အထိမ်းအမှတ်နေ့ သို့မဟုတ် ကိုယ်ပိုင်သင်္ကေတ
မှတ်မိသေးရဲ့လား `စံ´။ လွန်ခဲ့တဲ့ ကိုးနှစ်က ဒီလိုနေ့ကိုလေ။ မင်းနဲ့ကိုယ်
လက်ချင်းတွဲပြီး နှစ်ဦးစလုံး ကိုယ်စီမသိတဲ့လူတွေကို ပြုံးရယ်ရင်း
နှုတ်ဆက်ခဲ့ကြတာကိုပေါ့။ ပြန်တွေးကြည့်ရင် ရယ်စရာကြီးနော်။ ဘ၀ဆိုတာ
တစ်ခါတစ်ခါ အူကြောင်ကြောင်နဲ့ အရမ်းရီဖို့ကောင်းတယ်။ ဘာပဲပြောပြော
ကိုယ်တို့တွဲလက်တွေ ခိုင်ခိုင်မြဲနေတုန်းပဲလေ။ လက်တွဲပြီး (၆)နှစ်မြောက်မှာ
ကောင်းဇေယျာလင်းဆိုတဲ့ သားကြီး
သြရသကို ကိုယ့်အတွက်လက်ဆောင်ပေးတယ်။ နောက်ထပ်(၃)နှစ်အကြာ မနေ့ကပဲ
သားငယ် ကောင်းသုတ က ကမ္ဘာမြေရဲ့လက်ဆောင်အဖြစ်နဲ့ ကိုယ်တို့ဘ၀ထဲ ရောက်ခဲ့ပြန်တယ်။ ဘာပဲပြောပြော အစစ... အရာရာအတွက် ကျေးဇူးတင်တယ် `စံ´။ ကိုယ့်ဘ၀မှာ မင်းမရှိရင် မဖြစ်ဘူးဆိုတာလဲ ၀န်ခံပါရဲ့။ ကော်ဖီဖျော်တာကအစ အ၀တ်အစားလဲတာအဆုံးပေါ့။ ကိုယ့်အားနည်းချက်ကို နားလည်ပေးတာ၊ ကိုယ့်အမှားတစ်ချို့ကို ခွင့်လွှတ်တတ်တာ၊ ကိုယ့်အောင်မြင်မှုကို အရောင်လက်စေခဲ့တာ၊ စာရေးပျင်းတဲ့ကိုယ့်ကို အသစ်အသစ်ဖန်တီးဖို့ တိုက်တွန်းတတ်တာ၊ ရေးပြီးသမျှ ပုံမနှိပ်ရသေးခင်မှာပဲ လိုလိုးလားလား ဖတ်ပေးတတ်တာ။ တကယ်ပါ ကိုယ်ဟာ မင်းမရှိရင် ပျောက်ကွယ်သွားမယ့် ကြယ်တစ်ပွင့်ထင်ပါရဲ့။ ရှင်သန်ဖို့ ခက်ခဲပါတယ်။ ကိုယ်ဟာ မင်းရဲ့ သင်္ကေတတစ်ခုများ ဖြစ်နေမလား။ ဒီအချိုးအစား၊ ဒီပမာနဲ့အတိအကျ ဖျော်ထားတဲ့ကော်ဖီတောင် မင်းဖျော်ပေးတဲ့ ကော်ဖီမှ ကိုယ့်အတွက် အဆင်ပြေတာ၊ အရသာပိုရှိနေရတာ ချစ်ခြင်းတရားသက်သက်ကြောင့်လို့
ပြောရမလား မသိတော့ဘူး။ ခုဆို အိမ်ပြန်ရင် ကြိုမယ့်သူ မင်းက
ရွှေတော်ဝင်ဆေးရုံပေါ်မှာ။ မနေ့ညက အလုပ်သွားတော့ သောက်နေကျ ကော်ဖီမပါဘူး။
သွားတိုက်ဆေး သွားတိုက်တံ မပါဘူး။ အလုပ်သွားကာနီး ပေးနေကျ မင်းရဲ့ Wish
မပါဘူး။ နဖူးပေါ်ကို ခပ်နှိပ်နေကျ မင်းရဲ့ သင်္ကေတတစ်ခုမပါဘူး။ .....မပါဘူး။
......မပါဘူး။ ဟုတ်တယ် `စံ´။ ကိုယ်ဟာ မင်းရဲ့ သင်္ကေတတစ်ခုပါ။
ကိုယ်ပျောက်ဆုံးသွားတာ လွန်ခဲ့တဲ့ ကိုးနှစ်ကတည်းကပါ။ မှတ်မိသေးတယ်
အဲဒီနေ့ကလေ ။ မင်းနဲ့ကိုယ်နဲ့ လက်ချင်းတွဲလို့။ နောက်ပြီး မင်းမသိတဲ့
လူတွေကို ပြုံးရယ်နှုတ်ဆက်နေချိန် ကိုယ်ကလည်း ကိုယ်မသိတဲ့ လူတစ်ချို့ကို
အပြုံးတွေသွန်ကြဲလို့ ...။ အဲဒီနေ့ကစလို့ ကိုယ်ဟာ ပျောက်ဆုံးခဲ့တာပါ။
မင်းဟာ ကိုယ့်အတွက် ...။ ကိုယ်ဟာ မင်းရဲ့ကိုယ်ပိုင်သင်္ကေတ။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(၂၀၁၃ အောက်တိုဘာ ၂၉ တွင် တင်ခဲ့ဖူးသော ပို့စ်တစ်ခု)
သားငယ် ကောင်းသုတ က ကမ္ဘာမြေရဲ့လက်ဆောင်အဖြစ်နဲ့ ကိုယ်တို့ဘ၀ထဲ ရောက်ခဲ့ပြန်တယ်။ ဘာပဲပြောပြော အစစ... အရာရာအတွက် ကျေးဇူးတင်တယ် `စံ´။ ကိုယ့်ဘ၀မှာ မင်းမရှိရင် မဖြစ်ဘူးဆိုတာလဲ ၀န်ခံပါရဲ့။ ကော်ဖီဖျော်တာကအစ အ၀တ်အစားလဲတာအဆုံးပေါ့။ ကိုယ့်အားနည်းချက်ကို နားလည်ပေးတာ၊ ကိုယ့်အမှားတစ်ချို့ကို ခွင့်လွှတ်တတ်တာ၊ ကိုယ့်အောင်မြင်မှုကို အရောင်လက်စေခဲ့တာ၊ စာရေးပျင်းတဲ့ကိုယ့်ကို အသစ်အသစ်ဖန်တီးဖို့ တိုက်တွန်းတတ်တာ၊ ရေးပြီးသမျှ ပုံမနှိပ်ရသေးခင်မှာပဲ လိုလိုးလားလား ဖတ်ပေးတတ်တာ။ တကယ်ပါ ကိုယ်ဟာ မင်းမရှိရင် ပျောက်ကွယ်သွားမယ့် ကြယ်တစ်ပွင့်ထင်ပါရဲ့။ ရှင်သန်ဖို့ ခက်ခဲပါတယ်။ ကိုယ်ဟာ မင်းရဲ့ သင်္ကေတတစ်ခုများ ဖြစ်နေမလား။ ဒီအချိုးအစား၊ ဒီပမာနဲ့အတိအကျ ဖျော်ထားတဲ့ကော်ဖီတောင် မင်းဖျော်ပေးတဲ့ ကော်ဖီမှ ကိုယ့်အတွက် အဆင်ပြေတာ၊ အရသာပိုရှိနေရတာ ချစ်ခြင်းတရားသက်သက်ကြောင့်လို့
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(၂၀၁၃ အောက်တိုဘာ ၂၉ တွင် တင်ခဲ့ဖူးသော ပို့စ်တစ်ခု)
Comments
Post a Comment