Posts

Showing posts from July, 2016

မြန်မာတွေ မညံ့ပါဘူး

Image
မြန်မာတွေ မညံ့ပါဘူး စာရေးသူ=ကိုလင်း(သလ္လာဝတီ)                       ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား လူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည် ဉာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သပ်သပ်ပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာမလိုပါဘူး။ လူမျိုးတစ်မျိုးလုံးကို ခြုံပြော တာပါ။

ပန်းတစ်ပွင့်ရဲ့ သစ္စာ

Image
ပန်းတစ်ပွင့်ရဲ့ သစ္စာ ပန်းလေး ပွင့်လာဖို့အတွက် ငါ့မှာ ကိုယ့်ကိုယ်ကိုယ် ရေလောင်းခဲ့ရ၊ ပေါင်းသင်ခဲ့ရနဲ့။ အပေါ်ယံမာကျောတဲ့ မြေလွှာကိုလည်း မကြာခဏတူးဆွလို့၊ နှလုံးသားမြေဆီကိုလည်း လိုအပ်သလို ပြုပြင်လဲလှယ်လို့။ ရေကြည်ရေသန့် မရတဲ့ချိန်မှာတောင် အဆိပ်သင့်ရေ မသောက်မိစေဖို့၊ အေးမြတဲ့ မိုးရေတစ်ပေါက် မသောက်ရရင်တောင် ပူလောင်တဲ့ ရေနွေးတို့ ငါ့ကိုယ်ပေါ်ကို မစီးဆင်းစေဖို့ ဂရုစိုက်ခဲ့တယ်။ တကယ်ဖူးပွင့်လာတဲ့တစ်နေ့ ငါဟာ ငါ့အတွက် ဖူးပွင့်လာတာ မဟုတ်ကြောင်း သူသိစေချင်လိုက်တာ... ချစ်ခြင်းများဖြင့် သင့်ရဲ့ ရှဥ့်ညိုလေး (၁၆.၇.၂၀၁၆ နံနက် ၆း၂၄ မိနစ်) https:shintnyolay.weebly.com

မြန်မာစာ ဆင်းရဲကြပုံများ

Image
မြန်မာစာ ဆင်းရဲကြပုံများ ရေးသူ- မောင်သာနိုး ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါတယ် ဆိုတာကိုပဲ အသားယူစရာလို့ အောက်မေ့ပြီး "ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့ ကြွေးကြော်လေ့ ရှိကြတယ်။ မြန်မာစာဆင်းရဲတယ် ဆိုတော့ အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။ တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ် စကားကလည်း ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကား။

တို့ နှင့် ဒို့၊ အုတ်ကြားမြက်ပေါက်

Image
တို့ နှင့် ဒို့၊ အုတ်ကြားမြက်ပေါက်  ကလောင်အမည်=မောင်ခင်မင်(ဓနုဖြူ) (မေး) ဆရာကြီးခင်ဗျား  တို့ နှင့် ဒို့ အကြောင်းကို ရှင်းပြပေးပါရန်။ (မောင်ဝင်းမြတ်ဖြိုး၊ နဝမတန်း၊ နတ်မောက်မြို့) (ဖြေ) မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ တို့-ကို ဒို့-လို့ အသံထွက်ပြထားပြီး  ငါတို့အစားသုံးသော စကားလုံး-လို့ ဖွင့်ထားပါတယ်။

စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ

Image
စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ   ကလောင်အမည်=မောင်ခင်မင် (ဓနုဖြူ)                        စာမတတ်သူ ပပျောက်ရေးထက် စာမဖတ်သူ ပပျောက်ရေး လိုအပ်နေပြီ ဆိုသူ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)စက်တင်ဘာ ၈ ရက် စာတတ်မြောက်ရေး နေ့အတွက် ပေါ်ပြူလာ ဂျာနယ်က အသိပညာရှင်၊ အတတ်ပညာရှင် တစ်ဦးဖြစ်သော၊ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန၊ ပါမောက္ခ (ငြိမ်း) ဒေါက်တာ ခင်အေး (ခ) စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) အား တွေ့ဆုံမေးမြန်း ခဲ့ရာ..

အရူးစကား

Image
အရူးစကား စာရေးသူ=ကောင်းလင်းသစ် ရွာ သင်္ချိုင်းကုန်းကဇရပ်မှာ ငထိန်နဲ့သွားတွေ့မိတော့ "အကိုကောင်း ဘယ်ကပြန်လာတာလည်း" သူကပြုံးပြပြီး နှုတ်ဆက်ရှာတယ်။ ကျွန်တော်လည်း ဆောင်းထားတဲ့ ခမောက်ကို ချွတ်ပြီး ဇရပ် ပေါ်တက်ထိုင်လိုက်ရင်း... "ဟိုဘက်ရွာက သူငယ်ချင်း ဆီကပြန်လာတာလေ နေကလည်းပူတယ်ကွာ ဗိုက်လည်းစာတယ်ကွာ မင်း ဘာ စားစရာရှိလည်း" "ဟယ်"

23

Image
23 23 ဟာ လူငယ်တစ်ဦးရဲ့ အဆုံးဖြစ်တယ် 23 ဟာ လူရွယ်တစ်ဦးရဲ့ အစဖြစ်တယ် 23 ဟာ နားလည်းမှုတွေ ကျိုးပျက်ခဲ့တယ် 23 ဟာ လက်တွေ့ဘ၀ကို ရောက်စေခဲ့တယ် 23 ဟာ အလွမ်းခရီးတစ်ခုရဲ့ အစဖြစ်တယ်...။

ဂယက်

Image
ဂယက်                    ငါးသောင်းတန် စာတစ်အုပ်ကြောင့် အွန်လိုင်းရဲ့ တချို့နေရာတွေမှာ ဗွက်ထနေတယ်။ အဲလို ဗွက်ထလို့ လှုပ်ခတ်နေတဲ့အထဲမှာ ကိုယ်လည်းပါတယ်။ တချို့က ဘာတွေထိုက်တန်လို့ ငါးသောင်းလဲတဲ့။ တချို့က မိုးကြိုးပစ်ချမလောက် တုန်လှုပ်လို့။

မြန်မာစာပေအစ ပါဠိစာပေက (သို့မဟုတ်) မြန်မာ့အသံနှင့် နိုင်ငံတကာအသံ ကွားခြားမှုပြဿနာ

Image
မြန်မာစာပေအစ ပါဠိစာပေက (သို့မဟုတ်) မြန်မာ့အသံနှင့် နိုင်ငံတကာအသံ ကွားခြားမှုပြဿနာ                    “မြန်မာစာပေအစ ပါဠိစာပေက” ဟု အဘယ့်ကြောင့် ဆိုရသနည်းဟူမူ..မြန်မာစာပေသည် ပါဠိစာပေမှ မြစ်ဖျားခံ ဆင်းသက်လာပြီး၊ တစ်ဖြည်းဖြည်းချင်း ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုများနှင့် ပေါင်းစပ်ကာ ဖွံ့ဖြိုး တိုးတတ်လာသော စာပေဖြစ်ပါ၏။ မြန်မာစာပေ၏ အဓိကကျောရိုးဖြစ်သော သဒ္ဒါသည် ပါဠိသဒ္ဒါမှဆင်းသက်လာခြင်း ဖြစ်ပါ၏။ မြန်မာသဒ္ဒါသည် ပါဠိသဒ္ဒါကို အခြေခံထားခြင် ဖြစ်ပါ၏။

အက္ခရာ နှစ်လုံး ဆင့်ခြင်း

Image
အက္ခရာ နှစ်လုံး ဆင့်ခြင်း   စာရေးသူ=PK မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ၀ယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။

အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသော သတင်းကြေညာသူများနှင့် သတင်းရေးသူများသို့

Image
                အလေးအနက် မေတ္တာရပ်ခံမှ ဖြစ်တော့မည်။ ထို့ကြောင့်ဤစာကို ရေးရပါသည်။ မေတ္တာ ရပ်ခံရသည့် အကြောင်းမှာ သတင်းများ အသံလွှင့် ကြေညာရာမှာရော၊ စာဖြင့်ရေးရာမှာရော အသံထွက်မှား၊ အသုံးမှား များဖြင့် မှားပြီးရင်းမှားရင်း မှားနေကြသည်ကို နေ့စဉ်လိုလို ကြားနေ ဖတ်နေရ သောကြောင့် ဖြစ်ပါသည်။

ခမ်းနေသလား………… ဒီလိုလုပ်လိုက်

Image
ခမ်းနေသလား … ဒီလိုလုပ်လိုက်                                                                                                                                       စာရေးဆရာတော်တော်များများစာရေးနေရင်းတန်းလန်းကနေဆက်ရေးလို့မရတော့ပဲ ဖြစ်သွားတဲ့ အခါမျိုးတွေကြုံဖူးကြပါတယ်။ ကိုယ့်ဦးနှောက် က စမ်းရေများ စီးဆင်းသလို အတွေးတွေ တသွင်သွင်စီးဆင်းခဲ့ပေမဲ့ တစ်ချိန်ချိန်မှာ ရပ်သွားတာမျိုး ကြုံကြရပါတယ်။

ဘလော့ရေးမယ်ဆိုလျှင် (၃)

Image
ဘလော့ရေးမယ်ဆိုလျှင် (၃)  ကလောင်အမည်=ကိုရင်ကျော်               ဘလော့ရေးတဲ့အခါ သိသင့်တာလေးတွေ ရေးတော့ ကျွန်တော်နဲ့သဘောထားတိုင်ဆိုင်တဲ့ သူရှိသလို မတိုက်ဆိုင် တဲ့သူလည်းရှိနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ကျွန်တော် အဓိကထားပြီး ဆက်လက်ဆွေးနွေးမယ့်အပိုင်းက အရေးအသားအပိုင်းပါ။ အရေးအသားပိုင်းကို မပြောခင် ကျွန်တော် ဘယ်အချိန်ကစပြီး စာရေးဖြစ်ခဲ့သလဲ ဆိုတာကို အရင်ပြောချင်ပါတယ်။

ဘလော့ရေးမယ်ဆိုလျှင် (၂)

Image
ဘလော့ရေးမယ်ဆိုလျှင် (၂)  ကလောင်အမည်=ကိုရင်ကျော် အင်တာနက် ဆိုရှယ်နက်ခ်ဝါ့တွေပေါ်မှာ ဘလော့တွေရေးနေကြတဲ့ အကြောင်းရင်းကို ကျွန်တော် စဉ်းစား မိတာ လေးတွေ အရင်ပြောပြချင်တယ်။   (၁) စာရေးတာဝါသနာပါလို့ရေးနေကြသူများ

ဘလော့ရေးမယ်ဆိုလျှင် (၁)

Image
ဘလော့ရေးမယ်ဆိုလျှင် (၁)   ကလောင်အမည်=ကိုရင်ကျော်              ကျွန်တော် ဒီခေါင်းစဉ်နဲ့ စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့တယ်။ ရေးသင့် မရေးသင့် အဓိကထား စဉ်းစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ထင်ရှားကြော်ကြားတဲ့ စာရေးဆရာ တစ်ယောက်၊ ဘလော့ဂါ တစ်ယောက် မဟုတ်လို့ပါပဲ။ ဘလော့ဂါ တစ်ယောက်အနေနဲ့ သက်တမ်းအားဖြင့် (၇)လကျော်ကျော်သာ ရှိပါသေးတယ်။ ကျွန်တော့ရှေ့မှာ ဦးဆောင်လမ်းပြပြီး ရေးသားတင်ပြကြတဲ့သူတွေ အများကြီးရှိပါတယ်။

ကျွန်တော် မကောင်းဘူး

Image
ကျွန်တော် မကောင်းဘူး         ကိုရန်နိုင်လေးရေ ကျွန်တော့်အကြောင်းလေး တချို့ ပြောပြချင်လို့။ ကိုးတန်း၊ ဆယ်တန်းလောက်က ကျွန်တော် သဘောကျတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသဗျ။ သူတစ်ခုခု လိုအပ်ရင်၊ ဒါမှမဟုတ် သူမလိုအပ်ရင်တောင် သူ့အတွက်ဘာမဆို အဆင်သင့်ဖြစ်နေသလိုမျိုး ကျွန်တော့်ဘက်က ရှိခဲ့ဖူးတယ်။

ခေတ်ထဲက ရသ၊ ရသထဲက ခေတ်

Image
ခေတ်ထဲက ရသ၊ ရသထဲက ခေတ် ကလောင်အမည်=ပုညခင်               ကျွန်မသည် ရသစာပေ ရေးသားသူတစ်ဦးသာဖြစ်ပြီးသုတေသနပညာရှင်တစ်ဦးမဟုတ်သဖြင့် ယခုရေးသား မည့်အကြောင်းအရာများကို 'စာတမ်း'ဟူ၍ အမည်မပေးလိုပါ။ ၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ်အထိ ၂၂ နှစ်တာကာလအတွင်းကျွန်မ၏စာပေဘ၀ဖြတ်သန်းမှု အတွေ့အကြုံများနှင့် ယှဉ်၍ တွေးခေါ် ယူဆမိသမျှကို ပြန်လည်ဝေမျှခြင်းဟုသာ ယူဆစေလိုပါသည်။

ကြိုး

Image
ကြိုး                ကျွန်တော်က စိတ်ရှုပ်တတ်ပါတယ်။ အချည်နှောင်ခံရမှာကို အကြောက်ဆုံးပဲ။ တချို့တွေက ချစ်ခြင်းမေတ္တာနဲ့၊ တချို့တွေကတော့ သံယောဇဉ်၊ တချို့တချို့တွေကျတော့ နားလည်မှု...အဲဒီကြိုးတွေနဲ့ ချည်နှောင်တတ်ကြတယ်။ ရုန်းဖို့လဲ ခက်ပါတယ်။

အသည်းကွဲရာသီ

Image
 အသည်းကွဲရာသီ         ကျွန်တော် သိပ်ချစ်ရသည့် ကောင်မလေးကို ညိုဟုခေါ်သည်မှာ သူမ၏ အမည်ကြောင့်ပင် ဖြစ်သည်။ သူမ၏ သူငယ်ချင်းများက ညိုမီဟု အဖျားဆွတ်ခေါ်ကြသော်လည်း ကျွန်တော်ကတော့ ချစ်သူတစ်ဦး၏ အခွင့်အရေးကို အသုံးချကာ ညိုဟုသာ တစ်လုံးတည်း အဖျားဆွတ်ခေါ်သည်။ သူမ၏နာမည်အပြည့်အစုံမှာ သုံးလုံးဖြစ်သော်လည်း ထိုသုံးလုံးကို အပြည့်အစုံခေါ်လိုက်သည့်အခါ