Posts

Showing posts from June, 2016

ထုံတုန်တုန်အတွေးများ

Image
ထုံတုန်တုန်အတွေးများ                     မနေ့က အိပ်ချိန်နောက်ကျသွားလို့ ည(၈း၃၀)မှ နိုးတယ်။ မေမေက ပြောတယ်။ ဖုန်းလာတယ်...ဦးလတ်ဆုံးပြီတဲ့။ ဘာပြောရမှန်း မသိဘူး။ ဘာလုပ်ရမလဲ။ ရန်ကုန်မှာနေတဲ့ အစ်မတစ်ယောက်ဆီ ဖုန်းဆက်ရမှာလား။ မန္တလေးက အစ်ကိုဆီကိုပဲ လှမ်းမေးရမှာလား။ ခံစားရတာ ထုံတုန်တုန်နဲ့။

မီးမီး ရှက်ရှက်

Image
မီးမီး ရှက်ရှက်                      နယ်စပ်မြို့လေး တမြို့ရှိ အိမ် တအိမ်တွင် အရမ်း ရှက်တတ်သော အပျိုကြီး ညီမ နှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက် ဟာ ဘယ်လောက် ရှက်တတ်သလဲ ဆိုရင် လူမှန်း သိတတ်ချိန် မှစပြီး သူစိမ်းတွေ နဲ့လဲ ဆက်ဆံမှု နည်းပါပြီး ယောကျာင်္းလေး များနဲ့လဲ အကျွမ်း တ၀င် သိပ်မရှိပဲ အိမ်ထဲ မှာတွင်သာ အနေ များကြလေသည်။

ချစ်လို့ပြောတယ် မှတ်ပါ ကိုဖြိုးမောင်...

Image
ချစ်လို့ပြောတယ် မှတ်ပါ ကိုဖြိုးမောင်... မိန်းမယူပါ အနိမ့်ဆုံးတော့ မင်္ဂလာဆောင်ဖူးသွားပါလိမ့်မယ် ထို့နောက် သင်ဟာ အလှအပဆိုတာကို အမှန်တရားမဟုတ်ဘူးလို့ သိမြင်လာပါလိမ့်မယ် စကားနားထောင်နိုင်စွမ်းရည် မြင့်မားလာပါလိမ့်မယ် ( တစ်ဖက်ကပြောသမျှစကားကို အချိန်ကြာမြင့်စွာ နားထောင်လာနိုင်ပါလိမ့်မယ် )

ကျွန်တော်နှင့် ချစ်သောဆရာများ

Image
ကျွန်တော်နှင့် ချစ်သောဆရာများ        ချစ်ကြောက်ရိုသေမှ ဆရာအဆင့် မှီမှာလား။ ဘ၀မှာ ချစ်ကြောက်ရိုသေရတဲ့ ဆရာတချို့လည်း ရှိတယ်။ ချစ်ပေမယ့် မကြောက်ရတဲ့ ဆရာတို့လည်း ရှိမယ်။ မချစ်ပေမယ့်အောင့်ထားရတဲ့ ဆရာဆိုးလည်း များမယ်။ ပျားရည်ကျွေးပြီး အားပေးသွားတဲ့ ဆရာတွေလည်း ရှိတယ်။ ဆားရည်နဲ့ အနာသိပ်သွားတဲ့ ဆရာတချို့လည်း ရှိခဲ့ဖူးတယ်။ ဘ၀က ခါးတယ်။ အဲဒါကိုမှ ကော်ဖီခါးခါးတိုက်သွားတဲ့ ဆရာတစ်ယောက်လည်း ကြုံခဲ့ဖူးတယ်။ ချစ်ခဲ့ရတဲ့ ဆရာတွေနဲ့ မနှစ်မြို့ခဲ့ဖူးတဲ့ ဆရာတွေအကြောင်းတလှည့်တပြောင်းနဲ့ခေါင်းထဲရောက်ရောက် လာတယ်။

ချစ်သော ကမ္ဘာမြေ

Image
ချစ်သော ကမ္ဘာမြေ သာနေတဲ့ လကိုကြည့်ဖို့ ရွေ့နေတဲ့ တိမ်ကို ငေးဖို့ ဖြတ်ဖြတ်လက်တဲ့ ကြယ်တွေ တို့တတွေ နာမည်ပေးဖို့ ညလေအေးကို ခပ်ပြင်းပြင်း ရှိုက်ဖို့ ဟိုးဝေးဝေးက ဂစ်တာသံကို နားစွင့်ဖို့ ရေးထားတဲ့ နင့်နာမည်

မျက်နှာဖုံး

Image
မျက်နှာဖုံး ကမ္ဘာမြေအတွက် တစ်စင်းထဲရှိတဲ့လ မှောင်တစ်ချီ လင်းတစ်လှည့်နဲ့ မျက်နှာနှစ်ခု ဖွင့်ခဲ့တယ်။

မိုးလင်းတော့...

Image
မိုးလင်းတော့... ငါတို့ မိုးလင်းတော့ အိပ်ခဲ့တဲ့ နေရာကို သိမ်းရုတ်လို့ မျက်နှာသစ် သွားတိုက်နဲ့ သိပ်အေးတဲ့ ဆောင်းတွင်းကလွဲလို့ ရေတွေဘာတွေချိုးလို့ ...

သူတို့၏ အနုပညာများ

Image
               မြို့မငြိမ်းဟာ အနုပညာရဲ့ဒဏ်ကို မခံနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမျှော်မှန်းခဲ့တဲ့အနုပညာဟာ အင်မတန်မှ လှပတဲ့၊ လျှို့ဝှက်နက်နဲတဲ့၊ ဒြပ်မဲ့တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့ အနုပညာဖြစ်လို့ပဲ။ မြို့မငြိမ်းရဲ့ အနုပညာအတွက် စတေးမှုဟာ အပေါစားအနုပညာရှင်တွေကို တုန်လှုပ်စေခဲ့တယ်။ မြို့မငြိမ်းဟာ အနုပညာလောကအတွက် လေးနက်မှုကို အမွေအဖြစ် ထားရစ်ခဲ့တယ်။

နားမလည်ဘူးကို နားမလည်ခြင်း

Image
နားမလည်ဘူးကို နားမလည်ခြင်း                  ကျွန်တော် နားမလည်တာကို ကျွန်တော့်သူငယ်ချင်းတွေ နားမလည်ကြဘူး။ ကျွန်တော်က စကားပြောရင် ဘူးလုံးနားထွေးနဲ့၊ စာရေးတော့လည်း မရှင်းမရှင်းနဲ့ ဆိုတော့လေ။ ပြောရရင်ဗျာ ကိုယ့်အထက်လူကြီးနာမည်တောင် မသိဘဲနဲ့ ပြာယာခတ်နေကြသူတွေကို ကျွန်တော် နားမလည်ဘူးဗျ။

နားမလည်ဘူး

Image
နားမလည်ဘူး ၁။ ဗွီအိုင်ပီ လာရင် ကိုယ့်လူကြီးနာမည် ဘယ်သူမှန်းမသိဘဲ အနားပြာနေကြသူတွေကို နားမလည်ဘူး။ ၂။ ငါ့ကိုသိလား၊ ငါဘာကောင်လဲ ဆိုတဲ့သူတွေ များနေတာကို နားမလည်ဘူး။ ၃။ ဘဏ်မှာ ငွေထုတ်ရင် ပမာဏများရင် မှတ်ပုံတင်နဲ့မှရပါတယ်။ လူကိုယ်တိုင်လာတာပဲလို့ ဆင်ခြေမတက်ရဲဘူး။ ဟိုတယ်ကိုရောက်လာရင်

အတ္တဓါးသွားကို ဆေးသားပြန်တင်တော့

Image
အတ္တဓါးသွားကို ဆေးသားပြန်တင်တော့                 ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မိတယ်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံး ကိုယ်ဘာတွေလုပ်ခဲ့လဲ။ ဘာတွေလုပ်ပြီးသွားပြီလဲ။ ဘာတွေကို လုပ်နေတုန်းလဲ။ ဘယ်သူ့အတွက်လဲ။ ဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေမှာ ကိုယ့်အတွက် ရောက်ခဲ့ရတဲ့ မိုင်တိုင်တွေက နည်းနည်းရယ်။ သူများအတွက် လျှောက်ခဲ့ရတဲ့ မိုင်တိုင်တွေက ပိုများတယ်။ တစ်ခါ တစ်ခါ သူများအတွက်...။ တစ်ခါတစ်ခါ ကိုယ့်အတွက်ဆိုပြီး လျှောက်ခဲ့ပေမယ့် သူများအတွက်ဖြစ်သွားတဲ့ ခရီးရှည်တွေလည်း မနည်းပါဘူး။ ကိုယ့်ပုံဆောင်ခဲကိုက အားနာမှုနဲ့ ထုဆစ်ထားတာ မဟုတ်လား။

Pocket လေးရေ

Image
Pocket လေးရေ ကလောင်အမည်=မြူပါးရ်             ကျောင်းပြဋ္ဌာန်းစာအုပ်ပဲ အလွတ်ရပြီး အတော်ဆုံးကျောင်းသားဖြစ်နေတဲ့ပညာရေးစနစ်မှာ ဒါသင်၊ ဒါကျက်၊ ဒါဖြေ နဲ့ ငါ့ကလေးလေး စာမတော်စေချင်ဘူး။ ဟိုနေ့က မေမေ့ရှေ့တင် ရှစ်တန်းကျောင်းသားလေးက မကိန်းတို့၏ ၂ ထပ်ကိန်းများပေါင်းလဒ်သည် မကိန်းဖြစ်သည်လို့ သင်္ချာကို ကျက်တယ်။ မေမေက မနေနိုင်တော့ ၀င်ရှင်းပြမိရော။

ဘက်

Image
ဘက် အိုးခြမ်းပဲ့ကို ရေမလောင်းဘူး မကြာခဏ တွေးဖူးခဲ့တယ် တကယ်တော့ ကိုယ်ရပ်နေတာ ပေးတဲ့ဘက်... အိုးခြမ်းပဲ့နဲ့ ရေခံခဲ့လား တစ်ခါတစ်ရံ စဉ်းစားမိတယ် ဟိုစဉ်တုန်းက ကိုယ်ရပ်ခဲ့တာ ယူတဲ့ဘက်... ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး (၁၃.၆.၂၀၁၆ နံနက် ၂း၂၀မိနစ်) https://shintnyolay.weebly.com

စ-တာပါ

Image
စ-တာပါ   စားသောက်ဆိုင် တစ်ခုမှာ ကောင်မလေးကို နည်းနည်းလေးပဲ ရစ်လိုက်တာ စိတ်ဆိုးသွားတယ်ဗျာ ။ "အော်ညီမလေး ABC ရလား" "ဟုတ်ကဲ့ရှင် ရပါတယ်" "အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

စာပေဗိမာန်က ကျွန်တော့်ကိုပေးသော ပညာလက်ဆောင်များ

Image
စာပေဗိမာန်က ကျွန်တော့်ကိုပေးသော ပညာလက်ဆောင်များ ကလောင်အမည်=မောင်ခင်မင်(ဓနုဖြူ )                        ကျွန်တော် ဆယ်ကျော်သက်အရွယ်ကတည်းက စာပေဗိမာန်နဲ့ ထိတွေ့ဆက်ဆံခဲ့တာ အခုဆိုရင် နှစ်ပေါင်းခြောက်ဆယ်ကျော်ပါ ပြီ။ ဒီကာလအတွင်း စာပေဗိမာန်နဲ့ အဆက်မပြတ်ခဲ့ပါဘူး။ ပညာတွေလည်း အများကြီးရခဲ့တဲ့အတွက် ကျေးဇူးကြီးပါတယ် “

နှလုံးသားရှိရာသို့ ...

Image
နှလုံးသားရှိရာသို့ ... မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။

စာရေးဆရာဟူသည်

Image
စာရေးဆရာဟူသည် ကလောင်အမည်=ခင်မျိုးချစ်                နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများ က ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။

ရူး

Image
 ရူး           ဆေးခန်းတစ်ခုတွင် ဖြစ်သည်။ လူရှင်းနေချိန်ဖြစ်၍ တန်းစီစောင့်နေသည့် လူနာဟန်မပေါက်သော လူသုံးယောက်မှာ မရိုးမရွဖြစ်နေသည်။ သုံးယောက်စလုံးမှာ သူငယ်ချင်းများဖြစ်၍ တိုင်ပင်ပြီးရောက်လာကြသူများဖြစ်သည်။ ထိုစဉ် အခန်းထဲမှ ဆရာဝန်နှင့်တိုင်ပင်ပြီး၍ လူနာတစ်ယောက် ထွက်သွားသည်နှင့် လူသုံးဦးအနက်မှ ခပ်၀၀လူက အခန်းထဲသို့ စွတ်ဝင်သွားသည်။ အခန်းထဲဝင်လာသူကို ဆရာဝန်က ပြုံးပြရင်း ထိုင်ခိုင်းလိုက်သည်။ " နာမည်က..."