ဝတ္ထုရေးနည်းလမ်းညွှန်


ဝတ္ထုရေးနည်းလမ်းညွှန်

             ကမ္ဘာကျော် စာရေးဆရာကြီးများ ရေးသော ဝတ္ထုများကို မြန်မာစာရေးဆရာတချို့သည် မှီး၍သော်၎င်း ၊ ဘာသာပြန်၍သော်၎င်း ဝတ္ထုရှည်များအဖြစ် ရေးကြလေ့ရှိသည် ။ ထိုကဲ့သို့ နာမည်ကြီး ဝတ္ထုများမှ ဇတ်ကွက်ဇတ်လမ်းကို အတုယူ ရေးသားနိုင်သော်လည်း ရေးသားချင်သည့် အကြောင်းအရာကို စဉ်းစားမရ ဖြစ်နေသည် ။ သူရေးခဲ့ပြီးသော ဝတ္ထုတိုများဟာ စာမရေးခင်က မည်ကဲ့သို့ရေးမည် ၊ ဇတ်လမ်းမည်သို့ အဆုံးသတ်မည် ကြိုမသိဘဲနဲ့ ရေးခဲ့သည် ။ သို့သော်
ဤဝတ္ထုရှည်မျိုးကိုတော့ ထိုကဲ့သို့ ရေးလို့မရ ။ အကြောင်းက ဝတ္ထုရှည်ဆိုရင် ရှည်ရွယ်ချက်ရှိရှိနဲ့ အပိုင်းလိုက် ပိုင်နိုင်အောင် ရေးသားနိုင်ဖို့ လိုအပ်သည် ။ နောက်ပြီးတော့ အချိန်ကာလတစ်ခု နဲ့ Feeling လေးလည်း လိုသည် ။
Website တစ်ခုမှာ ဝတ္ထုတိုတွေဟာ ကျွန်တော်တို့ ဘယ်လို အသက်ရှင် နေထိုင်သလဲဆိုတဲ့
အကြောင်းတွေကို ရေးသားခြင်းဖြစ်လို့ သူက ကြိုက်မိပါသည် ။ ဝတ္ထုတိုတွေဟာ ကျွန်တော်တို့မိတ်ဆွေတွေက
ကျွန်တော်တို့ကို ပြောပြတဲ့ နာကျင်မှုတွေ နဲ့ ပျော်ရွှင်မှုတွေ ၊ သူတို့ရဲ့ ချစ်စိတ် နဲ့ ဒေါသ ၊
သူတို့ရဲ့ မျှော်လင့်တန်းတခြင်းတွေ နဲ့ မတရားမှုအတွက် အော်ဟစ်ငိုကြွေးသံတွေ ဖြစ်တယ် လို့
စာရေးသူက ရှင်းပြထားသည် ။

Character ဆိုတာ ကျွန်တော်တို့ လက်တွေ့ဘဝထဲက လူသားတစ်ယောက်လို ဖြစ်ပြီး သူ့အကြောင်းကို
သိရမည် ။ သူ့ကို ချစ်ရမည် ၊ သူ့ကို မုန်းရမည် ။ ဒုက္ခဆင်းရဲတွေနဲ့ သူ့ကို ပေးတွေ့ရမည် ။
အကြောင်းက အချိန်တိုင်း ဘယ်သူမှ အကောင်းဆုံး အမှန်ကန်ဆုံး မပြုမူနိုင်လို့ ဖြစ်သည် ။
ထို့အပြင် ဇတ်လမ်းကိုလည်း ဆက်လက်ရှင်သန်စေနိုင်မည် ဟု စာရေးသူက ရေထားလေ၏ ။

ထို့နောက်သူသည် တစ်ယောက်ထဲ အတွေးနယ်ချဲ့မိသည် ။ ဇတ်ကောင်အများစုဟာ လူသားတွေ အကြောင်း
ပဲဖြစ်၏ ။ ငါဟာလည်း ကံဇတ်ဆရာက ရေးသည့် ကမ္ဘာဆိုတဲ့ဝတ္ထုရှည်ကြီးထဲမှာ ဇတ်ကောင်တစ်ယောက်
အဖြစ် ပါဝင်သည် ။ နွယ်နဲ့ သေကွဲကွဲခဲ့ပြီး နှင်းနဲ့ ရှင်ကွဲကွဲခဲ့ရသည် ။ ထို့နောက် အသဲကွဲစာပေတွေရေးသည့်
စာရေးဆရာ တစ်ယောက် ဖြစ်လာသည် ။ ညနေတိုင်း ကဗျာဆရာ ကိုငှက်ရေးသည့် “နေညိုရင် ငါနည်းနည်း
ကစ်ချင်သည်…သယ်ချင်း” ဆိုတဲ့ အပိုဒ်လေးကို သတိရမိတတ်သူလည်း ဖြစ်သည် ။

သူသည် သူ့ဝတ္ထုတွင် ထည့်ရေးမည် Character တစ်ယောက်စီ အကြောင်း အတွေးရသည်များကို
ရေးထားပြီး ဖြစ်သည် ။ အမူအယာ ၊ အကျင့်စရိုက် ၊ ဘယ်သူ ဘာလုပ် ၊ ဘယ်နေရာမှာ ဘယ်သူတွေ
တွေ့ပေးမလဲ ၊ သူတို့ပြောရမယ့် စကားလုံး dialogue စတာတွေကို အခန်းလိုက် ရေးမှတ်ထား၏ ။

Dialogue အကြောင်းကို ရေးတဲ့အခါ သူက အနည်းငယ် ဂရုစိုက်ပါသည် ။ ဇတ်ကောင်တွေ
စကားပြောဟန်ကို မတူစေအောင် ဖြစ်ပါသည် ။ စကားပြောတဲ့စတိုင်လ် ၊ စကားပြောတဲ့
လေဟန် နှင့် အမူအယာ အချို့ကိုပါ ထည့်ရေးရသည် ။ စာဖတ်သူဆိုတာ ဇတ်ကောင်တွေ
ပြောပြတဲ့ စကားတွေကို စာမျက်နှာပေါ်မှာ မျက်လုံးနဲ့ ဖတ်တာဖြစ်သည် ။ နားနဲ့ဖတ်တာ မဟုတ် ။
Real Life လက်တွေ့ဘဝမှာ လူတွေ ပြောနေတဲ့ စကားလုံးတွေကို တိုက်ရိုက် စာရွက်ပေါ်သို့
ချရေးလို့လည်း မရပါဘူး ။ စိတ်ဝင်စားဖွယ် မကောင်းလို့ ဖြစ်ပါသည် ။ Dialogue ဆိုတာ
ရုပ်ရှင်တွေထဲမှာ မင်းသား မင်းသမီးတို့ ပြောဆိုကြတဲ့ စကားလုံးမျိုး ဖြစ်ပါသည် ။
သူတို့ ပြောတဲ့စကားတွေကို လက်တွေ့ဘဝမှာ အလွတ်ကျက်ပြီး ပြောလို့လည်း မရပါဘူး ။
သရုပ်ဆောင်တွေက အဲဒိလိုပြောမှ လှုပ်ရှားမှု Action ထက် ဒရမ်မာရသ Dramatic မြောက်မှာ ဖြစ်လို့ ပြောဆိုကြခြင်းဖြစ်သည် ။

အဲဒိလို အကြောင်းမျိုးကြောင့် သူက စကားလုံးတွေကို အသံထွက်ဖတ် နေရပါသည် ။
ဒုတိယတစ်ချက်က သူ့စရိုက်နဲ့ သူ့ဇတ် ဖြစ်ရမည် ။ သူတို့ ဘယ်လို အဝတ်အစားမျိုး
ဝတ်တယ် ၊ ကားမောင်းနေလား ၊ ဘာတွေ စဉ်းစားနေသလဲ ၊ ဘာတွေ ခံစားနေသလဲ
စတာတွေအားလုံး ကွဲပြားခြားနားနေရပါမည် ။ ဝတ္ထုရှည်ရေးနေခြင်းကြောင့်
အခုတွေ့ အခုကြိုက် လက်ထပ်သွားကြလေသတည်း … အဲလိုမျိုး ရေးလို့မရ ။
စာဖတ်သူ မပျင်းရစေအောင် အလွမ်း ၊ အကြမ်း ၊ ဟာသ ၊ ပျော်ရွှင်ဖွယ်ရာ
ရသ အမျိုးမျိုးလည်း ပေးရပါအုံးမည် ။

ထို့ကြောင့် သူ့မှာ ညတိုင်း သူ၏ ဇတ်ကောင်တွေ အကြောင်း စဉ်းစားရပါသည် ။
အကြံပေါ်လာရင် စာရွက်ပေါ်မှာ ရေးမှတ်ထားရပါသည် ။ ရေးပြီး စာများကိုလည်း
ပြန်ဖတ်ရပါသေးသည် ။ သူသည် ဘီယာ နောက်တစ်ဗူး ထပ်ဖေါက်၍ မော့ချလိုက်သည် ။
သူသည် ခဏလောက် အနားယူမယ်ဆိုကာ ဆေးလိပ်တစ်လိပ် မီးငြိလိုက်၏ ။
ဘီယာကို သောက်၏ ။ ဆေးလိပ် မီးခိုးငွေ့များကို မှုတ်ထုပ်လိုက်၏ ။ ထို့နောက် သူ၏ အတွေးကို
ဆက်တွေးလေသည် ။

သူသည် ဖတ်နေကြစာအုပ်လေးကို ကောက်ကိုင်လိုက်သည် ။ ဒီနေ့ သူဖတ်ရမည့် အခန်းက setting designer အကြောင်းဖြစ်သည် ။ ထိုစာအုပ်လေးသည် Writing Instructions ဖြစ်ပြီး
သူ့အား အကြံဥဏ်များပေးသည် ။ အိမ် တစ်အိမ်ကို မဆောက်ခင်က ဒီဇိုင်းဆွဲရပါသည် ။ ဧည့်ခန်း ၊ အိပ်ခန်း ၊ မီးဖိုချောင် စသည်တို့ကို ဆေးဘာအရောင် သုတ်မလဲ ။ ဘယ်လို ထိုင်ခုံ ၊ စားပွဲမျိုးကို အသုံးပြုမလဲ ။ ပါကေးခင်းမှာလား ၊ ကြွေပြားခင်းမှာလား ။ ပြတင်းတံခါးပေါက် ၊ မီး – ဒီဇိုင်းဆန်းဆန်းလေးလား ၊ အိုးမော်ဒယ်လား ။
ရေချိုးခန်း ၊ အိမ်သာ ၊ ဂိုဒေါင် စတဲ့ အခန်းတိုင်းကို ဂရုစိုက်ရပါမယ် ။ အကြောင်းက Every room is about memory ဖြစ်တယ် ။

ဝတ္ထုဆိုတာ အိမ်တစ်အိမ် နဲ့ တူတယ် ။ သူ့မှာ အခန်းလိုက် ဇတ်လမ်းတွေများတယ် ၊ မိသားစုဝင်တွေ ၊ ဆွေမျိုးတွေ ၊ အသိုင်းအဝိုင်းတွေ နှင့် မင်းသား ၊ မင်းသမီး တို့ ရှိတယ် ။ တနည်း ဝတ္ထုဆိုတာ အခန်းမရှိတဲ့ Hall တိုက်ခန်းနဲ့ တူတယ် ။ အဲဒိတိုက်ခန်းလေးထဲမှာ အထီးကျန် လူတစ်ယောက်တဲ နေနိုင်သလို ၊ သူငယ်ချင်းတစ်ခု အတူတူငှါးပြီး နေထိုင်နိုင်သလို ၊ မိသားစုတစ်ခုလည်း အတူနေထိုင်ခြင်း ဖြစ်နိုင်တယ် ။ ဒါဆိုရင် အထီးကျန် တစ်ယောက်ထဲသမားဟာ မင်းသားဖြစ်နိုင်ပြီး သူဟာ ဒီကမ္ဘာမှာ ပျောက်ဆုံးသွားသော ချစ်သူကောင်မလေး မင်းသမီးတစ်ယောက်ကို လွမ်းဆွတ်တမ်းတမိနေတဲ့ အကြောင်း ရေးထားသော ဝတ္ထုမျိုး ရေးသားနိုင်ပါတယ် ။ ထိုဝတ္ထုမှာ မိသားစု မရှိဘူး ၊ မင်းသမီးက သေပြီ ဒါလည်း ဖြစ်နိုင်ပါတယ် ။ သူသည် အကြောင်းအရာ ၊ ပုံစံမတူ ဝတ္ထုအမျိုးအစားများ အကြောင်း နားလည် သဘောပေါက်သွားလေ၏ ။
Climax ရဲ့ အဓိပ္ပာယ်က အရေးကြိးဆုံးအချိန် စိတ်လှုပ်ရှားဖွယ်ကောင်းသောအချိန် ဖြစ်သည် ။ ဝတ္ထုမှာတော့ ဇတ်ရှိန်အမြင့်ဆုံးအခန်းလို့ ပြောတတ်ကြသည် ။ ထိုဇတ်ရှိန်မှာ အတတ် အကျ ရှိ၏ ။ တက်ခြင်း ကျခြင်းဟာ စာရေးသူ၏ အလိုတော်အတိုင်း ဖြစ်၏ ။ ကောင်မလေးက ကောင်လေးကို အဖြေပေးမယ့် အခန်းမျိုး ၊ ကောင်လေးက ကောင်မလေးထံ အသွား လမ်းမှာ ကားအက်စီးဒန့် ဖြစ်တာမျိုးပေါ့ ။ အဲဒိအချိန်မှာ ကောင်မလေးက အဖြေပေးမယ် ပြောထားပြီး ရောက်မလာတဲ့အတွက် သူ့ကို မုန်းသွားတာမျိုး ဆက်ရေးနိုင်တယ် ။ သို့မဟုတ် ကားအက်စီးဒန့် ဖြစ်ပြီး ကောင်လေးကို တစ်ခါတည်း ပွဲချင်းပြိး သေခိုင်း ၊ ကောင်မလေးက ရင်ကွဲပက်လက်ဖြစ် – ထိုသို့လည်း ရေးနိုင်ပါသေးတယ် ။ သူသည် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ထူးမခြားနား ချစ်ကြိုက်ကွဲ ဇတ်ကားများကို သတိရမိပြီး တစ်ချက်ပြုံးနေမိလိုက်သည် ။
ဒီည မိုးထက်မင်းကဲသည် Point of View အကြောင်း စဉ်းစားမိ၏ ။ သူရယ် သူ့ရဲ့ယုံကြည်မှုတွေရယ် ။
တရားဟောတာ ဘုန်းကြီးတွေ အလုပ် ၊ စာသင်တာ ဆရာမတွေ အလုပ် ၊ သူခိုးဖမ်းတာ ရဲသားကြီး အလုပ် ဆိုရင်
စာရေးဆရာဖြစ်တဲ့ သူတွေဟာ အမှန်တရားတွေကို ပြောဆိုဆွေးနွေးခြင်းက သူတို့ရဲ့အလုပ်လို့ ပြောရမည်ပင် ဖြစ်သည် ။
လူတိုင်းမှာ ပြောစရာ စကားနည်းနည်းလောက်တော့ ရှိကြမည် ဖြစ်သည် ။
စာရေးဆရာတစ်ယောက်ဆိုရင် ဘဝအကြောင်းကို သူများထက် ပိုပြီး နားလည်စွာ သရုပ်ဖော်နိုင်ပါလိမ့်မည် ။
ဘဝရဲ့ ဒုက္ခတွေကို သုခတွေအဖြစ် စာရေးသူများဟာ ဖန်တီးတတ်ကြပါသည် ။ စာအုပ်ကောင်းဖြစ်ဖို့ စာရေးကောင်းဖို့ထက် သူကတော့ သူကြိုက်တာရေးသည် ၊ ရေးချင်တာ ရေးနေခဲ့သည် ။
အများဆုံး ရေးဖြစ်နေတာက အချစ် နဲ့ ဘဝ အကြောင်းတွေပဲ ဖြစ်သည် ။ တချို့ကလည်း Tell the truth and write about freedom and fight for it လို့ ပြောကြပါသေးသည် ။

သူဖတ်နေတဲ့ စာအုပ်ထဲမှာ Writing Groups အကြောင်း ဖော်ပြထား၏ ။ ကိုယ်ရေးထားတဲ့ စာတွေကို ဝါသနာတူ မိတ်ဆွေတွေကို ပေးဖတ်ခြင်း ၊ သူတို့၏ feedback ကို နားထောင်ခြင်းဖြင့် သူတို့ ကြိုက်လား မကြိုက်ဘူးလား ၊ ကောင်းလား မကောင်းဘူးလား စတဲ့ အထင်အမြင် သို့မဟုတ် ပြောဆိုဆွေးနွေး အကြံပေးမှုတွေကို ရရှိနိုင်ပါသည် ။ စာရေးတယ်ဆိုတာ သူများကို ဖတ်စေချင်လို့ ဖြစ်ပါသည် ။ သူများတွေ ကိုယ်ရေးထားတဲ့ စာကို ဖတ်ပြီးပြီဆိုရင်လည်း သူတို့ ဘယ်လိုတွေးမိကြသလဲ ဆိုတာလည်း သိချင်နေပါသေးသည် ။
Writing Classes တွေ ၊ Workshops တွေ လုပ်ခြင်းသည် ကိုယ်ရိုသေလေးစားရသော စာရေးဆရာများနဲ့အတူ ခရီးထွက်နေရသလိုမျိုးဖြစ်ပြီး သူတို့ ရဲ့ တုံ့ပြန်မှုတွေ အားပေးမှုတွေ ၊ သူတို့ ရဲ့ ဝေဖန်မှုတွေ မေးခွန်းတွေ နှင့် သူတို့ ပြောပြတဲ့ stories တွေကိုလည်း နာကြားခွင့်ရမည် ဖြစ်သည် ။ ထို့အပြင် စာရေးသူများရဲ့ စိတ်ပျက်ခြင်း အားငယ်ခြင်း အကြောင်း သို့မဟုတ် လောဘ ဒေါသတွေ အကြောင်း အများနဲ့အတူ ရိုးသားပွင့်လင်းစွာ ရှယ်ယာလုပ်ရင်း ကိုယ့်ကို အကူအညီပေးနိုင်မည့် သူမျိုးကိုလည်း တွေ့ဆုံရတတ်သည် ။

တချို့စာရေးဆရာများဟာ ဝတ္ထုတိုများကို formula နဲ့ ရေးတတ်ပါတယ် ။ ABDCE အတိုကောက်မှတ်ထားပါ ။ Action , Background, Development, Climax and Ending တို့ ဖြစ်ပါတယ် ။
မှတ်ချက် ။ ။ ရည်စားအလိုရှိသည် ဝတ္ထုထဲမှ ဝတ္ထုရေးနည်း လမ်းညွှန်ချက်များ ဖြစ်ပါတယ် ။

Credit:
https://nitikiti.wordpress.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း