Posts

Showing posts from December, 2021

ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ

Image
  ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ ဒီနေ့က ၂၀၂၁ ကို နှုတ်ဆက်မယ့် ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ ဗေဒင်ဆရာတွေ ဘယ်လိုဟောဟော ဒီဇင်ဘာ(၃၁)ကုန်ရင် နှစ်ကုန်တာပါပဲ။ အဲဒီလိုပဲ သူကုန်တာနဲ့ နှစ်သစ်တစ်ခုကို ရောက်တော့တာပါပဲ။ အဲဒီတော့ ည(၁၂)ထိုးတာနဲ့ “ Happy New Year ” ဆိုပြီး သံကုန်အော် ပျော်ခဲ့ကြတာပေါ့။

Who is he?

Image
  Who is he? ကိုထိန်တစ်ယောက် သူ၏မိတ်ဆွေတစ်ယောက်နှင့် ကျွန်တော့်အိမ်သို့ အလည်ရောက်လာသည်။ ထို့နောက် မိတ်ဆက်ပေးရင်း လာရသည့် အကြောင်းရင်းကို ပြောပြသည်။ “ သူက စိတ်မရွှင်ဘူး ဖြစ်နေတာ၊ မင်းက စာရေးဆရာဆိုတော့ ပေါက်တတ်ကရ အကြံဉာဏ်တွေပေးတတ်လွန်းလို့ ခေါ်လာတာ၊ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို တည့်များသွားမလားလို့ ”

ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ

Image
  ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ             ကျွန်တော် သူ့ဖန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်နဲ့သူ့ကိုယ် ရိုးရိုးသားသား နေတာကို ကြိုက်တယ်။ ဟိုတယ်လုပ်တုန်းက (Reception) နဲ့နီးတဲ့ သူ့အခန်း မနက်စောစော ရောက်သွားဖူးတယ်။ သူ့အမျိုးသမီးလည်း ရှိတယ်။ သူက သူ့အမျိုးသမီးကိုလှည့်စကားပြောနေရင်း ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ အပြင်မှာ သူ့ကို ပထမဆုံး မြင်ဖူးတာပေါ့။

စိတ်ညစ်နေလား

Image
  စိတ်ညစ်နေလား သူငယ်ချင်း ကိုထိန်က မေးတယ်။ " မင်း အခုတလော မင်းပေ့ချ်မှာ သီချင်းဟောင်းတွေနဲ့ မင်းပုံတွေတင်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ" ကျွန်တော်လဲ အိမ်သူကို ပြန်ဖြေပုံမျိုး မဟုတ်ဘဲ မာမာချာချာပဲ ပြန်ဖြေလိုက်တယ်။

မေမေအကြံပေး သင်တန်းကြီး

Image
မေမေအကြံပေး သင်တန်းကြီး မကြာခင် တက္ကသိုလ်တွေ ပြန်ဖွင့်တော့မည် ဖြစ်သည်။ ယခုမှ တက္ကသိုလ်စတက်ရမည့် သမီးဖြစ်သူအတွက် မိခင်ဖြစ်သူမှ လက်ချာကောင်းကောင်းပေးနေသည်မှာ သုံးလခန့်ပင် ရှိနေပြီဖြစ်သည်။ “ သမီးရေ၊ သမီးကို မေမေသင်ပေးနေတာ သုံးလနီးပါးရှိပြီနော်။ မေမေသင်ပေးတာတွေရော မှတ်မိရဲ့လား။ ဒီနေ့ဆို သင်ပေးနေတာတွေလဲ ကုန်သလောက်ရှိပြီ ” “ ဟုတ်ကဲ့ မှတ်မိပါတယ်မေမေ” “ ဒါဆို ကိုယ့်ကို တစ်ခန်းလုံး အာရုံစိုက်ခံရအောင် ပထမအဆင့်မှာ ဘာလုပ်ရမလဲ ပြောစမ်း သမီး ”

အရွယ်က စကားပြောတယ်

Image
အရွယ်က စကားပြောတယ်   တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်။ "အဘ ဘယ်သွားမလို့လဲ" "ဟိုဘက်ရွာ" "ဒါဆို အတူတူသွားကြတာပေါ့"

တို့တောရွာ

Image
တို့တောရွာ ပျိုလေးတို့ရွာ၊ သာပါစမေး။ သာပါတယ်၊ ရွာလယ်လမ်းမှာ ပန်းတွေနှင့်မွေး။

ကျွန်တော် ဘာမှားသွားသလဲ

Image
ကျွန်တော် ဘာမှားသွားသလဲ ဒီကနေ့ ကိုထူး အိမ်တွင်းအောင်းနေသည်။ ဘာ့ကြောင့်မှန်းမသိရဘဲ “ လုံးဝအပြင်မထွက်ရ ” ဆိုသည့် မိန်းမ၏ တစ်ချက်လွှတ်အမိန့်ဖြင့် အိမ်တွင်းအောင်းနေရခြင်းဖြစ်သည်။ အပြင်မထွက်ရသဖြင့် မင်းလူ၏ ရယ်မောခြင်းပေါင်းချုပ် စာအုပ်ဖြင့် ကိုထူးတစ်ယောက် ရွှင်မြူးနေလေသည်။ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီးနောက် အိပ်ခန်းတွင်းဝင်လာသည့် မဒီစံတစ်ယောက် ပြုံးဖြီးဖြီးနှင့် စာဖတ်နေသော သူ့ခင်ပွန်းကို တွေ့လိုက်သည်နှင့် မယာအလိမ္မာတို့၏ ထုံးစံအတိုင်း မျက်မှောင်ကုတ်လိုက်သည်။ ပြီးနောက် သူလျှိုမတစ်ယောက်၏ ဖြားယောင်းသည့် အသံမျိုးဖြင့် ခေါ်လိုက်သည်။

ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည်

Image
ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည် ကိုထိန်တစ်ယောက် ဂျပန်မှာအလုပ် လုပ်သည်။ ဂျပန်တွေ၏ အလုပ်ကြိုးစားပုံနှင့် ယဉ်ကျေးသည့် အပြုအမူများကို သဘောကျသည်။ အထူးသဖြင့် အပြစ်ကျူးလွန်မိထားလျှင် လိမ်မပြောတတ်ပုံများကို ချစ်သည်။

ဗျည်းဖို ဗျည်းမ

Image
ဗျည်းဖို ဗျည်းမ မြန်မာဗျည်း ၃၃ လုံးရှိရာမှာ အသံဖြစ်ရာ နေရာ ဌာန်တူရာ ဗျည်းတွေကို ” ဝဂ် ” လို့ခေါ်ပါတယ် ။ အစု လို့အဓိပ္ပါယ်ရပါတယ် ။ ” က ၊ ခ ၊ ဂ ၊ ဃ ၊ င ” တို့ဟာ အသံဖြစ်ရာ ဌာန် တူကြပါတယ် ။ ( အသံဖြစ်ရာ ဌာန်တူတယ် ဆိုတာက အသံထွက်ဖို့ ပါးစပ်အနေအထား တူတာ လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ် ) ယင်းဗျည်း ၅ လုံးအစုကို ဝဂ် လို့ခေါ်ပါတယ် ။ ” က ” နဲ့စလို့ ” ကဝဂ် ” လို့အမည်တွင်ပါတယ် ။ ဝဂ် ပါတဲ့ဗျည်းများကို ဝဂ်ဗျည်း လို့ ခေါ်ပါတယ် ။

မြန်မာစာမှာ စာလုံးဆင့်ခြင်း

Image
  မြန်မာစာမှာ စာလုံးဆင့်ခြင်း မနေ့က စာလုံးဆင့်ရခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ စာပေမှာ အက္ခရာကို ထပ်ပြီး ရေးသားနိုင်တဲ့ ဘာသာစကားက အများကြီးတော့ မရှိပါဘူး။ စားရေးသားဖို့အတွက် အထောက်အပံ့ပစ္စည်းရယ်လို့ မတွင်ကျယ်မီတုန်းက ကျောက်ပြားပေါ်၊ ကြေးပြားပေါ်၊ ပေရွက်ပေါ်မှာ စာတွေကို ရေးသားကြရပါတယ်။ နေရာပေါ်မူတည်ပြီး အက္ခရာတွေကို ဆင့်ပြီး သုံးခဲ့တာတွေ မွေးစားစကားလုံလေးတွေ လေ့လာစရာတွေကတော့ အများကြီးပါပဲ။

သတ်ပုံကဗျာ

Image
သတ်ပုံကဗျာ တောတောင်စိမ်းလန်း စိတ်စွဲလမ်း မခွဲစတမ်း နေပါမည်။ အသားမည်းမည်း အသည်းထဲ တစ်ဦးတည်းကို ချစ်ပါမည်။

အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး

Image
အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး             အမြွှာညီအစ်ကို သို့မဟုတ် အမြွှာညီအစ်မများကြားတွင် ထူးခြားသော အဖြစ်အပျက်များ၊ ထူးဆန်းသော ဆက်နွယ်မှုများ ရှိတတ်သည်။ တစ်ယောက်နှင့်တစ်ယောက်ကြားရှိ တူညီသည့်အဖြစ်အပျက်များသည် တစ်ခါနှစ်ခါ သို့မဟုတ် သုံးခါဆိုလျှင် တိုက်ဆိုင်မှုဆိုသည့် ခေါင်းစဉ်အောက်သို့ ပို့ရမည် ဖြစ်သည်။ ထိုထက်ပို၍ တိုက်ဆိုင်လာလျှင်မှု ထူးဆန်းမှုဟု ခေါင်းစဉ်တပ်ရတော့မည် ဖြစ်သည်။ ထိုထက်ပိုတိုက်ဆိုင်လာလျှင်ကား မဖြစ်နိုင်ဘူးဟူ၍လည်းကောင်း မယုံနိုင်ဘူး ဟူ၍လည်းကောင်း မျက်စိနှင့်မြင်နေရသည့်တိုင်၊ ကိုယ်တိုင်ကြုံတွေ့ နေရသည့်တိုင် ငြင်းဆိုချင်လာတော့သည်။ အောက်ပါအဖြစ်အပျက်သည် ကျွန်တော်ကိုယ်တိုင် ငြင်းဆိုချင်မိသည့် အဖြစ်အပျက် ဖြစ်ပါသည်။