စိတ်ညစ်နေလား


 
စိတ်ညစ်နေလား

သူငယ်ချင်း ကိုထိန်က မေးတယ်။

" မင်း အခုတလော မင်းပေ့ချ်မှာ သီချင်းဟောင်းတွေနဲ့ မင်းပုံတွေတင်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ"

ကျွန်တော်လဲ အိမ်သူကို ပြန်ဖြေပုံမျိုး မဟုတ်ဘဲ မာမာချာချာပဲ ပြန်ဖြေလိုက်တယ်။

" မင်း အခုတော့ ဟစ်ဖြစ်နေတဲ့ သတင်းကြားမိလား "

" ဘာလဲ... ငါတို့နိုင်တော့မှာလား "

" မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ခ်ကို ဒီနိုင်ငံမှာ မသုံးရတော့ဘူး၊ အပြီးဖျက်တော့မှာ ဆိုတာလေ "

" ဂျင်း သတင်းပါကွာ၊ မင်းကလဲ "

" ဂျင်း...ဂျင်း ကွာ၊ ရင်ပူတာတော့ အမှန်ပဲ "

" အဲဒီတော့ ... "

" အဲဒီတော့ ငါ မပျော်ဘူးကွာ "

" မပျော်တော့ “

“ စိတ်ညစ်တာပေါ့ကွာ "

" စိတ်ညစ်တော့ "

" စိတ်ညစ်တော့ ကျန်တဲ့သူတွေလည်း ပျော်နေမလားဆိုပြီး ငါ့ခံစားမှုကို မျှဝေလိုက်တာ၊ ငါ့ပုံလည်း မြင်ရော ... သူတို့လည်း စိတ်ညစ်တော့တာပေါ့ကွာ "

" သူတို့ စိတ်ညစ်သွားမှန်း မင်းဘယ်လိုသိသလဲ "

" သိတာပေါ့ကွ၊ ငါ ရယ်စရာရေးတဲ့ပို့စ်မှာတောင် ဟဟ မပေးကြဘူးကွ၊ အားနာပါးနာ Like ပဲ လုပ်ကြတာ၊ ယုတ်စွအဆုံး မဒီစံတောင် ငါ့ပို့စ်ကို ဟဟ မလုပ်ဘူး 😔"

" ဘာလို့လဲလို့ မေးမကြည့်ဘူးလား "

" မေးကြည့်တော့ ရယ်စရာပို့စ်ကလဲ မရယ်ရဘူး၊ ရုပ်ကလည်း မရယ်ရဘူးတဲ့ "

" ဒါဖြင့်ဘာလို့ Like လုပ်တာတဲ့လဲ "

" မြင်ရတာ စိတ်ညစ်လို့တဲ့ "

" တိန် "

(PS:ရယ်စရာရှိရင် ရယ်ချလိုက်ပါ၊ စိတ်ညစ်နေရင်လည်း ရယ်ချလိုက်ပါ။ ပေါ့သွားတာပေါ့။ ကျွန်တော်ကတော့ ပေါသွားတယ်😂)

ရှဉ့်ညိုလေး

(၂၂.၁၂.၂၀၂၁ ညနေ ၄ နာရီ ၅၇ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း