ငါတို့


ငါတို့

ဖြောင့်နေတဲ့ လမ်းတွေပေါ်

တည့်တည့်မလျှောက်နိုင်တဲ့ငါ

ကောက်နေတဲ့ လမ်းရောက်မှ

အတည့်လျှောက်ဖို့ ကြိုးစားချင်ခဲ့။

လမ်းမဟုတ်တဲ့ လမ်းကိုလျှောက်တော့

လမ်းမပျောက်ဘဲ

လမ်းဆိုတဲ့ လမ်းကိုလျှောက်မှ

လမ်းပျောက်ခဲ့ပြီ။

သိပ်မှန်တာပဲ

လုံးနေတဲ့ ကမ္ဘာမှာ

အတည့်လျှောက်ဖို့ ခက်သတဲ့။

တကယ်လို့

တကယ်လို့များ

ကမ္ဘာကြီး ပြားသွားရင်ရော

ငါတို့ အတည့်လျှောက်နိုင်ပါ့မလား

ငါတို့ အတည့်လျှောက်တတ်ကြပါ့မလား … ။

ရှဥ့်ညိုလေး

(၂၆.၅.၂၀၁၈ နံနက် ၁၀း၃၃ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း