လောကသာရပျို့
လောကသာရပျို့
၂၆။ ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာလည်း၊ ရေးရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကျမ်းတတ်ဟူးရား၊ တတ်မြောက်များသား၊ ပုဏ္ဏားရဟန်း၊ ရှေ့တွင်ဝန်းလျက်၊ ကိန်းခန်းဒသာ၊ အခါမေးမြူ၊ ကောင်း၏ဟူလည်း၊ ကျင့်မူမမေ့၊ အဓလေ့ဖြင့်၊ အရှေ့အနောက်၊ တောင်မြောက်ရေကြည်း၊ စီစဉ်သည်းလျက်၊ စောင့်စည်းရံတား၊ ကင်းသေထား၍၊ မြေခြားသူ မလွန်စေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment