Posts

Showing posts from September, 2020

"မရဂျိ"

Image
"မရဂျိ" (Karate)သင်တန်းတစ်ခုမှာ ပြပွဲတစ်ခုလုပ်တယ်။ ခါးပတ်နက်တစ်ယောက်က ပျဉ်ပြားခွဲတဲ့ပြကွက်ကို ပြဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျန်တဲ့ သင်တန်းသူ၊ သင်တန်းသားတွေလည်း ဝိုင်းလို့ပေါ့။ အဲဒီမှာ (Karate)ဆရာကြီးရဲ့ မြေးတစ်ယောက်က ရှေ့ဆုံးကနေကြည့်ရင်း ပြောလိုက်တယ်။ "မကွဲဂျိ" တဲ့။ သူက ကလေးဆိုတော့ စကားတောင် မပီသေးဘူးလေ။ ပျဉ်ပြားခွဲပမယ့်ဆရာလည်း ကြားတယ်။ သူတော့ ဘယ်လိုနေမယ် မသိပေမယ့် ကိုယ့်မှာရယ်ချင်ပက်ကျိ ဖြစ်လို့။ အခုလည်း အနုပညာရှင်များကို ထောက်ပံ့မည်တဲ့။ သန်း (၁၅၀)တဲ့။ မိတ်ဆွေကဗျာဆရာတစ်ယောက်က စာရေးဆရာတွေပါ ရမယ့်အကြောင်း (Chat Box)ကနေ လာပြောတယ်။ ကျွန်တော်လည်း လွှတ်ခနဲ ထွက်သွားတယ်။ "မရဂျိ" လို့။ သြော် ကျွန်တော်ပြောတာ မုံရွာက စာရေးဆရာတွေအတွက်ပါ။ ကိုယ်က စာရေးဆြာမှ မဟုတ်တာ။ စာရေးဆရာ မဟုတ်ပေမယ့် ထင်မြင်ချက်တော့ ပြောလို့ရတယ်လေ။ "မရဂျိ..." (PS:ကျွန်တော်တင်တဲ့ပို့စ်လေး ပြန်တင်မယ်ဆို Credit: နဲ့တင်ရပ်မထားနဲ့ဗျ။ နာမည်ပါထည့်။) ရှဥ့်ညိုလေး (30.9.2020 7:20am) https://web.facebook.com/authorshintnyolay

ရက်စက်ရာရောက်သွားမယ်

Image
ရက်စက်ရာရောက်သွားမယ်           မနေ့က ကျွန်တော်နဲ့ သားကြီးကောင်းဇေယျာလင်းနဲ့ စကားပြောဖြစ်တယ်။ သားကြီးက မိဘခိုင်းရင် မငြူစူဘူး။ ကောင်းကောင်းလုပ်ပေးတယ်။ ဖြစ်သလို မလုပ်ဘူး။ အငယ်ကောင် သားငယ် ကောင်းသုတကျ ခိုင်းလိုက်ရင် ငြူစူတယ်။ မလိမ့်တစ်ပတ်နဲ့ ရှောင်ပြေးတတ်တယ်။ သူစိတ်ကြည်တဲ့အခါဆို တစ်ခုခုခိုင်းသံကြားရင် အပြေးအလွှားသွားလုပ်တယ်။ သားကြီးတောင် လုလုပ်ရတယ်။ မနေ့က ကျွန်တော် စာရိုက်နေတုန်း သားကြီးက ရေတစ်ခွက်လာတိုက်တယ်။ ဒါနဲ့ ဆုပေးလိုက်ရင်း သားကြီးကို မေးလိုက်တယ်။           “ သားကြီး…သားက ဖေဖေတို့ခိုင်းလိုက်ရင် အမြဲတမ်း ကောင်းကောင်းမွန်မွန်လုပ်ပေးတယ်၊ ဘာလုပ်လုပ် စေတနာပါတာ ဖေဖေသိတယ်။ ဖေဖေနားမလည်တာက သားက သားညီလေးကို ဘာလို့ ဘောင်အတွင်းက ညစ်တာတုန်း၊ သားညစ်တာကို ဖေဖေသိတယ်နော်…”           သားက ရယ်ပြီးပြန်ပြောတယ်။           “ ဟာ ဖေဖေကလည်း သား ဘောင်အပြင်က ညစ်ရင် ရက်စက်ရာ ကျသွားမှာပေါ့ ” တဲ့။ ကျွန်တော် နည်းနည်းတော့ ဆွံ့အသွားတယ်။ ကလေးတစ်ယောက်တောင် ဘောင်အတွင်းက ညစ်ရမှာသိနေရင် ကျွန်တော်တို့ရဲ့ လူကြီးမင်းတေကွ ကျွန်တော်တို့အပေါ် ရက်စက်ရာရောက်မှာစိုးလို့များ ……။ အဲဒီနေ့က ကျွန်တော့်အတွေးတွေ နည်းနည်းရှည်သွ

ကျွန်တော့်မှာ မကောင်းတဲ့အကျင့်ရှိတယ်

Image
ကျွန်တော့်မှာ မကောင်းတဲ့အကျင့်ရှိတယ်           ကျွန်တော့်မှာ မကောင်းတဲ့အကျင့်ရှိတယ်။ အဲဒါ ခင်ဗျားတို့သိအောင် ပြောပြတာ။ အစွန်းရောက် လွန်းရင် ကျွန်တော်မုန်းတယ်။ ဆိုပါတော့ ဘယ်အသင်းအဖွဲ့ဖြစ်ဖြစ် စွပ်လော်နေရင် မျက်မုန်းကျိုးရော။ အမှန်တော့ ကိုယ့်အသင်းအဖွဲ့အတွက် ဂုဏ်ဖော်ရမှာ၊ မဲဆွယ်ရမှာပဲ။ ဘုန်းတော်ဘွဲ့ ဆိုနေသူတွေ၊ အနားပြာ တွေကို မုန်းတာပါ။           ကျွန်တော်က ဟိုတယ်မှာ ဝန်ထမ်းအဖြစ် လုပ်ခဲ့ဖူးတော့ စွပ်ဖားတွေ၊ စွပ်ဖာတွေ၊ အနားပြာတွေကို မုန်းတယ်။ (V.I.P) ဆိုပါတော့။ ကျွန်တော်တို့ တကယ်အလေးထားခဲ့ပါတယ်။ သူတို့လာရင် ကိုယ့်ဝန်ထမ်းတွေ စိတ်ဖိစီးရပါတယ်။ သူတို့လာလို့ လစာမတိုး၊ ရာထူးမတိုး၊ မုန့်ဖိုးမရပေမယ့်…။ ထားပါ။ တချို့ (Complimentary) ပေးရတဲ့ သူတွေက ကိုယ့်ဝန်ထမ်းတွေအပေါ် တအားမောက်မာတယ်။ အိမ်စေလောက် ထင်ကြတာ၊ ဆက်ဆံကြတာပါ။ တကယ်က သူတို့ တည်းတဲ့၊ စားတဲ့ စားရိတ်တွေက ဝန်ထမ်းတွေရမယ့် (Service Money) ထဲက အသုံးပြုတယ်ဆိုတာ မသိကြဘူး။           သူတို့ထက်ဆိုးတာက အနားပြာတွေပါ။ အနားမှာ ကပ်ပြာနေကြတာ။ တစ်ခါကဆို (V.I.P) နှစ်ဖွဲ့ဆုံတယ်။ ဌာနမတူဘူး။ နေပြည်တော်က လာကြမှာ။ အနားပြာတွေ ခြေချင်းလိမ်လို့။ နေပြည်တော်နဲ့ မုံ

ခုထိအောင်လည်း

Image
ခုထိအောင်လည်း ဝတ္ထုအမည် = ခုထိအောင်လည်း အမျိုးအစား = ဝတ္ထုတို/ ရွှေနှလုံးသား ကလောင်အမည် = ရှဉ့်ညိုလေး ပုံနှိပ်ဖော်ပြသည့် မဂ္ဂဇင်း = ရွှေအမြုတေ မဂ္ဂဇင်း (အမှတ် ၂၈၁၊ ဧပြီလ ၂၀၁၃၊ စာမျက်နှာ ၈၂)

တိုက္ပြဲ

Image
တိုက်ပွဲ ဘဝဆိုတာ တိုက်ပွဲတဲ့ အကြိမ်ကြိမ် ကိုယ်ချည်းခံနေရတဲ့အခါ လက်သီးတစ်လုံးတောင် (Counter) မပြန်နိုင်တဲ့အခါ... ငါ့အတွက်တော့ ဘဝဆိုတာ စနစ်တကျ ရှုံးနိမ့်ဖို့ သင်ကြားရာနေရာ...။   ရှဥ့်ညိုလေး (၆.၉.၂၀၂၀ ညနေ၅း၅၅ မိနစ်)

သတိရတဲ့အကြောင်း

Image
သတိရတဲ့အကြောင်း မြစ်ကမ်းဘေး ငါရပ်ငေးတော့ လွင့်ဝဲသွားတဲ့ ဆံနွယ်ကြားက ဘေးတိုက်မြင်ရတဲ့ မင်းမျက်နှာ ငါငေးဖူးတာ သတိရတယ်။ အိပ်ခန်းပြတင်းဖွင့် မြင်နေရတဲ့ကောင်းကင် ရွေ့နေတဲ့ တိမ်တွေကြားက ပြောခဲ့ဖူးတဲ့ မင်းရဲ့စကား ကြားယောင်မိကာ သတိရတယ်။ ကော်ဖီဆိုင်ထိုင်တိုင်း သီချင်းတွေနားထောင်တိုင်း မိုးတွေညို့တိုင်း တိမ်တွေအိုက်တိုင်း နှစ်သစ်ကူးတိုင်း မွေးနေ့ရောက်တိုင်း (Valentine Day) ရောက်တိုင်း ငါ...... နင့်ကို..... သတိရတယ်...။ ရှဥ့်ညိုလေး https://shintnyolay.blogspot.com (၉.၁ဝ.၂ဝ၁၇ နံနက် ၁၁းဝ၂ မိနစ်)

ခင်ဗျားတို့ဖတ်ဖို့ ရေးတဲ့စာ

Image
ခင်ဗျားတို့ဖတ်ဖို့ ရေးတဲ့စာ ကျွန်တော် အကြောင်းအရာတစ်ခုကို ပုံစံနှစ်မျိုး ရေးခဲ့ဖူးတယ်။ တမင်ရေးတာ မဟုတ်ပါဘူး။ (၂၀၁၅)လောက်တုန်းက ကျွန်တော် ဟိုတယ်ကြီးတစ်ခုမှာ အလုပ်ဝင်နေတာပါ။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် (Update) မြှင့်တဲ့အနေနဲ့ ပြင်ပက သင်တန်းတစ်ခုကို တက်တယ်။ အဲဒီအချိန်မှာ မျက်လုံးလှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တယ်။