Posts

Showing posts from April, 2023

သူဇာပျို့

Image
သူဇာပျို့ ၃၄။   သည်ကားအစ ၊ များလှထွေထွေ၊ စေ့ရသံချို၊ ဘွဲ့နွဲ့ငိုလျက်၊ ပျို,အိုသောင်းသောင်း၊ နတ်ပေါင်းညီညာ၊ လိုက်ကြရာတွင်၊ မွှေးစွာသင်းထုံ၊ စံပယ်ချုံဝယ်၊ ငါးစုံညီအင်၊ မင်းရှင်ရွှေသား၊ တင်ခဲ့ထားသည်၊ ပတ္တမြားရောင်မြူး၊ လက်ကောက်ကျူးကို၊ ပြာဖြူးလျှံဝေ၊ မြင်ကြလေသော်၊ အေ အေသည်မှာ၊ ထိပ်ချာထိပ်ရွက်၊ တို့သက်သခင်၊ ထားခဲ့တင်၏၊ လျှပ်သွင်ထွန်းပေါ်၊ လက်ကောက်တော်ဟု၊ ဟစ်ကြော်ပျာလာ၊ စီကျာအုတ်ကျက်၊ ယူကြဆက်သော်၊ စုံမက်ပြင်းလှ၊ ဒေဝမီတာ၊ ထွတ်တောင်ညာကား၊ ထိပ်မှာရွက်တင်၊ မမြင်မြောက်တောင်၊ မူးမှောင်မှိုင်းမိုက်၊ ခုခုရှိုက်၏၊ ကျိုက်ကျိုက်သောင်းသောင်း၊ အပေါင်းများစွာ၊ နတ်တကာလည်း၊ ခုသာသွားသည်, ဖြစ်မည်ထင်၏၊ ရှာကြည့်ညီညာ၊ လိုက်ပါကြလား၊ နတ်မင်းများဟု၊ မြှောက်စားသံချို၊ ချီးပင့်ဆိုလျက်၊ ထိုထိုကောင်းကင်၊ မြေပြင်မလပ်၊ ဆင့်ထပ်ခြေရာ၊ ပြန်ကာကာလျှင်၊ ထိပ်ချာထိပ်ချာ၊ ဖြူဝါနုဝင်း၊ ထိပ်နှင်းထိပ်နှင်း၊ ရောင်ဆင်းနုရွှန်း၊ ထိပ်ပန်းထိပ်ပန်း၊ စံကျွန်းဘက်ရှား၊ ထိပ်ထားထိပ်ထား၊ တို့ဘုရားဟု၊ ဖန်များခေါ်ဆို၊ ငိုသည်အသံ၊ ကျံကျံအုတ်ကျက်၊ ထပ်ရှက်ပဲ့တင်၊ ကောင်းကင်မိုးမြေ၊ ဆူဝေပတ်ချုပ်၊ ထိန့်ထိန့်လှုပ်မျှ၊ လိုက်လေကြသည။ ။   ဒေသဓွန့်ရှည် မြေဝေ

လောကသာရပျို့

Image
လောကသာရပျို့ ၃၄။ သမ္ဘာရင့်ဖြိုး၊ ရှေးကောင်းကျိုးကြောင့်၊ တန်ခိုးထွက်လျှံ၊ လူထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းတို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသည်၊ လိမ်မာတတ်သိ၊ ပညာရှိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုတွင်းထွက်သံ၊ နားပါးခံလျှက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဉာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ညှိ၊ ပညာရှိနှင့်၊ ပြည်ကြီ့းသေဌီနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်းစေရာ၊ ဥပမာကား၊ ရတနာကျောက်ဂူ၊ နန္ဒမူ၌၊ မဉ္ဇူပန်းသား၊ ကျော်ထင်ရှားလျက်၊ နှစ်ပါးပေါင်းဘက်၊ အကျိုးနဂ်အံ့၊ ထမ်းရွက်ပြုစု၊ ပြည်ထဲမှုကြောင့်၊ စေ့ငုမြင်ပြီး၊ ပညာကြီးကို၊ နည်းတီးထုံးရေး၊ ပုံစံသွေး၍၊ ကျင့်ရေး လွန်စိတ်ပြားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၃၃။   စာလည်းလျှာမှာ ၊ တင်ကာခဏ၊ ကြေညက်မွသည်၊ လွန်လှရသာ၊ နတ်သုဒ္ဓါကို၊ ကောင်းရာရွေးမှ၊ မရနိုးထင်၊ သီးနင်ခဲ့နိုး၊ စိုးမိသည်ကြောင့်၊ မ-ရှင့်စောင့်လျက်၊ စုံမက်ယုယ၊ ကျွေးနကြကို၊ ကြမ်းလှယုတ်မာ၊ လူစားရာကို၊ သည်းချာရင်သွေး၊ ငါသာမွေးသည်၊ မယ်ထွေးနုထွား၊ ဘယ့်နှယ်ဝါး၍၊ စားပါလိမ့်နည်း၊ စက်လည်းယဉ်နု၊ ဝေဠုရိယ၊ ဖထိုင်မြထက်၊ လှိုင်ပျမာလာ၊ စက်မွေ့ရာမူ၊ ညံ့စွာကျူကျော်၊ ယင်နားသော်လည်း၊ မာချော်မခံ့၊ ကြံ့ကြံ့မတည်၊ အိသည်ကိုမျှ၊ မယ်လှနာမည်၊ စိုးရိမ်သည်ကြောင့်၊ သာကြည်စုံမက်၊ မိရင်ထက်ဝယ်၊ နှစ်သက်ပျံ့ပျူး၊ စက်စေဘူးရှင့်၊ လွန်ကျူးခဲလှော်၊ ခုသည်သော်ကား၊ ကြမ်းချော်မာတာ၊ လူ့အိမ်ရာကို၊ ရနတာပုလဲ၊ မိလည်ရွှဲသည်၊ ရွှေခဲဘယ်သို့၊ နှစ်မြို့စက်ခေါ်၊ ပျော်ပါလိမ့်မည်၊ ဖြင်ပည်းလောက၊ အနန္တကို၊ နေကျရှုကြည့်၊ ချမ်းသာဖြည့်သည်၊ ဘုန်းပြည့်မဟာ၊ ဗြဟ္မာလာ၍၊ ချမ်းသာငြိမ်းဆေး၊ တို့ကိုပေးလော့၊ ရှိမ်ပြေးမီးတောက်၊ မောက်မောက် မြင်ခေါင်၊ အလွမ်းတောင်တိ၊ ထိန့်အောင်လိမ့်လည်၊ ကြိတ်ဘိသည်ကို၊ ရွှေရည်သည်းကြား၊ မိထိပ်ထားသည်၊ ရွှေသားရွှေမှည့်၊ မြင်ပါလှည့်လော့၊ မြည့်မြည့်ပရမာ၊ မြူ့နှယ်သာလျင်၊ သည်းချာပေါင်းရုံး၊ တကိုယ်လုံးပင်။ ။   ညက်ဆုံးကျလှု ပ

လောကသာရပျို့

Image
လောကသာရပျို့ ၃၃။ ခပ်သိမ်းပြည်သူ၊ လူတို့ထိပ်မိုး၊ ရေမြေစိုးသည်၊ ပြည့်ဖြိုးချမ်းသာ၊ မင်းကြီးစွာတို့၊ ကျင့်ရာအပြား၊ ခုနစ်ပါးလျှင်၊ စီးပွားစင်စစ်၊ များစွာဖြစ်၏၊ ရှင်ချစ်ဘုရား၊ မင်းတို့အားကို၊ ဟောထားခဲ့သည်၊ ခုနစ်မည်ကား၊ ပြည်၌စောင့်မှတ်၊ နတ်ကိုမြတ်နိုး၊ အမျိုးဆွေနီး၊ သက်ကြီးရိုသေ၊ ပြည်နေရွာသူ၊ နိုင်ထက်မူဖြင့်၊ မယူသားမြေး၊ မှုရေးတိုင်ပင်၊ ညီညွတ်အင်နှင့်၊ လာချင်ထက်ဝန်း၊ ရဟန်းပုဏ္ဏား၊ သိမ်းပကား၍၊ ဖြည့်ဖြားကျွေးမွေး၊ မလာသေးသည့်၊ နီးဝေးရပ်သား၊ သူတို့အားကို၊ မသွားစေအောင်၊ ကျေးဇူးဆောင်လျက်၊ ပြည်ထောင်စိုးကွပ်၊ ပညာပ်မလွန်၊ လမ်းမှန်စိုက်စိုက်၊ ရာထပ်လိုက်၍၊ တိမ်တိုက်လှစ်ထွန်း၊ လအ၀န်းသို့၊ လေးကျွန်းရိပ်မှောင်၊ ဘုန်းအရောင်ဖြင့်၊ ပြောင်ပြောင်ဝင်းဝါ၊ ချမ်းငြိမ်းသာ၍၊ ပြည်ရွာတိုင်းကား ပွားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၃၂။   မ-ရှင်ထိပ်မှာ ၊ တင်စရာသည်၊ သည်းချာရွှေဥ၊ မယ်ပုလုငယ်၊ ဘယ်ပြုသို့စင်၊ မ-ကြီးရှင်ကို၊ မကြင်သာထွေ၊ သွားရလေသည်၊ ထင်ရည်ပျော်ပါး၊ ရင်ခွင်ထား၍၊ ညံ့တွားပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ယုယ၊ မနမ်းရသည်၊ ကြာလှပြီရှင်၊ လွမ်းအင်ကြီးစွာ၊ ထိန်ဝါလောင်နီး၊ ဝီစိမီးသို့၊ ညီးညီးရဲရဲ၊ မိဝမ်းထဲမှာ၊ တောက်စွဲမွှေနှည်၊ လောင်ခဲ့သည်ကို၊ ရွှေရည်ရွှေဥ၊ ရွှေဆင်းတုနှယ်၊ မယ်ပုသည်းချာ၊ ခုကြွလာ၍၊ ချမ်းသာဖျော်ဖြည့်၊ ပေးပါလှည့်လော့၊ ရွှေမှည့်ရတနာ၊ မိသည်းချာကို၊ သိင်္ဂါပြောင်ရွှန်း၊ ကျောက်စီနန်းမှာ၊ ရံဝန်းအုပ်တွေ၊ များခြွေရွေနှင့်၊ သွားလေရာရာ၊ ကြမ်းမှာလွှမ်းဖုံး၊ လဲလုံးသိင်္ဂီ၊ ဗုဇွန်ဆီတည့်၊ ထပ်စီရောင်လင်း၊ အပြည့်ခင်းသော်၊ ဖြူဝင်းနုရွ၊ ခြေတော်လှကို၊ ရှခဲ့နိုးနိုး၊ မိမင်းစိုး၍၊ ပန်းအိုးနီတျာ၊ နတ်ဂွမ်းဝါကို၊ ကြိမ်ခါများလွန်၊ ပြန်ပြန်ဆွံနစ်၊ ဖန့်ဖန်ဖျစ်၍၊ သစ်သစ်ရှေ့က၊ ခင်းစေရ၏၊ ယုယပန်းနှယ်၊ ပျံ့ကြွယ်မွေးကြည်၊ ငါးမွေးသည်ကို၊ ထူးမည်ဖြစ်လား၊ မြေဝယ်သွား၍၊ ဘဝါးနုနယ်၊ ဘယ့်နှယ်ခြင်းရာ၊ ဖြစ်ပါလိမ့်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်မျိုးပုံသည်၊ ချစ်ကုံထူးဆန်း၊ မိထိပ်ပန်းကို၊ သိန်း,သန်း,သင်္ချေ၊ တွက်ရေမရ၊ မကကောင်းကင်၊ မ-ရှင်လွမ်း

လောကသာရပျို့

Image
လောကသာရပျို့ ၃၂။ "မာသုကုဇ္စျိ မဟာရာဇ၊ မာသုကုဇ္စျိ ရထေသဘ"၊ သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သည်းခံမှုဖြင့်၊ ပြည်သူ့ခမည်း၊ မျက်တော်နည်းလော့၊ ချုပ်တည်းအမျက်၊ ထွက်လည်းမပြင်း၊ လူခပင်းကား၊ မင်းကိုဟူက၊ လောင်ပူရဲရဲ၊ မီးကျီးခဲသို့၊ ဝမ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လှဲ့သည်းချာ၊ ကြောက်လန့်ရှာ၏၊ ပြင်းစွာအမျက်၊ ထွက်တပြီးကာ၊ ကြက်သီးထ၀ှန်၊ ဦးဖျားမွန်မျှ၊ အလွန်အကျူး၊ ကြောက်မိန်းမူးလိမ့်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားချုပ်ကိုင်၊ မဆည်နိုင်လည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ငံ့၍၊ မဝံ့နှစ်ဆစ်၊ ကြိမ်ဘန်စစ်လျက်၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဘေး၊ မင်းဒဏ်ပေးလည်း၊ ကွပ်ရေး မမှားစေနှင့်မင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၃၁။   ဆည်းတားထူထ ၊ သတိရသော်၊ ဒေဝဓီတာ၊ ထွတ်တောင်ညာကား၊ သည်းစွာဟစ်ငို၊ ဆံကိုနုတ်ငင်၊ ရင်ကိုခုခု၊ ခတ်ထုနာကျင်၊ ကြမ်းတွင်လူး၍၊ မောမောခွေ့၏၊ နောက်ရှေ့တွင်းပြင်၊ ရွှေစင်တောင်လုံး၊ ပတ်ကုံးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ သည်းထန်ပြင်းပြ၊ ကြေကွဲကြမှ၊ မင်းလှသူဇာ၊ ကျန်ရစ်ရာသို့၊ ဟေမာဂီရိ၊ ဓိပတိက၊ မွေးမိတကွ၊ အစ်မခြောက်ပါး၊ နတ်များခြွေရွေ၊ ကုန်လေဘနန်း၊ ဘူးပန်းကြီးစွာ၊ ခြေငင်ကာချည်း၊ ဖြင်ပည်းညိတ်ညိတ်၊ ကောင်းကင်ပိတ်မျှ၊ လိုက်လေကြ၍၊ ချမ်းမြသာကျယ်၊ ရေကန်ဝယ်နှိုက်၊ နုနယ်ဆင်းဝါ၊ မင်းသူဇာ၏၊ မွေးရာမည်မျှ၊ မမြင်ရသော်၊ များလှသင်္ချာ၊ နတ်တကာတို့၊ မြေမှာတည့်ချည်း၊ လူးကြလည်း၍၊ သည်းမျှငိုယို၊ ထိန့်ထိန့်ပြို၏၊ ရင်ကိုတီးလျက်၊ တို့ထိပ်ရွက်သည်၊ တို့သက်ပမာ၊ တို့ထိပ်ချာကို၊ မိစ္ဆာမူထား၊ မူဆိုးသားသည်၊ ယူသွားချေပြီ၊ သည်ဆီသွားသည်၊ ဖြစ်တော့မည်ဟု၊ မဆည်မတား၊ လျင်တလျားလျှင်၊ ထက်ဖျားကောင်းကင်၊ မြေပြင်နွံမျှ၊ လိုက်လေကြသော်၊ အတုလဒေဝီ၊ မဟေသီကား၊ ဘယ်ဆီညာတိမ်း၊ ယိုင်တဃိမ်းလျှင်၊ မသိမ်းဆံခွေ၊ ဖားရားဝေနှင့်၊ စေ့ရေသံညင်း၊ ဘွဲ့ငိုချင်းသည်။ ။   လွမ်းတင်းထွေထွေ ပြားပြားတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့

လောကသာရပျို့

Image
လောကသာရပျို့ ၃၁။ ကာမဒေဝ၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တစ်ပါးမည်မှတ်၊ လောကနတ်ဟု၊ လူ့ထွတ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းမတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာရှင့်၊ ရာဇပြဋ္ဌာန်း၊ ကြငှန်းမှန်ကင်း၊ မကြောင်းရင်းကား၊ မင်းလျှင်တစ်ယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာကောင်းမွန်၊ မင်းအဟန်သို့၊ တော်မှန်ကျင့်မှု၊ နှလုံးပြုလျက်၊ ပြည့်သူမျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားမူ၊ နွားများစဉ်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူတို့၊ ထို့တူလည်းကောင်း၊ ဖြစ်ရာရှောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်