Posts

Showing posts from January, 2016

``အိမ်လည်တဲ့ဓလေ့´´

Image
``အိမ်လည်တဲ့ဓလေ့´´ အောင်ဆန်းစုကြည်                   မြန်မာလူမျိုးတွေကို ကမ္ဘာပေါ်မှာ ဖော်ရွေပြီး ဧည့်ဝတ်အကျေဆုံးလူမျိုးတွေ ထဲမှာ ပါဝင်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ကျွန်မငယ်စဉ်ကလေးဘ၀က လက်ဖက်ရည်သောက် ဖို့၊ နေ့လယ်စာစားဖို့၊ ညစာစားဖို့ ဖိတ်စာပို့တယ် ဆိုတာဟာ နိုင်ငံခြားသားတွေပဲ လုပ်တယ်လို့ မှတ်ထားခဲ့ပါ တယ်။ မြန်မာလူမျိုးမိတ်ဆွေအပေါင်းအသင်းတွေကတော့ မဖိတ်ဘဲရောက် လာပြီး စားသောက်နေတာတွေ့ ရင် ၀င်ထိုင်ပြီး ဝေမျှစားလိုက်ကြတာပါပဲ။ အိမ်ကို ဧည့် သည်တွေ မမျှော်လင့်ဘဲရောက်လာရင်တောင် စားစရာကတော့ လုံလောက်အောင် အမြဲရှိပါတယ်။   တစ်ခါတလေ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ ညနေဘက်မျိုးမှာ ရုတ်တရက်ပေါက်ချလာရင် ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲကြော်တွေ၊ လက်ဖက်တွေ ယူထုတ်လာပြီး ၀ိုင်းဖွဲ့စားသောက်ကြပါတယ်။

နှစ်သက်မိသော ကဗျာ

Image
 နှစ်သက်မိသော ကဗျာ မင်းခိုက်စိုးစန် “ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့ မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး . . . ။ ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊ (တစ်ယောက်ကို တစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့ . . . ။ မင်း ခိုက် စိုး စန်

ခံစားရတာလေးတွေ

Image
ခံစားရတာလေးတွေ ကျွန်တော် စကားပြောသင်တန်းတက်တုန်းက တစ်ပတ်ထဲတက်တဲ့ သင်တန်းသားများနဲ့ ဆရာသင်ပေးတဲ့ ပုံစံအတိုင်း ပြောနိုင်လာတဲ့အကြောင်း၊ အပတ်စဉ်စောတဲ့ စီနီယာသင်တန်း သားများနဲ့တော့ ဆရာသင်ပေးသလို မပြောတတ်ကြောင်း ကျွန်တော်နဲ့သင်တန်း ရသစာတမ်းမှာ ရေးခဲ့ဖူးတယ်။ ဒီနေ့လည်း အဲဒီအဖြစ်မျိုးနဲ့ ဆင်ဆင်တူတာ တွေ့ခဲ့ရတယ်။ ကျွန်တော့် သားလေးနေမကောင်းလို့ ကလေးဆရာဝန်ဆီ သွားပြပါတယ်။ မနက်(၉) နာရီထိ သူ့ဆေးခန်းမှာထိုင်တယ်ဆိုလို့ အပြေးအလွှား အချိန်မှီသွားပြတယ်။ ကျွန်တော်တို့ ကံကောင်းပါတယ်။ အကြောင်းက အချိန်မှီရောက်သွားလို့ သူက ကုသပေးပါတယ်။ နောက် စစ်ဆေးရမယ့် ဓာတ်ခွဲခန်းကိုလည်း ဓာတ်ခွဲခန်းနာမည်ပါတဲ့ ဘောက်ချာလေးနဲ့ အချက်အလက် တချို့ ရေးပေးလိုက်တယ်။ နေ့ခင်း ဆေးခန်းထိုင်တဲ့အချိန် ရလဒ်ကို လာပြဖို့လည်း မှာလိုက်တယ်။ သူစစ်ခိုင်းတာက သွေးစစ်ဖို့ရယ်၊ တီဗီဓာတ်မှန်ရိုက်ဖို့ရယ်ပါ။ နှစ်ခုစလုံး ပုဂ္ဂလိက ဓာတ်ခွဲခန်း များပါ။ ကျွန်တော်တို့ မိသားစု သူ့ညွှန်ကြားချက်အတိုင်း ချီတက်ရတာပေါ့။ ကျွန်တော်ရယ်၊ သားမေမေရယ်၊ သားကြီးရယ်၊ သားငယ်ရယ်ပေါ့။

ကျွန်တော့်ရဲ့ ခင်မေဖြူ

Image
ကျွန်တော့်ရဲ့ ခင်မေဖြူ                 မိန်းကလေး အတော်များများက မိုးဆိုသော စကားလုံးကို နှစ်သက်တတ်ကြသည်။ ယောက်ျားလေး အများစုကတော့ ဖြိုးဆိုသော စကားလုံးကို နှစ်သက်ကြသည်ထင်သည်။ ကျွန်တော့်သူငယ်ချင်းထဲတွင် ဖြိုး ဟူသော နာမည်ပါသည့် သူငယ်ချင်းပေါင်း များစွာရှိသည်။ ၎င်းတို့ထဲမှ ဖြိုးမောင်မောင် ဆိုသော နာမည်နှင့် သူငယ်ချင်းမှာ သုံးဦးထက်မနည်းရှိသည်။ Examplez အဖွဲ့ထဲမှ အဆိုတော်တစ်ဦးနာမည်သည် ဖြိုးမောင် ဟု အမည်ရသည် မဟုတ်လား။ ကျွန်တော့်သူငယ်ချင်းထဲတွင် ကရာတေးကစားသည့် ဖြိုးမောင်မောင် ရှိသည်။ လေးဖြူသီချင်း အဟစ်ကောင်းသည့် ဖြိုးမောင်မောင် ရှိသည်။ ရုံးနာမည် သေချာမသိသော်လည်း ကျွန်တော်တို့ အလွယ်ခေါ်သည့် ထွန်စက်စခန်းတွင် ဖြိုးမောင်မောင် အမည်ရသည့် ညီငယ်တစ်ယောက်ရှိသည်။ ယခု ကျွန်တော် ပြောပြလိုသည်က လူပျိုကြီး ဖြိုးမောင်မောင် အကြောင်းဖြစ်သည်။ လခထုတ်ပြန်လာသည့် လူပျိုကြီးနှင့် ကားပေါ်မှာ ဆုံခဲ့ရသည့် ငတိမလေးတစ်ကောင်၏ စိတ်လှုပ်ရှားဖွယ်ရာ

Facebook ပုံပြင်(ဟာသ)

Image
Facebook ပုံပြင်(ဟာသ)  အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။ သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး .. သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ် သမီး ကောင်လေးက Share ပဲ လုပ်တာပါ .. အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ် Post တခုတောင် လက်ကြောတင်းအောင် မတင်နိုင်တဲ့ အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိုင်ဘူး ...

မေမေ

Image
မေမေ အမေနေ့မှာ မေမေ့ကို ချစ်တဲ့အကြောင်းလေး တင်ရမယ်။ သူငယ်ချင်းတွေ တင်ထားတာလေးတွေ ဖတ်ကြည့်တော့ ရင်တွင်းခံစားချက်ကို အရောင်ဟပ်ပြနိုင်ကြတာကို တွေ့ရတယ်။ ကျွန်တော့်ခံစားချက် ကိုရော ဆစ်ပိုင်းပြနိုင်ပါ့မလား။ မသေချာဘူး။ ဘုရားပုံဆွဲတာ မတူရင် နူတတ်တယ်တဲ့။ မေမေ့ဂုဏ်ကို ကျွန်တော့်ခံစားချက်ကို ဖော်နိုင်ဖို့ မလွယ်ဘူး ဆိုတာသေချာတယ်။ နူမှာ မကြောက်ပါဘူး။ ဒါပေမယ့်...

တတ်သောပညာ မနေသာ

Image
တတ်သောပညာ မနေသာ            လမ်းဖြတ်ကူးသူတစ်ယောက်ကို ဆိုင်ကယ်တစ်စီးမှ ဝင်တိုက်ပြီး မောင်းပြေးသွားသည်။ အခင်းဖြစ်ရာနေရာသို့ မော်တော်ပီကယ်ရဲများ ချက်ခြင်းရောက်လာသည်။ ထိုသူမှာ နာမည်ကြီး ခါးပိုက်နှိုက် တစ်ယောက်ဖြစ်သည်။ '' ဆိုင်ကယ်နံပါတ် မှတ်မိလိုက်လား ..." " ဟင့်အင်း ..." " လူပုံစံကရော ..." " ဟဲလ်မက် အမည်းကြီး ဆောင်းထားတယ်... နောက်ပြီး လည်သာဂျာကင် အနက်ကြီးဝတ်ထားတော့ မမှတ်မိဘူး ..." ယာဉ်ထိန်းရဲများ ခေတ္တတော့ အကြံအိုက်သွားသည်။ သို့သော် လုပ်ထုံးအတိုင်း မီးပွိုင့်များရှိယာဉ်ထိန်းရဲများ ထံသို့ စက်ဖြင့် လှမ်းပေါက်သည်။

ပူပူနွေးနွေး

Image
ပူပူနွေးနွေး ကျွန်တော့်မှာ ပြောမနာ၊ ဆိုမနာ ခင်မင်ရသည့် သူငယ်ချင်းမှာ ရေတွက်ကြည့်လျှင် လက်တစ်ဖက် မျှသာ ရှိသည်။ ထိုအထဲမှ တစ်ယောက်သော သူမှာ လူပျိုကြီးစောတင်မောင်၊ အဲလေ ဖြိုးမောင်မောင် ဖြစ်သည်။ ယခုအချိန်တွင် သူ့မှာ တိုက်၊ ကား၊ ဝင်းခြံတို့မှာ လက်ညှိုးထိုးမလွဲ ပေါများလှသူ ဖြစ်သည်။ ငွေဆိုသည်မှာ သူ့အတွက် အပေါဆုံးအရာဖြစ်သည်။ သို့သော် သူ့အတွက် အရှားပါးဆုံးအရာလည်း ရှိသေးသည်။ မိန်းမဖြစ်သည်။ ယခုချိန်ထိတိုင် သူ အိမ်ထောင်မကျသေး။ ကျဖို့ဝေးစွ ရည်းစားပင် ဖြစ်ဖြစ်မြောက်မြောက် မထားနိုင်သေးသည်မှာ အသည်းနာ ဖို့ ကောင်းလှသည်။ ရုပ်အဆင်းကို ပြောပြရလျှင်လည်း ရုပ်ဆိုးသည့်အထဲတွင် လုံးဝမပါယုံမက သူ့မျက်နှာ က မေးသွယ်သွယ်ချွန်းချွန်းနှင့် ချစ်စရာကောင်းသည်ဟု ထင်မြင်ယူဆစေသည့် မျက်နှာမျိုးဖြစ်သည်။ သူ့မျက်လုံးလေးကလည်း ပြုံးနေသည်ဟု ထင်ယောင်စေသည့် မျက်လုံးလေးဖြစ်သည်။ သို့သော် ထိုမျက်လုံးနှင့် မျက်နှာကို ပေါင်းစပ်လိုက်သည့်အခါမှာတော့…။ ကောင်မလေး တော်တော်များများထံမှ …

အကုန်စားမယ် ထင်သလား…

Image
အကုန်စားမယ် ထင်သလား… လူပျိုကြီး ဖြိုးမောင်မောင် တစ်ယောက် ရာသီဥတု အားပေးသည်နှင့် သူငယ်ချင်းဖြစ်သူ ကိုမော်ကြီး ဖွင့်ထားသည့် “ခိုင်းတော့သက်ဝေ” ယမကာဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ သူချိန်လိုက်တိုင်း ပါသွားတတ်ကြသည့် ကောင်မလေးများအကြောင်းက ခုလိုရာသီမျိုး၊ ခုလိုအချိန်မျိုးတွင် မုဆိုးမအိမ်က လက်နှီးစုတ်လေတိုးသလို အနံ့ တလှောင်းလှောင်းနှင့် သူ့ရင်ကို လာရိုက်သည်။ ထိုအခါမျိုးတွင် ပုလင်းဆွဲလိုက်ရမှ သူက ဖြေသာသူဖြစ်သည်။ ယခုလည်း ကိုမော်ကြီးဆိုင်ရောက်သည်နှင့် မှာနေကြအရာများကို စားပွဲထိုးလေးက လာချပေးသည်။ သူက လာနေကြ ဖောက်သည်မဟုတ်လား။ အမြည်းပင် ဘာစားမည်ဆိုသည်ကို သိနေသည်။ ဒီနေ့တော့ ဖြိုးမောင် အနည်းငယ် တင်းနေသည်။ ထို့ကြောင့် မသောက်သေးဘဲ လာချပေးသည့် အမြည်းကို လက်နှင့်တို့ကာ မြည်းလိုက်သည်။ “ ဝိတ်တား ပလီးစ်..”

ထင်တာလေး ပြောကြည့်တာပါ...

Image
ထင်တာလေး ပြောကြည့်တာပါ...   ကြည့်မယ့်သူရှိလို့ ပြတဲ့သူရှိတာပါ...ကြည့်မယ့်သူ မရှိတော့ရင် သူဘယ်လိုပြချင် ပြချင် ပြလို့ မရတော့ပါဘူး။ ဖြစ်သင့်တာက ဒီလိုပွဲမျိုးမှာ သူတို့ကို မငှားသင့်ဘူး၊ မဖိတ်ကြားသင့်ဘူး၊ သူတို့ကိုယ်တိုင်က ပါဝင်ဖျော်ဖြေခွင့်တောင်းဆိုတယ်ဆိုရင်တောင် ငြင်းပစ်လိုက်ရမယ်။ ပရိတ်သတ်မရှိတော့ရင် ဖျော်ဖြေရေးသမားဆိုတာ...။ သူတို့ကို စင်ပေါ်တက်ခွင့် ဘယ်သူတွေက ပေးခဲ့တာလဲ...။ လူတိုင်းမှာ သူ့ကာလာနဲ့သူ ရှိပြီးသားလေ။ ဖြူ ၊ နီ၊ ဝါ၊ ပြာ။ သူတို့တွေ ပြာမှန်းသိလျက်နဲ့ စင်ပေါ်ကို ပြာခွင့်ပြုတာကိုက ....။ ဟုတ်ကဲ့ ကျွန်တော်ထင်တာလေး ပြောကြည့်တာပါ...

ကျွန်တော်နှင့် သင်တန်း

Image
ကျွန်တော်နှင့် သင်တန်း ရသစာတမ်း ကျွန်တော် အပြန်ပြန် အလှန်လှန် တက်ခဲ့ဖူးသည့် သင်တန်းများထဲတွင် စပိကင်း သင်တန်းမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ကျွန်တော် ဆယ်တန်းဖြေပြီးနောက် ဂရမ်မာနှင့် စပိကင်း သင်တန်းကို တက်သည်။ ထိုသင်တန်းကာလပြီးဆုံးသည်အထိ တက်သည်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုရသည့်အခါမှာလည်း ထိုသင်တန်းကို ပင် နောက်တစ်ကြိမ် ထပ်တက်သည်။ သင်တန်းကို နှစ်ကြိမ်တက်ထားသော်လည်း အင်္ဂလိပ်စာကို အသုံးချ သည့် မည့်သည့်အလုပ်ကိုမျှ ကျွန်တော် မလုပ်ဖြစ်သေး။ မိဘလုပ်စာကို မသိကျိုးကျွံပြုကာ အခန့်သားထိုင်စားရင်း တစ်နေ့တွင်တော့ ဝါသနာမပါသည့် အလုပ်တစ်ခုကို ဝင်လျှောက်သည်။ မရနိုင်ဘူးထင်၍ လျှောက်လိုက်မိခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် ထိုအလုပ်ကို ကျွန်တော်ရသည်။ ထိုအလုပ်က အင်္ဂလိပ်စကားပြောကို အနည်းငယ်အသုံးချရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ကျွန်တော်နှင့် အကြည့်

Image
ကျွန်တော်နှင့် အကြည့်           လူတိုင်းတွင် မေ့လျော့ပျောက်ကွယ် မသွားနိုင်သည့် အဖြစ်အပျက် အကြောင်းအရာ မျိုးစုံရှိသည်။ တချို့အရာတွေက သာယာညွှတ်နူးဖွယ်ရာများဖြစ်သည်။ တချို့အရာများက နာကျည်းဝမ်းနည်းစရာ များဖြစ်သည်။ ထိုနှစ်မျိုးမှ လွတ်ကင်းနေသည့်တိုင် သတိရမိသော အဖြစ်အပျက်တွေက များစွာပင် ဖြစ်သည်။ တချို့သော အကြောင်းအရာများက ပါးပါးလေးနှင့် ရှပ်ထိသွားသည် ထင်ရသော်လည် တကယ်တမ်းတွင် ဟတ်ထိသွားခြင်းမျိုးကိုလည်း တွေ့ကြုံဖူးကြမည် ထင်ပါသည်။ တစ်ခါတစ်ရံ ထိသွား သည်ပင် မထင်ရသော်လည်း တကယ့်တကယ်တွင်မူ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထိတိုင် စွဲဝင်နေသည့် မြားတို့လည်း ရှိတတ်သေးသည်။ အမှတ်တရများစွာဖြင့် ရစ်ပတ်နေသည့် ကမ္ဘာကြီးတွင် နေထိုင်သူ ကျွန်တော့်ထံတွင်လည်း မေ့မရသည့် အမှတ်တရ တချို့ရှိသည်။ ၎င်းတို့ထဲမှ မကြာခဏ သတိရမိသည့် သို့မဟုတ် နေ့စဉ်နီးပါး အမှတ်ရမိသည့် အရာတစ်ခုရှိသည်။ ထိုအရာသည် မျက်ဝန်းတစ်စုံထံမှ ထွက်လာသည့် အကြည့်ဖြစ်သည်။ ကျွန်တော် မေ့မရသည့် အမှတ်ရစရာများစွာထဲမှ တစ်ခုမှာ ထိုအကြည့်ဖြစ်သည်။ ထိုအကြည့်ဖြင့် ကြည့်ခံခဲ့ရသူမှာ ကျွန်တော် ဖြစ်သည်။ ရိုးစင်းရှင်းလင်းစွာ ပြောပြရမည် ဆိုပါလျှင် ထိုအကြည့်ကိုဖြစ်ထွန်းစေ

ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၅)

Image
ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၅)              လူက ခေါင်းတွေမူးနောက်လာသည်။ ဆယ်နာရီခွဲကျော်ကျော်ဖြစ်သည်။ ဆယ့်တစ်နာရီဆယ့်ငါး တွင် ပရက်တီကယ်ရှိ၍ ကျွန်တော်တို့၏ မစ်ရှင်ကို ခဏနားမည်ဟု ဆုံးဖြတ်ထား သည်။ လောလောဆယ် ခေါင်းမူးသည်။ မျက်နှာတွေလည်း ထူပူနေပြီဖြစ်သည်။   ကျောင်းသူတစ်သုတ်ဝင်လာတိုင်း ၄င်းတို့နောက်မှ နေ၍ ကျောပိုးအိတ်မှာချိတ်ထားသည့် အရုပ်လေးများကို သရုပ်ခွဲရသည်။ တစ်ချို့အရုပ်လေးများချိတ်ထား သည်မှာ ကျောလယ်လောက်ဖြစ် ၍ ပြဿနာမရှိသော်လည်း တစ်ချို့အရုပ်ကလေးများက ကျောပိုးအိတ်အောက်ခြေနားဖြစ်၍ အထင်မှားစရာ ဖြစ်သည်။ ဘူးယိုတွေ ဆိုသောစကားသံက ကျောင်းသူတစ်ချို့ထံမှ မကြာခဏ ထွက်ကျသည်။ ကျောင်းသားတစ်ချို့၏ ဘာကောင်တွေလည်းဟ ဆိုသည့် အကြည့်ကို မကြာခဏ လစ်လျူရှုရသည်။ ထိုအခြေအနေကို အမြန်ဆုံးအဆုံးသတ်ပေးသူမှာ ကျောင်းဂိတ်တွင် တာဝန်ကျနေသည့် ဆရာမများထဲမှ တီချယ်ကြီးဖြစ်သည်။

ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၄)

Image
ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၄) “ ဒီကောင့် ကျေးဇူးကြောင့် ဖိုးအောင်တော့ အေးမွန်နဲ့အဆင်ပြေသွားပြီကွ …”           “ မင်းလည်းအဆင်ပြေချင် အဲဒီစိန်ပန်းပင်ပေါ်က ခုန်ချကွာ …”           “ ခွီးမှပဲ မင်းခုန်ချပါလား …”           “ ကိုယ်တို့က အေးဆေးဟ၊ ကိုလတ် မင်းအတွက်ပြောတာ၊ သီဟ ညီမ မြင့်မြင့်စိန်လေးဆိုရင် ရော၊ မင်းမဟလို့ဗျ နို့မို့ဟိုက အပါပဲ … ”           “ ဝမ်းနှုတ်ဆေး စားထားတာကိုး …”           “ စားတုန်းသောက်တုန်း လျှောက်မပြောနဲ့ကွာ၊ ငါက ဖိုးအောင်လို အဖွဲ့ထဲက သူငယ်ချင်းကို မကြံဘူးကွ …”

ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၃)

Image
ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၃) “ ဟေ့ကောင် သစ်ပင်ပေါ်တက်ပြီး ဘာတွေတတွတ်တွတ်ရွတ်နေတာလည်း၊ သားဆုပန်တယ် ဆိုတာ ညောင်ပင်မှာ သွားပန်ရတာဟ၊ ဆင်းခဲ့ ဆင်းခဲ့ …”           “ ငါကြောက်လို့ကွ …”           ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောချင်သည့်စကားကို ခုမှပြောလိုက်ရသဖြင့် ကျေနပ်သွားသည်။           “ ဘာခုမှ ကြောက်ပါပြီလည်း တက်တုန်းကတက်ပြီး၊ အသာလေး လျောဆင်းလိုက် …”           ကျွန်တော်ခေါင်းကို သွက်သွက်ကြီး ရမ်းပြလိုက်သည်။           “ ဟာ ဒီကောင် …”           ပြောပြောဆိုဆိုဖြင့် ကိုအောင်စိုး ခါးတောင်းကျိုက်လိုက်သည်။ “ ခွိ ” ဆိုသောအသံက မိန်းကလေး သုံးယောက်ဆီမှ တပြိုင်တည်း ထွက်လာသည်။

ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၂)

Image
ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၂) “ ဒီကောင် ဖုန်းခေါ်တာလည်း မကိုင်ဘူးကွ …”           “ ကိုအောင်စိုး ခင်ဗျားသူ့အိမ်သွားတော့ ဘာပြောလိုက်သေးလဲ …”           “ မနက် ခြောက်ခွဲလောက်ကတည်းက ထွက်သွားတာတဲ့ဟ …”           စကားတပြောပြောနှင့် လျှောက်လာသည့် အောင်ကိုလတ်တို့အုပ်စုကို   မြင်နေရသည်။ ခပ်လှမ်းလှမ်းမှ ဖြစ်သည့်တိုင် အာကျယ်ပါကျယ်ပြောနေကြသည့်အတွက် စကားသံတွေကို ကြားနေရ သည်။ သူတို့က အ-သုံးလုံးအုပ်စုဖြစ်သည်။ အောင်ကိုလတ်၊ အောင်စိုးနှင့် အောင်ထွန်းတို့ဖြစ်သည်။ အဖွဲထဲတွင် “အောင်”မပါ သည့်ကျွန်တော်က အပုဆုံးဖြစ်သည်။ အသက်ငယ်ဆုံး ကတော့ အောင်ကိုလတ်ဖြစ်သည်။ အားလုံးထက် ငါးနှစ်ကြီး(ဆယ်တန်းငါးခါကျ)သည့် အောင်စိုးကို ကျွန်တော်တို့ တစ်ဖွဲ့လုံး

ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်

Image
ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်                     “ ဟော တွေ့ပြီ …”           ကောင်းကင်နောက်ခံ အလင်းနှင့်မို့ အတော်မြင့်မြင့် စိန်ပန်းကိုင်းမှာ ချိတ်ဆွဲထားသည့် အရာလေး သည် မွေးပွရုပ်လေးဖြစ်သည်မှအပ မည်သို့သောအရုပ်ဖြစ်ကြောင်းကိုတော့ ကျွန်တော်တိတိကျကျ မခွဲခြားနိုင်။ အတိအကျပြောနိုင်သည်က ကျွန်တော်ပျော်သွားခြင်းဖြစ်သည်။           ထိုအရာလေးသည် ကျွန်တော့်ဘဝအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာ နိုင်သည်မဟုတ်လား။ ကျောပိုးအိတ်ကလေးကို ချွတ်လိုက်သည်။ ဝန်းကျင်ကို စူးစမ်းလိုက်တော့ အချိန်စောနေသေးသည့် တက္ကသိုလ်မြေသည် ရေချိုးပြီးစ အပျိုမတစ်ယောက်လိုပင် လတ်ဆတ်လန်းဆန်း နေသည်။ ခုံဝိုင်းလေးပေါ်သို့ ကျောပိုးအိတ်လေးကို တင်လိုက်ရင်း ကွင်းထိုးဖိနပ်ကိုတော့ ခုံဝိုင်း အောက်ဘက်ဆီသို့ ထိုးချွတ်ထားလိုက်သည်။