သူဇာပျို့
၂၅။ သို့ကိုလက်မှာ၊ ကြိုးကိုသာလျှင်၊ လွှတ်ပါအလျင်၊
နာကျင်ပြင်းပြ၊ စပ်ကျိန်းလှဟု၊ ဝင်းရွဖြူအူ၊ မိန့်တော်မူသော်၊ လွယ်ကူလျင်ပြင်း၊
သည်ကြော့ကွင်းကို၊ မြှော်တင်းမထင်၊ လွတ်တည့်လျှင်သော်၊ မင်းရှင်ယဉ်မြေ့၊
ပျံ့၍မသွား၊ ခဲ့ပြီလားဟု၊ မြသားရောင်မြူး၊ ဘယက်ကြူးကို၊ စူးစူးဆောက်တည်၊
ချွတ်တော့မည်ဟု၊ ရှေ့ရည်ချဉ်းက၊ မင်းအူရွမှာ၊ ကြောက်လှရွံ့ရှာ၊ စက်ဆုပ်စွာကို၊
ဆုတ်ပါဆုတ်ပါ၊ ထိုမှာကနေ၊ လိုလိုဖြေ၍၊ ဖြည်ထွေသာကြည်၊ ပေးပါမည်ဟု၊ ရောင်ခြည်လက်လက်၊
မြဘယက်ကို၊ ရွှေလက်မွှတ်မွှေး၊ ချွတ်၍ပေးမှ၊ မနှေးလျင်လျား၊ မူဆိုးသားလည်း၊
ရွှင်အားရယ်ပြုံး၊ လှမ်းယူဆုံးမှ၊ ရစ်ထုံးသေသတ်၊ နဂါးပတ်ကို၊ ကိုင်းညွတ်ရိုသေ၊
အသာဖြေ၍၊ ပြေလျှင်လျင်ပြင်း၊ နတ်ကျော့ကွင်းလည်း၊ ရပ်တင်းမနေ၊ နဂါးမြေသို့၊
သွားလေထုတ်ချောက်၊ တိုင်လေရောက်၏၊ ထိုနောက်ခဏ၊ မင်းလှမဉ္ဇူ၊ ကြွတော်မူ၍၊
ဖြူအူနုထွား၊ မြေဝယ်သွားသော်၊ တိမ်းပါးယိမ်းနွဲ့၊ မချိခဲ့၍၊ ကျိုးမဲ့မရှည်၊
သေတော့မည်ဟု၊ ငိုမြည်မိန့်ဟ၊ ထွေထွေတသော်၊ ရှေးကဖြည့်ညီ၊ ပါရမီကြောင့်၊
ရှုအီမငြီး၊ ခရီးလမ်းပါး၊ နှစ်ဘက်နားမှ၊ ထူးပြားလှတင့်၊ အပွင့်ချပ်ရံ၊ ပန်းဝတ်ဆံတို့၊
သာစံစီရင်၊ လမ်းအပြင်ကို၊ ဧရွှင်ပေါက်ပြ၊ ခက်လှာကျသည်။ ။ ပုညတော်ရင်း ကျူးလွန်သင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment