ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း
(၁၃ ဖေဖော်ဝါရီ ၁၉၁၅- ၁၉ ဇူလိုင် ၁၉၄၇)

          (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ စနေနေ့) တွင် မကွေးခရိုင် နတ်မောက်မြို့ တောင်ရွာကြီး မွေးဖွားသည်။ ဖခင်ရှေ့နေ ဦးဖာ၊ မိခင်ဒေါ်စု ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် အငယ်ဆုံးဖြစ်၏။ ဇာတာအမည်မှာ ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူအောင်သန်း အမည်နှင့်လိုက်ကာ " အောင်ဆန်း" ဟု တွင်သည်။

          (၁၉၂၃) ခုနှစ် အသက်(၈)နှစ်တွင် နတ်မောက်ဒီပင်္ကရာ ဦးသောဘိတ လောကဓာတ်ကျောင်းတွင် စတင်ပညာသင်ယူခဲ့သည်။
          (၁၉၂၈) ခုနှစ်တွင် ရေနံချောင်း နေရှင်နယ်ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ပြီး အတန်းစဉ် ပထမရရှိခဲ့သည်။
          (၁၉၃၀) ပြည့်နှစ်တွင် ရေနံချောင်း နေရှင်နယ်ကျောင်းမှ သတ္တမတန်းအောင်၊ တစ်နိုင်ငံလုံးအဆင့် နဝမရရှိခဲ့သည်။ ဗုဒဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ ပထမရကာ ဦးရွှေခိုဆု ချီးမြှင့်ခံရသည်။ အစိုးရပညာသင်ဆု တစ်လ(၁၀)ကျပ် သုံးနှစ်ဆက်တိုက် ရရှိခဲ့သည်မှာ ကောလိပ်ပထမနှစ်အထိ ဖြစ်သည်။
          (၁၉၃၉) ခုနှစ် သြဂုတ်(၁၅)ရက်တွင် ကွန်မြူနစ်ပါတီဖွဲ့စည်းခဲ့ပြီး သခင်အောင်ဆန်းက ပထမဆုံးအတွင်းရေးမှူး တာဝန်ယူခဲ့သည်။
          (၁၉၄၂) ခုနှစ် စက်တင်ဘာ(၆)ရက် နေ့လည်(၂)နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး အရှေ့ဘက်ခန်းမဆောင်တွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့သည်။
          (၁၉၄၃) ခုနှစ် ဇူလိုင်လ (၂၇) တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဘီဒီအေ၏ စစ်သေနာပတိ ဗိုလ်မှူးကြီးအောင်ဆန်းဖြစ်လာသည်။
          (၁၉၄၃) ခုနှစ် သြဂုတ်(၁)ရက်တွင် ဂျပန်ခေတ်လွတ်လပ်ရေးကြေငြာပြီး စစ်ဝန်ကြီးဖြစ်လာသည်။
          (၁၉၄၇) ခုနှစ် ဧပြီ(၉)ရက် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ် လမ်းမတော်မဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ တစ်ပြည်လုံး ဗိုလ်ချုပ်ခေါင်းဆောင်သော (ဖဆပလ) က အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
          (၁၉၄၇) ခုနှစ် ဇူလိုင်လ(၁၉)ရက် စနေနေ့ နံနက် (၁၀)နာရီ (၃၇) မိနစ်တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ 

( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၈)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း