Posts

Showing posts from October, 2016

အနုပညာရဲ့သဘော

Image
အနုပညာရဲ့သဘော                   အနုပညာရဲ့သဘောမှာ Incantationဆိုတာရှိတယ်။ ဒါရဲ့ မူရင်းအဓိပ္ပါယ် ကတော့ ဂါထာ၊ မန္တန်ကို ခေါ်တာပါ။ အနုပညာမှာကျတော့ စိတ်အခြေခံအလိုက် ယူလိုရာယူ အံဝင်ခွင်ကျရှိနေတဲ့ သဘောပါ။

ဘ၀သင်ခန်းစာ(၃၉)

Image
ဘ၀သင်ခန်းစာ(၃၉)             အမျိုးသမီးတစ်ယောက်က ယောက်ျားလေးတစ်ယောက် အရွယ်ရောက်၊ လူလားမြောက် စေဖို့   နှစ်(၂၀)အချိန်ယူခဲ့ရတယ်။ နောက်အမျိုးသမီးတစ်ယောက်ကတော့ သူ့ကို မိနစ်(၂၀)ထဲနဲ့ပဲ ရူးသွပ်သွားစေခဲ့တယ်။ ကဲ ခင်ဗျားက ပျိုးထောင်သူလား၊ ရူးသွပ်စေမယ့် သူလား... Credit: မူလရေးသားသူ (PS:သင်သည် အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပြီး အပျိုကြီးမဟုတ်ခဲ့ဘူးဆိုလျှင် အဖြေသည် အချိန်နှင့်သာ ဆိုင်ကြောင်း သတိပြုမိပေလိမ့်မည်။)

ဘ၀သင်ခန်းစာ(၃၈)

Image
ဘ၀သင်ခန်းစာ(၃၈)              သင်ဆေးပြင်းလိပ် နေ့တိုင်းသောက်ပါ။ (၁၀)နှစ်စောသေဖို့ ကျွန်တော် အာမခံပါတယ်။ သင်ရမ်(အရက်)ကို နေ့စဉ်သောက်ပါ။ နှစ်(၃၀)စောသေဖို့ ကျွန်တော် အာမခံရဲတယ်။ သင် တစ်ဦးတစ်ယောက်ကို အရူးအမူး ချစ်မိပြီ ဆိုပါစို့။ နေ့တိုင်းသေလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်... (PS: သင်ခန်းစာတွေ၊ ပုံပြင်တွေဘယ်လိုပဲ ပြောပြော ကျွန်တော်တို့ ရွေးချယ်ဖြစ်တာက ဘာဖြစ်မယ်ထင်လဲ...)

ဒုက္ခကို ဆေးဆိုးဖူးတယ်

Image
ဒုက္ခကို ဆေးဆိုးဖူးတယ်               ဘဝဟာ ဒုက္ခတွေနဲ့ လေးလံပြီးသားပါ။ နဂိုဒုက္ခဆိုတာကတော့ သာမန်လူသားတစ်ယောက် အတွက် ရှောင်လွှဲလို့ မရနိုင်တဲ့ အရာပါ။ ခုဖြစ်နေတာက အပိုဒုက္ခအတွက် ပိုပြီးလေးလံတဲ့ဝန်ကို မသိမသာရော သိသိသာသာပါ ထမ်းနေကြတာမျိုးပေါ့။ ဆိုရရင် တတ်နိုင်သမျှတော့ အပိုဒုက္ခဆိုတာ ကို လျှော့နိုင်သလောက်တော့ ကြိုးစားပြီး လျှော့နေရတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အပိုဒုက္ခတွေက ရှိနေတုန်းပဲ။ သူတော်စင်တွေမှပဲ အပိုဒုက္ခကို ခွာချနိုင်တာမျိုး မဟုတ်လား။ အသက်ကြီးလို့ ဆံပင်ဖြူတာ သဘာဝပါ။ အဲဒါကို နက်အောင် ဆေးဆိုးလိုက်မယ်ဆိုရင်တော့ အပိုဒုက္ခကို စနစ်တကျ ခံယူလိုက်တာ ပဲလေ။ နောက်တော့ လစဉ်ဆိုးနေရတဲ့ ဒုက္ခတိုးလာတော့တာပေါ့။

ဘ၀သင်ခန်းစာ(၃၇)

Image
ဘ၀သင်ခန်းစာ(၃၇)               ပုဂ္ဂလိကဆေးရုံကြီးရှိ ဆေးခန်းငယ်ထဲတွင် ခပ်ငယ်ငယ်ဆရာဝန်တစ်ယောက် ငိုက်မြည်းနေသည်။ ထိုစဉ် ငယ်ရွယ်လှပသည့် မိန်းမပျိုလေးတစ်ဦး ၀င်လာသည်။ " ဆရာဝန်ပြချင်လို့ပါ..." " အော် ဟုတ်ကဲ့ ...ဘာဖြစ်တာလဲဗျ...အ၀တ်အစားတွေ ချွတ်လိုက်ပါလား" " ရှင်..."

ဘ၀သင်ခန်းစာ(၃၆)

Image
ဘ၀သင်ခန်းစာ(၃၆)                  တစ်ခါက ဆရာတစ်ယောက်သည် စာရွက်လွတ်တစ်ရွက်ပေါ်တွင် စက်ဝိုင်းပုံအနက်ဝိုင်းလေးကို အလည်တည့်တည့်တွင် ကော်နှင့်ကပ်လိုက်သည်။ ထို့နောက် သင်ပုန်းပေါ်တွင် ထိုစာရွက်ကို ကပ်လိုက် သည်။ရှေ့ဆုံးခုံတွင် ထိုင်နေသည့် ကျောင်းသူတစ်ဦးအား မေးလိုက်သည်။ " ကဲ တပည့်ရေ ညည်းမြင်တာလေး ဆရာ့ကို ပြောပြပါ "

ဘ၀သင်ခန်းစာ(၃၅)

Image
ဘ၀သင်ခန်းစာ(၃၅)               နိုင်ငံခြား တိုင်းပြည် တစ်ခုကို ခေတ္တအလုပ်သွားလုပ်ရင်း၊ အဲဒီက ဌာနေ နိုင်ငံသား တစ်ဦးနဲ့ ကျွန်တော်တို့ကိုရွှေမြန်မာ တို့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ တွေ့ဆုံ ခဲ့ကြတယ်။ သူတို့ စကားပြောဆို နေကြပုံက ဒီလိုပါ- ရွှေမြန်မာ။ ။ ဟေ့လူ၊ ဒါက ဘာကောင်လဲဗျ။ နိုင်ငံခြားသား။ ။ ဒါက ကမ္ဘာအကြီးဆုံး လိပ်မျိုးဗျ။ အင်မတန် ရှားပါးတယ်။

ဘဝသင်ခန်းစာ(၃၄)

Image
ဘဝသင်ခန်းစာ(၃၄)           တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုဝေးစေပြီး တရားဓမ္မ ဟောပြပါသတဲ့။ သူက "ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံဝေဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်"

ဘဝသင်ခန်းစာ(၃၃)

Image
ဘဝသင်ခန်းစာ(၃၃)                ဆေးခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာဝန်ပြရန် ကိုယ့်အလှည့်မရောက်မီ လူနာအချင်းချင်း စကားပြောနေကြသည်။ " ခင်ဗျားက ဘာဖြစ်တာလဲ..." " မျက်လုံးအောင့်ပြီး မျက်ရိုးကိုက်တာဗျ..."

ဘဝသင်ခန်းစာ(၃၂)

Image
ဘဝသင်ခန်းစာ(၃၂)              လူပျိုကြီး ကိုဖြိုးမောင်တစ်ယောက် ညကြီးအချိန်မတော်တွင် တံခါးခေါက်သံကြားသဖြင့် ဖွင့်ကြည့်လိုက်သည်။ တစ်အိမ်ကျော်မှ တစ်ခုလပ်မိန်းမချောလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ လူပျိုကြီးတို့ထုံးစံအတိုင်း တစ်ခုခုတော့ တစ်ခုခုပဲဟုတွေးကာ ရင်ခုန်သွားသည်။ " ဘာအကူအညီ ပေးရမလဲငင်..." " ကျွန်မ အရမ်းမွန်းကြပ်တယ်။ သီးမခံနိုင်တော့ဘူး၊ ဒါ့ကြောင့် အပြင်ထွက်ပြီး တစ်ခုခု လုပ်ပစ်ချင်တယ်။ အရက်ကို အမူးသောက်မယ်။ နောက်ပြီး Club တက်မယ်ရှင်...။ ဒါနဲ့ ရှင်က အားရော အားရဲ့လား..."

စာရေးခြင်း၏ ပီတိ

Image
စာရေးခြင်း၏ ပီတိ                 ဝတ္ထုတို တပုဒ်တည်ဆောက်ရေးဖွဲ့နေစဉ်မှာ စိတ်ကို နှစ်ထားရတာကြောင့် ထင်တယ် တကယ် စိတ်ပင်ပမ်းတယ်။                       ရေးပြီး ပြန်ဖတ် အချောသတ်ပြီးပြီလည်းဆိုရော စိတ်ကိုကြည်လင် လန်းဆတ်သွားတယ်။ ပြီးတော့ တယောက်တည်း ပျော်နေတတ်တယ်။ ဒါ စာရေးသူတွေရဲ့ ရသလို့ပဲ ထင်ပါတယ်။ လင်းသူရိယနွယ် ၁၇ ၊ ၁၀ ၊ ၂၀၁၆

ဒီနေ့ခေတ်စာပေတွေထဲကရသကိုးပါး

Image
ဒီနေ့ခေတ်စာပေတွေထဲကရသကိုးပါး ဖြူဖြူဝင်း(မြန်မာစာ)                “ရသ” ဆိုတဲ့ စကားလုံးလေးရဲ့ မူရင်းက သက္ကတဘာသာစကားပါ။ အဲဒါကိုပဲ မြန်မာတွေက စာပေလောကမှာ ပြောဆိုယူငင်သုံးစွဲကြရာက မြန်မာစကားလုံး ဖြစ်လာရတာပါ။ မြန်မာတို့ နားလည် ကြတာကတော့ “အလွမ်း၊ အဆွေး၊ အသော” ဖြစ်တယ်လို့ ဆရာဇော်ဂျီက လွယ်လွယ်လေးနဲ့ဖွင့်ဆိုထားပါတယ်။

အတိုဆုံးဝတ္ထုဆိုတာ

Image
  အတိုဆုံးဝတ္ထုဆိုတာ                 စာရေးဖြစ်တဲ့ မိတ်ဆွေတွေဆီက "အတိုဆုံးဝတ္ထု " ဆိုတဲ့ နာမည် နဲ့ တက်လာတတ်တဲ့ Post တွေ, တွေ့မိပါတယ်။အရင်က ကြားခဲ့ဖူးပါတယ်။ ဆရာသော်တာဆွေ ရေးဖူးတဲ့ အတိုဆုံး ဝတ္ထုလေးလည်း တိုက်ဆိုင်တိုင်း လိုလို သတိရမိပါတယ်။ "အေးဘုံရေ..." "ဟေ..." "ကောက်ရိုးပုံလား..." "အေး..." (အတိအကျ မမှတ်မိပါ။ မှတ်မိသူ အတည်ပြုက သာဓုခင်ဗျ။)

Sweet Memories

Image
Sweet Memories ကျွန်တော်ငယ်ငယ်တုန်းက နွေကျောင်းပိတ်ရက်ဆို ပြင်ဦးလွင်၊ အနီးစခန်းခြံမှာနေဖြစ်တာ များတယ်။ အဲဒီတုန်းက မေမြို့လို့ပဲခေါ်တယ်။ မေမြို့လို့ပဲ နှုတ်ကျိုးနေတယ်။ မြို့ဝင်ဂိတ်ဝမှာရေးထားတာ က ပြင်ဦးလွင်မှ ခင်မင်လှစွာကြိုဆိုပါ၏တဲ့။ ဒါပေမယ့် ပြောဖြစ်တဲ့စကားတွေမှာ ပြင်ဦးလွင်ဆိုတဲ့စကားလုံး တစ်လုံးမှ မပါဘူး။ မေမြို့သွားမယ်။ မေမြို့မှာ အမျိုးတွေရှိတယ်။ မေမြို့မှာ သင်္ကြန်ကျမယ်… စသဖြင့်ပေါ့။

စာရေးဆရာတစ်ယောက်အကြောင်း

Image
စာရေးဆရာတစ်ယောက်အကြောင်း           မိန်းမ မရှိတဲ့သူ တစ်ယောက် အတွက် ဘယ်မြို့ ဘယ်နေရာမှာ နေထိုင်ပါစေ အရေးတော့ မကြီးပါ ။ သူဟာ အင်ဂျင်နီယာ တစ်ယောက် မဟုတ်ပေမယ့် မြို့ပြင်က မြေကွက်မှာ အိမ်ဆောက်ဖို့ ဒီဇိုင်းပုံကို သူကိုယ်တိုင် ရေးဆွဲခဲ့သည် ။ သူ၏ အိမ် နှင့် ခြံသည် မိသားစု တစ်စု အတွက် သင့်တော်သလို သူလို စာရေးဆရာ တစ်ယောက်အတွက်လည်း သင့်တော်ပေ၏ ။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို သူ လိုအပ်တယ်လေ ။ သူ့အိမ်မှာ ဖုန်း မရှိဘူး ။ သူ့အိမ်မှာ TV မရှိဘူး ။ သူ့အိမ်မှာ အပေါဆုံးက စာအုပ် ၊ အချမ်းသာဆုံးက စာအုပ် ၊ သူထုတ်လုပ်နေတာ စကားလုံးတွေ ဆိုပါတော့ ။

ဝတ္ထုရေးနည်းလမ်းညွှန်

Image
ဝတ္ထုရေးနည်းလမ်းညွှန်              ကမ္ဘာကျော် စာရေးဆရာကြီးများ ရေးသော ဝတ္ထုများကို မြန်မာစာရေးဆရာတချို့သည် မှီး၍သော်၎င်း ၊ ဘာသာပြန်၍သော်၎င်း ဝတ္ထုရှည်များအဖြစ် ရေးကြလေ့ရှိသည် ။ ထိုကဲ့သို့ နာမည်ကြီး ဝတ္ထုများမှ ဇတ်ကွက်ဇတ်လမ်းကို အတုယူ ရေးသားနိုင်သော်လည်း ရေးသားချင်သည့် အကြောင်းအရာကို စဉ်းစားမရ ဖြစ်နေသည် ။ သူရေးခဲ့ပြီးသော ဝတ္ထုတိုများဟာ စာမရေးခင်က မည်ကဲ့သို့ရေးမည် ၊ ဇတ်လမ်းမည်သို့ အဆုံးသတ်မည် ကြိုမသိဘဲနဲ့ ရေးခဲ့သည် ။ သို့သော်

ကြောင်

Image
ကြောင်                 သတ္တဝါလေးတွေကို ကျွန်တော်ချစ်သည်။ အကောင်ငယ်လေးတွေဆိုလျှင် ပို၍နှစ်သက်သည်။ ခွေးချစ်သည်။ ကြောင်ချစ်သည်။ ငှက်ချစ်သည်။ ကြွက်ချစ်သည်။ ကျွန်တော်ချစ်သည့် ကြွက်မှာ အိမ်မှာရှိတတ်သည့် မည်းမည်းသည်းသည်း ကြွက်လေးများဖြစ်သည်။ ထိုစဉ်က ဟမ်းစတားခေါ် ကြွက်ဝမ်းဖြူတို့ ခေတ်မစားသေးချိန်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကျွန်တော် မသိသေးခြင်းလည်း ဖြစ်နိုင်ပါသည်။

စာဖတ်ခြင်း အနုပညာ

Image
စာဖတ်ခြင်း အနုပညာ                 စာဖတ်များတဲ့ သူတွေမှာ သတ်ပုံမှားခြင်း ၊ သဒ္ဒါမှားခြင်းမျိုးတွေ့ရခဲပါတယ် ။ စာရေးမယ့်သူတွေ ဟာ စာအုပ်ပေါင်းတစ်ထောင်ခန့်လောက်ကို ဖတ်ဖူးရမယ်လို့ အကြံပေးထားပါတယ် ။ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ဝတ္ထုတွေကို ဖတ်ရပါမယ် ။ စာဖတ်များလေ စာအရေးအသား ကောင်းလာလေ ၊ စကားလုံးကြွယ်ဝမှု တိုးလာလေပါပဲ ။ အင်္ဂလိပ်ဘာသာစကားကို လေ့လာမယ်ဆိုရင်လည်း ဖတ်လို့လွယ်ကူမယ့် အင်္ဂလိပ်ဝတ္ထုတွေကို များများဖတ်ပါ ။

ရသစာပေကို ကြားဖူးကြရဲ့လားတဲ့ အမျိုးတို့

Image
ရသစာပေကို ကြားဖူးကြရဲ့လားတဲ့ အမျိုးတို့          မကြားဖူးတာကို ကြားဖူးအောင် လုပ်ရမှာက စာရေးနေသူတွေ (စာရေးဆရာ) ရဲ့တာဝန်၊ အခုခေတ်လူတွေ စာမဖတ်ဘူး စာမဖတ်ဘူလို့ အပြစ်တင်နေမယ့်အစား သူတို့တတွေ စာဖတ်လာအောင် စာဖတ်ချင်စိတ်ရှိလာအောင် ဆွဲဆောင်ရေးသားရမှာက စာရေးနေသူတွေရဲ့ တာဝန်ပါ။

Literary Architecture

Image
Literary Architecture               Columbia University တစ်ခုမှာ Literary Architecture လို့ခေါ်တဲ့ စာပေဗိသုကာ workshop တစ်ခု ပြုလုပ်ပါတယ် ။ ထိုဟောပြောပွဲကို အနုပညာရှင် အတတ်ပညာရှင် အတွေးအခေါ်ပညာရှင်တွေ တတ်ရောက်ကြပါတယ် ။ စာရေးသားခြင်းကို လေ့လာနေသော ကျောင်းသားတွေဟာ literary စာပေ ကနေ သို့မဟုတ် texts စာသားကနေ Architectural Models ဗိသုကာပုံစံငယ်လေးတွေ အဖြစ်ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပါတယ် ။

ဝတ္ထု ဝေဖန်ရေး

Image
ဝတ္ထု ဝေဖန်ရေး            ဝတ္ထုတစ်ပုဒ်ကို ဖတ်နေပါတယ် ။ စိတ်ရှည်ရှည်ထားပြီး သက်ပြင်းခဏခဏချကာ ဖတ်နေပါတယ် ။ ဇာ တ်လမ်းက အချစ်အကြောင်းပဲ ဖြစ်မှာပါ ။ စာရေးဆရာက သူ့ဇာတ်ကောင်တွေကို ဘယ်လိုအသက်သွင်းပြီး ဘာစကားလုံးတွေ ပြောခိုင်းမလဲဆိုတာ အကဲခတ်ရင်း ဖတ်နေပါတယ် ။ ပြီးတော့   ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ ဘေးဖယ်ထားပြီး စာရေးသူက ဘယ်လို ဖောရှောလုပ်ချင်လို့ ဒီလိုစာတွေရေးနေတာပဲ ဆိုတာ သိအောင် လုပ်နေပါတယ် ။

ကြောင်ကလေးဖြစ်ဖို့ ကြိုးစားဖူးတဲ့ ရှဥ့်

Image
ကြောင်ကလေးဖြစ်ဖို့ ကြိုးစားဖူးတဲ့ ရှဥ့်                 အပျိုကြီးဆိုတာ အပျိုကြီး အခေါ်မခံရမှာ အကြောက်ဆုံးပါ...။ အစတော့ သဘောမကျသလိုလိုနဲ့ နှုတ်ခမ်းစူမယ်၊ မျက်စောင်းထိုးမယ်။ နောက်တော့ အပျိုကြီးဆိုတဲ့ အာလုတ်စကား မကြားရဘဲ နာမည်ခေါ်ပြောရင်ကို တစ်ခုခုလိုသလိုကို ဖြစ်လို့။

Hope

Image
Hope Life is short. Happy time is too short. But we all are alive in this world. Because tomorrow is better than today. Shint Nyo Lay

ဖတ်စရာ ရှားသလား

Image
ဖတ်စရာ ရှားသလား   စာရေးသူ= လူထုစိန်ဝင်း                 'ဖတ်စရာ စာအုပ်တွေ လမ်းညွှန်ပေးပါ'                လူငယ်လေးတွေ၊ အထူးသဖြင့် ခေတ်ပေါ်ဂျာနယ်လစ်လူငယ်လေးတွေ ရောက်လာ တိုင်း ပြောလေ့ ရှိတဲ့စကား ဖြစ်ပါတယ်။ လူငယ်တွေ စာဖတ်ဝါသနာ ပါကြတယ်။ စာလေးပေလေး ရေးချင်ကြတယ်။ ခေတ်ပေါ် ဂျာနယ်လစ်လူငယ်တွေက စလောင်းက မြင်တွေ့နေရတဲ့ စီအင်အင်တို့၊ အေဘီစီတို့၊ အင်ဘီစီတို့၊ ဘီဘီစီတို့လို သတင်းမီဒီယာကြီးတွေက သတင်းထောက်တွေ၊ သတင်းထောက်မလေးတွေကို အားကျပြီး သူတို့လို ဖြစ်အောင် ကြိုးစားချင်ကြတယ်။ ဒါကြောင့် စာတွေ ဖတ်ချင်ကြတယ်။

စာရေးခြင်း အတတ်ပညာ

Image
စာရေးခြင်း အတတ်ပညာ စာရေးသူ=မိုးထက်မင်းကဲ            နေ့တိုင်း စာရေးဖြစ်ဖို့ အလေ့အကျင့် လုပ်ရပါတယ် ။ စာရေးဖို့ ထိုင်လိုက်တိုင်းမှာ ကိုယ်ရေးမယ့် အကြောင်းအရာတွေက စိတ်ကူးထဲမှာ ရှိပြီးသားတွေပါ ။ ဥပမာ … ကလေးဘ၀ ကျောင်းသားဘဝ အကြောင်း ၊ သူငယ်ချင်း မိတ်ဆွေတွေ အကြောင်း ၊ အိမ်တို့ မြို့တို့ စသည်တို့နဲ့ ပတ်သက်ပြီး ကိုယ်ခံစားမိတာလေးတွေကို ရေးသားနိုင်ပါတယ် ။ ကွန်ပျူတာမှာ ရေးသည် ဖြစ်စေ ၊ စာရွက်ပေါ်မှာ ရေးသည်ဖြစ်စေ အဆင်ပြေသလို ရေးထားလိုက်ပါ။

သိမ်းထားရသည့် စာတစ်စောင်(သို့မဟုတ်) မပို့ဖြစ်တော့သည့် စာမူတစ်ပုဒ်

Image
သိမ်းထားရသည့် စာတစ်စောင်(သို့မဟုတ်) မပို့ဖြစ်တော့သည့် စာမူတစ်ပုဒ်       မည်သည့် မဂ္ဂဇင်း၊ ဂျာနယ်တွင်မျှ ပေးပို့ရန် မရည်ရွယ်သည့် စာမူတစ်ပုဒ်၊ သို့မဟုတ် မည်သူတစ်ဦး တစ်ယောက်မျှ ပေးဖတ်ရန် စိတ်ကူးမထားသည့် စာတစ်စောင်ကို သင်ရေးဖူးပါသလား။ သူကတော့ ရေးဖူးသွားပြီဖြစ်သည်။ ရေးဖြစ်ခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် မည်သူ့ကိုမျှ ပေးမဖတ်ရန်ရည်ရွယ်ထားသည့် ဤစာကိုဖတ်ရင်း သင်ပြုံးလိုက ပြုံးနိုင်သလို မဲ့လိုကလည်း မဲ့နိုင်သည်။

အိမ်ပြန်ကြစို့ သူငယ်ချင်း

Image
အိမ်ပြန်ကြစို့ သူငယ်ချင်း မုဆိုးလား သားကောင်လား မင်းဘာကောင်လဲ ငါဘာကောင်လဲ နီသလား စိမ်းသလား ငါတို့နဲ့ မတူတော့ ရန်သူပေါ့ တချို့ကတော့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြပါစို့ ...။

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄)

Image
ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်ပါတယ်။ ( ဟုတ်ပါသလား) -ဟုတ်တာပေါ့။ ခင်ဗျားလည်း ကျွန်တော့်လို လူမျိုး ဆိုရင် တစ်နေ့ကြီးပွားဦးမယ် … ။ * * * ဆရာတာရာမင်းဝေ ဝတ္ထုတိုရေးဖွဲ့ရာတွင် မည်သည့်အချက်များ လိုအပ်သနည်း (သို့မဟုတ်) မည်ကဲ့သို့ ရေးဖွဲ့ရသနည်း။

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၃)

Image
ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၃) ဆရာတာရာမင်းဝေခင်ဗျား “ကျွန်တော်နှင့်နတ်ဘုရားရုပ်ထု” မှ “မူလကစ၍ မူလသို့ပြန်ရောက်ခြင်း” ဟူသော အဓိပ္ပါယ် ကို ရှင်းလင်းပေးပါခင်ဗျား။ -“တောက်တယ်ကျင်း” လို့ တရုတ်လိုအသံထွက်တဲ့ “တာအိုဝါဒ” ရဲ့အယူအဆပါ။ အနုပညာ(Art) ကို ကျွန်တော်တို့ စတင်လေ့လာခဲ့ကြတယ်ဆိုပါစို့။ ဆန့်ကျင်အနုပညာ Anti-Art ဆိုတာ ထပ်မံပေါ်ပေါက်လာပါတယ်။ ခုပို့စ်မော်ဒန်ကာလကိုရောက်တော့

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၂)

Image
    ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၂) Thursday, April 21, 2011 Labels: အင်တာဗျူး ဆရာတာရာမင်းဝေခင်ဗျား မော်ဒန်ကဗျာ၊ဝတ္ထုများကို မည်သို့သော တွေးလုံးများပေါ်မှာမူတည်ပြီး၊ ဘယ်လိုခံစား ရေးသားခဲ့သလဲဆိုတာကို ဆရာ့အနေနဲ့ ဆရာရေးခဲ့သော ကဗျာ၊ဝတ္ထုတစ်ပုဒ် ဥပမာပေး၍ ရှင်းပြပေးစေလိုပါသည်ခင်ဗျား. .။ -အင်တာဗျူးတစ်ခုမှာ ကျွန်တော်ပြောခဲ့ဖူးပါပြီ။ “ငါဟာ.. အရက်မူးလာတဲ့ မီးတောက်လေးပါ” တဲ့။ မီးတောက်ဆိုတာနဂိုတည်းက ယိမ်းနွဲ့တတ်တဲ့ သဘောရှိပါတယ်။ အရက်မူးနေတဲ့မီးတောက်ဆိုတော့