Posts

Showing posts from July, 2018

အတု

Image
အတု တူအောင် တုရင် တူတယ် ဒါပေမယ့် မင်းက အစစ်မဟုတ် ... ။ ရှဥ့်ညိုလေး (၅.၇.၂၁၈ နံနက် ၉း၅ မိနစ်)

ဘာ့ကြောင့် စာဖတ်သလဲ

Image
ဘာ့ကြောင့် စာဖတ်သလဲ           စာသည် လူ၌ အစားထက် အရေးကြီး၏။ ကိုယ်ခန္ဓာအတွက်စားသောအစာကို အစာဟု ခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို " စာ " ဟူ၍ ခေါ်ရလေသည်။           အဘယ်အတွက် စာကိုဖတ်အပ်ပါသနည်း။ ယခုအခါသည် ရှေးခေတ်နှင့်မတူ ကြီးပွားရေးလုပ်ငန်း ဟူသမျှ အတုအပြိုင်တွေ လွန်စွာများလေရာ ထိုအလုပ်များအကြောင်းနှင့်ဆိုင်သော စာများကို မဖတ်ချေက သိအပ်သလောက် မသိသဖြင့် ကြီးပွားရေးပြိုင်ပွဲမှာ နောက်ကျန်၍ နေတတ်ကြလေသည်။

အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးထား

Image
 အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးထား           တိုင်းပြည်တစ်ပြည် ထူထောင်တာဟာ ဘယ်လောက်ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ်ဆိုတာ ကမ္ဘာ့ရာဇဝင်သိတဲ့ လူတိုင်းတော့ ဆင်ခြင်နိုင်ကြမှာပဲ။ ဒါကြောင့် အမြင်ကျယ်ကျယ်၊ အမြော်အမြင်ကြီးကြီးနဲ့ စိတ်မပျက် လက်မပျက်ဘဲ ရသမျှအခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့မြန်မာပြည်ကြီး ကျုပ်တို့ချစ်ရာရောက်မယ်။ ကျုပ်တို့မြန်မာပြည် ထူထောင် နိုင်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁)

ဗိုလ်ချုပ်အောင်ဆန်း

Image
ဗိုလ်ချုပ်အောင်ဆန်း (၁၃ ဖေဖော်ဝါရီ ၁၉၁၅- ၁၉ ဇူလိုင် ၁၉၄၇)           (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ စနေနေ့) တွင် မကွေးခရိုင် နတ်မောက်မြို့ တောင်ရွာကြီး ၌ မွေးဖွားသည်။ ဖခင်ရှေ့နေ ဦးဖာ၊ မိခင်ဒေါ်စု ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် အငယ်ဆုံးဖြစ်၏။ ဇာတာအမည်မှာ ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူအောင်သန်း အမည်နှင့်လိုက်ကာ " အောင်ဆန်း" ဟု တွင်သည်။

လုံ့လဝီရိယ လျှော့လို့မဖြစ်

Image
                                          ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့ ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့ မဖြစ်နိုင်ဘူး။ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်...။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်၊ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း

Image
အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း ဇာနည်အောင်ဆန်း ပြည်ချစ်ပန်းကား လန်းစွတင့်တယ် အသွင်ထည်လျက် ဘယ်သူ့မကြောက် ဒူးမထောက်ဘဲ အောက်ကျမှာစိုး တို့အမျိုးကို ရိုးဖြောင့်မှန်တော် သစ္စာဖော်ဖြင့် မော်တံခွန်လွှင့် အောင်ပန်းတင့်ခဲ့…။