အတိုဆုံးဝတ္ထုဆိုတာ

  အတိုဆုံးဝတ္ထုဆိုတာ

                စာရေးဖြစ်တဲ့ မိတ်ဆွေတွေဆီက "အတိုဆုံးဝတ္ထု " ဆိုတဲ့ နာမည် နဲ့ တက်လာတတ်တဲ့ Post တွေ, တွေ့မိပါတယ်။အရင်က ကြားခဲ့ဖူးပါတယ်။ ဆရာသော်တာဆွေ ရေးဖူးတဲ့ အတိုဆုံး ဝတ္ထုလေးလည်း တိုက်ဆိုင်တိုင်း လိုလို သတိရမိပါတယ်။
"အေးဘုံရေ..."
"ဟေ..."
"ကောက်ရိုးပုံလား..."
"အေး..."
(အတိအကျ မမှတ်မိပါ။ မှတ်မိသူ အတည်ပြုက သာဓုခင်ဗျ။)
                  ဝတ္ထုဆိုတာ စကပ်လို "တိုလေ ကောင်းလေ" လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ ပညာရှိတွေ အစွမ်းပြတဲ့အခါ ထွက်ပေါ်လာတတ်သလို ကောင်းလည်း ကောင်းလှပါတယ်။
အားနက်ဟဲမင်းဝေးကို တစ်ယောက်က ဆယ်ဒေါ်လာကြေးလောင်းပါတယ်။ စာလုံးခြောက်လုံးတည်းနဲ့ လူတွေ မျက်ရည်ကျအောင် မလုပ်နိုင်ဆိုပြီး ငြင်းတော့ ဟဲမင်းဝေးက ရေးပြပါတယ်။
"For Sale, Baby Shoes, Never Worn"
(တစ်ခါမျှ မဝတ်ရသေးသည့် ကလေးစီးဖိနပ်ရောင်းရန် ရှိသည်။)
မွေးဖွားကာစမှာပဲ ကွယ်လွန်ခဲ့တဲ့ ကလေးငယ်လေးအတွက် မိဘတွေရဲ့ ခံစားချက်ကို တို၊ ထိ ရေးခဲ့ပုံရပါတယ်။
(ဘာသာပြန်ကောင်း၍ ဟဲမင်းဝေးကို အလွန်အားနာမိပါ၏။အချို့ကလည်း ဟဲမင်းဝေး မရေးခဲ့ ဟု အခိုင်အမာ ငြင်းကြပါသည်။ စကားချပ်။)
နောက်ပိုင်းတော့ Powerful Six Words Story ဆိုပြီး ထင်ရှားလာပါတယ်။
မိတ်ဆွေများ သုတအလို့ငှါ ဆရာမ(ဆရာ) နိုင်းနိုင်းစနေ ရေးခဲ့တဲ့ အင်္ဂလန်က Six Words ပြိုင်ပွဲအကြောင်း ဆက်လက်မျှဝေချင်ပါတယ်။
ကိုစက်ဖေ (ကမ်းလက်များ)
••••••••••••••••••••••••••••••••••••••••••••••••
အင်္ဂလန်မှာ အတိုဆုံးဝတ္ထုတိုပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါသတဲ့။ အဲဒီဝတ္ထုတိုက စကားလုံး၆လုံးသာ(Six Word Stories) အသုံးပြုရပါတယ်။ ဝတ္ထုတွေဟာတိုပေမယ့် ဝတ္ထုပါစကားလုံးတွေက လူကို ကျယ်ပြန့်တဲ့တွေးတောမှုတွေဖြစ်စေပြီး ရင်ကိုထိရှခံစားစေပါတယ်။ ဖတ်ခဲ့မိတဲ့စကားလုံးလေးတွေကို မျှဝေပါတယ်။
(၁) Sorry soldier,shoes sold in pairs.
စိတ်မကောင်းပါဘူး ရဲဘော်.. ဖိနပ်တွေကို စုံလိုက်ပဲရောင်းပါတယ်။
(စစ်ပွဲမှာ ခြေတစ်ဖက်စတေးခံလိုက်ရတဲ့ရဲဘော်ကို မြင်ယောင်ကြည့်လိုက်ပါ)
(၂) Birth certificate. Death certificate. One pen.
မွေးစာရင်း၊ သေစာရင်းကို ဘောလ်ပင်တစ်ချောင်းပဲသုံးတယ်။
(ရင်သွေးငယ်က မွေးဖွားပြီးတာနဲ့သေဆုံးသွားတာဖြစ်နိုင်သလို ကလေးမွေးဖွားပြီးတာနဲ့ မိခင်သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။)
(၃) Mom taught me how to shave.
မုတ်ဆိတ်ဘယ်လိုရိတ်ရမယ်ဆိုတာ ကျွန်တော့်ကို မေမေသင်ပေးခဲ့တယ်။
(ဖခင်စောစောစီးစီး ကွယ်လွန်သွားတာဖြစ်နိုင်ပါတယ်။)
(၄) Finally spoke to her. Left flowers.
နောက်ဆုံးမှာ သူနဲ့စကားပြောခွင့်ရခဲ့ပါတယ်။ ပန်းတွေသာ ချန်ထားနိုင်ခဲ့တယ်။
(ကိုယ်တွေ့ချင်တဲ့လူကို နောက်ဆုံးမှာ အုတ်ဂူရှေ့မှာပဲပြောခွင့်ရပြီး ပန်းစည်းတစ်စည်းသာ ချန်ထားနိုင်ခဲ့တယ်။)
(၅) Siri,delete Mom from my contacts.
Siri, ကျွန်တော်ရဲ့ဆက်သွယ်ရေးနံပါတ်တွေထဲက အမေရဲ့နံပါတ်ကို ဖျက်ထုတ်လိုက်ပါ။
(အမေသေဆုံးသွားပါပြီ)
(Siri= Apple iSOမှာရှိတဲ့ လူကိုယ်တိုင်ရဲ့စကားပြောနဲ့ ဆယ်သွယ်ရှာဖွေလို့ရတဲ့ဆော့ဝဲလ်တစ်ခု၊ voice command လိုလားမသိဘူး.. မပြောတတ်ဘူး)
(၆) Introduced myself to mother again today.
ဒီကနေ့ အမေကို ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးခဲ့ပြန်တယ်။
(အမေဟာ အကြိုဇရာရောဂါ၊ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ရောဂါကို စွဲကပ်နေခဲ့ပါပြီ)
(၇) Strangers. Friends. Best friends. Lovers. Strangers.
သူစိမ်း၊ သူငယ်ချင်း၊ အကောင်းဆုံးသူငယ်ချင်း၊ ချစ်သူ၊ သူစိမ်း။
(သူစိမ်းမှ သူငယ်ချင်း၊ သူငယ်ချင်းမှ အကောင်းဆုံးသူငယ်ချင်း၊ ပြီးတော့ ချစ်သူ၊ အဲဒီနောက်မှတော့ သူစိမ်းတွေဖြစ်ခဲ့ကြပြန်တယ်။ အရင်းနှီးဆုံး သူစိမ်းတွေပေါ့.. လူတိုင်းမှာ ရှိခဲ့ဖူးကြပါလိမ့်မယ်)
နိုင်းနိုင်းစနေ (Dec. 31. 2014)

(PS: ဆရာ ကိုစက်ဖေ၏ wall မှ ကူးယူတင်ပြပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း