အရူးစကား




အရူးစကား
စာရေးသူ=ကောင်းလင်းသစ်

ရွာ သင်္ချိုင်းကုန်းကဇရပ်မှာ ငထိန်နဲ့သွားတွေ့မိတော့
"အကိုကောင်း ဘယ်ကပြန်လာတာလည်း"
သူကပြုံးပြပြီး နှုတ်ဆက်ရှာတယ်။ ကျွန်တော်လည်း ဆောင်းထားတဲ့ ခမောက်ကို ချွတ်ပြီး ဇရပ် ပေါ်တက်ထိုင်လိုက်ရင်း...
"ဟိုဘက်ရွာက သူငယ်ချင်း ဆီကပြန်လာတာလေ နေကလည်းပူတယ်ကွာ ဗိုက်လည်းစာတယ်ကွာ မင်း ဘာ စားစရာရှိလည်း"
"ဟယ်"
သူအသံထွက်သွားတယ်။ မထွက်ခံနိုင်ရိုးလား အရူးဥစ္စာတောင်းစားတာ ပထမဦးဆုံးကြုံဖူးတာကိုး။
"နေအုံးဗျ ငှက်ပျောသီး တစ်ဖီးတော့ရှိတယ်"
"အေး...ကောင်းတယ်ချချ ဆာနေပြီ"
ငထိန်လည်း သူ့လွယ်အိပ်ထဲက ငှက်ပျောသီးကို ထုတ်ကျွေးတယ်။
"ရော့ရော့...ခွေးမစားတဲ့အသီး"
ကျွန်တော်လည်း တင်းသွားပြီး
"ဘာ..မင်းငါ့ကို မသထာတာလား"
သူက သွားကျဲလေးနဲ့ ပြုံးပြရင်း
"တယ်... ပိန်းပါလား ခင်ဗျား ငှက်ပျောသီး ခွေးစားတာမြင်ဖူးလား"
ကျွန်တော်လည်း နဝေတိန်တောင် ဖြစ်သွားတယ်
"ဟေ့အေး စားဘူးလေ"
"အေး အဲဒါကြောင့် ပြောတာ ခွေးမစားပါဘူးလို့"
တိန် ကိုယ်က သွားရှည်မိတာကိုး။ သူကျွေးတဲ့ ခွေးတောင်မစားတဲ့ အသီး  အခွံနွှာစားလိုက်ရင်း
"ငထိန်"
"ဗျ အကိုကောင်း"
"မင်းသရဲ ကြောက်တက်လား"
"ကြောက်တာပေါ့ဗျ အကိုရော"
"ဟေ့အေး မကြောက်တတ်ဘူး ရွာထဲမှာလူသေပြီဆို ဘယ်သူမှအပြင်မထွက်ရဲတဲ့အချိန် ကုန်ကုန်ပြောမယ်ကွာ ဘယ်ခွေးမှအပြင်မထွက်ရဲတဲ့အချိန် ငါအပြင်တစ်ယောက်ထဲ ထွက်တယ်ကွ"
"ဟာအကိုက ခွေးထက်မိုက်တာပေါ"့
"ဘာ...မင်းလွန်သွားပြီး နဲနဲများသွားပြီ"
" သတ္တိကောင်းတယ် ပြောတာကို ဘာထင်လို့လည်း"
"အေးကွာ မင်းကိုတော့ငါမနိုင်ဘူး"
သူနဲ့တွေ့ရင် စကာအဆန်းတွေ အမြဲတွေ့နေရတာပဲလေ။ ကျွန်တော်လည်းတွေးပြီးပြုံးလိုက်မိတယ်။
"ငထိန်"
"ပြောလေ အကိုကောင်း"
"မင်းကသရဲကြောက်တယ်လည်း ပြောသေးတယ် သင်္ချိုင်းကုန်းဇရပ်မှာလာ အိပ်သေးတယ်"
"အဲဒါကြောင့်ပြောတာ အကိုက ပိန်းပါတယ်လို့ ပြောတော့ မကြိုက်ဘူး ဒါသုံးရတယ်"
ခေါင်းကို လက်ညိုးလေးနဲ့ ထိုးပြပြီး ပြောတယ်။တောက် အပွဲပွဲနွဲလာတာ ဒီအရူးနဲ့ကျမှခံရတယ်။
"အကိုပဲ စဉ်းစားကြည့်ဗျာ ညပိုင်းဆို သရဲတွေက ရွာထဲဝင်ခြောက်နေတာနဲ့ သင်္ချိုင်းမှာ ဘာသရဲမှမရှိတော့ဘူး အဲကြောင့် ကျွန်တော့က ဒီမှာလာအိပ်တာ"
"ဟေ!!!"
သူ့စကားကြောင့် ကျွန်တောလည်း ဘာမှမပြောနိုင် ပါးစပ်အဟောင်းကြီးနဲ့ နေမိတော့သည်။ နောက်တခါ သရဲကြောက်တယ်လို့ ပြောတဲ့လူကို သင်္ချိုင်းကုန်းသွားပို့ထားမှ....။

                                    ရယ်မောပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနိုင်ပါစေ...
                                                                                         ကောင်းလင်းသစ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း