နားမလည်ဘူး

နားမလည်ဘူး

၁။ ဗွီအိုင်ပီ လာရင် ကိုယ့်လူကြီးနာမည် ဘယ်သူမှန်းမသိဘဲ အနားပြာနေကြသူတွေကို နားမလည်ဘူး။
၂။ ငါ့ကိုသိလား၊ ငါဘာကောင်လဲ ဆိုတဲ့သူတွေ များနေတာကို နားမလည်ဘူး။
၃။ ဘဏ်မှာ ငွေထုတ်ရင် ပမာဏများရင် မှတ်ပုံတင်နဲ့မှရပါတယ်။ လူကိုယ်တိုင်လာတာပဲလို့ ဆင်ခြေမတက်ရဲဘူး။ ဟိုတယ်ကိုရောက်လာရင်
လူကိုယ်တိုင်ပဲတို့...ဧည့်စာရင်းမတိုင်ရတော့ပါဘူးတို့ပြောတတ်ကြတာကို နားမလည်ဘူး။
၎။ တန်ဖိုးကြီးကားတောင် (လိုင်စင်မဲ့)ဆိုရင် အဖိုးမတန်တော့သလို မှတ်ပုံတင် မပါတဲ့သူတွေကို ဝပ်သောက်ကားလို ကျွန်တော်တန်ဖိုးထားတာ သူတို့တတွေ နားမလည်ဘူး။
၅။ မိဘနာမည်သုံးပြီး ခုချိန်ထိ အခန်းခတွေ လာရှင်းမပေးတဲ့ လူမှုဖူလုံရေးက ကိုကိုတစ်ယောက် သူ့မိဘအပေါ် ဘယ်လိုတန်ဖိုးထားတယ်ဆိုတာ နားမလည်ဘူး။
၆။ ပွင့်လင်းတာနဲ့ ရိုင်းစိုင်းတာကို မခွဲခြားနိုင်တဲ့လူတွေများနေတာကို နားမလည်နိုင်ဘူး။
၇။ (Customer Right) ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို မသိဘဲ တလွဲအသုံးချဖို့ ကြိုးစားနေကြတဲ့ လူတွေများလာတာကို နားမလည်ဘူး။
၈။ ကျွန်တော်တို့တတွေလည်း သူတို့ပရိသတ်ဆိုတာ မေ့နေကြတဲ့ အနုပညာရှင်တွေကို နားမလည်ဘူး။
၉။ ဝန်ထမ်းဟာ အိမ်အကူမဟုတ်ကြောင်း ခွဲခြားမသိတဲ့ ဧည့်သည်တွေကြောင့် စိတ်ထိခိုက်ရတယ်ဆိုတာ သူတို့တတွေ နားမလည်ဘူး။
၁၀။ ငါးနှစ်ကျော် ခြောက်နှစ်အတွင်း မှတ်ပုံတင်မပါလို့ (Registration Form)ကို ကျေကျေနပ်နပ်ဖြည့်ပေးမသွားကြတာ ဘာ့ကြောင့်များလည်းဆိုတာ နားမလည်ဘူး။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း