သတ်ပုံကဗျာ

သတ်ပုံကဗျာ

တောတောင်စိမ်းလန်း စိတ်စွဲလမ်း
မခွဲစတမ်း နေပါမည်။

အသားမည်းမည်း အသည်းထဲ
တစ်ဦးတည်းကို ချစ်ပါမည်။

“မ” ပါလျှင် “ဘဲ” မပါ “ပဲ”
ကွဲကွဲပြားပြား ရေးပါမည်။

မကြာမီမှာ လာတော့မှာ
မှီခိုရတာ ကောင်းပါသည်။

ကူညီရိုင်းပင်း အချင်းချင်း
ချစ်ခင်ခြင်းဖြင့် နေပါမည်။

သတင်းကြေညာ ကြော်ငြာလာ
စောင့်နားထောင်ကာ နေရမည်။

မေတ္တာကရုဏာ ကကြီးပါ
သေသေချာချာ ရေးရမည်။

အပေါ်ကိုတက် တတ်မြောက်လျှင်
“တက်” နှင့် “တတ်”တို့ ကွဲရမည်။

အကျိုးရလဒ် “ဒ”ဒွေးသတ်
ဆုလာဘ်ကိုတော့ “ဘ”သတ်မည်။

ခြယ်မှုန်းခြယ်လှယ် ဆောင်းတွင်းဝယ်
ချယ်ရီတွေလည်း ပေါပါသည်။

အမှိုက်ပစ်ရာ ပစ်လွတ်ကာ
အပြစ်ပေးတာ ခံရမည်။

ကျေးငှက်တွန်ကျူး ယပင့်ကျူး
လွန်ကြူးမှုကို ရှောင်ရမည်။

ရေးတော့အမှန် ဖတ်အသံ
မြန်မာမှန်က သိရမည်။

Credit: ခင်နှင်းရည်(ရန်ကုန်တက္ကသိုလ်)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward