Posts

Showing posts from February, 2023

လောကသာရပျို့

Image
လောကသာရပျို့ ၂၆။ ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာလည်း၊ ရေးရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကျမ်းတတ်ဟူးရား၊ တတ်မြောက်များသား၊ ပုဏ္ဏားရဟန်း၊ ရှေ့တွင်ဝန်းလျက်၊ ကိန်းခန်းဒသာ၊ အခါမေးမြူ၊ ကောင်း၏ဟူလည်း၊ ကျင့်မူမမေ့၊ အဓလေ့ဖြင့်၊ အရှေ့အနောက်၊ တောင်မြောက်ရေကြည်း၊ စီစဉ်သည်းလျက်၊ စောင့်စည်းရံတား၊ ကင်းသေထား၍၊ မြေခြားသူ မလွန်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၅။   သို့ကိုလက်မှာ ၊ ကြိုးကိုသာလျှင်၊ လွှတ်ပါအလျင်၊ နာကျင်ပြင်းပြ၊ စပ်ကျိန်းလှဟု၊ ဝင်းရွဖြူအူ၊ မိန့်တော်မူသော်၊ လွယ်ကူလျင်ပြင်း၊ သည်ကြော့ကွင်းကို၊ မြှော်တင်းမထင်၊ လွတ်တည့်လျှင်သော်၊ မင်းရှင်ယဉ်မြေ့၊ ပျံ့၍မသွား၊ ခဲ့ပြီလားဟု၊ မြသားရောင်မြူး၊ ဘယက်ကြူးကို၊ စူးစူးဆောက်တည်၊ ချွတ်တော့မည်ဟု၊ ရှေ့ရည်ချဉ်းက၊ မင်းအူရွမှာ၊ ကြောက်လှရွံ့ရှာ၊ စက်ဆုပ်စွာကို၊ ဆုတ်ပါဆုတ်ပါ၊ ထိုမှာကနေ၊ လိုလိုဖြေ၍၊ ဖြည်ထွေသာကြည်၊ ပေးပါမည်ဟု၊ ရောင်ခြည်လက်လက်၊ မြဘယက်ကို၊ ရွှေလက်မွှတ်မွှေး၊ ချွတ်၍ပေးမှ၊ မနှေးလျင်လျား၊ မူဆိုးသားလည်း၊ ရွှင်အားရယ်ပြုံး၊ လှမ်းယူဆုံးမှ၊ ရစ်ထုံးသေသတ်၊ နဂါးပတ်ကို၊ ကိုင်းညွတ်ရိုသေ၊ အသာဖြေ၍၊ ပြေလျှင်လျင်ပြင်း၊ နတ်ကျော့ကွင်းလည်း၊ ရပ်တင်းမနေ၊ နဂါးမြေသို့၊ သွားလေထုတ်ချောက်၊ တိုင်လေရောက်၏၊ ထိုနောက်ခဏ၊ မင်းလှမဉ္ဇူ၊ ကြွတော်မူ၍၊ ဖြူအူနုထွား၊ မြေဝယ်သွားသော်၊ တိမ်းပါးယိမ်းနွဲ့၊ မချိခဲ့၍၊ ကျိုးမဲ့မရှည်၊ သေတော့မည်ဟု၊ ငိုမြည်မိန့်ဟ၊ ထွေထွေတသော်၊ ရှေးကဖြည့်ညီ၊ ပါရမီကြောင့်၊ ရှုအီမငြီး၊ ခရီးလမ်းပါး၊ နှစ်ဘက်နားမှ၊ ထူးပြားလှတင့်၊ အပွင့်ချပ်ရံ၊ ပန်းဝတ်ဆံတို့၊ သာစံစီရင်၊ လမ်းအပြင်ကို၊ ဧရွှင်ပေါက်ပြ၊ ခက်လှာက

လောကသာရပျို့

Image
လောကသာရပျို့ ၂၅။ မမေ့မလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ရှောက်၊ ထက်အောက်တွင်းပြင်၊ မွမ်းဖြင်အပြည့်၊ အိပ်ဘန်ထည့်လျက်၊ အကြည့်အရှု၊ အမှုမလင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်လျက်၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းကုံမှုများ၊ ရေခြားမြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်း၊ နှလုံးသွင်းလျက်၊ ချစ်ခြင်းသူ့ထက် လွန်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၄။   သို့လျှောက်သောခါ ၊ သူဇာမင်းလှ၊ မိန့်ဟသာကြည်၊ ဆိုပြန်သည်ကား၊ တောလည်ရှာလျှိုး၊ ဘမူဆိုး ...၊ မြတ်နိုးကြည်လင်၊ သာရွှင်သာဖြား၊ ဘစကားသည်၊ မမှားမသွေ၊ မှန်ပေနိုင်မျှ၊ ကောင်းပေလှ၏၊ ဒေါသမထင်၊ သို့ပင်သော်လည်း၊ ရှုမြော်နောင်လာ၊ သံသရာကို၊ ထောက်ညှာသမှု၊ အကြောင်းပြု၍၊ ယခုငါ့ကို၊ ကြည်ညိထဲဝိုက်၊ လွှတ်ပါလိုက်တော့၊ နှစ်ခြိုက်သာဖြည်း၊ လွဝ္ကတည်းကို၊ ကျော်သည်းပတ်ဝေ့၊ အိမ်ရှေ့မင်းနား၊ ကြားပေလားဟု၊ ပျံ့ရှားလှိုင်ချို၊ မိန့်ဆိုပြန်သော်၊ ကြည်ညိုမြတ်နိုး၊ မဆိုးလိမ္မာ၊ လက်ခါလျှာထုတ်၊ ပွက်နှုတ်ကျေပွန်၊ ဆိုစဟန်ကား၊ ငါးကြန်စုံအင်၊ မင်းလှရှင် ...၊ သို့စင်ထွေပြား၊ သည်စကားကို၊ ရွှေသားနုဝါ၊ မမိန့်ပါနှင့်၊ သမ္ဘာရဲရင့်၊ ဆင့်ဆင့်မြင့်သည်၊ တို့ရှင်ဘုန်းတော်၊ အာနုဘော်ကား၊ ကျူးကျော်လွန်စွာ၊ မကြားရာလည်း၊ ဘွေရှာစေ့ရေ၊ ကြာတတ်ချေ၏၊ တောခြေလှည့်ရစ်၊ သည်မှာဖြစ်၍၊ စင်စစ်နားတော်၊ မကြားသော်လည်း၊ ထွန်းပေါ်ဘုန်းတောက်၊ သစ္စာရောက်၍၊ ညှိုးခြောက်ခန္ဓာ၊ ရက်တာမရှည်၊ သေတော့မည်ရှင့်၊ မြဲပင့်စွဲကိုင်၊ အပြီးတိုင်၊ ဘက်ပြိုင်မရှည့်၊ မင်းရွှေမည့်ကို၊ လွှတ်မည့်အရာ၊ မဝံ့ပါသည်။ ။   ရေးရာကြံခင်း ခဲလွန်မင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇ

လောကသာရပျို့

Image
လောကသာရပျို့ ၂၄။ ပြည်ကြီးသနင်း၊ မင်းဟူသည်ကား၊ ကြံစည်သူထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ အခါခပ်သိမ်း၊ မုဒိမ်းခိုးသူ၊ မပူစေရ၊ ဆုံးမကွပ်ညှပ်၊ ပညာပ်မလွန်၊ ရှိးမင်းမွန်တို့၊ ညွှန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နှုန်းနှိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်တည့်မတ်၍၊ လူနတ်ချစ်ဘွယ်၊ ကျေးဇူးကြွယ်လျက်၊ ကျင့်နွယ်လမ်းရိုး မှန်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၃။   ယင်းသို့ဆိုလျှင် ၊ ကြည်လင်ညွတ်ရို၊ မူဆိုးဆို၏၊ မြတ်ကိုယ်တော်လုံး ယဉ်မျိုးကျုံးသည်၊ ယဉ်ဆုံးစံတင်၊ မင်းလှရှင်...၊ မြေပြင်ကျွန်းပေါ်၊ ပတ်လွှံ့ကျော်သ်ည၊ ကျွန်တော်တို့ရှင်၊ ဘုန်းအင်ကြီးလွေ့၊ အိမ်ရှေ့ထွတ်ထား၊ ဘုရားထွေငေါ်၊ ဗျာဒိတ်တော်မှာ၊ လှကျော်ဆင်းဝါ၊ နတ်ကိုသာလျှင်၊ ဘွေရှာရစေ၊ မိန့်ရှိပေ၏၊ ထိပ်ဗွေမိုးထွတ်၊ အာကာနတ်မှ၊ အမြတ်စံတည်၊ ငါမှတ်မည်ဟု၊ ဆောက်တည်မြဲချက်၊ ဟမြွက်မိန့်လေ၊ သို့ဖြစ်ထွေကြောင့်၊ ဖြူရွဗဝင်းရွ၊ မင်းရှင်လှလည်း၊ စိတ်ချလွယ်ကူ၊ လိုက်တော်မူတော့၊ ကြည်ဖြူသာပျော်၊ လိုက်ရောက်သော်လည်း၊ တွေးခေါ်ဝမ်းက၊ ဆံခြမ်းမျှလျှင်၊ ကြောင့်ကြစရာ၊ မရှိပါဘူး၊ ရတနာစီခတ်၊ ပြဿာဒ်လျှံပြောင်၊ နန်းဆာင်ဆောင်ထက်၊ ဝန်းမြောင်ရံပြီး၊ မင်းသမီးတည့်၊ ဖြင်းညီးပည်းသိပ်၊ ရှစ်သောင်းထိပ်ကို၊ နင်းနှိပ်ထွတ်တည်၊ စံမည်ကိုသာ၊ အောက်မေ့ပါတော့၊ ဟေမာမည်မှတ်၊ ဂိရိထွတ်သို့၊ ဖြူမွတ်ဝင်းကြည်၊ ပြန်ဦးမည်ကို၊ အခြည်မြွက်မျှ၊ မိန့်ဟသာချို၊ မဆိုပါနှင့်၊ ချမ်းသာသင့်၏၊ မြနှင့်-စံရွှေ၊ လင်နှင့်-နေသို့၊ မကွေတူကွ၊ ဥက္ကံသဝယ်၊ တင့်လှရွှန်းပျို၊ စံမည်ကိုလည်း၊ ကျွန်အိုခုလျှင်၊ မသေခင်က၊ သာရွှင်ဝမ်းသာ၊ မြင်ချင်ပါသည်။ ။   သေချာဖြောင့်စင်း

လောကသာရပျို့

Image
လောကသာရပျို့ ၂၃။ ပြည်သူချစ်ဘ၊ လောကပတိ၊ မြေကြီးသနင်း၊ မင်းတို့ကျင့်ရာ၊ ဆုံးမနာလော့၊ မဟာသမ္မတ၊ ခတ္တိယတို့၊ နေကြကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလျက်၊ စိတ်ဖြူဖြောင့်စင်း၊ နူးညံ့ခြင်းဖြင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမှု၊ မပြုညှင်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာပွားဖြန့်၊ လူအ၀ှန့်အား၊ မဆန့်ကျင်စေ၊ ဤသို့ ရေးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ထပ်ခေါ်ပြု၊ သင်္ဂြိုဟ်မှုလည်း၊ လေးခုအစေ့၊ ပြကတေ့ဖြင့်၊ ကျင့်လေ့မကြွင်း ကျန်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၂၂။   သို့ဖြစ်၍ဆို ၊ ငါ့ကိုအချင်၊ ဘသခင်သို၊ ခေါ်ငင်သာပျော်၊ ပို့ဆက်သော်လည်း၊ စိတ်တော်မခြိုက်၊ မကြိုက်ချေဘူး၊ စူးစူးမှန်၏၊ သို့ဖြစ်သည့်ကြောင့်၊ ဖျော်ဖြည့်မေတ္တာ၊ ကြင်နာလေးမြတ်၊ ငါ့ကိုလွှတ်၍၊ အထွတ်မြင့်မှာ၊ မြတ်ရာရာကို၊ ဘွေရှာအရ၊ ရှာလုံ့လ၍၊ ညွတ်ပျပျောင်းပျော့၊ ဆက်ပါလော့ဟု၊ ချော့မော့သံချို၊ မိန့်ဟဆိုသော်၊ သန်ကိုယ်စွမ်းဟုန်၊ ဂဠုန်နဂါး၊ ခြင်္သေ့ကျားကို၊ လေးစားမမူ၊ ခွေးသာယူသည်၊ ကြီးထူဗလ၊ မူဆိုးကလည်း၊ မင်းလှအရှင်၊ သို့စင်ကဲမိုး၊ ဘုန်းတန်းခိုးနှင့်၊ တူရိုးမထင်၊ ဖြစ်လျက်ပင်ကို၊ ထွတ်တင်မြင့်ညှာ၊ အာကာသဇိုဝ်း၊ မြတ်မျိုးဘုန်းထူး၊ မှုတ်ချေဘူးဟု၊ ညံ့နူးပျံ့ကြူ၊ မိန့်တော်မူသော်၊ လွယ်ကူချမ်းသာ၊ ဘယ်ကြောင်းချာဖြင့်၊ အာကာမိုးဝ၊ပျံ့နှိုင်ရဟု၊ ညွတ်ခသာလျောက်၊ မူဆိုးလျောက်၏၊ လျှံတောက်ဝင်းဝါ၊ ရွှေတောင်သာဝယ်၊ ကိန္နရာမျိုး၊ စဉ်ရိုးနွယ်မြစ်၊ တို့အဖြစ်ကား၊ စင်စစ်မချွတ်၊ အတတ်ပညာ၊ ကျေးဇူးပါသည်၊ တန်ဆာရောင်ချက်၊ သည်ဘယက်ကြောင့်၊ အထက်အာကာ၊ ပျံနိုင်ပါရှင့်၊ တန်ဆာရောင်ထင်၊ သည်မဆင်က၊ ကောင်ကင်မြင့်ဖြူး၊ ပျံနိုင်ဘူးဟု၊ စူးစူးပင်ကို၊ ဟုတ်တိုင်းဆိုသည်။ ။   သံချိုပျံ့ညင်း တော်ဖြောင့်စင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရ