စာရေးဆရာတစ်ယောက်အကြောင်း
မိန်းမ မရှိတဲ့သူ တစ်ယောက် အတွက်
ဘယ်မြို့ ဘယ်နေရာမှာ နေထိုင်ပါစေ အရေးတော့ မကြီးပါ ။ သူဟာ အင်ဂျင်နီယာ တစ်ယောက် မဟုတ်ပေမယ့် မြို့ပြင်က မြေကွက်မှာ အိမ်ဆောက်ဖို့
ဒီဇိုင်းပုံကို
သူကိုယ်တိုင် ရေးဆွဲခဲ့သည် ။ သူ၏ အိမ် နှင့် ခြံသည် မိသားစု တစ်စု အတွက် သင့်တော်သလို
သူလို စာရေးဆရာ တစ်ယောက်အတွက်လည်း သင့်တော်ပေ၏ ။ အဘယ်ကြောင့်ဆိုသော်
တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို သူ လိုအပ်တယ်လေ ။ သူ့အိမ်မှာ ဖုန်း မရှိဘူး ။
သူ့အိမ်မှာ TV မရှိဘူး ။ သူ့အိမ်မှာ အပေါဆုံးက စာအုပ် ၊ အချမ်းသာဆုံးက စာအုပ် ၊
သူထုတ်လုပ်နေတာ စကားလုံးတွေ ဆိုပါတော့ ။

သူ၏ မနက်သည် တစ်ခါတစ်လေ ၇ နာရီခွဲ ၊ ၈
နာရီလောက် စသည် ။ တစ်ခါတစ်လေ သူ၏ မနက်သည်
၉ နာရီကျော်တောင် မိုးမလင်းချင်ဘူး ။ သူသည် မနက်စာ ၊ နေ့လယ်စာ စတဲ့ အစားအသောက်ကို
ဂရုစိုက်တတ်သူ တစ်ယောက် မဟုတ်ပါ ။ သူ စာရေးနေသော အချိန်များသည် သူ၏ အလုပ်ချိန် ဖြစ်ပြီး ၊
အကြောင်းအရာ ရှာဖွေခြင်း ၊ စဉ်းစားခြင်း ၊ စာဖတ်ခြင်း စသည့် အချိန်များသည်လည်း အလုပ်လုပ်ခြင်းပင် ဖြစ်သည်ဟု ယူဆသူမျိုး ဖြစ်၏ ။ ရုပ်ရှင်ရုံတွေမှာ ဘယ်နာမည်ကြီး ဒါရိုက်တာရိုက်တဲ့ ဘာဇတ်ကားပဲ ပြသပါစေ သူကတော့ တစ်ခါမှ ရုပ်ရှင်ကြည့်လေ့ မရှိဘူး ။ တရုတ်တန်း ၊ ကုလားတန်းတွေကိုလည်း မသွားတတ်ဘူး ။ ပြီးတော့ သူ့မှာ မိတ်ဆွေ အပေါင်းအသင်းကလည်း နည်းပါးလွန်း၏ ။ သူသည် လူပျိုကြီး ဆိုပေမယ့် အထီးကျန် တစ်ကိုယ်တော် သိုင်းသမား မဟုတ်ဘူး ၊ သို့သော် အသဲကွဲငှက်ပါ ။

တစ်နေ့တစ်နေ့ ဘာမှ မလုပ်ဘဲ အချိန်တွေ
ကုန်သွားခြင်းမျိုးလည်း ရှိ၏ ။ ဘဝဆိုတာ အလုပ်လုပ်ဖို့ မဟုတ်ဘူး ။ သူက အဲဒိလို
တွေးတယ် ။ အမေရိကန် ပြည်တွင်းစစ် ၊ မြေရှင် ၊ ကျွန်စနစ်တွေ အကြောင်း သူဖတ်တယ် ။
ဒါပေမယ့် အဲဒိ အကြောင်းအရာများသည် အချစ်ဝတ္ထုလောက် စိတ်ဝင်စားဖွယ် မကောင်းပေ ။
စာစုံစေရန် ဖတ်နေသော်လည်း ဖတ်လို့ကား မပြီးနိုင်အောင် ဖြစ်နေလေ၏ ။ ကမ္ဘာပေါ်မှာ
အကောင်းဆုံးက ဘာလဲ ဆိုတာ သူမသိပါဘူး ။ ဆောင်းတွင်းအေးအေးမှာ ကောင်မလေးတစ်ယောက်ကို
ဖက်ပြီး ကွေးနေရင် အကောင်းဆုံးပဲ မဟုတ်ဘူးလားလို့ သူတွေးနေ၏ ။ အချိန်ကား ၁၂ နာရီ
ခွဲပြီ ၊ ဒီအချိန်ဟာ နေ့လယ်စာ စားချိန်ပေါ့ ။ အတွေးထဲပေါ်လာတာများကို စာရွက်ထဲ
ချရေးလိုက်တာ စာပိုဒ်နှစ်ပိုဒ်စာလောက် ရပြီ ။ ထမင်းက ချက်ပြီး သွားပြီ ဟင်းလေးတော့
နွေးစားဦးမှ ဖြစ်မယ် ။
သူက နာမည်ကြီးတယ် ၊ သူ့စာပေတွေက
ထင်ရှားကျော်ကြားတယ် ၊ သို့သော် သူတို့ ရပ်ကွက်က လူတွေက သူ့ကို မသိဘူး ။
တစ်ခါတုန်းက သူက CIA ရဲ့ အကျင့်ပျက်ခြစားမှုများကို စာတန်းရေးပြီး ဌာနချုပ်သို့
ပို့လိုက်သောကြောင့် တာဝန်ရှိသူများက သူ့အား ခေါ်၍ ဆုံးမစကား ပြောကြားဖူးသည် ။
တစ်ခါတုန်းက မြန်မာပြည်၌ ဖြစ်သော ကုလား ရခိုင်အရေးမှာ သူက ကုလားတွေအကြောင်း
ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ရေးသားသောကြောင့် ဘက်ဂဒက်မြို့ရှိ မူစလင်
အကြမ်းဖက်သမားများက သူ့အား လျှို့ဝှက်လုပ်ကြံသတ်ဖျတ်မည်ဟု ကြုံးဝါးဖူးသည် ။
သူပြောနေကြ စကားကတော့ သူသည် လုပ်ထုံးလုပ်နည်းများကို ချိုးဖေါက်ကာ စာရေးသည် ။ သူ၏
စာပေတွင် ဥပဒေ မရှိဘူး ဟူ၍ ဖြစ်၏ ။ သူသည် မကြာခဏ ရေးထားပြီးသော စာများကို
ပြန်ဖတ်သည် ။ ထိုသို့ ဖတ်မိတိုင်း အံ့သြရသည် ။ အကြောင်းက ရေးခဲ့ပြီးသော စာတွေဟာ
စီးဆင်းသွားသော မြစ်နဲ့ တူသည် ။
တစ်နေ့ သူ မြို့ထဲရှိ အလုပ်တိုက်သို့
ရောက်တုန်း သူ၏ သူဌေးက အသက် ၂၅ နှစ် အရွယ် ဆံပင်ရွှေရောင် အရပ်ရှည်ရှည် အသားညိုညို
ကောင်မလေးတစ်ယောက် သူ့ကို လာရှာကြောင်း ပြောပြလေ၏ ။ သူက အလုပ်ကိစ္စ ဖြစ်စေ ၊
ဆက်သွယ်ချင်လို့ ဖြစ်စေ သူဌေး၏ လိပ်စာကို အသုံးပြု၏ ။ ကောင်မလေးတစ်ယောက် ဆိုတာ
သူနဲ့ ဟိုတယ်ဘားတွင် တွေ့ဆုံခဲ့သော ကောင်မလေး ဖြစ်ပုံရ၏ ။ ထိုနေ့က သူသည်
အကြောင်းကိစ္စတစ်ခုကြောင့် အရက်ဘားမှာ အရက်သောက်လျှက်ရှိ၏ ။ မကြာခင် ကောင်မလေး
နှစ်ယောက် ရောက်လာ၍ ရှန်ပိန် နှစ်ခွက် မှာသောက်သည် ။ ကောင်မလေးတစ်ယောက်က ဝပြီး
ပုကာ ၊ တစ်ယောက်က ပိန်၍ ရှည်၏ ။ ထို ငပိန်မလေးသည် စကပ်တို ဝတ်ထားသည် ။
အသားညိုသော်လည်း သူမ၏ ပေါင်လုံးများမှာ ဖွေးဖွေးဖြူနေ၏ ။ ဝတုတ်မလေးသည် သူအရင်
ပြန်နှင့်မယ် ဆိုကာ ထွက်သွားလေ၏ ။
ငပိန်မလေးသည် သူ့ဘက်သို့ တိုးကပ်လာ၍ သူမအား အိမ်ပြန်လိုက်ပို့ပေးရန် အကူအညီ တောင်းလေသည် ။ တက္ကစီငှါးစီးပါလား ဆိုတော့ ညနက်၍၄င်း ၊ ကောင်မလေးတစ်ယောက်ထဲ ဖြစ်လို့၎င်း မစီးရဲဘဲ ကြောက်ရွံ့နေပုံရ၏ ။ ဤသို့ဖြင့် သူသည် ကောင်မလေးကို အိမ်ပြန်လိုက်ပို့ ပေးခဲ့၏ ။ အရက်မူးနေသော ကောင်မလေးကို ကားထဲမှာ သူ ဘာမှ မတို့မထိခဲ့ပါ ။

ထိုကောင်မလေးအကြောင်း သူ တိတ်တခိုး
တွေးကြည့်မိ၏ ။ သူမသည် အရမ်း မလှပသော်လည်း ဆွဲဆောင်မှုတော့ ရှိပါ၏ ။ သူမ
မျက်လုံးများက သမင်မလေးနဲ့ တူပြီး ၊ ရဲတင်းလွန်းသော သူ့မ အမူအယာက ကျားသစ်မလေးနဲ့
တူလေ၏ ။ ထိုကောင်မလေးသည် သူ၏ ရည်းစား ဖြစ်ခဲ့သည် ။
မကြာပါဘူး အကြောင်းပြချက်ရယ် ရှာမတွေ့ဘဲ သူမသည် သူနဲ့ အဆက်အသွယ် ဖျက်ကာ ယောက်ျားယူသွားလေ၏ ။ သူ၏ ခပ်သွက်သွက် ဇတ်လမ်းလေးက နှလုံးကို နာကျင်မှုပေးခဲ့သည် ။ သူက သွေးအေးသတ္တဝါဆိုတော့ သွေးပွက်ပွက် မဆူသလို သူမ မျက်နှာကို ကြည့်ပြီး ပြောချင်တဲ့
စကားလုံးတွေလည်း မရှိပါဘူး ။ သို့သော်လည်းပဲ သစ္စာဖျက်သူက အားနာလေဟန်နဲ့ လမ်းမှာတွေ့တောင် သူ့ကို မကြည့်ရဲဘူး ။ မျက်လုံးချင်းဆုံလို့ သူက ပြုံးပြမှ သူမသည် ရွှင်လန်းလာ၍ ကိုယ့်အတွေးနဲ့ကိုယ် လိုရာဆွဲတွေးပြီး ကျေနပ်လိုက်ပါတော့ ကောင်မလေးရယ် ။

သူက အကျင့်ဆိုးတွေကို
ဖျောက်ဖျက်ချင်နေတဲ့ သူဖြစ်သည် ။ သူ့မှာ မနာလိုခြင်း ၊ သဝန်တိုခြင်းတွေ ရှိသည် ။
လူတွေဟာ အောင်မြင်နေတဲ့ သူတွေကို ကြည့်လို့ မရကြဘူး မဟုတ်လား ။ အဲဒိ
ခံစားချက်တွေဟာ သူရေးတဲ့ စာတွေထဲမှာ နေရာယူလာသည် ။ ကောင်မလေးတစ်ယောက်ရဲ့
ဆင်းရဲမှာကို ကြောက်တဲ့စိတ်ကြောင့် အချစ်တစ်ခု ကြိုးပဲ့သွားခြင်းမျိုး မဖြစ်သင့်ဘူး ။ သူ့ရဲ့ စာပေ အသိုင်းအဝိုင်းဟာ ကျဉ်းမြောင်းတယ်လို့ ယူဆချင် ယူဆနိုင်သော်လည်း သူ့ရဲ့ အတွေးအခေါ်များဟာ အဖိုးမတန်ပေဘူးလား ။ သူနဲ့ စကားပြောရင် ရင်ခုန်စရာ ကောင်းမှာ မဟုတ်ပေမယ့်
သူရေးတဲ့စာတွေက မမိုက်မဲပါဘူး ။ လူတွေဟာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ တွေ့းပါသည် ။ ကောင်မလေးတွေဟာ ချစ်စရာ ကောင်းကြတယ်ပေါ့ ။ ဟိုတယ်မှာ ညစာ ထွက်စားဖို့ အရေး သူ စိတ်မဝင်စားပါဘူး ။ သူငယ်ချင်းအိမ်မှာ မိတ်ဆွေတွေနဲ့ အတူတူ ဖဲရိုက်ဖို့လည်း သူ ဝါသနာ မပါဘူး ။
လူချင်းတူတယ် ၊ လူမျိုးချင်း မတူဘူး ၊ အဲဒါကို တူတယ်လို့ ပြောသော်လည်း လူတွေ အားလုံးအတွက် ကမ္ဘာကြီးဟာ တစိမ်းတစ်ယောက်လိုပါပဲ ။

Credit:
https://nitikiti.wordpress.com
Comments
Post a Comment