ကျွန်တော်အတွက် လက်ဆောင်


ကျွန်တော်အတွက် လက်ဆောင်


            တစ်စုံတစ်ခုကို လက်ဆောင်အဖြစ်ရလိုက်ချိန်တွင် လူသားတစ်ဦးပီပီ ကျနော်ဝမ်းသာမိမည် ထင်သည်။ ပျောက်ဆုံးနေသော တစ်စုံတစ်ရာကို ပြန်တွေ့ချိန်မှာတော့ ၀မ်းသာသည် ထက် ပျော်ရွှင်ကြည်နူးမှုက ပိုမည်ထင်ပါသည်။ ယနေ့ ပြန်မတွေ့ နိုင်တော့ဟု ယူဆထားသည့် ဘ၀ရဲ့လက်ဆောင်လေးကို ပြန်တွေ့လိုက်ရပြီ။ ဒုတိယအကြိမ်အဖြစ် ဘ၀က ပေးအပ်လိုက်သည့် လက်ဆောင်လည်း ဖြစ်နိုင်သည်။ ထိုအရာသည်
ကျနော့် မမ ဖြစ်သည်။ နှစ်ဦးစလုံး သက်တမ်း(၃၀) ကျော်နေသည့်တိုင် သက္ကရာဇ်တို့က နောက်ပြန်လှည့် သည်။ သူမက (၁၀)နှစ်သမီးဖြစ်သွားသလို ကျနော်က (၇)နှစ်သားလေးဖြစ်သွားသည်။ ဟိုတုန်းကလိုပင် သူမက ဆရာလုပ်သည့် မမအဖြစ်ရှိနေဆဲ။ ကျနော်ကလည်း ဆရာလုပ်သည့် မမ ရဲ့ မောင်လေးအဖြစ် ကျေနပ်နေဆဲ။ ဘာပဲဖြစ်ဖြစ် လောကကြီးက ၀ှက်ထားသည့် လက်ဆောင်လေးတွေ   ပြန်တွေ့ရချိန်တွင် ကျနော်တို့အားလုံး ပျော်ရွှင်ဝမ်းသာမြဲဖြစ်သည်။ ယနေ့သည် ကျနော့်အတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ နေ့တစ်နေ့ဖြစ်သည်။ ခင်ဗျားအတွက်လည်း ပျော်ရွှင်ဝမ်းမြောက်စေချင်ပါသည်။

(၂၀၁၃ တွင် တင်ခဲ့ဖူးသည့် ပို့စ်အဟောင်းလေး တစ်ခုဖြစ်ပါသည်။ )

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း