ပျင်းလာတယ်



ပျင်းလာတယ်

ခုတလော စာတွေဖတ်ရတာ ပျင်းလာတယ်
နေပူတဲ့အကြောင်း၊ လသာတဲ့အကြောင်း
ရာသီဥတုအကြောင်း
နောက်တော့...
ဆောင်း၊ နွေ၊ မိုး။
အချစ်အကြောင်း
စစ်အကြောင်းနဲ့
လက်မှာ မှင်စွန်းခဲ့တဲ့အကြောင်း။


ခုဟစ်ဖြစ်နေတဲ့ ပြင်သစ်အကြောင်း
အားလုံးကို ပျင်းတယ်
ညအိပ်ယာဝင်တိုင်း
ကြားနေရတဲ့ ပုံပြင်တွေကို ပျင်းတယ်
ကျေးဇူးပြု၍ မေမေ တိတ်တိတ်နေပေးပါ
ဟိုရောက် သည်ရောက်ရေးထားတဲ့
ဖေဖေ့စာတွေဖတ်ရတာလည်း ပျင်းတယ်
ကျေးဇူးပြု၍ အတွေးမသစ်ဘဲရေးနေတဲ့
ဖေဖေ့ဘောလ်ပင်ကို ချထားပေးပါ
အိမ်ရှေ့ရောက်တိုင်း
သံကုန်ဟစ်တဲ့ ဈေးသည်ကြီးရေ
ဒီနေ့ မဝယ်သေးဘူး။
စမီး လှလားငင် ဆိုတဲ့
ငတိမလေးရေ ...
မင်းရဲ့ဆယ်ဖီတွေကို ခေါက်ထားလိုက်ပါ။
ထပ်ပြောမယ်
ဒါပေမယ့် ထပ်ပြောရမှာကို ပျင်းနေတယ်
သေချာတယ်
အစစ အရာရာအတွက် ပျင်းလာတယ်
ကိုယ်ရေးကိုယ်တာတွေ ရေးထားတဲ့
စာတွေဖတ်ရတာကို ပျင်းတယ်...
အဲဒီလိုပဲ
ခင်ဗျားလည်း ဒီကဗျာကို ဖတ်ရတာလည်း ပျင်းမှာပဲ....။

(ရေးသူ=ကောင်းသုတ)
(၁၉.၁၁.၂၀၁၅)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း