is better than yesterday, tomorrow is better than today. ဘ၀ဆိုတာ မျှော်လင့်ခြင်းလေးပဲ မဟုတ်လား။
Hope
Life is short
Happy time is too short
But we all alive in these day
Because tomorrow is better than today.
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
Comments
Post a Comment